အခန်း ၄၂
Viewers 25k

အခန်း (၄၂) – သူမ လုံးဝ စိတ်မကောင်း မဖြစ်မိဘူး၊ ဆန့်ကျင်ဖက်အားဖြင့်၊ သူမ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို အရမ်းနှစ်သက်မိသည် (၁)


လီဝမ့်ကျင်းသည် သူ ရှေးရိုးစွဲမိတယ်ဆိုတာကို ဝန်ခံလိုခြင်းမရှိပဲ သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။ သူပြောချင်တဲ့စကားများကို ပြန်ရုပ်သိမ်းလိုက်ရတာက နှိပ်စက်ခံရတာနဲ့ တူသည်။


သူ့မှာ ကောင်းမွန်တဲ့ စိတ်အခြေအနေမရှိ‌တော့တာနဲ့ လီဝမ့်ကျင်းဟာ စကားသိပ်မပြောတော့ ဖန့်ကျွင်းရုံအတွက် အေးချမ်းသောအချိန်လေးကို ရရှိသွားစေတယ်။ ဖန့်ကျွင်းရုံသည် သူမမျက်လုံးများကို မှိတ်ပြီးတော့ စာအုပ်ထဲက အကြောင်းအရာများကို စတင်တွေးတောကြည့်လိုက်မိသည်။ သူမသည် စာအုပ်ထဲက အလွန်အရေးကြီးသော အစိတ်အပိုင်းများကို ရုတ်တရတ် သတိရလိုက်သည်။


သူမ၏ ယခင်ဘဝကို အမှတ်ရမိတော့ ကျန်းယာ့ကောသည် လာမည့်ရက်အနည်းငယ်အတွင်း ဝမ်ရှောင်းကို ကယ်တင်မိလိမ့်မည်။ ဖန့်ကျွင်းရုံသည် အဖြစ်အပျက်တစ်ချို့ကို ပြန်လည်တွေးတော မှတ်မိလိုက်သည်။ ကျန်းယာ့ကောသည် ထိုအချိန်က သူမလက်ကောက်ကို ရရှိခဲ့ပြီးတော့ ထိုလက်ကောက်အစွမ်းကြောင့် ကျောက်စိမ်းဖြူဆေးခရင်မ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ကျန်းယာ့‌ကောသည် သူ့ကို ကယ်တင်ပြီးတဲ့နောက် သူ့ကို သူမအိပ်ရာအောက်မှာ ဝှက်ထားခဲ့ပြီး ဒဏ်ရာပျောက်အောင် ကျောက်စိမ်းဖြူခရင်မ်ကို သုံးခဲ့တယ်။ ဒါက ဝမ်ရှောင်း ကျန်းယာ့ကောအပေါ် ဘယ်လိုမျိုး စတင်ချစ်မြတ်နိုးခဲ့တဲ့ အကြောင်းရင်းဖြစ်ပြီး သူက မျက်စိမှိတ် ဘက်လိုက်ခြင်းတွေ ရရှိခဲ့တာဖြစ်သည်။ ထိုအချိန်မှစ၍ ဝမ်ရှောင်း၏ဓားသည် ကျန်းယာ့ကော၏ နှလုံးသားလေး အလိုရှိသော မည်သည့်ဦးတည်ချက်မျိုးမဆို မဆိုင်းမတွ ဖြေရှင်းပေးမှာပင် ဖြစ်သည်။


ဖန့်ကျွင်းရုံသည် ဝမ်ရှောင်းက လာမည့်ရက်အနည်းငယ်အတွင်း ရောက်ရှိလာလိမ့်မည်ဟု မှန်းဆမိသည်။


ဖန့်ကျွင်းရုံရဲ့နှုတ်ခမ်းဟာ အနည်းငယ် တွန့်ကွေးသွားလေတယ်။ ကျန်းယာ့ကောသည် ဒီဘဝမှာ မှော်ဆေးဝါးမပါပဲနဲ့ ဝမ်ရှောင်းကို ဘယ်လိုကုသပေးမယ်ဆိုတာကို သူမ သိချင်မိတယ်။ သူမသည် သူ့ကို ဆေးရုံသို့ ခေါ်သွားမည်လား (သို့မဟုတ်) ကိုယ်ပိုင်အစွမ်းအစဖြင့် ပုံမှန်ဆေးဝါးများသုံးစွဲ၍ ကုသပေးမည်လား။ ဟုတ်ပါတယ်။ ဒါက ဖန့်ကျွင်းရုံရဲ့ အဆုံးစွန်သော မျှော်လင့်ထားမှုတစ်ခုပါပဲ။ ဝမ်ရှောင်းသည် ဒဏ်ရာအသေးစားသာ ရခဲ့မယ်ဆိုရင် ဒီနည်းလမ်းက အဆင်ပြေနိုင်ပေမယ့် ဒဏ်ရာကြီးမားမယ်ဆိုရင် အချိန်နောက်ကျခြင်းဟာ ကြီးမားသော ပြဿနာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သူမသည် ရဲကိုခေါ်တာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်လိမ့်မယ်။


သူမ၏အတွေးအခေါ်က တစ်ခါတစ်ရံမှာ သာမာန်နဲ့မတူပေ။ ဒဏ်ရာရနေပြီး အန္တရာယ်ရှိသော အသွင်အပြင်ရှိသည့် ရာဇဝတ်သားတစ်ဦးကို သာမာန်လူတစ်ဦးက တွေ့မည်ဆိုလျှင် ပထမဦးဆုံး တုံ့ပြန်မှာက ဆေးရုံ (သို့မဟုတ်) ရဲကို ဖုန်းခေါ်လိမ့်မည် မဟုတ်ပါလော။ ကျန်းယာ့ကော၏ စိတ်ထဲတွင် သူ့ကို အိမ်သို့ခေါ်လာပြီး ပြန်လည်ကျန်းမာလာရန် ကြိုးစားဖို့ ဘယ်လိုလုပ်ပြီး အတွေးရှိခဲ့ရတာလဲ။


သူမသည် ထိုအကြောင်းကို တွေးတောမိတော့ သူ့ရုပ်ရည်အသွင်အပြင်ကြောင့် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ အဆုံးမှာတော့ ဝမ်ရှောင်းသည် ရုပ်ရည်ကြည့်ကောင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအခြင်းအရာကြောင့် ဟဲရှုဟွာသည် ပြုစားခံနေရသကဲ့သို့ ပြုမူမိတာ ဖြစ်လိမ့်မည်။


ဖန့်ကျွင်းရုံသည် နောက်ဖြစ်လာမည့်အရာများအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သူမသည် ကျန်းယာ့ကော၏အခန်းထဲတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားခဲ့လေသည်။ သူတို့သည် ယခုအခါတွင် အလွန်အသုံးဝင်လာခဲ့ပြီ။ 


ဒီညဟာ ထွန်းလင်းတောက်ပနေသော လတစ်စင်းနှင့် ကြယ်အနည်းငယ်သာ ရှိလေသည်။ ကျန်းယာ့ကောသည် သူမကျောပိုးအိတ်လေးကိုလွယ်ကာ အိမ်ပြန်လာခဲ့သည်။ သူမဟာ ယနေ့တွင် သူမအခန်းဖော်များနှင့် အပြင်သို့ ထွက်သွားခဲ့ကာ အချိန်ကို သတိမထားမိခဲ့ပေ။ သူမသည် သူမကို လာကြိုပေးဖို့ ကားမောင်းသမားကို ဖုန်းခေါ်ချင်ခဲ့သော်လည်း ကားမောင်းသမားသည် ကျုံးရီကို သွားကြိုရန် သွားနှင့်ပြီဖြစ်သည်။ ဒါကြောင့် သူမဖာသာ သူမ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။


သူမသည် ထောင့်ချိုးတစ်ခုကို ချိုးလိုက်သောအခါ အရိပ်တစ်ခုသည် သူမအပေါ်အုပ်မိုးလာခဲ့ပြီး သူမအရှေ့မြေပြင်ပေါ်တွင် အရိပ်တစ်ခုထင်လာခဲ့သည်။ နောက်တစ်က္ကန့်အတွင်းမှာပဲ သူမသည် အလွန်စူးရှသော သွေးနံ့ကို ရလိုက်သည်။


ကျန်းယာ့ကောသည် အကျယ်ကြီး ငိုချလိုက်မိပေမယ့် ထိုကဲ့သို့ ငိုမချလိုက်ခင် သူမက ရုတ်တရတ် စီကနဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမသည် ကြည့်ကောင်းသော မျက်နှာတစ်ခုကို မြင်လိုက်ပြီး ရပ်တန့်မိသွားသည်။ သူမမျက်နှာဟာ ပျာယာခတ်သွားလေသည်။ သူမသည် လီရှစ်ကျီနှင့် တစ်မိုးတည်းအောက်တွင် နေထိုင်နေခဲ့ပြီး မယုံနိုင်လောက်အောင် ကြည့်ကောင်းသော လူတစ်ယောက်ကို နေ့တိုင်းမြင်ရပေမယ့် ဒီလူစိမ်းဟာလည်း အရမ်းကြည့်ကောင်းလွန်းလှသည်။ ထို့အပြင် သူ့ထံမှ အလွန်အားကောင်းသော အမျိုးသားဟော်မုန်းကို ထုတ်လွှင့်နေပြီးတော့ သူမဒူးကို အားနည်းသွားစေခဲ့သည်။


“မင်း အသံတစ်သံသာ ထွက်ဝံ့တယ်ဆိုရင် ငါ မင်းကို သတ်ရလိမ့်မယ်။ အခု ငါ့ကို မင်းအိမ်ကို ခေါ်သွားပေး” 


သူမသည် ထိုလူကို မြေပြင်ပေါ်သို့ တွန်းချလိုက်ချင်ပေမယ့် သူမလည်ပင်းပေါ်တွင် သတ္တု၏အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုအရာဟာ ပစ္စတိုတစ်လက်ဖြစ်သည်။


ဝမ်ရှောင်းကိုတွေ့တော့ သူမကို ဝံပုလွေတစ်ကောင်အကြောင်းကို အမှတ်ရစေခဲ့သည်။ အန္တရာယ်ရှိပေမယ့်လည်း အလွန်ဆွဲဆောင်မှုရှိသည်။ သူမသည် သူမအောက်နှုတ်ခမ်းပါးလေးကို အသာကိုက်၍ ညင်သာစွာ ပြောလိုက်သည်။ “ရှင် ဒဏ်ရာရနေတယ်။ ရှင့်ကို ကျွန်မ ကူညီပေးပါရစေ”


ထိုအမျိုးသားသည် အခြားအရာတစ်ခုခုကို ပြောချင်ပုံရသည်။ သူ့မျက်လုံးများက နိုးနိုးကြားကြား ရှိနေခဲ့ပေမယ့် နောက်ဆုံးတွင် သူ့လက်များ ရှောကျလာပြီး သတိလစ်သွားလေသည်။


ကျန်းယာ့ကောသည် အမျိုးသားလက်ထဲမှ ရုန်းကန်နေရာကနေ အနည်းငယ် ရပ်တန့်သွားခဲ့သည်။ လမ်းမီးအလင်းရောင်အောက်တွင် သူမသည် သူ့ဘယ်ဖက်လက်မောင်းပေါ်မှာ ကြောက်စရာကောင်းတဲ့ သွေးယိုစီးကျနေတဲ့အပေါက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ သူမသည် ထိန်းမထားနိုင်အောင် ဖြူဖျော့သွားခဲ့သည်။ ထိုဒဏ်ရာကိုမြင်ရသည်မှာ အများကြီး ထိခိုက်ဒဏ်ရာရထားတာနဲ့တူတယ်။ သွေးများဟာ အလိုအလျောက် မြေပြင်ပေါ်ကို ဆက်လက် ကျဆင်းနေခဲ့သည်။


သူမသည် အနည်းငယ်တွန့်ဆုတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကို အိမ်သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ သူမသည် သူ့ကို ဆေးရုံသို့ ခေါ်ဆောင်သွားမည်ဆိုလျှင် ရဲများက သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားလိမ့်မည်လား။ သူ့ကို ကြည့်ရသည်မှာ ကြောက်စရာကောင်းပေမယ့် ကျန်းယာ့ကောသည် ထိုကဲ့သို့သော ရုပ်ဆင်းသွင်ပြင်ရှိသူတစ်ဦးသည် ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်နိုင်သည်ဟု ယုံကြည်ရန် ငြင်းဆန်ခဲ့လေသည်။