အခန်း ၄၃
Viewers 25k

အခန်း (၄၃) – သူမ လုံးဝ စိတ်မကောင်း မဖြစ်မိဘူး၊ ဆန့်ကျင်ဖက်အားဖြင့်၊ သူမ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို အရမ်းနှစ်သက်မိသည် (၂)


ယခုအချိန်တွင် အိမ်တော်မှလုံခြုံရေးအစောင့်များသည် အိမ်ပြန်သွားခဲ့ပြီဖြစ်ရာ တံခါးကိုတိုက်ရိုက်ဖွင့်ရန် သူမ၏တံခါးကဒ်ကို အသုံးပြုခဲ့သည်။ သူမအတွက် ကံကောင်းတာက မမြင်ရတဲ့အင်အားတစ်ခုက သူမကိုကူညီပေးနေသလိုပဲ အိမ်မှာ ဘယ်သူ့ကိုမှ မတွေ့ပေ။ သူမသည် သူမမွေးစားမိဘများ ညစာစားပွဲသို့ တက်ရောက်ရန်သွားခဲ့ပြီး သိပ်မကြာမီအချိန်အတောအတွင်းမှာ အိမ်သို့ ပြန်ရောက်လိမ့်ဦးမှာ မဟုတ်ကြောင်း မှတ်မိပုံရသည်။ လီရှစ်ကျီသည် မကြာသေးမီက သူ့အချိန်အများစုကို ရုံးမှာသာကုန်ဆုံးခဲ့ပြီး လီရှင်းယွင်ကလည်း ခရီးထွက်သွားခဲ့လေသည်။


သူမသည် ဘီးတပ်လက်တွန်းလှည်းတစ်ခုကို တွေ့ရှိခဲ့ပြီး ထိုအမျိုးသားကို သူမအခန်းထဲသို့ဆွဲတင်ပြီးတော့ သူ့ကို သူမရဲ့ရေချိုးခန်းထဲမှာ ဝှက်ထားခဲ့လေသည်။ သူမရေချိုးခန်းဟာ အတော်လေးကြီးတော့ သူ့ကို ဝှက်ထားဖို့ရာက ပြဿနာတစ်ခုတော့ မဟုတ်ခဲ့ပေ။ သူမသည် မွေ့ရာတစ်ခုကိုဆွဲထုတ်ပြီးတော့ ကြမ်းပြင်ပေါ်မှာ ခင်းလိုက်သည်။


သူမသည် အပြင်သို့ပြန်ပြေးထွက်သွားခဲ့ပြီး ကျန်ရှိနေသောသွေးများကို ဆေးကြောခဲ့လေသည်။ သူမသည် ဗီရိုထဲမှ ဆေးသေတ္တာကို အပြေးအလွှားရှာဖွေခဲ့ပြီးတော့ ရှေးဦးသူနာပြုနည်းဖြင့် လူစိမ်းကို ပတ်တီးစည်းပေးလိုက်သည်။ သူမသည် အရာအားလုံးကို ပြုလုပ်ပေးပြီးသွားသောအခါ ပေါ့ပါးစွာ ပြုံးလိုက်သည်။


သူမအခန်းထဲမှာ နောက်ထပ်လူတစ်ဦးရှိနေခြင်းကြောင့် ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့ပဲ မနက်မိုးမလင်းခင်မှာ အိပ်ရာနိုးလာခဲ့သည်။ ကျန်းယာ့ကောသည် ရေချိုးခန်းထဲမှာရှိသည့်လူကို စစ်ဆေးရန် သွားကြည့်ခဲ့သည်။ သူသည် မနိုးသေးပါ။


သူမသည် သူအဖို့ ဆန်ပြုတ်ပြုတ်ပေးဖို့ အကြံဉာဏ်ရလိုက်သည်။ 


ဖန့်ကျွင်းရုံသည် အိမ်အောက်ထပ်ကိုဆင်းသွားသောအခါ အသားညှပ်ပေါင်မုန့်၏အနံ့ကို ရလိုက်သည်။ သူမလှမ်းကြည့်လိုက်သောအခါ ကျန်းယာ့ကောသည် ပန်းကန်လုံးများနှင့် တူများကို ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ကျန်းယာ့ကောသည် အပြုံးလေးဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ “အမေ သမီး မနက်စာပြင်ထားတယ်။ သမီးလက်ရာကို နည်းနည်းလောက်စားကြည့်ပြီး ဝေဖန်ပေးပါဦး”


ကျန်းယာ့ကောသည် ဝမ်ရှောင်းအတွက် ဆန်ပြုတ်ပြုလုပ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း သူမအတွက် ထိုအကြောင်းကို ဖုံးကွယ်ထားရန် လိုအပ်သောကြောင့် လူတိုင်းအတွက် နံနက်စာပြုလုပ်နေသည်ဟု ပြောခဲ့လေသည်။ ဒါကလည်း သူမအမှတ်များရရှိစေလိမ့်မည်။


ဖန့်ကျွင်းရုံသည် အမှုမထားသလို မေးလိုက်သည်။ “မစ္စကျန်းက ဒီအရာအားလုံးကို လုပ်လိမ့်မယ်”


ကျန်းယာ့ကောသည် ပြုံး၍ပြောလိုက်သည်။ “အမေနဲ့ အဖေက သမီးအတွက် အများကြီး လုပ်ပေးခဲ့တာပဲ။ သမီးကလည်း သမီးကျေးဇူးသိတတ်မှုကို ပြသနိုင်ဖို့ တစ်ခုခု လုပ်ပေးချင်တယ်လေ။ ဒ့ါအပြင် မစ္စကျန်းကလည်း သမီးတို့အတွက် နေ့တိုင်း ချက်ပြုတ်ပေးနေတာလေ။ သူမကိုလည်း အနားယူစေချင်လို့ပါ”


ယုံကြည်လေးစားမှုများပြည့်ဝနေသော သူမ၏တောက်ပနေသည့်မျက်လုံးများက သူမကို ငြင်းဆန်ဖို့ရာ ခက်ခဲစေသည်။ မစ္စကျန်းသည် သူမဘေးတွင် ရပ်နေသည်ဖြစ်ရာကို သူမရဲ့ ထိုအပြောကြောင့် သူမကို ချက်ချင်းပင် သဘောကျနှစ်ခြိုက်သွားခဲ့သည်။


ကျန်းယာ့ကောက တစ်ယောက်ယောက်ကို မြှောက်ပင့်ပေးသည့်နေရာမှာ အလွန်တော်ကြောင်းကို ဖန့်ကျွင်းရုံ ဝန်ခံရပေမည်။ အရမ်းဆိုးတာက ဖန့်ကျွင်းရုံရဲ့နှလုံးသားဟာ ခိုင်မာနေခဲ့ပြီး ထိုစကားများဟာ သူမနှလုံးသားကို မယိမ်းယိုင်စေခဲ့ပေ။ ကျန်းယာ့ကောက ဘာကြောင့် ရုတ်တရတ် ချက်ပြုတ်ဖို့ ပြင်ဆင်နေရတာလဲ။ ဝမ်ရှောင်း ရောက်နေပြီလား။


ဖန့်ကျွင်းရုံက သူမကို မချီးကျုးပေမယ့် လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့ကို ဆွဲဆောင်သည့်နေရာမှာ ဒါက အလုပ်ဖြစ်လေသည်။ အထူးသဖြင့် လီဝမ့်ကျင်းသည် သူမကို ချီးကျူးပြောဆိုနေမှုများဟာ မရပ်တန့်သွားတော့ပေ။ သူသည် ထိုစွပ်ပြုတ်က ဘယ်လောက်အရသာရှိကြောင်း ကျန်းယာ့ကောက မိသားစုဝင်ပီသကြောင်းတို့ကို ချီးကျူးပြောဆိုခဲ့လေသည်။


အထူးသဖြင့် သူသည် သူမဆန်ပြုတ်ပြုတ်ခြင်းမှ ရရှိခဲ့သည့် သူမလက်ချောင်းများမှ အရည်ကြည်ဖုကိုမြင်ပြီးနောက်တွင် သူသည် သူမအတွက် အလွန်စိတ်မကောင်းဖြစ်ကာ သူမလိုချင်သမျှဝယ်ယူရန် စျေးဝယ်ထွက်ခိုင်းချင်ခဲ့သည်။ သူက စိတ်အားထက်သန်စွာဖြင့် သူ့မှာ ကျန်ရှိနေသေးသောငွေများကို စဉ်းစားမိလိုက်သည်။ သူသည် ဖန့်ကျွင်းရုံကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။


ဖန့်ကျွင်းရုံသည် သူနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ရာ သူ့စိတ်ထဲတွင် ဘာစဉ်းစားနေလဲဆိုတာကို အနည်း အများတော့ နားလည်လေသည်။


သူမသည် သူမကိုယ်သူမ လှောင်ရယ်မိပြီး ဆန်ပြုတ်တစ်ဝက်ခန့်စားပြီးလျှင် သူမအခန်းထဲကို ပြန်ဝင်သွားခဲ့သည်။


***


လာမည့်ရက်အနည်းငယ်အတောအတွင်းမှာ ဖန့်ကျွင်းရုံသည် စောင့်ကြည့်ကင်မရာမှဗီဒီယိုများအား ကြည့်ရှုခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်။ သူမသည် ယခင်ဘဝကကဲ့သို့ ကျန်းယာ့ကောသည် ဝမ်ရှောင်းအား အိမ်တော်အတွင်းသို့ခေါ်သွင်းလာခဲ့ခြင်းက သူမကို အံ့သြစေခဲ့သည်။


ဝမ်ရှောင်းသည် အစတွင် ကျန်းယာ့ကောအပေါ် အထိတ်တလန့်ဖြစ်ခဲ့ပေမယ့် ကျန်းယာ့ကောသည် သူ့ဒဏ်ရာကို ကုသပေးပြီး တစ်နေ့သုံးကြိမ် အစားအစာကျွေးမွေးပြီးနောက်တွင်မူ သူမအပေါ် သူ့သဘောထားဟာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။