အခန်း၄၄
Viewers 26k

အခန်း (၄၄) – သူမ လုံးဝ စိတ်မကောင်း မဖြစ်မိဘူး၊ ဆန့်ကျင်ဖက်အားဖြင့်၊ သူမ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို အရမ်းနှစ်သက်မိသည်(၃)


ကျန်းယာ့ကောသည် ဝမ်ရှောင်းကို ဖုံးကွယ်ရန်အတွက် အလွန်ကြိုးစားခဲ့သည်။ လျှို့ဝှက်ချက်တစ်ခုကို အတူမျှဝေထားခြင်းနှင့် အခန်းတစ်ခုတည်းမှာ တစ်နေကုန် အတူနေထိုင်ခြင်းတို့သည် သူတို့နှစ်ဦးကြားရှိ ထူးခြားသောလေထုကို ဖြစ်ပေါ်စေသည်။ စောင့်ကြည့်ရေးကင်မရာကနေ ကြည့်နေတာတောင်မှ သူတို့နှစ်ဦးကြားရှိ ထူးခြားသောအခြေအနေကို ခံစားရသည်။ ကျန်းယာ့ကောသည် သူမအခန်းကို သန့်ရှင်းရေးလုပ်ရန် အခြားသူများအား တားမြစ်ထားခဲ့သည်။ သူမသည် သူမကိုယ်ပိုင်အခန်းကို သူမကိုယ်တိုင် ဂရုစိုက်နိုင်ပြီး အစေခံများကို အလုပ်မပိုချင်သောကြောင့်ဟု ပြောခဲ့လေသည်။


ဝမ်ရှောင်းသည် သူ၏မထိခိုက်ထားလက်ဖြင့် ကျန်းယာ့ကောအား ပစ္စတိုကို မည်သို့အသုံးပြုရမည်ကို သင်ကြားပေးခဲ့သည်။ ဤသင်ခန်းစာများကို သင်ကြားရာတွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတော်တော်များများ ရှိခဲ့သည်။ ကင်မရာကနေတစ်ဆင့်မြင်ရတာတောင်မှ ဝမ်ရှောင်း၏ သူမအပေါ် ပိုင်ဆိုင်လိုမှုဟာ တစ်နေ့တစ်ခြား ကြီးထွားလာခဲ့ကြောင်း သိသာနေခဲ့သည်။ များသောအားဖြင့် အကင်းပါးလေ့ရှိသည့် ကျန်းယာ့ကောသည် ဤတစ်ကြိမ်တွင် အလွန်မျက်စိမှောက်ပြီး လုံးဝမသိခဲ့ပါဘူး။ သူမသည် ဝမ်ရှောင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့ပြီး ဝမ်ရှောင်းက သူမဆံပင်ကို ရံဖန်ရံခါ ထိုးဖွလေ့ရှိသော်လည်း သူမသည် သူငယ်ချင်းများအကြားက ဆက်ဆံရေးကြောင့် ဖြစ်သည်ဟုသာ တွေးခဲ့သည်။

 

မှန်တယ်။ သူမသည် ဝမ်ရှောင်း၏သူငယ်ချင်းဖြစ်ကြောင်းကို အမြဲတမ်းကြွားဝါချင်ခဲ့ပြီး သူမအား အကူအညီပေးစေလိုခဲ့သည်။


သူမက အမှန်တရားကို လုံးဝလျစ်လျူရှုထားနိုင်ခြင်းသည် ဖန့်ကျွင်းရုံကို အလွန်သဘောကျစေခဲ့သည်။ သူမသားအား ကျန်းယာ့ကော၏သစ္စာရှိမှုကို မေးခွန်းထုတ်ခဲ့သည်။ သူမသည် ထိုအကြောင်းကို ပြန်တွေး‌တောမိတော့ စိတ်ဆိုးဒေါသမထွက်ခဲ့ပဲ ဆန့်ကျင်ဖက်အနေဖြင့် သူမသည် ထိုအကြောင်းကိုကြည့်ဖို့ ပျော်ရွှင်ခဲ့သည်။ သူမသည် ကျန်းယာ့ကောက လူတစ်ဦး၏ဉာဏ်ရည်ကို လျှော့ချသည့်နေရာမှာ အထူးပိုင်နိုင်သည်ဟု ခံစားမိသည်။ မိသားစုတစ်ခုချင်းစီကို ဖျက်စီးရန် အသေးစိတ်ကြံစည်သည့်အခါ ဝမ်ရှောင်းသည် သွေးအေးပြီး အင်အားကြီးမားခဲ့သည်။ သို့သော် ယခုမူကား သူသည် ကျန်းယာ့ကောရှေ့တွင် အရူးတစ်ယောက်လို ပြုမူနေခဲ့သည်။ သူသည် ကျန်းယာ့ကောက သူ့အား အခြေခံရှေးဦးသူနာပြုစုည်းဖြင့် ကုသခွင့်ပေးခဲ့ပြီး သူ့ဒဏ်ရာအတွက် နှောင့်နှေးမှုမရှိသင့်ကြောင်းကို လုံးဝမေ့နေခဲ့သည်။


ထိုအရာက ချစ်ခြင်းမေတ္တာဖြစ်ကောင်းဖြစ်နိုင်သည်။


ကံမကောင်းစွာပဲ သူတို့အဖို့ နိ‌ဗ္ဗာန်လိုနေ့ရက်များဟာ မကြာရှည်ခဲ့ပေ။ ကျန်းယာ့ကောသည် ကျွမ်းကျင်သူနာပြုတစ်ဦးတော့ မဟုတ်ပေ။ သူမ ကုသပေးခဲ့သည့် နည်းလမ်းအားလုံးသည် Baiduမှ လေ့လာထားတာဖြစ်သည်။ သူမသည် ဒဏ်ရာကို ကြည့်ရှုစောင့်ရှောက်ခြင်း အတွေ့အကြုံမရှိသောကြောင့် အခြေခံပိုးသတ်ဆေးကိုပင် အသုံးမပြုခဲ့ပါ။ နောက်ဆုံးတွင် ဝမ်ရှောင်းသည် ရောဂါပိုးဝင်ခဲ့ပြီး အဖျားကြီးခဲ့သည်။


ကျန်းယာ့ကောသည် အလွန်စိတ်ပူသွားခဲ့သည်။ သူမသည် သူ့နဖူးပေါ် အေးခဲနေသည့် မျက်နှာသုတ်ပုဝါများ တင်ပေးခြင်း အစရှိသော အခြေခံကုထုံးများကို ပြုလုပ်ပေးကာ အဖျားသက်သာလာစေရန် ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ချေ။ ဝမ်ရှောင်းသည် အပြင်းအထန် အဖျားတက်ခြင်းကြောင့် သူ့မျက်နှာဟာ နီစွေးနေခဲ့သည်။ ကျန်းယာ့ကောက သူ့အား ဘာမှမဖြစ်စေလိုခဲ့ပါ။ ထို့ကြောင့် သူမသည် အံတင်းတင်းကြိတ်ကာ ဒီအကြောင်းအား အခြားလူများ သိမြင်သွားစေလိမ့်မည်ဆိုလျှင်ပင် သူ့ကို ဆေးရုံသို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့သည်။


ကျန်းယာ့ကောသည် စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်နှင့် သူမဟာ အလွန်တက်ကြွသွားခဲ့သည်။ သူမသည် ဦးထုပ်တစ်လုံးကိုဆောင်း၊ maskတပ်ကာ ဝမ်ရှောင်းအား ခက်ခက်ခဲခဲတွဲကူကာ အကူအညီပေးလိုက်သည်။ ကံကောင်းတာက ဝမ်ရှောင်းသည် အဖျားတက်နေခြင်းမှ အသိစိတ်တစ်ဝက်လောက်တော့ ရှိနေသေးသည့်အတွက်ကြောင့် သူမ သူ့ကို တွဲကူလိုက်ချိန်မှာ သူဟာ သတိပြန်ဝင်လာခဲ့သည်။ ဒီလိုမှမဟုတ်ရင် ကျန်းယာ့ကော သူ့ကို တွဲလျှောက်သည့်အချိန်မှာ တော်တော်ခက်ခဲလိမ့်မည်။


သူမသည် ဆူညံလွန်းသောအသံများကို မပြုလုပ်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ လီအိမ်‌တော်တွင် အိမ်အကူများစွာမထားရှိခြင်းကို ကျေနပ်မိခဲ့သည်။ ဤအခြင်းအရာကြောင့် ဒီအကြောင်းကို သိသွားမည့်လူဦးရေကို လျှော့ချနိုင်ခဲ့သည်။ သို့သော် အိမ်တော်ဟာ အလွန်ကြီးမားသောကြောင့် သေးငယ်သောဆူညံသံကပင် ဆူညံသံကို တိုးမြှင့်သွားစေနိုင်မည် ဖြစ်သည်။ ကျန်းယာ့ကောသည် အိမ်အကြီးကြီးတစ်ခုတွင် အမြဲတမ်းနေထိုင်လိုခဲ့ပြီး ထိုအရာက သူမကို မင်းသမီးတစ်ပါးဖြစ်သည်ဟု ခံစားမိစေနိုင်သသည့်အတွက်ကြောင့် ဖြစ်သည်။ ယခုမူကား သူမသည် တစ်ချိန်လုံး စိတ်ပူပန်နေခဲ့ရပြီး အိမ်ရှေ့တံခါးမသို့သွားရမည့်လမ်းသည် မယုံနိုင်လောက်အောင် ရှည်လျားနေသည်ဟု ခံစားမိလေသည်။ အချိန်ဟာ နှေးကွေးစွာ ကုန်ဆုံးသွားနေပုံရသည်။


သူမသည် နောက်ဆုံးတော့ တံခါးဝဆီရောက်သွားသည့်အခါတွင် ဖြည်းညင်းစွာ‌လျှောက်လာသည့် ခြေသံတစ်ခုကို ကြားလိုက်ရသည်။


“ယာ့ကော သမီး ဘာလုပ်နေတာလဲ”


တစ်ချိန်တည်းမှာပင် မီးပန်းဆိုင်းကနေ မီးလင်းလာခဲ့သည်။


ရုတ်တရတ် လင်းလာတဲ့ မီးအလင်းရောင်က ကျန်းယာ့ကောရဲ့မျက်လုံးများကို စူးရှနာကျင်သွားစေပြီး အလိုအလျောက် မျက်လုံးတွေကို မှိတ်လိုက်သည်။ သူမသည် သူမနှလုံးသားက လည်ချောင်းကနေ ထွက်ကျလုနီးပါး ခံစားမိလိုက်သည်။


သူမမျက်လုံးတွေကို ဖွင့်လိုက်မိသည်။ မီးအလင်းရောင်အောက်တွင် ဖန့်ကျွင်းရုံသည် အလွန်အေးစက်သော အသွင်အပြင်ဖြင့် ရှိနေခဲ့သည်။ သူမသည် အသက်လေးဆယ်ခန့်ရှိနေပြီ ဖြစ်သော်လည်း သူမအသက်အရွယ်ရှိနေမည့် မည်သည့်အရေးအကြောင်းများမရှိချေ။ သူမမျက်နှာသည် နူးညံ့ချောမွတ်နေပြီးတော့ ကြွေထည်အလှဆင်ပစ္စည်းကဲ့သို့ ရှင်းသန့်နေသည်။


ကျန်းယာ့ကောဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တာကြောင့် သူမရဲ့ဖေးမထားခြင်းသည် လျော့ကျသွားခဲ့ပြီး ဝမ်ရှောင်းက ဘန်းခနဲ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။ ဒါအသံကိုကြားရတာနဲ့တင် အများကြီးနာကျင်သွားလိမ့်မယ်ဆိုတာ အလွန်သေချာတယ်။ သူ့ဒဏ်ရာများဟာ ထိုသို့လဲကျသွားခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။


ဖန့်ကျွင်းရုံ၏နှုတ်ခမ်းဟာ တင်းကြပ်စွာ စေ့သွားခဲ့ပြီးတော့ သူမသည် ဝမ်ရှောင်းက အရိုးတစ်ခု သို့မဟုတ် နှစ်ခုလောက် ကျိုးသွားခဲ့ပြီလားဆိုတာကို စူးစမ်းလိုက်သည်။ သူက သူ့လက်မောင်းကို ကယ်တင်နိုင်ပါ့မလား။