အခန်း (၄၅) – ရန်သူတစ်ယောက် ဖန်တီးခဲ့သည် (၁)
သေချာတောပေါ့။ သူမသည် ဝမ်ရှောင်းတစ်ခုခုဖြစ်ခဲ့ရင်တောင်မှ သူမ စိတ်မကောင်းမဖြစ်ခဲ့ပါ။ သူမသည် ပျော်ရွှင်မှုသာ ရရှိပါလိမ့်မည်။ ကျန်းယာ့ကောသည် ဝမ်ရှောင်းကို အိမ်ထဲမှ အပြင်သို့ ထုတ်ယူရန် ကြိုးစားနေသည်ကို သူမသိလိုက်ရသောအခါ လောင်စာဆီကို မီးရှို့ရန် ရည်ရွယ်ချက်ရှိရှိ ထွက်လာခဲ့တာဖြစ်သည်။
သူမသည် ဝမ်ရှောင်းက သူမကို နာကျင်စေရန် လုပ်နိုင်လိမ့်မည်ဟု စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ ပထမဦးဆုံး သူမသည် သူ့ပစ္စတိုကို ကျန်းယာ့ကောထံမှ ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဤကဲ့သို့သော အဖျားပြင်းထန်နေချိန်တွင် စိတ်ဆောင်ရင်တောင်မှ ခန္ဓာကိုယ်က မလိုက်နိုင်ပေ။
ဖန့်ကျွင်းရုံသည် သူ့ကို စက်ဆုပ်ရွံရှာနေသော သူမအသွင်အပြင်ကို အသေအချာ ဖုံးကွယ်ထားခဲ့သည်။ သူမသည် ကျီစယ်လိုသော အမူအရာဖြင့် ကျန်းယာ့ကောကို မေးလိုက်သည်။
“ယာ့ကော...သူက သမီးရဲ့ရည်းစားလား။ သမီးမှာ ရည်းစားရှိပြီးသားဆိုတာ အမေတို့ကို ပြောပြထားသင့်တယ်။ သမီးအဖေက သမီးကို လူကောင်းတချို့နဲ့ မိတ်ဆက်ပေးချင်တယ်လို့ အမေ့ကိုပြောနေတာ”
ကျန်းယာ့ကောသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ချွေးပြန်နေခဲ့သည်။ သူမသည် ကပျာကယာ ငြင်းဆန်လေသည်။
“မဟုတ်ဘူး။ မဟုတ်ပါဘူး။ သမီးတို့က ဒီအတိုင်း သူငယ်ချင်းတွေပါပဲ”
ဒါအမှန်ပဲ။ သူမနှစ်သက်သည့်တစ်ဦးတည်းသောသူမှာ လီရှစ်ကျီသာဖြစ်သည်။ သူက အေးစက်သည့်ပုံပေါ်ပေမယ့် သူမအပေါ်တွင်သာ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့အခြမ်းကို ပြသထားလေသည်။ သူမသည် ဝမ်ရှောင်းကို သူငယ်ချင်းကောင်းတစ်ဦးအဖြစ်သာ မှတ်ထင်ထားခဲ့သည်။ ကုန်လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာ သူမသည် ဝမ်ရှောင်း၏နာမည်ရင်းနှင့် ဖြစ်တည်မှုအစစ်အမှန်ကို ကြားသိခဲ့ရသည်။ သို့ပါသော်လည်း ကျန်းယာ့ကောသည် ၎င်းက ကြီးမားသောသဘောတူညီချက်ဖြစ်သည်ဟု မထင်ခဲ့သကဲ့သို့ သူ၏အတိတ်ပေါ်မူတည်၍ မျက်စိမှိတ်ဘက်လိုက်ခြင်းအမြင်ဖြင့် သူမ မကြည့်ရှုခဲ့ပေ။ အတော်လေးဆန့်ကျင်စွာပင် သူသည် တစ်ချိန်တုန်းက လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်ခြင်းက သူမကို ပို၍ ဆွဲဆောင်နိုင်ခဲ့သည်။
ဖန့်ကျွင်းရုံ၏အပြုံးဟာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ သူမက စိတ်ထဲကမပါပဲနဲ့ အပေါ်ယံသာ ဟန်ဆောင်ပြုံးထားတာဖြစ်သည်။
“မင်းတို့မိန်းကလေးတွေက အမြဲတမ်းရှက်တတ်ဆိုတာ အမေသိပါတယ်။ ဒီအကြောင်းကို ဝန်မခံချင်လည်း ရပါတယ်”
ကျန်းယာ့ကော၏မျက်နှာသည် ရှက်သွေးဖြာပြီး အလွန်နီရဲနေခဲ့သည်။ သူမသည် ထိုစကားကို ငြင်းဆိုရန်အတွက် ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။ လီရှစ်ကျီ၏မိခင်က သူမကို လွယ်ကူသောမိန်းကလေးအဖြစ် မထင်စေလိုခဲ့ပေ။ ထိုအတွေးက သူမကို အလွန်အမင်း သိမ်းပိုက်ထားသဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော ဝမ်ရှောင်းကို ခေတ္တမေ့လျော့သွားခဲ့သည်။
ဖန့်ကျွင်းရုံသည် လှေကားကနေ အောက်သို့ဆင်းလာရင်း မေးလိုက်သည်။
“သမီးသူငယ်ချင်းက တစ်ခုခု ဖြစ်နေခဲ့တာလား”
ကျန်းယာ့ကောသည် နောက်ဆုံး၌ ဝမ်ရှောင်းကို သတိရသွားခဲ့သည်။ သူမက အရေးပေါ်ဖြစ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
“သူ့ဒဏ်ရာကနေ ရောဂါပိုးဝင်ပြီး ဖျားနေတယ်။ သမီး သူ့ကို ဆေးရုံတင်ပေးမလို့”
ဖန့်ကျွင်းရုံသည် ခေါင်းညိမ့်ကာပြောလိုက်သည်။ “ကောင်းပြီ၊ အမေ ကားမောင်းသမားကို ဖုန်းခေါ်လိုက်မယ်။ ပြီးတော့ အမေတို့ သူ့ကို ဆေးရုံခေါ်သွားကြတာပေါ့”
သူမသည် ကောင်းကင်ဘုံက သူမဆုတောင်းကို ကြားပြီး ဝမ်ရှောင်းသည် သာမာန်အဖျားကြီးခြင်းကနေ ရူးသွားစေဖို့ကို မျှော်လင့်မိခဲ့သည်။ သူသာ ရူးသွားမယ်ဆိုရင် လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့အရာသာ ဖြစ်လိမ့်မယ်။ သူမ အမှန်တကယ်သိချင်တာက ဝမ်ရှောင်းသာ အမှန်တကယ် ရူးသွပ်သွားမယ်ဆိုလျှင် ကျန်းယာ့ကောအပေါ် ရူးသွပ်ဆဲပဲလားဆိုတာကို သိချင်တာဖြစ်သည်။
ဖန့်ကျွင်းရုံသည် နောက်ထပ်မေးခွန်းများကို မမေးမြန်းတော့သောကြောင့် ကျန်းယာ့ကောသည် သူမကျည်ဆန်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ဟု ခံစားရကာ စိတ်သက်သာရာရသွားခဲ့သည်။ သူမမွေးစားမိခင်သည် သူစိမ်းတစ်ယောက်ကို အဘယ်ကြောင့် ခေါ်ဆောင်လာခဲ့သည်ကို မေးမြန်းသောအခါ သူမသည် အလွန်စိုးရိမ်ခဲ့သည်။
ဖန့်ကျွင်းရုံသည် ကားမောင်းသမားကို ခေါ်လိုက်သည်။ ကားမောင်းသမား၏အကူအညီဖြင့် ကျန်းယာ့ကောသည် ဝမ်ရှောင်းအား ကားအတွင်းသို့ အောင်မြင်စွာ ထည့်လိုက်နိုင်ခဲ့သည်။
နာရီဝက်ခန့်အကြာတွင် သူတို့သည် အနီးဆုံးဆေးရုံသို့ ရောက်ရှိလာခဲ့ကြသည်။ ဝမ်ရှောင်းကို ဆောင်းပေးထားသော ဦးထုပ်နှင့် အဖုံးအကွယ်များကို ဖယ်ရှားလိုက်သည့်နောက်တွင် ဖန့်ကျွင်းရုံသည် သင့်တော်မည့် အံ့သြသွားသောပုံစံ ဖမ်းလိုက်သည်။ “အိုး... သူပါလား”
ဝမ်ရှောင်းရဲ့အခြေအနေက မကောင်းပေ။ သူ့ကို ချက်ချင်း လူနာခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ကျန်းယာ့ကောသည် ဖန့်ကျွင်းရုံကို လှည့်ကြည့်လိုက်ပြီးတော့ မေးလိုက်သည်။
“အမေ သူ့ကို သိလား”
ဖန့်ကျွင်းရုံသည် ပေါ့ပါးစွာ ခေါင်းညိမ့်ပြလိုက်ပြီး သူမက အမှုမထားသလို ပြောလိုက်သည်။
“ဟုတ်တယ်။ သူက ဟဲအိမ်တော်ရဲ့ အနာဂတ်သားမက်လောင်းလေ”
ကျန်းယာ့ကောသည် ဤအကြောင်းကို ပထမဦးဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။ သူမသည် ပါးစပ်အဟောင်းသားဖြစ်နေပြီး သူမခံစားနေရသော စိတ်ခံစားချက်များကို ပြန်လည်မပြောပြနိုင်ပေ။ သူသည် စေ့စပ်ထားပြီးသားဖြစ်ပြီး သူက သူမကို လိမ်ခဲ့တယ်...