အခန်း ၄၆
Viewers 25k

အခန်း (၄၆) – ရန်သူတစ်ယောက် ဖန်တီးခဲ့သည် (၂)


ကျန်းယာ့ကောသည် သူမ၏မကျေမနပ်ဖြစ်ခြင်းက အခြေအမြစ်မရှိကြောင်းကို နားလည်သဘောပေါက်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဝမ်ရှောင်းနှင့် သူငယ်ချင်းဖြစ်ရုံမျှသာ ဖြစ်သည်။ သူမသည် သာမာန်လိုအပြုံးမျိုးကို သူမကိုယ်သူမ ဖိအားပေးပြုံးလိုက်ပြီး “သူစေ့စပ်ထားတဲ့မိန်းကလေးက အရမ်းကောင်းတဲ့မိန်းကလေး ဖြစ်ရမယ်” ဟုပြောလိုက်သည်။


ဖန့်ကျွင်းရုံသည် ဟဲရှုဟွာအကြောင်းကို စဥ်းစားမိလိုက်‌တော့ အချစ်အတွက် ဦး‌နှောက်မရှိသော အပြုအမူများကို ပြုလုပ်ပြီး မိသားစုတစ်ခုလုံးကို အန္တရာယ်တွင်းထဲ ဆွဲချတတ်သော သမီးတစ်ယောက်ရှိသည့် ဟဲအိမ်တော်အတွက် ဖယောင်းတိုင်ထွန်းပေးချင်သွားခဲ့သည်။ သူမသည် အလွန်ဆရာကျသော အပြုံးကိုဆင်မြန်းကာ ပြောလိုက်သည်။ “သူမက သူ့အတွက် အကောင်းဆုံးတွဲဖက်ပဲ”


တစ်ယောက်က သူမဦးနှောက်ထဲမှာ အချစ်ကသာ အရေးကြီးဆုံးဖြစ်ပြီးတော့ တစ်ယောက်ကတော့ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်တတ်သောသူ ဖြစ်သည်။ ဟဲရှုဟွာသည် သူ့အချစ်စစ်ဖြစ်ပြီးတော့ သူတို့ဟာ ကောင်းကင်ဘုံက နတ်ဖက်ထားသည့်စုံတွဲဖြစ်လိမ့်မည်။


ကျန်းယာ့ကောသည် သူမခေါင်းကို ငုံ့လိုက်သည်။ သူမသည် ထိုမိန်းကလေးက သူမနှင့်မတူပဲ အဆင့်အတန်းမြင့်မားသည့် မိန်းကလေးဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။ သူမသည် အကူအညီကင်းမဲ့စွာပင် မကောင်းသည့်စိတ်အတွေးများကို ခံစားလိုက်ရသည်။ သူမသည် လီအိမ်တော်၏မွေးစားသမီးဖြစ်ပေမယ့် သူမအဆင့်အတန်းဟာ အစစ်အမှန်သမီးရင်းအောက်တွင်သာ ရှိနေဆဲ ဖြစ်သည်။


ကျန်းယာ့ကောအပေါ် အာရုံစူးစိုက်ထားသည့် ဖန့်ကျွင်းရုံသည် သူမအတွေးများကို ရိပ်မိခဲ့တော့ ရယ်ချင်မိခဲ့သည်။ သူမသည် ကျန်းယာ့ကောက သူမ၏ဘီဘီကျူးဝက်လိုသားကို ကြိုက်နှစ်သက်တယ်လို့ သူမ ထင်ခဲ့မိသည်။ ဒါဆို သူမသည် ဝမ်ရှောင်းအပေါ်ကို ဘာကြောင့် ဒီလိုခံစားချက်မျိုး ရှိနေရတာလဲ။ ဒီနှစ်ခုက အချိန်ကိုက်ဖြစ်နေခဲ့တာလား။


ဖန့်ကျွင်းရုံသည် ဟဲရှုဟွာအကြောင်းကို ဆက်ပြောခဲ့သည်။ သူမသည် သူမ၏မိသားစုရပ်တည်မှု၊ သူမ ဘယ်လိုလှပကြောင်းနှင့် သူမ၏ပညာရေးနောက်ခံတွေကို ချီးမွမ်းခဲ့သည်။ ဖန့်ကျွင်းရုံသည် ဟဲရှုဟွာကို များစွာမနှစ်သက်ခဲ့ပေမယ့် ၎င်းသည် ကျန်းယာ့ကောကို အပျက်သဘောဆောင်သော သက်‌ရောက်မှုရှိနေတာကို မြင်ရသောကြောင့် သူမအပေါ်ထားရှိသော စိတ်သဘောထားများကို ဘေးဖယ်ကာ သူမအကြောင်းကို အလွန်ပျော်ရွှင်စွာ ချီးမွမ်းပြောဆိုရပေလိမ့်မည်။


ဒီတစ်သက်တာမှာ ဖန့်ကျွင်းရုံသည် ဟဲကျန့်ပင်းကို သတိပေးစကား ပြောခဲ့ပြီး ဖြစ်သည်။ ဟဲအိမ်တော်ဟာ အဆိုပါကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ထားပြီး ဖြစ်လိမ့်မည်။ ဝမ်ရှောင်းက သူတို့ရဲ့လျှို့ဝှက်ချက်များကို ရရှိရန်အတွက် လွယ်ကူတော့မှာ မဟုတ်တော့ပေ။


“ပြောပါဦး။ သူက ဘယ်လိုဖြစ်ပြီး အမေတို့ဆီ ရောက်လာခဲ့တာလဲ။ သူက သမီးကို လာတွေ့တာလား။” ဖန့်ကျွင်းရုံသည် သူမက အမှန်တရားကို သိရှိပြီးဖြစ်ပေမယ့် သူမက ဘာမှမသိသလို ဟန်ဆောင်ဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။


ကျန်းယာ့ကောသည် စကားထစ်ထစ်အအဖြင့် ပြောလိုက်သည်။ “သူက ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီးတော့ သမီးတို့အိမ်မှာ ပုန်းခိုနေခဲ့တာ။ ဖြစ်ကောင်းဖြစ်နိုင်တာက သမီးတို့အိမ်က သူ့အတွက် လုံခြုံမှုရှိတယ်လို့ ယူဆတာကြောင့် သူ ရောက်လာခဲ့တာဖြစ်မယ်။” သူမသည် ဖန့်ကျွင်းရုံက သူ့ကိုတွေ့လျှင် ပြန်ပို့ရန် ပြောမည်ဆိုးသောကြောင့် ဝှက်ထားခဲ့သည်ဟူသော စကားကို သူမအနေဖြင့် မပြောရဲခဲ့ပါ။ ထို့ကြောင့် သူမအနေဖြင့် တစ်ခုခုလုပ်ရန် လိုအပ်သည်။


ဖန့်ကျွင်းရုံသည် သူမနှုတ်ခမ်းများကို တင်းတင်းစေ့ကာ ပြောလိုက်သည်။ “ဒါက ဒီလို ဖြစ်ခဲ့တာလား။ ငါတို့ရဲ့လုံခြုံရေးအစောင့်တွေကို အစားထိုးဖို့ လိုအပ်နေပုံပဲ။ တစ်ယောက်ယောက်က ကျုးကျော်ခဲ့တာကိုပင် သူတို့က မသိခဲ့ကြဘူး။ ကံကောင်းတာက သူက မကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့လို့ပဲ။”


ဒီအကြောင်းအရာဖြစ်နေသည့်အချိန်တွင် သူမသမီးဟာ အိမ်တွင် လွန်ခဲ့သောရက်အနည်းငယ်ခန့်ကပင် မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ဖန့်ကျွင်းရုံသည် ဝမ်ရှောင်းကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် ကျန်းယာ့ကောက ဝမ်ရှောင်းဒဏ်ရာကို သင့်တင့်လျောက်ပတ်စွာ ကုသပေးနိုင်ခြင်းမရှိတာကြောင့် သူမက ဆွဲမထုတ်ခဲ့တာ ဖြစ်သည်။ အကယ်၍ ဒီလိုမှမဟုတ်ရင် သူမသည် အချိန်အတော်ကြာကတည်းက ရဲခေါ်ခဲ့မှာဖြစ်သည်။

ထာဝရလောက်ကြာအောင် စစ်ဆေးနေပုံရသော ဆရာဝန်သည် နောက်ဆုံးတွင် ဝမ်ရှောင်း၏ဒဏ်ရာကို စစ်ဆေးကြည့်ရှုတာ ပြီးဆုံးသွားခဲ့သည်။


ဆံပင်တွေဖြူဖွေးနေသည့်ဆရာဝန်က မေးလိုက်သည်။ “မင်းတို့ထဲက ဘယ်သူက ဆွေမျိုးရင်းချာလဲ။”


ကျန်းယာ့ကောသည် သူမခေါင်းကို ပင့်မြှောက်ထားလိုက်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမသည် ဒီအတောအတွင်းမှာ ရေတစ်စက်မျှ မသောက်ရသေးတာကြောင့်ဖြစ်မည်။ သူမလည်ချောင်းတွေဟာ ခြောက်သွေ့နေပြီးတော့ သူမအသံဟာ အက်ကွဲနေခဲ့သည်။ “ကျွန်မက သူ့သူငယ်ချင်းပါ။ သူ့အခြေအနေ ဘယ်လိုလဲ။” ရုတ်တရတ် သူမသည် ဆရာဝန်ထံမှ သတင်းဆိုးများ ကြားရမည်ကို စိုးရိမ်ပူပန်သွားခဲ့သည်။ ဒီရက်အတောအတွင်းမှာ သူမသည် သူ့ဒဏ်ရာကို ကောင်းစွာ ဂရုစိုက်ပေးခဲ့သည်။ သူ အဆင်ပြေနိုင်လား။


ဆရာဝန်က ပြောသည်။ “သူ့အခြေအနေ သိပ်မကောင်းဘူး။ မင်း သူ့ကို ခေါ်လာတာ အရမ်းနောက်ကျလွန်းတယ်။”


အဆိုပါဆရာဝန်၏စကားများကို ကြားလိုက်ရချိန်တွင် ဖန့်ကျွင်းရုံသည် မီးရှူးမီးပန်းဖောက်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ချင်စိတ် ပေါက်သွားခဲ့သည်။


ကံတရားပဲ။


ထို့နောက် သူမသည် ကျန်းယာ့ကောကို ကြည့်လိုက်သည်။ သူမနှုတ်ခမ်းများဟာ ဖြူဖျော့နေပြီး သူမကြည့်ရသည်မှာ