အခန်း ၄၉
Viewers 25k


အခန်း (၄၉) – ငါ့မှာ နင့်ကို ပြစရာ တစ်ခုရှိတယ်၊ ဒါပေမယ့် နင် ဒါကိုတွေ့ရင် အရမ်းဝမ်းမနည်းဖို့ ကြိုတင်သတိပေးပါရစေ (၂)


ကျန်းယာ့ကောသည် သူမခေါင်းကို ခါလိုက်သည်။ “မဟုတ်ဘူး။ အဲ့လိုမဟုတ်ပါဘူး။ အဲဒီတုန်းက သမီးက သူ့ကို လူကောင်းတစ်ဦးလို့ ထင်ခဲ့ပြီး အကူအညီပေးဖို့ပဲ လုပ်ခဲ့တာပါ”


ဖန့်ကျွင်းရုံက နောက်ထပ်အချက်တစ်ချက်ကို ထောက်ပြပေးခဲ့သည်။ “သမီး သူ့ကို တကယ်အကူအညီပေးချင်တယ်ဆိုရင် ဘာဖြစ်လို့ သူ့ကို ဆေးရုံကိုအမြန်မခေါ်သွားခဲ့တာလဲ”


ကျန်းယာ့ကောမှာ ပြောစရာစကား ဆွံ့အသွားခဲ့သည်။ သူမသည် ဖန့်ကျွင်းရုံက ဝမ်ရှောင်းကို ပထမဆုံး မြင်လိုက်တာနဲ့ ရဲခေါ်လိုက်မှာကို စိတ်ပူတာကြောင့် ဖြစ်တယ်ဆိုတာကို မပြောနိုင်ပါ။ သူမသည် ဖန့်ကျွင်းရုံက ဝမ်ရှောင်းကို သိတယ်ဆိုတာကို သူမက မသိခဲ့ပေ။


ဝမ်ရှောင်း၏မုန်းတီးနေတဲ့မျက်နှာကို ပြန်ပြောင်းတွေးကြည့်သည့်အခါ သူမဟာ တုန်တုန်ယင်ယင်ဖြစ်နေခဲ့သည်။ သူမ ဘာလုပ်သင့်လဲ။ သူမက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို မှားယွင်းရန်စမိလိုက်သလိုပဲ။


သူမသည် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ ဒါက အဆင်ပြေသွားလိမ့်မယ်။ သူမက ကျောထောက်နောက်ခံမရှိသည့် သာမာန်လူတစ်ဦးမဟုတ်ပဲ လီအိမ်တော်ရဲ့ မွေးစားသမီးဖြစ်သည်။ ဝမ်ရှောင်းက သူမကို နာကျင်ဖို့ကြိုးစားခဲ့မယ်ဆိုရင် လီအိမ်တော်ကို စော်ကားသလိုဖြ စ်သွားလိမ့်မည်။ ဒါပေမယ့် ဒီလိုဆိုရင်တောင်မှ သူမဟာ အလွန်စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည်။ ပြီးတော့ သူမလုပ်နိုင်တာအားလုံးက သူမကိုယ်သူမ အမြဲဂရုတစိုက်နေဖို့ သတိပေးရန်ဖြစ်သည်။ 


ရက်အနည်းငယ်ခန့်အကြာတွင် ဖန့်ကျွင်းရုံသည် ဆေးရုံသို့ထပ်မံဖုန်းခေါ်ခဲ့ပြီးတော့ ဝမ်ရှောင်း၏အခြေအနေကို မေးမြန်းခဲ့သည်။ သူမသည် ဝမ်ရှောင်းရဲ့ခွဲစိတ်မှု အောင်မြင်ပြီး သူ့ဘယ်ဖက်လက်မှာ အန္တရာယ်ကင်းကြောင်းကို သိလိုက်ရသည်။ 


ပျက်စီးနေသောတစ်သျှူးအချို့ကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ သူ့လက်သည် တစ်ရာရာခိုင်နှုန်း ပြန်ကောင်းလာနိုင်ချေတော့ မရှိပါ။


ဖန့်ကျွင်းရုံသည် မတတ်နိုင်စွာပဲ သက်ပြင်းသာချလိုက်မိသည်။ နောက်ဆုံးမှာတော့ ဒါက ကျန်းယာ့ကောကို ဖျက်ဆီးဖို့ လုံလောက်မှုမရှိသေးပါဘူး။


သို့သော် သူမသည် ဝမ်ရှောင်းက မည်သို့သောလူမျိုးဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်နားလည်ခဲ့သည်။ သူက အလွန်လက်စားချေလိုစိတ်ပြင်းပြသောသူတစ်ဦးဖြစ်ပြီး သူက သက်ဆိုင်ရာမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်တတ်သောသူမျိုးဖြစ်ကြောင်းကို သူမ သိခဲ့သည်။ သူမယခင်ဘဝရဲ့အဆုံးသတ်ခါနီးကလို ဝမ်ရှောင်းဟာ City Sရဲ့အာဏာအရှိဆုံးလူတစ်ဦး မဟုတ်သေးသောကြောင့် သူလက်စားချေဖို့လုပ်ရန်အတွက် အကန့်အသတ်အချို့ရှိနေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ ဘေးကင်းလုံခြုံမှုရှိရန်အတွက် ဖန့်ကျွင်းရုံသည် သူမနှင့် သူမသမီးဖြစ်သူကို စောင့်ရှောက်ပေးရန် သက်တော်စောင့်အချို့ ငှားရမ်းခဲ့သည်။ သူမက ဒီအကြောင်းကို အနည်းငယ်စဥ်းစားခဲ့ပြီးနောက် ကျုံးရီထံသို့ သက်တော်စောင့်နှစ်ယောက် ပို့ပေးလိုက်သည်။ အခြားသူများအတွက်မူ သူမနှင့် ဘာဆိုင်လို့လဲ။


လီရှစ်ကျီနှင့် လီဝမ့်ကျင်းတို့က ကျန်းယာ့ကောကို ချစ်ကြတယ်မလား။ ယုတ္တိဗေဒအရ သူတို့သည် သူမရဲ့လုပ်ရပ်များ၏အကျိုးဆက်များကိုလည်း ပျော်ရွှင်စွာလက်ခံရမယ်လို့ ဆိုရပေလိမ့်မည်။ ကျန်းယာ့ကောသည် သတိရှိစွာဖြင့် အိမ်ပြင်သို့ထွက်ခြင်းကို ရှောင်ရှားခဲ့လေသည်။


ဖန့်ကျွင်းရုံ မျှော်လင့်ထားသကဲ့သို့ ဝမ်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေလိုသူ မဟုတ်ပါ။ သူသည် ကျန်းယာ့ကောကို ရှာမတွေ့သောကြောင့် သူတို့ကုမ္ပဏီဖက်သို့ လှည့်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းယာ့ကောသည် လီအိမ်တော်၏မွေးစားသမီးဖြစ်သည်။


အခုအချိန်မှာတော့ ဝမ်ရှောင်းဟာ လီအိမ်တော်ရဲ့ လွှမ်းမိုးနိုင်မှုအပေါ် ဆန့်ကျင်ဖို့ ရဲရင့်ခြင်း မရှိသေးပဲ သူသည် သူတို့နောက်ကွယ်ကနေ လက်စားချေဖို့ အစီအစဥ်ဆွဲခဲ့သည်။


ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် သူတို့ကုမ္ပဏီရှေ့တံခါးဝတွင် မစင်များကို ပက်ဖြန်းထားခဲ့သည်။ လီဝမ့်ကျင်း၏ဇိမ်ခံကားအသစ်ကို သော့ခတ်ထားခဲ့သည်။ လီဝမ့်ကျင်း ဧည့်ခံပွဲကို တက်ရောက်ချိန်တွင် သူ့ကို လက်ဆေးရေဖြင့် အပက်ခံရသည်။ နှစ်ရက် သုံးရက်တာအတွင်း မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားနေသောအခါ လီဝမ့်ကျင်းသည် သူဟာ တစ်စုံတစ်ဦး၏ပစ်မှတ်ထားခြင်း ခံနေရသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။ သူသည် ဒေါသထောင်းထောင်းထသွားခဲ့ပေမယ့် ရဲ သို့မဟုတ် သူငှားရမ်းထားသော အလွတ်စုံထောက် မည်သူတစ်ဦးတစ်ယောက်ကမှ နောက်ကွယ်မှလူကို မဖော်ထုတ်နိုင်ခဲ့ပေ။


နောက်ဆုံး သူက ဖန့်ကျွင်းရုံကို ထိုအကြောင်းအား ပြောပြပြီး အကူအညီတောင်းခဲ့သည်။ သူဝန်မခံချင်ဘူးဆိုရင်တောင်မှ ဖန့်ကျွင်းရုံမှာ သူ့ထက် ပိုကောင်းသည့် အဆက်အသွယ်များ ရှိလေသည်။ ပြီးနောက် ဖန့်အိမ်တော်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကောင်းစွာ အခြေခိုင်နေခဲ့တာ ဖြစ်သည်။ သူ့လိုမျိုး မကြာခင်ကမှ ချမ်းသာလာသူအနေဖြင့် ၎င်းနှင့်ပတ်သတ်၍ စိတ်ကူးတစ်ခုမျှသာ ရှိသည်။


သဘာဝကျစွာပင် ဖန့်ကျွင်းရုံသည် ဤအကြောင်းက ဝမ်ရှောင်းနှင့် ဆက်စပ်မှုရှိကြောင်းကို သိသည်။ သို့သော် သူမအဖို့ လီဝမ့်ကျင်းဖြစ်ပျက်နေသောအရာများကို ကြည့်ရတာက ပျော်စရာကောင်းလှသည်။ ထို့ကြောင့် သူမသည် သူ့ကို အကူအညီပေးရန် မလုပ်ခဲ့ပါ။ ဝမ်ရှောင်းသည် လီဝမ့်ကျင်းကို ပစ်မှတ်ထားသည်မှာ သူသည် ကျန်းယာ့ကောကို သည်းသည်းလှုပ် ဂရုစိုက်သောကြောင့် ဖြစ်နိုင်သည်။ သူမသည် ဝမ်ရှောင်းကို နောက်ယောင်ခံလိုက်ခိုင်းခဲ့သည်။ ဝမ်ရှောင်းသည် လီဝမ့်ကျင်းကို ဘာလုပ်ခဲ့လဲဆိုတာကို လူများအား ပြသရန် ဗီဒီယိုများဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ထိုဗီဒီယိုများက နောက်ပိုင်းမှာ အသုံးဝင်လာလိမ့်မယ်။