အခန်း (၅၃) – ဖန့်ကျွင်းရုံက “ကျွန်မ ရှင်နဲ့ ကွာရှင်းမယ်၊ ကျွန်မ ရှင့်ကို အရမ်းရွံမုန်းတယ်” လို့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည် (၃)
ဖန့်ကျွင်းရုံက သူတို့ရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။ သူမသည် စားပွဲပေါ်မှာ တင်ထားသော ဝိုင်နီပုလင်းကို တွေ့လိုက်ရတော့ ထိုပုလင်းကို ဆွဲယူလိုက်သည်။ သူမက လီဝမ့်ကျင်းကို အေးစက်စွာ ကြည့်လိုက်သောကြောင့် သူ့ကို ခိုက်ခိုက်တုန်သွားစေခဲ့သည်။ သူက တစ်ခုခုကို ပြောချင်နေခဲ့သည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ဝိုင်နီပုလင်းကို လီဝမ့်ကျင်းခေါင်းပေါ်သို့ တိုက်ရိုက်စောင်း၍ လောင်းချလိုက်ခြင်းကို ခံလိုက်ရသည်။
လီဝမ့်ကျင်းသည် အလွန်အံ့အားသင့်သွားခဲ့သည်။ သူက အိမ်မက်မက်နေသည်ဟု တွေးထင်မိလိုက်သည်။ သူ ဖန့်ကျွင်းရုံနဲ့လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူတို့မှာ ဟိုဟိုဒီဒီ အငြင်းပွားမှုအချို့ ရှိခဲ့သော်လည်း အမြဲတမ်း နှုတ်ဖြင့်သာ ပြောဆိုခဲ့ကြတာ ဖြစ်သည်။ သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ လက်မပါခဲ့ကြပေ။
ဝိုင်နီများဟာ သူ့ဆံပင်များမှစ၍ သူ့မျက်နှာနှင့်အဝတ်အစားများအပေါ်ကိုပါ စီးကျလာခဲ့သည်။ သူ့မှာ အရင်က ဒီလို အဆင်မပြေတဲ့ပုံရိပ်မျိုး မရှိခဲ့ဖူးဘူး။ ဝိုင်နီ၏အေးမြနေသောအရည်များက ဒီအရာဟာ အိမ်မက်တစ်ခုမဟုတ်ကြောင်းကို သတိပေးနေခဲ့သည်။ ဒီအချိန်ခဏလေးအတွင်းမှာ သူ့ဇနီးက သူ့အပေါ်ကို ဝိုင်နီတွေ လောင်းချခဲ့တယ်။
သူသည် ကြက်သေသေရာမှ သတိပြန်ဝင်လာပြီးတဲ့နောက်မှာ သူ့စိတ်ထဲကနေ ဒေါသထောင်းထောင်းထလာခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် ဖြစ်လာခဲ့သည်။ “မင်း... ငါ့ကို ဘယ်လိုလုပ်ရဲရတာလဲ။”
ဖန့်ကျွင်းရုံက အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်လိုက်သည်။ သူမက လုပ်ရဲရုံတင်မကပဲ သူမရဲ့သရုပ်ဆောင်ချက်တွေကို အသုံးပြုရပါလိမ့်မည်။ သူမက ဒါကို တစ်ကြိမ်ထက်မက လုပ်ရဲသည်။
နောက်ထပ်ဝိုင်နီတစ်ပုလင်းဖြင့် သူ့မျက်နှာကို ထပ်ပက်လိုက်ပြန်သည်။ အေးစက်နေသောဝိုင်နီများသည် သူ့ကို အလိုအလျောက် ခိုက်ခိုက်တုန်သွားစေခဲ့သည်။ သူက သူမ ဒုတိယအကြိမ် ထပ်လုပ်လိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ဒုတိယအကြိမ်ပက်လိုက်သောအခါတွင် မရှောင်နိုင်ခဲ့ပါဘူး။
လီရှစ်ကျီ၏မျက်ခုံးများက ဒီထက်ပိုမတွန့်နိုင်တော့ပေ။ သူက မနှစ်မြို့သည့် အပြစ်တင်လိုသော လေသံဖြင့် “အမေ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာကို ရပ်လိုက်ပါတော့”
ကျန်းယာ့ကော၏အသံက ဖျော့တော့နေခဲ့သည်။ “မေမေ စိတ်ဆိုးနေတာလား”
လီဝမ့်ကျင်းသည် သူ့လက်ဖြင့် မျက်နှာကိုသုတ်လိုက်ကာ ဒေါသထွက်စွာ ဆိုလိုက်သည်။ “မင်းဖာသာမင်း စိတ်ဆိုးဒေါသထွက်နေတာနဲ့ ကိုယ့်ကို ဒီလိုလုပ်လို့ရတယ်လို့တော့ မဆိုလိုဘူးလေ။ မင်း ဒီနေ့ ဘာကို စိတ်ဆိုးနေတာလဲ။”
သူ့ယောက်ဖဖြစ်သူနှင့် ကလေးများရှေ့တွင် သူ့ပုံရိပ်ကို ဂရုမစိုက်ပါက လီဝမ့်ကျင်းက ဒီကိစ္စကို ဒီနေရာပြီးသွားစေလိမ့်မှာ မဟုတ်ဘူး။ သူ့လက်များဟာ ဒေါသကြောင့် တုန်ခါနေခဲ့သည်။
ဖန့်ကျွင်းရုံသည် သူမဖုန်းကိုဖွင့်ကာ ဗီဒီယိုကို ပြသခဲ့သည်။ သူမက လီဝမ့်ကျင်း၏မျက်နှာရှေ့သို့ ဖုန်းမျက်နှာပြင်ကို ထိုးပြလိုက်သည်။ သူမက မဲ့ပြုံးပြုံးကာ သူ့ကို မေးလိုက်သည်။ “ကျွန်မ ဒါကို ရတော့ ဝမ်စစ်ရှန်းက အရမ်းကျွမ်းကျင်တာကို သိလိုက်ရတယ်။ ရှင် ဘယ်လောက်တောင် သဘောကျနေတယ် ဆိုတာကို ရှင့်ကိုယ်ရှင် ပြန်ကြည့်လိုက်စမ်းပါဦး။”
ဒေါသအမျက်ထွက်နေသော လီဝမ့်ကျင်းသည် သူ့မျက်နှာရှေ့က အရည်အသွေးမြင့်ဖုန်းမျက်နှာပြင်ကို မြင်လိုက်ရသောအခါ ကျောက်ရုပ်လို ဖြစ်သွားခဲ့သည်။ သူက လည်ပင်းညှစ်ခံနေရတဲ့ တောကြက်တစ်ကောင်နဲ့ ဆင်တူသည်။
ကျန်းယာ့ကောရဲ့မျက်နှာက ရဲရဲနီစွေးသွားခဲ့ပြီး သူမခန္ဓာကိုယ်က စတင်လှုပ်ခါလာခဲ့သည်။ သူမကိုကြည့်ရသည်မှာ အချိန်မရွေးအသက်ထွက်သွားမလို ဖြစ်နေခဲ့သည်။ “အမေ... အမေ ဘာတွေပြောနေတာလဲ။”
ဖန့်ကျွင်းရုံက သူမထံသို့ စူးရှသောအကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ “အိုး... ငါက မင်းမိဘတွေ ကွယ်လွန်သွားတာကြောင့် မင်းကို သနားလို့ ခေါ်ယူကျွေးမွေးခဲ့တယ်။ ဒါပေမယ့် ငါက မျက်လုံးဖြူဝံပုလွေတစ်ကောင်ကိုပဲ ရလိုက်တယ်။ ငါ ဒီလိုမြင်ကွင်းမျိူးကိုပဲ တွေ့လိုက်ရတယ်။ မင်းက မင်းရဲ့ကိုယ်ပိုင်အနေအထားကို ခိုင်မြဲအောင် မင်းအဒေါ်ရင်းကို သူ့အိပ်ယာပေါ်ကို ပို့ပေးလိုက်တယ်။”
“လီဝမ့်ကျင်းက မင်းကို ရှင်းယွင်ထက် ပိုအရေးပေးနေတာ အံ့သြစရာ မဟုတ်ဘူးပဲ။ ဘာလို့လဲဆိုတော့ မင်းအဒေါ်က သူ့ကို မင်းကောင်းကြောင်းတွေ နားရေဝအောင် ပြောထားတာကိုး။” ဟုတ်တာပေါ့။ ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းက ကျန်းယာ့ကောကို အလွန်ချစ်ခင်ရသည့် အကြောင်းရင်းအမှန်ကို သိသော်လည်း ဒါက သူမလိုချင်သည့်အရာမဟုတ်၍ ထိုအကြောင်းကို ပြောပြရန် အစီအစဥ်မရှိပေ။ ထို့အပြင် ကျန်းယာ့ကောသည် မည်သို့ပင်ဖြစ်စေ ဒီကိစ္စတွင် သူမပါ ပါဝင်လေသည်။ အဘယ့်ကြောင့် သူတို့ချိန်းတွေ့ရန် သူမကို ထပ်ကာထပ်ကာ ကာဗာအနေဖြင့် အသုံးပြုခဲ့မှာလဲ။
လီရှစ်ကျီသည် မယုံကြည်နိုင်လောက်အောင် ဖြူဖျော့နေသည့် ကျန်းယာ့ကောကို ကြည့်ကာ “အထင်လွဲတာမျိုးတွေ ရှိနေတာလား”ဟု ခက်ခက်ခဲခဲ မေးမြန်းလိုက်သည်။ သူက ရင့်ကျက်မှုရှိသော်လည်း အသက်ဆယ့်ကိုးနှစ်အရွယ်ယောကျာ်းသားတစ်ဦးပင် ဖြစ်သည်။သူက ဖန့်ကျွင်းရုံ၏မှတ်ဥာဏ်တွေထဲမှာ ရှိခဲ့တဲ့ တည်ငြိမ်အေးဆေးသောအမျိုးသားတစ်ဦး မဖြစ်လာသေးပါဘူး။
ဖန့်ကျွင်းရုံက သူ့ကို အသက်မပါသောအပြုံးကို ပြုံးပြခဲ့သည်။ သူမသည် ဧည့်ခန်းဆီသို့ လျှောက်သွားကာ ပရိုဂျက်တာကိုဖွင့်ပြီး သူမဖုန်းနှင့် ချိတ်ဆက်လိုက်ကာ ထိုဗီဒီယိုကို ဖွင့်ပြလိုက်သည်။
လီဝမ့်ကျင်း၏မျက်လုံးများဟာ ပြူးကျယ်လာခဲ့သည်။ သူက သူ့ဇနီးဖြစ်သူကို ရပ်တန့်စေချင်ခဲ့ပေမယ့် သူ့ကို ဖန့်ရွှယ်ပေါ်က ရပ်တန့်စေခဲ့သည်။
သူက ဒီနေရာမှာ ရပ်နေပြီး သူနှင့် ဝမ်စစ်ရှန်းတို့ပါဝင်သော ဗီဒီယိုကိုကြည့်ရင်း ဘာမှမလုပ်နိုင်ပေ။ အိမ်ထဲမှာ လေအေးပေးစက်က အပြည့်အဝလည်ပတ်နေသော်လည်း သူ့မှာ ချွေးရွဲရွဲစိုနေခဲ့သည်။ သူ့စိတ်ဟာ ဗလာဖြစ်နေခဲ့ပြီး ဘာလုပ်ရမှန်း ဘာပြောရမှန်းတောင် မသိတော့ဘူး။
ကျန်းယာ့ကောသည် သူမကိုယ်သူမ မတောင့်ခံနိုင်တော့ပဲ ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့သည်။
ဖန့်ကျွင်းရုံသည် ခံစားချက်ကင်းမဲ့သည့်အသံဖြင့် ပြောဆိုလိုက်သည်။ “ကျွန်မ ကွာရှင်းချင်တယ်။ ကျွန်မ ရှင့်ကို မနှစ်မြို့တော့ဘူး။”