အခန်း ၆၁
Viewers 25k


အခန်း (၆၁) – မျှော်လင့်ထားတဲ့ တရားမျှတမှုဆိုတာ ဘယ်နေရာမှာလဲ (၂)


ကျုံးရီသည် ကျန်းယာ့ကောအား ယခင်အမြင်များနှင့် မကြည့်တော့ပါ။ ကျန်းယာ့ကောအဒေါ်ဖြစ်သူနှင့် လီဝမ့်ကျင်းအကြား ချစ်မှုရေးရာကိစ္စအကြောင်းကို ရှာဖွေသိရှိရပြီးသည့်နောက်မှာ ကျန်းယာ့ကောသည် ဒီကိစ္စတွင် သူမက လုံးဝအပြစ်ကင်းစင်လိမ့်မည်ဟု မယုံကြည်ခဲ့ဘူး။ သူမသည် ကျန်းယာ့ကောနှင့် သူငယ်ချင်းအဖြစ်ကနေ သူစိမ်းများဖြစ်သွားခဲ့သည်။


ယခုအချိန်တွင် လီရှင်းယွင်က ခရီးထွက်နေရာကနေ ပြန်လာခဲ့ပြီဖြစ်သည်။ နောက်ဆုံးမှာတော့ သူမရဲ့မွေးနေ့က နီးလာပြီ။ သူမသည် သူမပြန်ရောက်တာနဲ့ ချက်ချင်းပင် သူမမိဘများ ကွာရှင်းပြတ်စဲခဲ့သည့်သတင်းကို သိရှိလိုက်ရပြီး သူမကို အံ့အားသင့်သွားစေခဲ့သည်။


သူမသည် မိခင်ဖြစ်သူကို ဖခင်ဖြစ်သူထက် ပိုနှစ်သက်ပြီးတော့ သူမဖခင်ဖြစ်သူနှင့် ယခုနောက်ပိုင်းအချိန်များတွင် အဆင်မပြေမှုများ ရှိခဲ့သော်လည်း သူမသည် သူမမိဘများကို ကွာရှင်းစေလိုသည်ဟု မဆိုလိုပါ။


ဖန့်ကျွင်းရုံသည် သူမသမီးငယ်မျက်နှာပေါ်မှ ပျက်ယွင်းနေသောအကြည့်ကို မြင်လိုက်ရသောအခါ သူမနှလုံးသားဟာ ဝမ်းနည်းသွားခဲ့ရသည်။ သူမသည် လီဝမ့်ကျင်း၏လုပ်ရပ်များကို ဖုံးကွယ်ပေးရန် ရည်ရွယ်ချက်မရှိပဲ လီရှင်းယွင်အား အားလုံးကို ပြောပြခဲ့သည်။ သို့သော် သူမသည် ရှင်းယွင်အား ဗီဒီယိုကို‌တော့ မပြသခဲ့ပါဘူး။ သူမသည် ဒါကို မြင်တွေ့ရန် မလိုအပ်ပါ။


လီရှင်းယွင်သည် သူမနှုတ်ခမ်းကိုကိုက်ကာ သူမဒေါသများ အလည်မှာ ကျ‌ရောက်နေခဲ့သည်။ “ဖေဖေက ဘယ်လိုလုပ်ရက်ရတာလဲ။ ဘာလို့ မေမေ့ကို သစ္စာမဲ့နိုင်ရတာလဲ။ မေမေ ဘာဖြစ်လို့ သမီးကို ဒီအကြောင်းကို မပြောပြတာလဲ။”


သူမဖခင်ဖြစ်သူ၏ သစ္စာမဲ့မှုများအကြောင်းကို ရှာဖွေသိရှိရပြီးသည့်နောက်မှာာာ သူမမိဘများကို မကွာရှင်းသင့်ကြောင်းဟုပြောရန် သူမကိုယ်သူမ မစွမ်းဆောင်နိုင်ပါ။ သူမဟာ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားနေဆဲအရွယ်ဆိုပေမယ့် သူမက လိမ်ညာခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။


“သမီး နိုင်ငံခြားခရီးစဥ်မှာ ပျော်နေမယ့် သမီးရဲ့အပျော်တွေကို အမေ မဖျက်ဆီးချင်လို့ မပြောခဲ့တာ” ဟု ဖန့်ကျွင်းရုံက ပြောလိုက်သည်။ ထို့အပြင် သူမက လီဝမ့်ကျင်းက လီရှင်းယွင်ကို ဆင်ခြေအဖြစ် အသုံးပြုဖို့ ဆွဲထုတ်မှာကို မလိုလားပေ။ သူမသည် ရှင်းယွင်အား အပြင်သို့ လျှောက်လည်နေစေရန် ရှင်းယွင်အနားရှိသူတို့ကို တောင်းဆိုခဲ့သည်။ ဖြစ်နိုင်ရင် သူမမှာ လုပ်စရာတွေ များများရှိနေမယ်ဆိုပါက အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာကို သူမ စဥ်းစားမိမှာ မဟုတ်ဘူး။


“အစ်ကိုကြီးကကော… သူက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာပြောလဲ”


ဖန့်ကျွင်းရုံက သူ့သမီးဖြစ်သူရဲ့စိတ်ထဲမှာရှိတဲ့ လီရှစ်ကျီ၏ကောင်းမွန်သည့်ပုံရိပ်ကို တကယ်တမ်း ဖျက်ဆီးဖို့ရာ ရည်ရွယ်ချက် မရှိခဲ့ဘူး။ သူမက လီရှင်းယွင်အား အကြောင်းအရာအားလုံးကို ပြောပြခဲ့သည်။ ထို့အပြင် သူမက လီရှင်းယွင်သည် သူမအစ်ကိုဖြစ်သူနှင့်ပတ်သတ်သည့် မျှော်လင့်ချက် အနည်းငယ်မျှတောင် မကျန်ရှိစေလိုပါ။


လီရှင်းယွင်သည် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေခဲ့သည်။ လီရှစ်ကျီသည် သူမ့ထက် အသက်နှစ်နှစ်ပိုကြီးပြီး အမြဲတမ်း သူမထက် ပိုထူးချွန်ပြီး ပိုရင့်ကျက်သူဖြစ်သည်။ သူမသည် အမြဲတမ်း သူမအကိုကြီးကို မျှော်ကြည့်ပြီး လေးစားခဲ့တာဖြစ်သည်။ သူမသည် သူမအစ်ကိုက ဒီအရေးမှာ ကျန်းယာ့ကောဖက်မှာ ရပ်တည်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မျက်လုံးပါသည့် မည်သူတစ်ဦးတစ်ယောက်မဆို ကျန်းယာ့ကောသည် ဤအရေးကိစ္စတွင် လုံးဝအပြစ်မကင်းကြောင်းကို တွေ့မြင်နိုင်သည်။


သူမသည် အောက်နှုတ်ခမ်းကို အသာကိုက်ကာ ပြောလိုက်သည်။ “သမီး ကိုကြီးနဲ့စကားပြောဖို့ သွားလိုက်ဦးမယ်”


ထို့နောက် သူမသည် ကျည်ဆန်ကိုပစ်လွှတ်လိုက်သကဲ့သို့ ထွက်သွားခဲ့သည်။ သူမရဲ့ခရီးဆောင်သေတ္တာများကတော့ ဧည့်ခန်းထဲမှာ ကျန်ရှိနေခဲ့သည်။


ဖန့်ကျွင်းရုံက သူမနောက်တွင် ကားမောင်းသမားတစ်ယောက်နှင့် သက်တော်စောင့်တစ်ယောက်ကို ထည့်ပေးလိုက်သည်။ သူမသည် သူမသမီးလေးကို ဘာအန္တရာယ်မှ မဖြစ်စေချင်ခဲ့ပါ။


လီရှင်းယွင် သုံးနာရီခန့်အကြာတွင် ပြန်ရောက်လာခဲ့သည်။ သူမမျက်လုံးများဟာ ယခင်ကထက် ပိုဖူးယောင်လာခဲ့သည်။ သူမက အသည်းအသန် ငိုကြွေးလာခဲ့တာဖြစ်ပေလိမ့်မည်။


ဖန့်ကျွင်းရုံကိုမြင်တော့ လီရှင်းယွင်က ငိုသံပါဖြင့် ဆိုလိုက်သည်။ “နောက်ဆို သမီး သူတို့နဲ့ပတ်သက်တဲ့အကြောင်းတွေ ဘာမှမသိချင်တော့ဘူး။ သူတို့က သမီးနဲ့ ဘာမှမသက်ဆိုင်တော့ဘူး”


ဖန့်ကျွင်းရုံ၏နှလုံးသားဟာ နာကျင်နေသော်လည်း ရှင်းယွင်အတွက် သူတို့၏ပုံရိပ်အစစ်အမှန်ကို သိရှိရန် လိုအပ်ကြောင်းကိုလည်း သူမ နားလည်လေသည်။ မဟုတ်ရင် သူတို့က သူတို့အပေါ် သူမလေးထားရှိသည့် ချစ်ခြင်းမေတ္တာအပေါ် အခွင့်ကောင်းယူ အသုံးချပေလိမ့်မည်။


“သမီးဆီမှာ ဘယ်သူမှ မရှိတာ မဟုတ်ပါဘူး။ သမီးမှာ အမေရှိတယ်လေ”


လီရှင်းယွင်က နှာတစ်ချက်ရှုံ့ပြီး ပြောလိုက်သည်။ “သမီးမွေးနေ့ပွဲမှာ သူတို့ကို မမြင်ချင်ဘူး”


“အိုကေ အမေ သူတို့ကို မွေးနေ့ပွဲကိုမလာဖို့ ပြောလိုက်မယ်” ဖန့်ကျွင်းရုံက ထိုစကားကို အရမ်းသဘောကျကာ လက်ခံပေးလိုက်သည်။


သူမသည် သမီးဖြစ်သူနှင့် အချိန်အတော်အတန်ကြာ ဖြုန်းခဲ့ပြီး ရှင်းယွင်အိပ်ရာဝင်ချိန်မှသာ သူမသည် သူမအခန်းထဲသို့ ပြန်ခဲ့တာဖြစ်သည်။


သူမသည် ကျုံးရီကို ပြောလိုက်သည်။ “သမီး နောက်ရက်အနည်းငယ်အတွင်းမှာ ရှင်းယွင်နဲ့အတူ အချိန်ဖြုန်းပေးလိုက်ပါလား။ သူမလေးက သမီးကို အမြဲတမ်း သဘောကျခဲ့တာပဲလေ” ထို့အပြင် သူတို့၏အသက်အရွယ်က မတိမ်းမယိမ်းဖြစ်သောကြောင့် ရင်ဖွင့်ရ လွယ်ကူပေလိမ့်မည်။


ကျုံးရီသည် ခေါင်းညိမ့်လိုက်သည်။ “သမီး အချိန်ပေးလိုက်ပါ့မယ်”


သူမသည် သူမမွေးစားမိခင်ဖြစ်သူကို တန်ဖိုးထား လေးစားခဲ့သည်။ သူမကြောင့်သာမဟုတ်ပါက သူမသည် ကြိုးကြာဖြူကလပ်တွင်သာ အလုပ်လုပ်နေရဆဲဖြစ်ပြီး အနာဂတ်ဟာလည်း စမ်းတဝါးဝါးဖြစ်နေခဲ့မှာ ဖြစ်သည်။ သူမသည် ဆေးကုသစရိတ်အတွက် စိတ်ပူစရာမလိုတော့သည့်အပြင် သူမအဖွားဖြစ်သူ၏အခြေအနေဟာလည်း တည်ငြိမ်လာခဲ့သည်။


သူမမျက်လုံးထဲမှာ သူမမွေးစားမိခင်သည်