အခန်း ၆၂
Viewers 25k


အခန်း (၆၂) – မျှော်လင့်ထားတဲ့ တရားမျှတမှုဆိုတာ ဘယ်နေရာမှာလဲ (၃)


ဖန့်ကျွင်းရုံက နောက်တော့ ကားမောင်းသမားအား လီရှင်းယွင်က ဘယ်သူတွေနှင့် သွားတွေ့ကြောင်းကို မေးမြန်းပြောဆိုခဲ့သည်။ ကားမောင်းသမား၏ပြောဆိုချက်အရ ရှင်းယွင်သည် သူမရောက်ရောက်ချင်း လီရှစ်ကျီနှင့် ကျန်းယာ့ကောအား သွားတွေ့ခဲ့သည်ဟုဆိုသည်။ သူတို့၏ခန္ဓာကိုယ်ဘာသာစကားက အတော်လေး ရင်းနှီးနေခဲ့တာ ဖြစ်လေသည်။ ဖန့်ကျွင်းရုံထွက်သွားပြီးချိန်ကတည်းက သူတို့က စိုးရိမ်စရာ ဘာမှမရှိတော့ပဲ သာမာန်ချစ်သူများကဲ့သို့ ပြုမူလာကြသည်။


ရှင်းယွင်သည် ကျန်းယာ့ကောအား မျက်ရည်ကျစေသည်အထိ ဒေါသထွက်ဆူပူခဲ့သောကြောင့် လီရှစ်ကျီ၏အော်ဟစ်ခြင်းကို ခံခဲ့ရသည်။ လီဝမ့်ကျင်းက သူမကို ကုမ္ပဏီတွင် လေ့လာစေရန်အတွက် လီဝမ့်ကျင်းသည် ကျန်းယာ့ကောအား လီရှစ်ကျီ၏လက်ထောက်အဖြစ် လုပ်ကိုင်စေရန် ကူညီပေးခဲ့သည်။


သဘာဝကျစွာပဲ လီရှင်းယွင်သည် သူမအဖေထံ စကားများရန် သွားခဲ့လေသည်။ လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံကို မအော်ရဲပေမယ့် ရှေ့မှောက်က သူ့သမီးကိုတော့ များစွာအော်ဟစ်နိုင်လေသည်။  ဒါကြောင့် ရှင်းယွင်ကို ထပ်အော်လိုက်ပြန်သည်။


ဖန့်ကျွင်းရုံ၏မျက်နှာဟာ မှောင်မည်းသွားခဲ့သည်။ သူမက ရတနာလိုမျိုး သူမသမီးကို ဖူးဖူးမှုတ်ထားပေမယ့် အဖေနှင့်သားကတော့ တန်ဖိုးမထားခဲ့ပေ။ တကယ်တမ်း သူတို့က သူမကို ကြောက်လန့်အောင် ပြုလုပ်ခဲ့ကြသည်။ အခု သူမလုပ်တာ တရားမျှတချင်မှ တရားမျှတပေလိမ့်မည်။ သူတို့က သူမသမီးကို လာထိသည့်အတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်။


သူမသည် ကျန်းယာ့ကောနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို ဝမ်ရှောင်းထံပေးပို့ရန်နှင့် အိမ်တော်ကို စျေးကွက်မှာ ရောင်းချရန် ကိုယ်စားလှယ်တစ်ဦး ငှားရမ်းခဲ့သည်။


သူမက အဲဒီနေရာမှာ မနေထိုင်ချင်ဘူး။ ဒါပေမယ့် သူမက အဲ့ဒီနေရာမှာ တခြားသူများကို ဆက်လက်နေထိုင်ခွင့်ပြုမည်ဟု မဆိုလိုပေ။ သူမ၏အကောင်းဆုံးရွေးချယ်မှုကား ထိုအိမ်တော်အား ရောင်းချရန်ပင် ဖြစ်သည်။


***


ကျန်းယာ့ကောသည် ဒီရက်အနည်းငယ်အတွင်းမှာ အိမ်မှာ အပြင်းအထန် ကြိုးစားလေ့လာခဲ့သည်။ သူမသည် နွေရာသီပိတ်ရက်၏ ကျန်ရှိသောအချိန်ကာလအတွင်းမှာ လီရှစ်ကျီ၏လက်ထောက် ဖြစ်လာခဲ့သည်။ သူမက လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ အကျွမ်းတဝင်မရှိရင် သူမအပေါ် မကြည့်တော့မှာကို စိုးရွံ့နေခဲ့သည်။


သူမက အခြားသူများကို အကပ်ကြောင့် ဒီနေရာကိုရရှိသည်ဟု မထင်စေချင်သောကြောင့် ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။ သူမသည် အနည်းဆုံး အလုပ်ဒေတာသိမ်းဆည်းခြင်းနှင့် မိတ္တူကူးတာကိုတော့ သိသင့်သည်။ လီရှစ်ကျီသည်လည်း သူမကို မြန်မြန်ဆန်ဆန်နားလည်တတ်ကျွမ်းအောင် အိမ်တွင် ကူညီသင်ပြပေးခဲ့သည်။


ကျန်းယာ့ကော၏ ရံဖန်ရံခါ ကြည်ညိုလေးစားသလိုကြည့်သည့် အကြည့်သည် သူ့မာနကို အလွန်မီးထိုးပေးနိုင်စွမ်းရှိသည်။


လီရှစ်ကျီက သူ့အမေရှေ့တွင် သူမအတွက် ရပ်တည်ပေးချိန်မှစ၍ သူတို့၏ဆက်ဆံရေးသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ ပြောစရာပင် မလိုချေ။ လီရှစ်ကျီသည် ကျန်းယာ့ကောမျက်လုံးထဲတွင် အလွန်ပြီးပြည့်စုံလေသည်။ သူက အယောက်တစ်သိန်းတွင် တစ်ယောက် ကြည့်ကောင်းသူ ဖြစ်သည်။ သူက အရည်အချင်းရှိပြီး အောင်မြင်သူတစ်ဦး ဖြစ်သည်။ ပြီးတော့ ပိုအရေးကြီးဆုံးကတော့ သူက သူမလိုအပ်ချိန်တွင် သူမရှေ့ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးသူဖြစ်ကာ သူမသူငယ်ချင်းများ အမြဲတမ်း ပြောလေ့ရှိသည့် မေမေ့ချစ်သားမျိုး မဟုတ်ပေ။


သူမက လီရှစ်ကျီကို ကျေးဇူးတင်ကြောင်းပြသရန် ရည်ရွယ်ချက်ဖြင့် ကျန်းယာ့ကောသည် သူမ၏အကောင်းဆုံးဖက်ခြမ်းကို သူ့အားပြသရန် သူမမွေးစားဖခင်နှင့် လီရှစ်ကျီတို့အတွက် အကောင်းဆုံးညစာတစ်နပ် ချက်ပြုတ်ပြင်ဆင်ခဲ့သည်။ 


လီဝမ့်ကျင်းသည် ပိုင်ဟူခရိုင်မှမြေကွက်နှင့်ပတ်သက်၍ အလွန်အမင်း ဒေါသထွက်နေသော်လည်း ကျန်းယာ့ကောက သူ့ကို မျှော်လင့်စောင့်စားနေသည့်လေသံဖြင့် ဖုန်းခေါ်ခဲ့သောကြောင့် သူ့မှာ သူမဖိတ်ခေါ်ချက်ကို ငြင်းပယ်ရန် နှလုံးသားမကင်းမဲ့ခဲ့ပါ။ သူက အိမ်သို့စောစောပြန်သွားရုံသာမက စျေးကြီးသောဝိုင်နီပုလင်းအနည်းငယ်ခန့်ကိုပါ ဝယ်ယူလာခဲ့သည်။


ကျန်းယာ့ကောသည် ထိုနေ့ညအတွက် အနောက်တိုင်းအစားအစာများ ချက်ပြုတ်ရန် ပြုလုပ်ခဲ့လေသည်။ သူမ ကလပ်မှာ အလုပ်လုပ်စဥ်က တစ်ခါတစ်ရံ သူမက စားဖိုမှုးများထံမှ လေ့လာသင်ယူလေ့ရှိသည်။ သူမသည် မှိုနှင့်ဘယ်ရီဟင်းပွဲချက်ပြုတ်ရန် ပြင်ဆင်ခဲ့သည်။ အချိုပွဲကိုတော့ ရမ်ပါပါကို ပြင်ဆင်ထားခဲ့သည်။


လီရှစ်ကျီသည် ကျွမ်းကျင်စားဖိုမှုးများ ချက်ပြုတ်ခြင်းကို မြင်ခဲ့ဖူးသူ ဖြစ်သည်။ ကျန်းယာ့ကောသည် ပါရမီရှိပေမယ့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဥ်မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ လီရှစ်ကျီသည် သူမ စိတ်ဓာတ်ကျမည်ဆိုးသောကြောင့် ချီးကျူးစကားပြောဆိုခဲ့သည်။ သူ့ချီးမွမ်းစကားများကြောင့် သူမမျက်လုံးများဟာ ကြယ်လေးများလို တလက်လက်တောက်ပနေခဲ့သည်။