အခန်း ၆၄
Viewers 25k


အခန်း (၆၄) – ဘယ်သူကများ သူမကို မုန်းတီးလွန်းလို့ သူမမျက်နှာကို ပျက်စီးစေချင်ရတာလဲ (၁)


ဒီစကားအနည်းငယ်ခန့်က လီဝမ့်ကျင်းနှင့် အိမ်တော်ထဲရှိ အခြားသူများကိုပါ သူနှင့်အတူ ဆင်းရဲဒုက္ခများ ခံစားသွားရစေသည်။ ထိုအိမ်တော်ကြီးထဲတွင် အရာဝတ္ထုများစွာရှိပြီး ထုပ်ပိုးရန်အတွက် အချိန်နှင့် အားစိုက်ထုတ်မှုများစွာ လိုအပ်ပေသည်။


ကျန်းယာ့ကောသည် ဤအိမ်တော်ကို ရောက်ရှိခဲ့တာ တစ်လသာကြာမြင့်ခဲ့သော်လည်း သူမကို လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့နှစ်ဦးစလုံးက ဂရုစိုက်ချစ်ခင်ကြသောကြောင့် သူမအတွက် ပစ္စည်းများစွာ ဝယ်ယူပေးခဲ့ကြသည်။ ပြီးတော့ ထိုပစ္စည်းများက အဖိုးတန်စျေးကြီးသောကြောင့် အိမ်အစေခံများသည် ထိုပစ္စည်းများကို ကူညီထုပ်ပိုးပေးရင်း အချို့ကို ခိုးယူမည်ကို စိုးရိမ်မိလေသည်။ သူမသည် ကိုယ်တိုင်ထုပ်ပိုးရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ သူမသည် ပူအိုက်ပြီး ချွေးများစိုရွှဲကာ သူမ၏ကျောက်စိမ်းကဲ့သို့မျက်နှာလေးမှာလည်း ဖုန်မှုန့်များ ပေပွနေခဲ့သည်။ ချေးညော်များဖုံးအုပ်နေသဖြင့် သူမသည် ပုံမှန်လို တောက်ပထင်ရှားသောအသွင်ကို ကြာရှည်စွာ မထိန်းသိမ်ထားနိုင်တော့ပေ။


ကံကောင်းတာက လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့ကလည်း တူညီသည့်အခြေအနေမှာ ရှိနေကြပြီး တစ်ယောက်ထက် တစ်ယောက် ပိုဆိုးနေလို့ ဘယ်သူမှ အခြားတစ်ယောက်ကို လိုက်ကြည့်နေနိုင်မည့် အခြေအနေမှာ မရှိဘူး။ ထိုလူနှစ်ဦးမှာ ကျန်းယာ့ကောထက် ပို၍ထုပ်ပိုးစရာများစွာ ရှိကြလေသည်။ အထူးသဖြင့် သူတို့ထုပ်ပိုးစရာများ ထုပ်ပိုးပြီးစီးတာနဲ့ ချက်ချင်းပင် ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် သူတို့အားလုံးသည် ညည့်နက်သန်းခေါင်ထိတိုင်အောင် အလုပ်များနေခဲ့ကြသည်။


ယခု ညည့်သန်းခေါင်ယံအချိန်တွင် သူတို့ တည်းခိုရန် ဟိုတယ်တစ်ခုကို ရှာဖွေရန် လိုအပ်သည်။ ထို့အပြင် သူတို့က အိမ်အစေခံများကို နေရာချပေးရန်နှင့် သူတို့အတွက်ပါ ဟိုတယ်အခန်းများ စီစဥ်ပေးရန် လိုအပ်လေသည်။


လီဝမ့်ကျင်းသည် သူ့ဇနီးဟောင်းကို ပိုမိုမုန်းတီးနေခဲ့သည်။ သူက ဖန့်ကျွင်းရုံသည် သူတို့ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်ဆိုတာ သေသေချာချာ သိနားလည်ခဲ့သည်။ သူမက သူတို့ကို ထွက်ခွာသွားရန် သတိပေးခဲ့မယ်ဆိုလျှင် သူတို့ ဒီလိုမျိုး အရှက်ရလိမ့်မည်မဟုတ်ပါ။ သူဟာ သူတို့သည် ပြောင်းရွှေ့ရန် လိုအပ်သော အဖြစ်မှန်ကို လျစ်လျူရှုထားသူတစ်ယောက်ဖြစ်ပြီး ထိုအစား သူက ဒီအိမ်တော်တွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည့်အကြောင်းကိုတော့ သူက လျစ်လျူရှုထားခဲ့သည်။


ဟိုတယ်တစ်ခုတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းသည် ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါ။ ဟိုတယ်မှာ တည်းခိုတာက ကိုယ်ပိုင်ဆိုင်သောအိမ်တွင် နေထိုင်ရတာလောက် အဆင်ပြေမှာ မဟုတ်ဘူးဆိုတာပဲ။ စကားများ ပျံ့နှံ့သွားပါက အခြားသူများက သူသည် အိမ်တစ်လုံးကိုတောင် ဝယ်ယူရန် မတတ်နိုင်ဟုဆိုကြလျှင် သူ့မျက်နှာကို ဆုံးရှုံးသွားပေလိမ့်မည်။


အကောင်းဆုံးကတော့ လီဝမ့်ကျင်းသည် ယခင်အိမ်တော်ထက် ပိုမိုကောင်းမွန်သော အိမ်တော်တစ်လုံးကို ဝယ်ယူဖို့လိုအပ်သည်။ ကံမကောင်းစွာပဲ သူ့မှာ ငွေသားများများ မရှိခဲ့ပါ။ သူသည် ကုမ္ပဏီစတော့ရှယ်ယာများကိုတော့ မရောင်းနိုင်ပေ။ လက်ရှိ သူတတ်နိုင်သည့်ပမာဏမှာ သူ့ ဂရုမစိုက်ခဲ့သည် အိမ်သေးများကိုသာ တတ်နိင်လေသည်။ ဒါကြောင့် သူ့အစေခံအားလုံးကို ခန့်ထားရန် မလိုအပ်တော့ပေ။ ဇိမ်ကျကျနေရသောဘဝမှာ နေထိုင်ခဲ့သော လူတစ်ဦးအနေဖြင့် သူက သေချာပေါက် အစေခံအားလုံးကိုတော့ အလုပ်မဖြုတ်လိုက်ပေ။


နောက်ဆုံးတွင် လီရှစ်ကျီက သူ့ကိုယ်ပိုင်ငွေများကို အသုံးပြုပြီး အိမ်အကြီးကြီးတစ်လုံးကို ဝယ်ယူလိုက်ကာ သူတို့သည် နောက်ဆုံးတော့ နေရာသစ်မှာ နေထိုင်ရန် ဖြစ်လာခဲ့သည်။ သူတို့က အလျင်လိုနေသောကြောင့် စျေးကွက်ပေါက်စျေးထက် ဆယ်ရာခိုင်နှုန်းခန့် ပိုသုံးစွဲခဲ့ရသည်။ ထို့အပြင် လီရှစ်ကျီသည် သက်တောင့်သက်သာရှိသောဘဝတွင် နေထိုင်ခဲ့သည်ဖြစ်သောကြောင့် သူ ယခင်ကထက် ပိုမိုဆိုးရွားသောနေထိုင်မှုပုံစံမျိုးမှာ မနေထိုင်လိုခဲ့ပေ။ နောက်ဆုံး၌ သူ့စုဆောင်းငွေအားလုံးနီးပါး အသုံးပြုခဲ့ရသည်။


လီဝမ့်ကျင်းက အနည်းဆုံးတော့ သူ့သားဖြစ်သူက သူ့အနားမှာ ရှိနေသည့်အတွက် ဝမ်းသာမိခဲ့သည်။


သူတို့က အဲဒီနေရာကို ပြောင်းရွှေ့ပြီး နှစ်ရက်ခန့်အကြာတွင် ကျန်းယာ့‌ကောက ထိုအိမ်တော်ကို သူမအဒေါ်ဖြစ်သူဝမ်စစ်ရှန်းအား ခေါ်ယူထားချင်ကြောင်း တောင်းဆိုခဲ့လေသည်။


“ရှစ်ကျီ ကျွန်မ တောင်းပန်ပါတယ်။ ရှင် ကျွန်မအဒေါ်ကို သဘောမကျတာ ကျွန်မသိတယ်။ သူမက အမှားတွေလုပ်ခဲ့ပေမယ့် သူမမှာ သွားစရာ နေစရာ မရှိတော့ဘူး။ သူမက ကျွန်မတို့နဲ့ ရက်အနည်းငယ်လောက် နေထိုင်လို့ ရနိုင်မလား။ သူမကိုယ်ပိုင်နေရာရှာလို့ရသွားတာနဲ့ချက်ချင်း သူမ ထွက်သွားပါလိမ့်မယ်”


“သူမက ကျွန်မရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီးတော့ ကျွန်မအမေ မကွယ်လွန်ခင်က သူမအတွက် စိုးရိမ်ပူပင်နေခဲ့တယ်။ ကျွန်မ သူမဒုက္ခ‌ရောက်နေတာကို မကြည့်ရက်နိုင်ဘူး”


ကျန်းယာ့ကောက အလွန် မတရားခံရသလို ခံစားမိခဲ့သည်။ သူမက သူမအဒေါ်ကို ဂရုမစိုက်လိုခဲ့ပါ။ သို့သော် သူမအဒေါ်ဖြစ်သူက သူမကို အကူအညီမပေးခဲ့လျှင် ကျန်းယာ့ကောသည် မွေးစားဖခင်ဖြစ်သူနှင့် သူမအကြား ပတ်သတ်ဆက်နွယ်မှုကို သိရှိနေကြောင်း လီရှစ်ကျီအား ပြောပြရလိမ့်မည်ဟု သူမအဒေါ်က ခြိမ်းခြောက်ခဲ့သည်။ ကျန်းယာ့ကောက သူမပြောသည့်အတိုင်း ပြုလုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။


ပုံမှန်အားဖြင့် လီရှစ်ကျီက ဒီအကြံဥာဏ်ကို မကြိုက်နှစ်သက်ပါ။ ဝမ်စစ်ရှန်းကြောင့်သာ မဟုတ်လျှင် သူ့မိဘများ ကွာရှင်းဖြစ်ကြလိမ့်မည် မဟုတ်ပါ။ သို့သော် ကျန်းယာ့ကော၏ နောင်တရနေမှုနှင့် ဝမ်းနည်းမှုများကို မြင်တွေ့နေရတော့ နောက်ဆုံးတွင် သူ အရှုံးပေးလိုက်သည်။


လီရှစ်ကျီက အေးစက်စွာဖြင့် “ဒါပေမယ့် သူမကို အိမ်ထဲမှာ ကောင်းမွန်စွာ မဆက်ဆံနိုင်ဘူး” သူက ကျန်းယာ့ကောကို အလွန်ကြိုက်နှစ်သက်သော်လည်း သူ့မှာ ကိုယ်ပိုင်မူဝါဒများရှိလေသည်။


ကျန်းယာ့ကောက သူ့ကို အလျင်အမြန်