အခန်း ၆၆
Viewers 25k


အခန်း (၆၆) – ဘယ်သူကများ သူမကို မုန်းတီးလွန်းလို့ သူမမျက်နှာကို ပျက်စီးစေချင်ရတာလဲ (၃)


သူ့တွင် ငွေရေးကြေးရေးအခြေအနေ ကြပ်တည်းလာသောကြောင့် သားဖြစ်သူ ဝယ်ယူထားခဲ့သောအိမ်ကိုပင် အပေါင်ထားပြီး ငွေချေးရန် အသုံးပြုခဲ့သည်။ သဘာဝကျစွာပဲ သူက ဒီအကြောင်းက အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုလို့ မထင်ခဲ့ပေ။ ဟုတ်ပါတယ်။ သူက ကုမ္ပဏီမှအမြတ်အစွန်းများ ပြန်လည်ရရှိသောအခါတွင် ထိုအိမ်ကို ပြန်လည်ရွေးယူပေးမယ်လို့ တွေးထားခဲ့တာ ဖြစ်သည်။


သူ အရာရာကို စီစဥ်ပြီးသောအခါတွင် ပြဿနာတွေက ရပ်ဆိုင်းသွားခဲ့လေသည်။ သူ့ကို တင်းကြပ်စွာ ကာကွယ်ပေးထားသော အခြေအနေအောက်တွင် ပြတင်းပေါက်တံခါးကို ပေါက်ခွဲပစ်သည့် ကိစ္စများကဲ့သို့သော ပြဿနာရှာသည့် အဖြစ်အပျက်များသည် နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားခဲ့သည်။ လီဝမ့်ကျင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက ဒီကိစ္စဟာ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပြီး တစ်ဖက်လူမှ ပြဿနာရှာနေတာကို အရှုံးပေးလိုက်ပြီလို့ ယူဆခဲ့မိသည်။ အဲဒီမှာ သူလုပ်ဖို့ကျန်နေတာက ဒီကိစ္စနောက်ကွယ်တွင် ဘယ်သူရှိနေတာလဲဆိုတာကို ရှာဖွေဖို့ကိုပါပဲ။ မမျှော်လင့်ပဲ အဆုံးတွင် မတော်တဆမှုက ကျန်းယာ့ကောထံတွင် ဖြစ်ပွားခဲ့သည်။


ကျန်းယာ့ကောသည် လတ်တလောတွင် အားလပ်ချိန်များစွာရှိနေခဲ့ပြီး သူမသည်လည်း ပို၍ ပြုံးပျော် ပျော်ရွှင်နေခဲ့သည်။ ဖန့်ကျွင်းရုံနှင့် လီရှင်းယွင် မရှိသည့် အိမ်တော်တွင် သူမသည် အားလုံးဂရုစိုက်ရာဗဟို အိမ်တော်၏သခင်မဖြစ်လာခဲ့လေသည်။ ထိုအခြေအနေမျိုးမှာ နေထိုင်နေရတော့ သူမသည် အပြင်သို့ မကြာခဏ ထွက်လေ့ရှိပြီး အခါအားလျော်စွာ စျေးဝယ်ထွက်လေ့ရှိသည်။


ကျန်းယာ့ကောသည် သူမကြိုက်နှစ်သက်သော ဒီဇိုင်နာ၏လက်ရာ အိတ်အသစ်ထွက်ရှိလာသောကြောင့် သူမသည် ထိုအိတ်ကို ကိုင်ဖို့မစောင့်နိုင်ပဲ သူမအဒေါ်နှင့်အတူ သွားရောက်ဝယ်ယူသည့် စျေးဝယ်ထွက်ချိန်တွင် ဖြစ်ပွားခဲ့တာ ဖြစ်လေသည်။ သူမက ထိုအိတ်ကို ဝယ်ယူပြီး ကျောင်းတွင် ကိုင်ဖို့ကို မစောင့်နိုင်တော့ပေ။ သူမအတန်းဖော်များက သူမကို အားကျသောအကြည့်များဖြင့်ကြည့်ပြီး ချီးကျူးပြောဆိုနေမည့်အကြောင်းကို တွေးနေမိခဲ့သည်။ သူမသည် ထိုအကြောင်းကိုတွေးရင်း တိမ်ပေါ်လမ်းလျှောက်နေသလိုမျိုးဟန်ဖြင့် လျှောက်လှမ်းနေခဲ့သည်။


ထိုမတော်တဆမှုသည် သူတို့ကားထဲမှ ထွက်လာပြီးအချိန်တွင် ဖြစ်ပျက်ခဲ့လေသည်။


ဝမ်စစ်ရှန်းသည် သူမလက်မောင်းကိုတွဲထားသော ကျန်းယာ့ကောနှင့်အတူ ဓာတ်လှေကားထံသို့ လမ်းလျှောက်လာခဲ့ကြသည်။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူတို့နောက်မှာရှိသည့် ဗင်ကားပေါ်ကနေ ခုန်ဆင်းလာခဲ့သည်။ သူ့ဦးခေါင်းကို ခေါင်းစွပ်စွပ်ထားခဲ့ပြီးတော့ မျက်လုံးများမှလွဲ၍ မည်သည့်အစိတ်အပိုင်းကိုမျှ မဖော်ထုတ်ထားခဲ့ပါ။ သူ့ရဲ့လက်အိတ်စွပ်ထားသောလက်များသည် ပုလင်းတစ်လုံး၏အဖုံးကိုဖွင့်၍ ချက်ချင်းပင် ကျန်းယာ့ကောဆီသို့ လှမ်းပက်လိုက်လေသည်။


ထိုအရေးကြီးသောအချိန်တွင် ကျန်းယာ့ကောသည် ဒေါက်မြင့်ဖိနပ်ပေါ်မှ ချော်ကျကာ ဝမ်စစ်ရှန်းကိုပါ သူမနှင့်အတူ ဆွဲချမိသွားခဲ့လေသည်။ ကျန်းယာ့ကောကို ရည်စူးထားသောထိုအရည်များသည် ပုလင်းထဲမှ ထွက်သွားခဲ့ပြီး ပြန်လည်ရယူသိမ်းဆည်းရန် အလွန်နောက်ကျသွားကာ ကျန်းယာ့ကောရှေ့တွင် ပိတ်ကာသွားသလို ဖြစ်သွားခဲ့သည့် ဝမ်စစ်ရှန်းထံသို့ ကျရောက်သွားခဲ့သည်။


အက်စစ်အရည်၏တိုက်စားမှုသည် လေထုထဲသို့ ပျံ့နှံ့သွားပြီးတော့ ထိုလူသည် ဗင်ကားထဲသို့ ပြန်ဝင်သွားခဲ့ပြီး ထိုအဖြစ်အပျက်ကို မည်သူမှပြန်မတုံ့ပြန်မီ ထွက်သွားခဲ့လေသည်။ ထိုလူ၏လှုပ်ရှားမှုသည် အလွန်ချောမွေ့ပြီး မြန်ဆန်သွက်လက်ကာ ကောင်းမွန်စွာ အစီအစဥ်ဆွဲထားပုံရသည်။ အမျိုးသမီးတစ်ဦး၏အသံသည် လေထုထဲမှတစ်ဆင့် လူတီုင်း၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။


ဝမ်စစ်ရှန်း၏အသံသည် ဝေဒနာများ ပြည့်နှက်နေခဲ့လေပြီး စူးစူးရှရှအော်ဟစ်လိုက်သည်။ “အား... ငါ့မျက်နှာ… ငါ့မျက်နှာ... အရမ်း နာတယ်”


ယခု သူမအသားအရေပေါ် ပျံ့နှံ့နေသောနာကျင်မှုအပြင် အရိုးထိတိုင်အောင် အေးစက်ပြီးနာကျင်နေသောကြောင့် စီကနဲအော်ဟစ်ရင်း မြေပြင်ပေါ် လူးလိမ့်နေခဲ့ရသည်။ ကျန်းယာ့ကောသည် သူမထက် အခြေအနေ ပိုကောင်းနေခဲ့သည်။ သူမအသားအရေပေါ်သို့ အက်စစ်အရည် အနည်းသယ်မျှ ကျရောက်ခြင်း မရှိခဲ့ပါ။ သူမအပေါ်ထပ်ဂျာကင်အင်္ကျီပေါ်သို့ကိုသာ အနည်းငယ်ခန့် ကျရောက်သွားခဲ့ကာ လောင်ကျွမ်းသွားခဲ့ပြီးတော့ အင်္ကျီမှာ အပေါက်အနည်းငယ်ခန့် ဖြစ်ပေါ်သွားခဲ့သည်။ သူမသည် ကုန်တိုက်ရှိ လေအေးပေးစက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကာ အပေါ်ထပ်တစ်ထည် ဝတ်ဆင်လာခဲ့သည့်အတွက် သူမသည် ကံကောင်းခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူမရဲ့အသားအရေကို ဒီအက်စစ်အရည်က ထိတွေ့သွားစေခဲ့မှာ ဖြစ်သည်။ အတိတ်ကာလများအချိန်က သတင်းများ၌ လူများကို အက်စစ်ဖြင့် အပက်ခံရခြင်းသတင်းများကို သူမကြားခဲ့ဖူးသော်လည်း ထိုအကြောင်းအရာသည် သူမနှင့် မသက်ဆိုင်သောအရာတစ်ခုဖြစ်ပြီး သူမအနီးတစ်ဝိုက်တွင် ဘယ်သောအခါမှ ဖြစ်ပျက်လိမ့်မည်မဟုတ် အမြဲတမ်းတွေးထင်မိခဲ့သည်။


သူမက အလျင်အမြန်ပဲ သူမဂျာကင်အင်္ကျီကို ချွတ်ပြစ်လိုက်ပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။ သူမက ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်ပြီး သူမမျက်နှာဟာ ဖြူဖျော့သွားခဲ့သည်။ အဲ့တာက အရမ်းနီးတယ်။ သူမမျက်နှာတစ်ခုလုံးနီးပါး ပျက်စီးသွားစေခဲ့သည်။ သူမသည် သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အစောပိုင်းက မြင်ကွင်းကို ပြန်ပြောင်းအမှတ်ရခဲ့ပြီး ရုတ်တရတ် တစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့သည်။


မဟုတ်ဘူး။ ဒီအက်စစ်က သူမကို ရည်ရွယ်ခဲ့တာပဲ။ သူမအဒေါ်က အပြစ်ကင်းမဲ့သူဖြစ်သည်။ သူမအဒေါ်က အဲဒီနေရာမှာမရှိခဲ့ဘူးဆိုရင် ချက်ချင်းလက်ငင်း သူမဟာ အဲဒီအက်စစ်ကို လက်ခံရရှိမယ့်သူ ဖြစ်လိမ့်မည်။


ဘယ်သူကများ သူမကို မုန်းတီးလွန်းလို့ သူမမျက်နှာကို ပျက်စီးစေချင်ရတာလဲ။