အခန်း ၆၇
Viewers 25k


အခန်း (၆၇) – ဖန့်ကျွင်းရုံသည် ဝမ်ရှောင်း ဒီအဖြစ်အပျက်မှာ ကွင်းလုံးကျွတ် လွတ်မြောက်သွားမှာကို လုံးဝ မမြင်ချင်ဘူး၊ သူတို့နှစ်ယောက် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ဖို့ လွှတ်ထားလိုက်တာ အကောင်းဆုံးပဲ (၁)


လီဝမ့်ကျင်းသည် အခြားသူဌေးတစ်ဦးနှင့် နေ့လည်စာ အတူစားနေခဲ့တာဖြစ်သည်။ သူတို့နှစ်ဦးသည် ယခုနှစ်အတွင်း ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်ရန် ကျန်ရှိနေသည့် စီမံကိန်းများအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။


သူတို့သည် ဆွေးနွေးမှုများစွာ ပြုလုပ်ပြီးသည့်အချိန် နောက်ဆုံးမှာတော့ လီဝမ့်ကျင်း၏ နဖူးကြောများ ပြေလျော့သွားခဲ့သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ပြဿနာများစွာ ဖြစ်ပျက်ခဲ့ပြီး ယခုနောက်ဆုံးတွင် သူ့မှာ ကောင်းမွန်သည့်ကိစ္စတစ်ခုတော့ ရရှိလာခဲ့သည်။ အကယ်၍ သူတို့ဆွေးနွေးတိုင်ပင်နေသည့် ပူးပေါင်းမှုစာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် သူ့မှာ ငွေပမာဏများစွာ ရရှိလာနိုင်လိမ့်မည်။ သူက ဘတ်ဂျက်ကို ချွေတာသုံးစွဲနေရသည့်ဘဝကို ငြီးငွေ့လာခဲ့ပြီ။


လီဝမ့်ကျင်းထက် ငါးနှစ်ခန့် အသက်ပိုကြီးသော သူဌေးကျိုးက ပြုံးပြီး ပြောလိုက်သည်။ “မကြာသေးခင်က ကလပ်အသစ်တစ်ခု ဖွင့်တယ်လို့ကြားမိတယ်။ ကျွန်တော်တို့ အဲ့ကလပ်ကို သွားကြည့်ကြရအောင်”


သူက လီဝမ့်ကျင်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ “ခင်ဗျား ဘယ်သွားသွား ဘာလုပ်လုပ် ပြောမယ့်သူ မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်လုပ်ဖို့ ကျွန်တော်တို့ သွားကြမယ်”


လီဝမ့်ကျင်းမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို အရှက်တကွဲ အကျိုးနည်း ဖြစ်သွားခဲ့သည်။ စတော့ရှယ်ယာပိုင်ဆိုင်မှု အမည်ပေါက်ပြောင်းလဲခြင်းသည် အသေးအဖွဲကိစ္စတစ်ခု မဟုတ်ပါ။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်ရှိလူတိုင်းသည် သူ ကွာရှင်းထားတာနှင့်ပတ်သက်၍ သိထားကြသည်။ ဖန့်ကျွင်းရုံက သူ့ကို ညစ်ပတ်မှာဆိုးတဲ့အတွက် လီဝမ့်ကျင်းဟာ ခင်ပွန်းကောင်းတစ်ဦးပုံရိပ်ကို မဖန်တီးရဲခဲ့ပါဘူး။ သူက သူတို့ကြား ပြန်လည်ရင်ကြားစေ့မရတော့သည့် အမြင်မတူညီမှုများရှိသောကြောင့် ဖြစ်သည်ဟုသာ ဆိုခဲ့သည်။


သူက ချောင်းဟပ်ပြီး လည်ချောင်းရှင်းကာ ပြောခဲ့သည်။ “အိုကေ အဲ့နေရာကို တစ်ချက်သွားကြည့်ကြတာပေါ့”


အတိတ်တုန်းက သူက ဖန့်ကျွင်းရုံကြောင့် စိတ်ပူနေခဲ့ရသသည်။ ဒါကြောင့် သူက ကလပ်ကိုသွားသည့်အချိန်တွင် သောက်တာနဲ့ ရှိုးပွဲကြည့်တာအပြင် အခြားဘာကိုမှ မလုပ်နိုင်ခဲ့ပေ။ အဲ့တာက မလွယ်ကူခဲ့ဘူး။ ယခု သူက လွတ်လွတ်လပ်လပ် စိတ်ရှိလက်ရှိ ပျော်ပါးနိုင်ခဲ့ပြီ။


သို့သော်လည်း သူ ကလပ်သို့‌ရောက်ပြီး မကြာခင်မှာပဲ ဖုန်းဝင်လာခဲ့သည်။ ကျန်းယာ့ကောဟူသော အမည်သည် ဖုန်းမျက်နှာပြင်ထက်မှာ အဆက်မပြတ် ပေါ်လာခဲ့သည်။ တကယ်လို့ အခြားတစ်ယောက်သာဆိုလျှင် သူ ဖုန်းကိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျန်းယာ့ကောကတော့ မတူပေ။


ရှင်းယွင်က သူမကို အနိုင်ကျင့်ခဲ့တာလား။ ဒါက သူ ဖုန်းကို မြန်မြန်ကိုင်လိုက်ရင်း ပထမဦးဆုံးတွေးမိသည့် အတွေးပင်။


“ဘာဖြစ်တာလဲ။ စစ်ရှန်း ဒဏ်ရာရသွားတယ် ဟုတ်လား” သူ့အသံကို မထိန်းနိုင်ပဲ ကျယ်သွားခဲ့သည်။ သူ့ဝန်းကျင်ရှိလူများ၏အကြည့်က သူ့ဆီ‌ရောက်လာ၍ သူ့အသံကို ပြန်တိုးလိုက်ခဲ့သည်။ ဖုန်းခေါ်ဆိုမှုတစ်ဖက်ခြမ်းရှိ ကျန်းယာ့ကောက နှစ်သိမ့်မှုကို လိုအပ်နေပုံရသောကြောင့် သူက ချက်ချင်းပင်း “မငိုနဲ့တော့။ အဖေ အခုချက်ချင်း ပြန်လာခဲ့မယ်”


သူက ဖုန်းပြောပြီးချိန်တွင် သူဌေးကျောက်ကို တောင်းပန်သည့်အသွင့်ဖြင့်ကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။ “ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကိစ္စတစ်ခု ပေါ်လာလို့။ ကျွန်တော် နောက်တစ်ခါမှာ ခင်ဗျားကို ပြန်ပြုစုမယ်”


ပြီးတော့ သူက ထပ်ဖြည့်ပြောပြန်သည်။ “နောက်တစ်ကြိမ်ကျ ကျွန်‌တော် သေချာပြုစုပေးမယ်ဗျာ”


သူဌေးကျောက်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ “ဒါက ကိစ္စမရှိပါဘူးဗျာ” ထို့နောက် သူက မနေနိုင်ပဲ စပ်စုလိုက်သည်။ “ခင်ဗျားချစ်သူလေးဆီမှာ ပြဿနာတစ်ခုခု ဖြစ်သွားခဲ့လို့လား”


လီဝမ့်ကျင်း၏အသွင်ဟာ အေးခဲသွားပြီး အရှက်ရသွားခဲ့သည်။ “မဟုတ်ပါဘူး။ အဲ့လိုမျိုး မရှိပါဘူး။ ကျွန်တော့်မှာ ချစ်သူတစ်ယောက်မှ မရှိပါဘူး။”


“လူတိုင်း အဲ့အကြောင်းကို သိကြတယ်။ ခင်ဗျား ဝမ်စစ်ရှန်းအတွက် ခင်ဗျားဇနီးနဲ့ ကွာရှင်းခဲ့တယ်ဆိုတာကိုလေ” ဟု သူဌေးကျန်းက ပြောခဲ့သည်။


“ခင်ဗျားလည်း သိတာပဲ။ ဝမ်စစ်ရှန်း ငယ်ငယ်ရွယ်ရွယ်လေးလည်း မဟုတ်တော့ဘူး။ ပြီးတော့ သူမအသွင်အပြင်က အဆင်ပြေရုံလေးပါပဲ။ ကျုပ် ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သူမအတွက်နဲ့ ခင်ဗျားရဲ့အံ့သြဖွယ်ရာဇနီးကို ကွာရှင်းခဲ့တာက မထိုက်တန်ဘူး” သူဌေးကျောက်ပြောသည့် အဓိပ္ပာယ်ကတော့ လူတိုင်းက သူ့ကို အဲဒီလိုကွာရှင်းလိုက်ခြင်းအတွက် သူ့ကို ရူးနေပြီလို့ ထင်နေကြောင်းကို သိစေလိုခဲ့သည်။


“ဗီဒီယိုထဲက သူမခန္ဓာကိုယ်ကလည်း အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။ သူမမှာ ရင်သားကြီးကြီး တင်ပါးကြီးကြီးတွေ ရှိတာလည်း မဟုတ်ဘူး”


လီဝမ့်ကျင်းသည် ပါးစပ်တစ်ခုလုံးအပြည့် သွေးအန်မိလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ့လက်တွေကို ယမ်းရင်း “ခင်ဗျားကို အဲ့အကြောင်း ဘယ်သူပြောတာလဲ။ အဲ့တာကို ဖန့်ကျွင်းရုံပြောတာလား”


သူမက ဒီအကြောင်းကို ဘယ်လိုဖြန့်ဝေရဲရတာလဲ။ သူတို့ပိုင်ဆိုင်မှုတွေ ခွဲဝေယူကြသည့်အချိန်မှာ သူက 
သူမကို အများကြီး ပေးခဲ့ရသည်။ သူမက ဒီဗီဒီယိုကို ဘယ်သူ့ကိုမှ မပြသဘူးလို့ သူ့ကို ကတိပေးခဲ့သည်။ ဒါကြောင့် သူက တခြားသူတွေကို စိတ်သဘောထား မတိုက်ဆိုင်သောကြောင့် ကွာရှင်းခဲ့တယ်လို့ ပြောပြနိုင်ခဲ့တာပေါ့။ ယခု သူ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော သူ့ဂုဏ်သတင်းအားလုံး ဆုံးရှုံးသွားခဲ့ပြီ။


သူ့နောက်ကွယ်မှာ သူ့အကြောင်းကို လူတွေပြောဆိုနေကြမှာကို စဥ်းစားရင်း လီဝမ့်ကျင်းစိတ်ဟာ ဗလာကျင်းသွားခဲ့ပြီးတော့ ချွေးစေးပြန်လာခဲ့သည်။


သူဌေးကျောက်က ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး။ သူမဆီက ကြားရတာ မဟုတ်ဘူး။ မင်းဇနီးဟောင်းက လူကောင်းတစ်ယောက်ပဲ။ သူမက မင်းအကြောင်းဆို ဘယ်တော့မှ မကောင်းတာ မပြောခဲ့ဖူးဘူး။ အိုးရ်… ကျွန်တော် အဲ့သတင်းကို စုမိန်ဆီကနေ ကြားခဲ့တာ”


သူသည် လီဝမ့်ကျင်း မျက်နှာမကောင်းပဲ အချိန်မရွေး ဒီနေရာကနေ ထွက်သွားမည့် အရိပ်အယောင်ကို မြင်တွေ့ခဲ့သည်။ သူက အပြစ်တင်နေတာ မဟုတ်ကြောင်းပြောပြီးတော့ သူက သူ ကြားသိခဲ့ရသည့် သတင်းမှန်သမျှကို လီဝမ့်ကျင်းကို ပြန်ပြောပြခဲ့သည်။ သူတို့အသိုင်းအဝိုင်းရှိလူတိုင်းသည် အဲ့အကြောင်းကို သိနေခဲ့ကြသည်။ ဒါကြောင့် လီဝမ့်ကျင်းသည်လည်း ဒီအကြောင်းကို သိနေလိမ့်မယ်လို့ သူ ထင်နေခဲ့တာ ဖြစ်သည်။


“စုမိန်က အဲ့ဗီဒီယိုကို သူမက မင်းဇနီးဟောင်းကို ပေးခဲ့တာလို့ ပြောတယ်။ သူမ အဲ့ဟာကို ဘယ်နေရာကနေ ရတာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး”


လီဝမ့်ကျင်း၏မျက်နှာဟာ ရှုံတွသွားခဲ့သည်။ စုမိန်သာ သူ့ရှေ့မှာရှိနေမည်ဆိုရင် သူ သူမကို ခုန်ကန်ရိုက်နှက်ပစ်မိလိမ့်မည်။ သူက စုမိန်ကို ဘယ်တော့မှ မလေးစားခဲ့ဘူး။ သူမက စိတ်သဘောထား ကျဥ်းမြောင်းပြီး ခလောက်ဆန်တတ်သူပဲ။ သူမက သူ့ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မယ်လို့ သူ ဘယ်တော့မှ မထင်ခဲ့ဘူး။


သူသာ ကြိုတင်သိခဲ့ရင် သူမကို ဘယ်တော့မှ အပြစ်ပြုမိမှာ မဟုတ်ဘူး။


သူ့ရဲ့အာရုံစူးစိုက်မှုအားလုံးကို ဖယ်ရှားပေးည့်အရာမှာ အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့် ၎င်းအခြေအနေနှင့်ပတ်သက်၍ သူ လုံးဝမသိခဲ့ပါ။ သာမာန်အခြေအနေများတွင် ဒီလူ သူဌေးကျောက်က အရင်ကဆို သူ့ရှေ့တွင် လူအများပြောဆိုသည့်အတင်းအဖျင်းအကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောဆိုဝံ့ခြင်း မရှိခဲ့ပါ။