အခန်း ၆၈
Viewers 27k


အခန်း (၆၈) – ဖန့်ကျွင်းရုံသည် ဝမ်ရှောင်း ဒီအဖြစ်အပျက်မှာ ကွင်းလုံးကျွတ် လွတ်မြောက်သွားမှာကို လုံးဝ မမြင်ချင်ဘူး၊ သူတို့နှစ်ယောက် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ဖို့ လွှတ်ထားလိုက်တာ အကောင်းဆုံးပဲ (၂)


သူ ဆေးရုံကိုရောက်ရှိသွားသည့်အချိန်မှာပင် လီဝမ့်ကျင်းသည် သူ့ဂုဏ်သတင်းကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို စဥ်းစားအာရုံစိုက်နေဆဲ ဖြစ်သည်။ အက်စစ်ကြောင့် ပျက်စီးနေသော ဝမ်စစ်ရှန်း၏မျက်နှာက သူ့ကို အတွေးလွန်နေရာကနေ သတိဝင်လာစေခဲ့သည်။


သူမမျက်နှာကို သားရဲတစ်ကောင်က လက်သည်းဖြင့် ကုတ်ဆွဲကာ တောင်ပံများဖြင့် ရိုက်ပုတ်ခံထားရသဖြင့် ပျက်စီးနေသည့်ပုံနှင့် အလျားသဏ္ဍာန်တူသည်။ အဲဒီပုံစံက သူ့ဦးနှောက်ထဲပုံရိပ်ကို မီးရှို့ခံလိုက်ရသလိုပဲ။


သူက အလျင်အမြန် အဝေးသို့ ချက်ချင်း အကြည့်လွဲလိုက်ပြီး သတိမေ့နေဆဲဖြစ်သည့် ဝမ်စစ်ရှန်းကို နောက်ထပ် လှည့်မကြည့်တော့ပေ။ သူက ကျန်းယာ့ကောကို တိုးသဲ့သောအသံဖြင့် “သမီးအဒေါ်က ဘာဖြစ်သွားတာလဲ။ အကြောင်းပြချက်မရှိပဲ တစ်စုံတစ်ယောက်က သူမမျက်နှာကို အက်စစ်နဲ့ ဘာကြောင့် ပက်ရတာလဲ”


ကျန်းယာ့ကောသည် ငိုကြွေးနေခဲ့တာ ဖြစ်သည်။ ငိုရှိုက်နေရင်း သူမက သူ့ကို ကားရပ်နားထားသည့် နေရာတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရှင်းပြခဲ့သည်။ သူမက လီဝမ့်ကျင်းကို မျက်ရည်ပြည့်နှက်နေသော မျက်ဝန်းများဖြင့်ကြည့်ကာ “ဖေဖေ အဒေါ်က ဒီတိုင်းပြည်ကနေ အဝေးမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။ အခု သူမပြန်ရောက်ပြီးတဲ့အချိန်မှာ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ”


“တစ်စုံတစ်ယောက်က သမီးတို့ကို ပစ်မှတ်ထားပြီး လုပ်ကြံခဲ့တာပဲ။ ဒါပေမယ့် သမီးတို့က လူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပြီးတော့ ရန်သူတွေလည်း မရှိပါဘူး” သူမက ပြောနေရင်း တစ်စုံတစ်ခုကို အမှတ်ရသွားသလို ပြောခဲ့သည်။ “ဒါမှမဟုတ် အမေများလား… မဟုတ်နိုင်ဘူး။ အဲ့တာ မဖြစ်နိုင်ပါဘူး။ သူမက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ သမီးယုံကြည်တယ်” ကျန်းယာ့ကောသည် ချက်ချင်းပင် သူမကိုယ်သူမ ကယ်တင်ရန် ကြိုးစားခဲ့သည်။ သူမအမူအယာကတော့ သူမပြောသည့်စကားနှင့် ဆန့်ကျင်ဖက်ဖြစ်နေခဲ့သည်။ သူမသည် ဖန့်ကျွင်းရုံကို တရားခံဟုထင်နေသည်မှာ ထင်ရှားနေခဲ့သည်။


ဒါကို လီဝမ့်ကျင်းက သူ့စိတ်ထဲမှာ ကောင်းစွာ သိနားလည်ခဲ့သည်။ သူက ခေါင်းခါလိုက်သည်။ “ဒါက ကျွင်းရုံ မဖြစ်နိုင်ဘူး။ သူမရဲ့သိက္ခာအကျခံပြီး ဒီလိုကိစ္စမျိုးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး။ သူမက ဒီလိုမျိုး အဆင့်မနိမ့်ဘူး”


သူက သူ့ဇနီးဟောင်းအကျင့်စရိုက်ကို ကောင်းစွာ သိနားလည်ခဲ့သည်။ ဝမ်စစ်ရှန်းကို အက်စစ်ဖြင့်ပက်သည့်သူသည်် သူ့အား မကြာသေးမီက ပြဿနာဖြစ်စေခဲ့သောသူနှင့် တူသည်ဟု သူ သံသယရှိလေသည်။ အမှောင်ထဲမှာ ပုန်းနေတဲ့လူတစ်ယောက်က သူ့ကို နာကျင်အောင်လုပ်ဖို့ ကြံစည်လိုက်တာက သူ့ဆံပင်ကို ထောင်ထသွားစေခဲ့သည်။


လီဝမ့်ကျင်းသည် ဆေးရံဒ၌ ခေတ္တခဏ နေခဲ့သည်။ ဆရာဝန်၏ ပြောဆိုချက်အရ ဝမ်စစ်ရှန်း၏ ဒဏ်ရာများသည် အသက်အန္တရာယ်ကိုတော့ ထိခိုက်မှု မရှိခဲ့ပါ။ သို့သော် သူမ၏အရေပြား ထိခိုက်ပျက်စီးမှုသည် ငါးရာခိုင်နှုန်းထိရှိပြီး အတော်လေး နက်ရှိုင်းလေသည်။ ခွဲစိတ်ကုသမှု အနည်းငယ် ပြုလုပ်ပြီးနောက်၌ပင် သူမသည် တစ်ရာရာခိုင်နှုန်း ပြန်လည်ကောင်းမွန်နိုင်မည်မဟုတ်ပဲ သူမ၏အသွင်အပြင်ကို ထိခိုက်ပျက်စီးသွားစေသည်မှာ သေချာပေါက်ပင်။


မတော်တဆမဖြစ်မီအချိန်က ဝမ်စစ်အာနှင့်ဆင်တူသော မျက်နှာလေးကိုကြည့်ရင်း လီဝမ့်ကျင်းသည် သူ့ကိုယ်သူ လှပသောပန်းလေးတစ်ပွင့်တစ်လျှောက် ရစ်ဝဲနေသော ပျားတစ်ကောင်နှင့်တူသည်ဟု ခံစားစိတ်ကူးယဥ်မိခဲ့သည်။ သူ့အစာအိမ်က ပျို့အန်ချင်နေခဲ့ပြီး သူ့စိတ်အခြေအနေက မကောင်းပေ။ သူသည် ဆရာဝန်အား ဝမ်စစ်ရှန်းအတွက် ခွဲစိတ်ကုန်ကျစရိတ် မည်မျှပင်ကုန်စေကာမူ တတ်နိုင်သမျှ ပြန်ကောင်းအောင်လုပ်ပေးရန်သာ တောင်းဆိုနိုင်သည်။


အချိန်တွေကုန်လွန်လာပြီးနောက် နောက်ဆုံးတွင် ဝမ်စစ်ရှန်းသည် နိုးထလာခဲ့ပြီး သူမမျက်နှာကို မှန်မှာမြင်လိုက်ရအချိန်တွင် ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။


လီဝမ့်ကျင်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူမ၏ပုံမှန်လို နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပါ။ သူမအဆုတ်ထဲကအားကို အကုန်သုံးပြီး အော်ဟစ်ကာ ပြောလိုက်သည်။ “ဝမ့်ကျင်း ကျွန်မကို ကယ်ပါဦး။ ကျွန်မ ဒီလိုမျက်နှာမျိုးနဲ့ အသက်ဆက်မရှင်နိုင်တော့ဘူး”


သူမ၏ပျက်စီးနေသောမျက်နှာက လီဝမ့်ကျင်းကို ပျို့အန်ချင်စိတ်ပေါက်စေခဲ့သည်။ သူက အဝေးသို့ အကြည့်လွဲလိုက်ပြီး သူမတင်းကြပ်စွာ ဆုပ်ကိုင်ထားသော သူ့လက်ကို လွတ်အောင် လုပ်လိုက်သည်။ “ကိုယ် မင်းအတွက် ခွဲစိတ်ကုသပေးမယ့်ဆရာဝန်တွေကို စီစဥ်ပေးထားပြီးပြီ”


သူ့ရဲ့စက်ဆုပ်ရွံရှာနေသောပုံစံက ဝမ်စစ်ရှန်း၏အမြင်ကနေ ပြေးမလွတ်ခဲ့ပါ။ သူမသည် ပြိုလဲကျတော့မလို ဖြစ်သွားခဲ့ရသည်။ သူမမှီခိုအားထားရသည့် တစ်ခုတည်းသောအရာမှာ သူမညီမနှင့်တူသောာ မျက်နှာလေးပင်။ ယခုမူကား ထိုအရာတွေအာလုံး ပျက်စီးသွားခဲ့သည်။ သူမသည် လီဝမ့်ကျင်းကို သူမ၏နူးညံ့သိမ်မွေ့သောအသွင်အပြင်ဖြင့် ဖမ်းစားထားပြီး တစ်နေ့တွင် သူမသည် အေရွန်စီအီးအို၏ဇနီး ဖြစ်လာရန် အစီအစဥ်ဆွဲထားခဲ့သည်။ အခုတော့ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။


လီဝမ့်ကျင်း၏စိတ်သဘောထားက သူမဆုပ်ကိုင်နိုင်မည့် နောက်ဆုံးကောက်ရိုးမျှင်ပင်ဖြစ်သည်။ “အဲ့တာက ဖန့်ကျွင်းရုံပဲ။ သူမက ကျွန်မကို ဘယ်လိုလုပ်ရက်ရတာလဲ။ ဒါက သူမ အရမ်းအကြင်နာကင်းမဲ့လွန်းတယ်”


ဝမ်စစ်ရှန်း၏အပြောကလည်း ကျန်းယာ့‌ကောပြောခဲ့သည့်အတိုင်းပင် ပြန်ပြောပြန်သည်။


လီဝမ့်ကျင်းသည် သက်ပြင်းတစ်ချက်ချပြီး မေးခဲ့သည်။ “ဟင့်အင်း ကျွင်းရုံလုပ်တာလို့တော့ ကိုယ်မထင်ဘူး။ ဘာကြောင့် မင်း အရင်ဆုံး အနားမယူရတာလဲ။ တရားခံဘယ်သူလဲဆိုတာကို ကိုယ် သေချာပေါက် ရှာပေးမယ်လို့ ကတိပေးပါတယ်ကွာ”


သူက သူတို့အတွက်သာ လုပ်နေတာမဟုတ်ပဲ သူကိုယ်တိုင်အတွက်ပါ လုပ်နေတာဖြစ်သည်။ ယနေ့တွင် ဝမ်စစ်ရှန်းသည် အက်စစ်ဖြင့် အပက်ခံလိုက်ရသည်ဆိုပေမယ့် နောက်တစ်နေ့တွင် သူ ဖြစ်နိုင်ပေသည်။ သို့သော် ဝမ်စစ်ရှန်းပြောသောစကားများက သူ့အား စိတ်ကူးတစ်ခုကို ပုံပေါ်စေခဲ့သည်။


“ငါ့ကို ကျွင်းရုံနဲ့ အရင်ဆုံး စကားပြောခွင့်ပေးပါဦး”


ဖန့်ကျွင်းရုံ ယခုကိစ္စ၏နောက်ကွယ်မှကြိုးကိုင်သူတစ်ယောက် မဟုတ်သော်လည်း သူသာ ဒီကိစ္စကို သေချာကိုင်တွယ်နိုင်မယ်ဆိုရင် သူမထံမှ အကူအညီကို ရကောင်းရနိုင်ပေလိမ့်မည်။ သူက ထိုသို့လုပ်ရန် မကြိုက်ပါဘူး။ ဒါပေမယ့် သူက ဒီကိစ္စကိုကိုယ်တွယ်ဖို့အတွက် ဖန့်ကျွင်းရုံ၏အဆက်အသွယ်ကွန်ယက်ကို လိုအပ်တယ်ဆိုတာကို ဝန်ခံရပေလိမ့်မည်။