အခန်း ၆၉
Viewers 25k


အခန်း (၆၉) – ဖန့်ကျွင်းရုံသည် ဝမ်ရှောင်း ဒီအဖြစ်အပျက်မှာ ကွင်းလုံးကျွတ် လွတ်မြောက်သွားမှာကို လုံးဝ မမြင်ချင်ဘူး၊ သူတို့နှစ်ယောက် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ဖို့ လွှတ်ထားလိုက်တာ အကောင်းဆုံးပဲ (၃)



ဖန့်ကျွင်းရုံဟာ သူမရှေ့မှောက်မှာ ရပ်နေတဲ့ လီဝမ့်ကျင်းကို တွေ့လိုက်ရတော့ အံ့အားသင့်သွားမိခဲ့သည်။ သူက သူမဆီကိုလာလည်ဖို့ အဆင်ပြေတယ်လို့ ဘယ်အကြောင်းကများ သူ့ကို အဲ့လို ထင်စေရတာလဲ။


“... စစ်ရှန်း ဒဏ်ရာဆိုးဆိုးဝါးဝါး ရသွားခဲ့တယ်။ ဆရာဝန်က သူ့မျက်နှာက ပျက်စီးသွားပြီလို့ ပြောတယ်။ အကယ်၍ ဒီအကြောင်းတွေ အပြင်မှာ ပြန့်သွားရင် ဒီကိစ္စ နောက်ကွယ်မှာ မင်း ရှိနေတယ်လို့ ထင်ကြလိမ့်မယ်” ဟု လီဝမ့်ကျင်းက အလွန်ဂရုစိုက်သည့်ပုံဖြင့် ပြောခဲ့သည်။ “ကိုယ်တို့က ကွာရှင်းပြီးသားဖြစ်ပေမယ့် ကိုယ်တို့ဆက်ဆံရေးက အခင်အမင်မပျက်ကြဘူး။ ကိုယ် မင်းကို မိတ်ဆွေတစ်ဦးလို သတ်မှတ်ထားနေဆဲဖြစ်တဲ့အတွက် အခြားသူတွေက မင်းအကြောင်း မဟုတ်မမှန်ပြောနေတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတာကို မတွေ့ချင်ဘူး။ ဒီတော့ ဒီအကြောင်းကို ကိုယ်တို့ အတူဖြေရှင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ”


ဖန့်ကျွင်းရုံသည် ဟက်ဟက်ပက်ပက် ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့မိသည်။ “ရှင် ကျွန်မကို တိုက်တွန်းဖို့ မလိုအပ်ဘူး။ ကျွန်မအကြောင်း မဟုတ်မမှန်ပြောတဲ့သူတွေရှိရင် ကျွန်မရှေ့နေဆီကနေ သတိပေးအကြောင်းကြားစာ ရရှိသွားရလိမ့်မယ်။”


ဝမ်ရှောင်း၏လက်စားချေကြံစည်ခြင်းသည် ဖန့်ကျွင်းရုံ၏စိတ်ကို အတိတ်ကာလသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ သို့သော် သူမသည် သူက အက်စစ်အား ချက်ချင်းသုံးစွဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤတစ်ကြိမ်တွင် ကျန်းယာ့ကောအစား ဝမ်စစ်ရှန်းသည် သားကောင်ဖြစ်သွားခဲ့သည်။


သူမ ယခင်ဘဝအကြောင်းကို ပြန်ကြည့်ပါက ကျန်းယာ့ကောသည် သူမ၏ဘီဘီကျူးဝက်လိုသားနှင့် ချစ်ကျွမ်းဝင်နေသည့်အချိန်များမှာပင် ရုပ်ရှင်ဧကရာဇ်နှင့် မိတ်ဆွေကောင်းများ ဆက်ဖြစ်နေဆဲ ဖြစ်သည်။ ဒါက သူ့ပရိသတ် အတော်များများကို ဒေါသထွက်စေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ပရိသတ်ထဲက တစ်ယောက်က သူမကို အက်စစ်ဖြင့်ပက်ဖို့ ကြိုးစားခဲ့လေသည်။ ထိုအထဲမှတစ်ကြိမ်တွင် ရှင်းယွင်သည် သားကောင်ဖြစ်ခဲ့ရသည်။


ထိုမိန်းကလေးသည် ရှင်းယွင်နှင့်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည့်အတွက်ကြောင့် လူတိုင်းက ကျန်းယာ့ကောဖက်သို့ ပါသွားကြပြီး ရှင်းယွင်ကို သူငယ်ချင်းကို ရွေးချယ်ပေါင်းသင့်ကြောင်း သူမက ထိုသို့ အပြောခံသင့်ကြောင်း ပြောဆိုခဲ့ကြသည်။ ငိုကြွေးနေသော ကျန်းယာ့ကောဖက်သို့ လူတိုင်း ရပ်တည်ပေးခဲ့ကြသည်။ အဲဒီလိုနည်းဖြင့် ရှင်းယွင်သည် သူမပုံရိပ်ကို ဆုံးရှုံးသွားခဲ့ရပြီးတော့ ကျန်းယာ့ကောပေးတဲ့ ဒဏ်ရာက သူမနှလုံးသားပေါ်မှာ ထင်ဟပ်သွားစေခဲ့သည်။


အခုဆိုရင် ဝမ်စစ်ရှန်းက နစ်နာသူတစ်ဦးဖြစ်သွားခဲ့ပြီဆိုတော့ သူမ စိတ်ခံစားချက် ပိုကောင်းလာခဲ့သည်။


လီဝမ့်ကျင်းသည် သူမအား စည်းရုံးသိမ်းသွင်းရန် ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။ “ကောင်းပြီ။ မင်းက လူတိုင်းကို အမှားမလုပ်မိချင်ဘူး။ ဒါက မင်းရဲ့နာမည်ဂုဏ်သတင်းအတွက် မကောင်းဘူးနော်”


“ဒီလိုလူတွေကြားမှာ ကျွန်မက ဘာကြောင့်နာမည်ကောင်းရဖို့ လိုရမှာလဲ” ဖန့်ကျွင်းရုံက အရေးမစိုက်စွာ ပြန်မေးလိုက်သည်။


သူမက သူပြောနေတာတွေကို ဂရုမစိုက်တဲ့အတွက်ကြောင့် လီဝမ့်ကျင်းဟာ သူမဆီလာတုန်းက သူ့မှာ ရှိနေခဲ့သည့် ယုံကြည်မှုအာလုံး ပျောက်ကွယ်သွားခဲ့သည်။ သူက ပြောင်းပြန်စိတ်ပညာကို အသုံးခဲ့ပါတယ်။ “မင်းပြောတော့ မင်းတစ်ယောက်ပဲ ဒီကိစ္စကို သိပြီး ဘယ်သူ့ကိုမှ မပြောဖူးလို့ ပြောခဲ့တယ်လေ။ အဲ့တာကြောင့် မင်း ကိုယ့်ကို ကူညီပေးဖို့ မတွန့်ဆုတ်သင့်ဘူးလေ။” သူက ထိုသို့စကားပြောနေရင်းကနေ အခြားပြဿနာတစ်ခုကို သတိရလိုက်မိသည်။


“စုမိန် ဒီဗီဒီယိုကို ဘယ်လိုရလဲဆိုတာ ကျွန်မ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူမနဲ့ ကျွန်မက မရင်းနှီးကြဘူးလေ။ ဒါပေမယ့် ကျွန်မ သူ့ကို အကြွေးတင်နေတယ်။ သူ့မကြောင့်သာ မဟုတ်ရင် ဒီနေ့ဒီအချိန်အထိ ကျွန်မ ရှင်လှည့်စားတာကို ခံနေရဦးမှာပဲ”


လီဝမ့်ကျင်းသည် အကြံဥာဏ်သစ်များ သူ့ခေါင်းထဲမှ မထွက်လာတော့ပါဘူး။ သူက အရမ်းဒေါသထွက်ပြီးတော့ လက်သီးဆုပ်လိုက်မိသည်။ ဒါပေမယ့် သူက ဖန့်ကျွင်းရုံကို ဘာမှမလုပ်နိုင်ဘူး။


ဖန့်ကျွင်းရုံသည် လှောင်ပြောင်သည့်ဟန် တွန့်ကွေးသွားခဲ့သည်။ “ကျွန်မက ရှင် ကျွန်မကို လာရှာတာက လာမည့်နှစ်ရက်အတွင်း ကျင်းပမယ့်ရှင်းယွင်မွေးနေ့ကြောင့်လို့ ထင်ခဲ့တာ။ ရှင့်ကြည့်ရတာ အဲ့အကြောင်းကို လုံးဝမေ့နေတဲ့ပုံပဲ။ ရှင် ရှင်းယွင်ကို ဂရုမစိုက်တဲ့အတွက် သူမမွေးနေ့ပါတီပွဲမှာ ရှင်နဲ့ရှင့်သားနှစ်ယောက်စလုံးကို မတွေ့ချင်ဘူး”


အဲဒီမှာ သူတို့နှစ်ယောက်က ရှင်းယွင်ကို စိတ်ဆိုးဒေါသထွက်စေလိမ့်မယ်။


လီဝမ့်ကျင်းက စကားစဖို့လုပ်လိုက်ပေမယ့် ဖန့်ကျွင်းရုံက သူ့ကို တားမြစ်လိုက်သည်။ “ရှင်နဲ့ လီရှစ်ကျီတို့ မွေးနေ့ပွဲနဲ့ပတ်သက်ပြီး ဝေးဝေးမှာနေပေးပါ။ အဲ့တာဆိုရင် ကျွန်မ ရှင့်ကို ဘယ်သူလုပ်တာလဲဆိုတာကို ပြောပြပေးမယ်”


လီဝမ့်ကျင်းသည် အချိန်ခဏလောက် တွန့်ဆုတ်ပြီး နောက်ဆုံးတွင် သူ့စိတ်ကို ဒုံးဒုံးချလိုက်သည်။ “အိုကေ အဲ့ဒီလက်သည်တရားခံကိုပဲ ကိုယ့်ကို ပြောပြပါ”


ဖန့်ကျွင်းရုံက ကျိတ်ရယ်လိုက်သည်။ လုံးဝသေချာတယ်။ သူ့သမီးက သူ့ကို ဘာမှမပြောထားဘူးပဲ။


သူမအသွင်အပြင်က အေးစက်လာခဲ့ပြီးတော့ ပြောလိုက်သည်။ “ရှင် ဝမ်ရှောင်းကို စောင့်ကြည့်သင့်တယ်။ ကျွန်မအထင် ရှင့်ကို မစင်တွေပက်တဲ့ကိစ္စက သူ့လက်ချက်ပဲ ဖြစ်မယ်။ အဲ့အပြုအမူက သူ့ကို ညွှန်ပြနေတယ်”


သူမသည် သူ့ကို ဝမ်‌ရှောင်းအကြောင်းအား အတိုချုပ် ရှင်းပြပေးလိုက်သည်။ အမှန်တရားမှာ သူမသည် လီဝမ့်ကျင်းကို သူ့အကြောင်းအား မပြောပြခဲ့လျှင်ပင် လီဝမ့်ကျင်းက ဒီသဲလွန်စကို သူ့ဖာသာသူ ရှာတွေ့မည့် နည်းလမ်းကို ရှာဖွေနိုင်သည်။ သူမက အတိအကျ ဝမ်ရှောင်းအပြင် မည်သူ့ကိုမဆို အလွတ်ပေးရန် စိတ်ကူးမရှိပါ။ သူတို့နှစ်ဦးထဲမှ တစ်ဦးပြိုလဲသွားပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။


လီဝမ့်ကျင်းသည် အံ့အားသင့်သွားမိခဲ့သည်။ “ဝမ်ရှောင်းလား။ ကိုယ် သူ့ကို ဘာအမှားလုပ်မိလို့လဲ” သူသည် ဝမ်ရှောင်းနှင့်တစ်ကြိမ်မက တွေ့ခဲ့ဖူးသည်။ သူနှင့်တွေ့သည့်အချိန်တိုင်း ဖော်ဖော်ရွေရွေရှိခဲ့သည်။


“ရှင် ယာ့ကောကို အဲ့ကိစ္စအကြောင်း မေးသင့်တယ်။ ရှင့်အဖိုးတန်သမီးလေးက သူ့ကို အလွန်ဆိုးရွားတဲ့အပြစ် ပြုမိထားတယ်”


“အဲ့တာက မဖြစ်နိုင်တာပဲ” လီဝမ့်ကျင်းသည်