အခန်း (၇၁) – နောက်ကျောကို ဓားနှင့်အထိုးခံလိုက်ရသလို ခံစားခဲ့ရသည် (၂)
စကားပြောနေစဥ်တွင်ပင် ဓားနှင့်အထိုးခံလိုက်ရသလိုမျိုး ခံစားမိခဲ့သည်။ လီဝမ့်ကျင်းသည် မကြာသေးမီက အခက်အခဲများ ကြုံတွေ့ခဲ့ရပြီးနောက်တွင် သူမအပေါ် ထားရှိသော ချစ်ခင်မှုတွေကိုပင် မေ့လျော့သွားခဲ့သည်။ သူ့ရဲ့ဒေါသထွက်နေသောအသံကို ဖိနှိပ်လို့မရနိုင်ခဲ့ပါ။ “သူက ဒီလိုမျိုး မလုပ်နိုင်ဘူးလို့ မင်း ဘာလို့ သေချာနေရတာလဲ။”
သူသည် နှစ်ပေါင်းများစွာ အခွင့်အာဏာရှိသောနေရာတွင် ရှိနေခဲ့သည်။ ပုံမှန်အားဖြင့် လီဝမ့်ကျင်းသည် အလွန်နူးညံ့သိမ်မွေံပေမယ့် သူ စိတ်ဆိုးဒေါသထွက်လာသောအခါတွင် သူ့ပုံစံကပင် သူမကို မီးရှို့ပြာချပစ်နိုင်ပုံပေါက်သည်။
ကျန်းယာ့ကောသည် သူ စိတ်ဆိုးဒေါသထွက်နေတာကို ပထမဆုံးအကြိမ်မြင်လိုက်ရတော့ ငိုကြွေးမိလုနီးပါး ဖြစ်သွားရသည်။ “သမီး… သမီး အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ သမီး သူ့ကို ဒီလိုမျိုး လက်စားချေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သမီး တကယ် အဲ့လိုမျိုး ရည်ရွယ်ခဲ့တာမျိုး မဟုတ်ပါဘူး”
သူမက သူ့ကို ပထမဆုံးအကြိမ်မြင်ကတည်းက ကယ်တင်မိချင်ရုံလေးတင်ပါ။
“အဖေ သမီး စိတ်မကောင်းပါဘူး။ ဒါတွေအားလုံးက သမီးအမှားပါပဲ”
တိတ်တဆိတ်ငိုကြွေးနေစဥ် သူမသည် အပြစ်နှင့် ကြောက်ရွံ့မှုနှစ်ခုစလုံးထဲ နစ်မြှုပ်နေခဲ့သည်။ တစ်ဖက်တွင် သူမသည် သူမပတ်ဝန်းကျင်ရှိသူများအား ဒဏ်ရာရစေခဲ့တာကြောင့် အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ ဝမ်ရှောင်းသည် သူမအပေါ် နောက်ထပ်မကောင်းကြံစည်မှာကို စိုးရိမ်နေခဲ့ပြီး မွေးစားဖခင်က သူမကို စွန့်ပစ်လိုက်မှာကို စိုးရိမ်နေခဲ့သည်။
အတိတ်အချိန်ကဆိုရင် လီဝမ့်ကျင်းသည် သူမမျက်ရည်များကို တွေ့လိုက်ရတာနဲ့ သူမဘေးမှာ တန်းရပ်တည်ပေးလိုက်မှာ ဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက မကြာသေးမီကပင် သူသည် သူမထံမှ မျက်ရည်များကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ သူက သူမမျက်ရည်များထံမှ စတင် လွတ်မြောက်ချင်မိခဲ့သည်။ အခု ထိုမျက်ရည်များက သူ့ကို စိတ်ပင်ပန်းစေခဲ့သည်။
“ဒါက မင်းအမှားကြောင့်လို့ ဆိုလိုနိုင်တယ်။ အဲဒီအက်စစ်ပြင်းက မင်းကို ရည်ရွယ်ခဲ့တာပဲ။” သူတို့ ဒီအကြောင်းကိုပြောနေစဥ်အချိန်အတွင်းမှာပင် ဝမ်စစ်ရှန်းက နိုးလာခဲ့သည်။ သူမသည် သူမကြားလိုက်ရသောအကြောင်းကြောင့် ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ “ဒါက ယာ့ကောရဲ့အမှားကြောင့်ဆိုရင် ကျွန်မက ဘာကြောင့် သားကောင်ဖြစ်သွားရတာလဲ”
“ငါ့မျက်နှာကို ပြန်ပေး” သူမ၏မျက်နှာအသွင်အပြင်ကို ဆုံးရှုံးသွားရခြင်း၏ နာကျင်မှုက ဝမ်စစ်ရှန်း၏ ဆင်ခြင်တုံတရားကို ယိုယွင်းပျက်စီးသွားစေပြီး ကျန်းယာ့ကောကို ရူးသွပ်နေသောအမျိုးသမီးကဲ့သို့ ဆောက်တည်ရာမရ အော်ဟစ်နေခဲ့သည်။
သူမ၏ရွံ့မုန်းဖွယ်ကောင်းသောအသွင်အပြင်ကိုကြည့်ရင်း ကျန်းယာ့ကောသည် တံခါးထံ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ လီဝမ့်ကျင်းနှင့် ဝမ်စစ်ရှန်းတို့ထံမှ မုန်းတီးခြင်းကို သူမ မခံနိုင်ခဲ့ပါ။ သူမသည် သူတို့ရှေ့တွင်ရပ်နေရသည်ကို ရှက်ကြောက်နေခဲ့သည်။ သူမ လှည့်ထွက်သွားတော့မည့်အချိန်တွင် အခန်းထဲသို့ ဝင်လာခဲ့သည့် ကြံခိုင်သန်စွမ်းသောခန္ဓာကိုယ်တစ်ခုနှင့် တိုက်မိခဲ့သည်။ သူမ မြေပေါ်သို့လဲမကျမီ ယခုလေးတင် ရောက်ရှိလာသော လီရှစ်ကျီက လက်မောင်းတစ်စုံနှင့် ဖမ်းထိန်းပေးခဲ့သည်။
သူမ ဆေးရုံသို့ရောက်ရောက်ချင်း ကျန်းယာ့ကောသည် လီရှစ်ကျီကို ဖုန်းဆက်ခဲ့သည်။ ထိုအချိန်က လီရှစ်ကျီသည် အလုပ်ရှုပ်နေခဲ့ပြီး ယခုမှဟာ ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သူက ကျန်းယာ့ကော နင့်နင့်နဲနဲငိုကြွေးနေတာကြောင့် သူ့နှလုံးသားလေးဟာ သူမနှင့်ထပ်တူ နာကျင်နေရသည်။
“ယာ့ကော ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လိုက်တာလား” အခုမှ ရောက်လာသော လီရှစ်ကျီက ဘာဖြစ်နေမှန်း မသိခဲ့ပါ။
တီးတိုးရှိုက်နေရင်း ကျန်းယာ့ကောသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အကျဥ်းချုပ်ကို သူ့ကို ရှင်းပြခဲ့သည်။ လီရှစ်ကျီသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ သူမရဲ့ လှပပြီးပြည့်စုံသောမျက်နှာလေးကို ကြည့်ကာ စိတ်သက်သာရာရသွားခဲ့သည်။ မျက်နှာပျက်စီးသွားတာက ကျန်းယာ့ကောမဟုတ်တာ ကံကောင်းတာပဲ။
ဝမ်စစ်ရှန်းသည် သူ့မိဘများ ကွာရှင်းခြင်း၏တရားခံဖြစ်သဖြင့် လီရှစ်ကျီသည် သူမကို ဘယ်တုန်းအခါကမှ သဘောမကျခဲ့ပါ။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမ ယခုလိုဖြစ်တာက သူမရဲ့မကောင်းတဲ့ကံကြမ္မာကြောင့် ဖြစ်နိုင်သည်။ သူက ဝမ်စစ်ရှန်းကို အေးဆေးသည့်အကြည့်ဖြင့်ကြည့်ပြီး “ယာ့ကော အရမ်းဝမ်းနည်းသွားတယ်။ ခင်ဗျား သူ့ကို ဘယ်လို ဆက်ပြီး အပြစ်တင်နေရတာလဲ။ သူမက ခင်ဗျားကို သူမရဲ့အရေးပါတဲ့မိသားစုဝင်တစ်ယောက်အဖြစ် အမြဲသတ်မှတ်ထားတယ်။ ခင်ဗျား သူ့မခံစားချက်ကို တစ်နည်းနည်းနဲ့ ပိုပြီး စာနာထောက်ထားနိုင်မလား။ သူမက မင်းအပေါ် ဒီလောက်ကောင်းခဲ့တယ်။ ခင်ဗျားအတွက် ကျွန်တော့်အမေကိုတောင် သူမ ဆန့်ကျင်ခဲ့တယ်။ သေချာတာပေါ့။ ခင်ဗျားလို ကျေးဇူးကန်းတတ်တဲ့ မျက်လုံးဖြူဝံပုလွေမျိုးက သူ့မမိသားစုဝင်ဖြစ်ဖို့ မထိုက်တန်ဘူး”
ဝမ်စစ်ရှန်းက ကြက်သေသေသွားခဲ့သည်။ သူမက ဒီအဖြစ်အပျက်တစ်ခုလုံးတွင် အကြီးမားဆုံးသားကောင် ဖြစ်ခဲ့ရတာ မဟုတ်ဘူးလား။ သူမက ဘယ်လိုဖြစ်ပြီး လီရှစ်ကျီအမြင်မှာ မျက်လုံးဖြူဝံပုလွေ ဖြစ်လာခဲ့တာလဲ။
“ဒါပေမယ့် သူမကြောင့် ငါ့မျက်နှာအသွင်အပြင်ကို ဆုံးရှုံးခဲ့ရတာလေ” သူမသည် သူမအဆုတ်ပေါက်ကွဲသွားတော့မတတ် ငိုကြွေးနေခဲ့သည်။
လီရှစ်ကျီ၏မျက်နှာသည် အလွန်အေးစက်နေခဲ့သည်။ “ခင်ဗျားက ခင်ဗျားမျက်နှာကိုပဲ ဆုံးရှုံးသွားခဲ့ရတာ သူမကတော့ နှလုံးသားထဲက နာကျင်နေခဲ့ရပြီ။”
အကယ်၍ ဝမ်စစ်ရှန်းသည် သူမလက်ထဲမှာသာ ဓားတစ်လက်ရှိမယ်ဆိုရင် လီရှစ်ကျီကို ထိုးပြစ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ လီရှစ်ကျီသည် အမှန်တရားကို အမှားအဖြစ် အရှက်ကင်းမဲ့စွာ လှည့်ဖြားနိုင်ကြောင်းကို သူမ ဘယ်တော့မှ မတွေးခဲ့ဖူးပေ။ ထို့အပြင် သူသည် လီဝမ့်ကျင်း၏အမွေဆက်ခံမည့် တစ်ဦးတည်းသောသား ဖြစ်သည်။ သူမသည် သူမမျက်နှာအသွင်အပြင်ကို ဆုံးရှုံးခဲ့ရပြီးပြီ။ အကယ်၍ သူမသည် လီရှစ်ကျီကို စိတ်အနှောင့်အယှက်ပေးမိခဲ့ပါက သူမ၏ဘဝလက်ကျန်အချိန်များသည် အလွန်စိတ်ပျက်ဖွယ်ကောင်းပေးလိမ့်မည်။
အနာဂတ်၌ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရမည့် မိမိ၏ပုံရိပ်ကို ဝမ်စစ်ရှန်းစိတ်ထဲမှာ မြင်ယောင်မိလိုက်ပြီး ချက်ချင်းပင် ကျိုးကြောင်းဆင်ခြင်မှုဖြစ်စေခဲ့ကာ သူမစိတ်ကို သူမကိုယ်တိုင် ချက်ချင်းပင် ပြန်လည်ထိန်းသိမ်းခဲ့သည်။
သူမသည် သူပြောသည့်စကားကို ငိုကြွေးနေရင်း ထောက်ခံပြောပေးခဲ့သည်။ “မင်း မှန်ပါတယ်။ ငါ ဒီအဖြစ်အပျက်တွေကြောင့် ယာ့ကောအပေါ်မှာ ဗွေမယူသင့်ဘူး။ ငါကိုက ကံမကောင်းတာပါ။ ဒါက ယာ့ကောရဲ့အမှား မဟုတ်ပါဘူး။ ငါ သူမကို အပြစ်မတင်သင့်ဘူး”
သူမ၏စောင်အောက်မှာ ဖုံးကွယ်နေသည့်သူမလက်က အိပ်ရာခင်းစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် ထိုအပေါ်တွင် အရာများထင်းနေခဲ့သည်။ တစ်နေ့မှာ သူမ ဒီနေ့မှာဖြစ်ပျက်ခဲ့မှုတွေအတွက် လက်စားချေရလိမ့်မယ်။
လီဝမ့်ကျင်းသည် ထိုအခြင်းအရာကြောင့် အနည်းငယ် အံ့သြမိန်းမောသွားခဲ့သည်။ ဝမ်စစ်ရှန်းကြုံတွေ့ခဲ့တာနှင့်နှိုင်းယှဥ်လျှင် ရုတ်တရတ် သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အားလုံးဟာ အလွန် အရေးမပါတော့ပုံရသည်။ အကယ်၍ ဝမ်စစ်ရှန်းကသာ ကျန်းယာ့ကောကို ခွင့်လွှတ်နိုင်လျှင် သူက သူမအပေါ် အတေးအမှတ်ဆက်ရှိနေသေးပါက ၎င်းသည် သူ့ကို မကောင်းတဲ့သူ ဖြစ်စေလိမ့်မည်။
အကယ်၍ ဒီကိစ္စက အဲဒီလိုသာဆိုရင် သူ ဘာကြောင့် မှားယွင်းနေသလို ခံစားနေရတာလဲ။