အခန်း ၇၃
Viewers 25k


အခန်း (၇၃) – လီရှင်းယွင် စိတ်ထားနူးညံ့လွန်းတယ်၊ နောက်ကျရင် သူမကို သူ့လှည့်ကွက်တွေအောက်မှာ မကျရှုံးစေချင်ဘူး (၁)

 

ဖန့်ကျွင်းရုံက စုမိန်ကို အလွယ်တကူ အပြတ်အသတ် အနိုင်ယူလိုက်သလိုပါပဲ။ ချမ်းသာကြွယ်ဝသော ဖန့်ကျွင်းရုံ၏တောက်ပသော အဆင့်အတန်းကြောင့် မျက်စိကွယ်သလို ခံစားရသဖြင့် သူမဟာ စိတ်ဓာတ်ကျခဲ့ရသည်။


ဖန့်ကျွင်းရုံက ဒီလူတွေထင်သလို ဖြစ်မနေခဲ့ဘူး။ လီဝမ့်ကျင်းနဲ့ကွာရှင်းပြီးတဲ့‌နောက်မှာ သူမ ဘာကြောင့်များ ဝမ်းနည်းနေလိမ့်မယ်လို့ ထင်နေကြတာလဲ။ သူမမှာ ပိုက်ဆံအများကြီးရှိပြီးတော့ အဖိုးတန်သမီးလေးကလည်း သူမဘေးမှာ ရှိတယ်။ ဘာဝမ်းနည်းနေစရာရှိလဲ။


အင်း။ သူမ သူမကိုယ်တိုင်အတွက်လည်း အခြားဝတ်စုံများ ဝယ်သင့်သည်။ သူမသည် ရှင်းယွင်မွေးနေ့ပြီးနောက် အခြားစီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်သင့်ပေသည်။ သူမသည် သူမကဲ့သို့ မနှေးကွေးမပေါ့ဆသင့်ပေ။ အနည်းဆုံးတော့ သူမသည် အေရွန်ထက် ပိုကောင်းအောင်လုပ်ဖို့ လိုပေသည်။ အရာအားလုံးကို ဘေးဖယ်ပြီး ပြောရမယ်ဆိုရင် သူမ၏ဘီဘီကျူးဝက်လိုသားက အလုပ်လုပ်ကိုင်ရာတွင် အတော်လေး အရည်အချင်းရှိသည်။ ကျန်းယာ့ကောအပေါ်ဆက်ဆံရေးမှာသာ ပြောစရာဖြစ်ပေမယ့် ကုမ္ပဏီကိစ္စများကို ကိုင်တွယ်နိုင်ပြီး အကြိမ်ပေါင်းများစွာ မြှင့်တင်နိုင်ခဲ့ခြင်းမှာ များသောအားဖြင့် သူ့ကိုယ်ပိုင်စွမ်းရည်ဖြစ်သည်။



မိခင်ရော သမီးဖြစ်သူပါ သူတို့စျေးဝယ်ထွက်ရာမှ ပျော်ရွှင်လွတ်လပ်မှုကို ခံစားခဲ့ရသည်။


***


အချိန်များဖြတ်ကျော်ကုန်လွန်ပြီးသည့်နောက် လီရှင်းယွင်၏မွေးနေ့ သြဂုတ် ၁၆ရက်နေ့သို့ ရောက်လာခဲ့ပြီ။

ဖန့်ကျွင်းရုံသည် သူမတို့၏ကိုယ်ပိုင်အိမ်နေရာအစား မြို့လယ်ခေါင်ရှိ ဟိုတယ်တစ်ခုကို ကြိုတင်မှာယူပြီး နာမည်ကျော်အဆိုတော်အချို့ကိုပင် ငှားရမ်းခဲ့သည်။ ဂီတသံစဥ်များအလယ် လီရှင်းယွင်သည် ဖန့်ကျွင်းရုံ၏ယောင်းမ ယန်ရှီဒီဇိုင်းဆွဲချုပ်လုပ်ပေးထားသောဂါဝန်လေးကို ဝတ်ဆင်ထားခဲ့သည်။ အဆိုပါဂါဝန်လေးကို အဝါရောင်ဖျော့ဖျော့လေးကိုသာ အသုံးပြုထားခဲ့ပြီး အင်္ကျီလက်မပါပဲ ကော်လာဖြင့်သာာ တန်ဆာဆင်ထားခဲ့သည်။ ကြက်ပေါက်‌ရောင်ဂါဝန်လေးကို စိန်များစွာဖြင့် တန်ဆာဆင်ထားကာ ကျန်းမာသန်းစွမ်းသောအသွင်အပြင်လေးကို ဖြစ်ပေါ်စေသည်။ ကျန်းမာသန်စွမ်းပြီး တောက်ပနေသည့် သူမလေးဟာ အစစ်အမှန်မင်းသမီးတစ်ပါးလိုပင်။


သူမမှာ ရှေးခေတ်မှူးမတ်များလိုခေါင်းဆောင်းမရှိပေမယ့် သူမလည်ပင်းမှာဝတ်ဆင်ထားသော ဧရာမပတ္တမြားလည်ဆွဲသည် လူများစွာ၏အာရုံစိုက်ကို များစွာဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် အတိတ်ကာလများတုန်းက မွေးနေ့ပွဲကျင်းပသည်ဆိုလျှင် ဖခင်ဖြစ်သူ၏စီးပွားရေးပါတနာများကိုသာ ဖိတ်ကြားကျင်းပခဲ့ရသည်။ ယခု ပထမဆုံးအကြိမ်အဖြစ် သူမအခန်းဖော်များကို ဖိတ်ကြားကျင်းပနိုင်ခဲ့သည်။


လီရှင်းယွင်၏အခန်းဖော်များသည် သူမက ဒီဇိုင်းနာထုတ်သီးသန့်အမှတ်တံဆိပ်များကိုသာ ဝတ်ဆင်ထားခြင်းကြောင့် ချမ်းသာသောမိသားစုမှဖြစ်သည်ဟု အမြဲတမ်း သိခဲ့ကြသည်။ သူမ၏မိသားစုသည် မည်မျှချမ်းသာကြွယ်ဝကြောင်းကို ယနေ့ သူတို့သည် ပထမဆုံးမြင်တွေ့ခဲ့ရသည်။ သူတို့မိသားစုအသုံးစရိတ်များကို နှစ်ပေါင်းများစွာ ခြိုးခြံချွေတာမယ်ဆိုရင်တောင်မှ ဟိုတယ်ငှားရမ်းခ တစ်ခုတည်းအတွက်သာ လုံလောက်သည်။ သူမမွေးနေ့ပါတီမှာ အရင်က တီဗွီမှာသာ တွေ့ဖူးသော အဆိုတော်များပါရှိသည်။ ဒီအဖြစ်အပျက်အတိုင်းအတာက သူတို့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ သူတို့သည် အများအားဖြင့်  အထက်တန်းအောင်မြင်ပြီးခါစဖြစ်သည့်အပြင် အစစ်အမှန်ကမ္ဘာကြီးအကြောင်း မသိရှိကြသေးသော ယောကျာ်းလေးများနှင့် မိန်းကလေးများ ဖြစ်ကြသည်။ သူတို့အံ့သြမိန်းမောနေခဲ့ကြသော်လည်း သူတို့၏အပြုအမူများသည် အကြီးအကျယ်မပြောင်းလဲခဲ့ပါ။ လီရှင်းယွင်သည် သူမ၏အချိန်အများစုကို အတန်းဖော်များနှင့်ကုန်ဆုံးပြီး သက်ကြီးဧည့်သည်များအားလည်း မကြာခဏနှုတ်ဆက်လေ့ရှိသည်။


ဖန့်ကျွင်းရုံက ကျုံးရီကို လူသိရှင်ကြား အသိပေးမိတ်ဆက်ရန် သူမနှင့်အတူ ခေါ်လာခဲ့သည်။ ကျုံးရီသည် ဖော်ရွေမှုအပိုင်းတွင် အတန်း၏နောက်ဆုံးလောက်တွင်သာရှိခဲ့ပြီး သူမ အတိတ်ကာလတုန်းက ရှက်ကြောက်နေခြင်းနှင့်မတူပဲ ယခု သူမသည် အလှလေးလို အတော်အတန်ကိုယ်စားပြုဖြစ်သည်။ သူမတွင် နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသည်။ အခုတော့ သူမပိုပြီးအဆင်ပြေသွားပြီဆိုတော့ သူမဟာ နှင်းဆီပန်းလေးတစ်ပွင့်လို လှပပြီး မြူးကြွသွက်လက်သောအသွင် ရှိသည်။


လီဝမ့်ကျင်းသည် မွေးစားသမီးတစ်ယောက် မွေးစားလိုက်သကဲ့သို့ ဖန့်ကျွင်းရုံသည်လည်း သမီးတစ်ယောက် မွေးစားခဲ့သည်ကို လူတိုင်းကြားဖူးခဲ့သည်။ သူတို့နှစ်ဦးရဲ့ယှဥ်ပြိုင်မှုတစ်မျိုးမျိုးလား။


အဘယ်အရာက သူတို့ကို ပိုအံ့သြသင့်စေခဲ့တာလဲဆိုတော့ ဖန့်ကျွင်းရုံသည် သူမအသက်လေးဆယ်အရွယ်ရှိပြီးဖြစ်ပေမယ့် ကျုံးရီနှင့် ဘေးချင်းယှဥ်ရပ်နေသည့်အခါတွင် ကျုံးရီနှင့်အပြိုင် ဆွဲဆောင်မှုရှိလေသည်။ ဖန့်ကျွင်းရုံသည် မိတ်ကပ်မလိမ်းထားသည့်အချိန်၌ပင် သူမအသားအရေဟာ ချောမွေ့နေသည်။ တက်ရောက်လာကြသောဧည့်သည်များက သူမအနားမှာ ဝိုင်းနေကြပြီး သူမအသားအရေလျှို့ဝှက်ချက်ကို မေးမြန်းကြသည်။ အဆုံးတွင် ဘယ်သူကများ မလှပချင်ပဲ ရှိမှာလဲ။


“ငါ့ကိုယ်ပိုင်ကုမ္ပဏီကနေ ငါအခုသုံးနေတဲ့ အလှအပဆေးလုံးကို ထုတ်လုပ်တော့မှာလေ။ အဲ့ဆေးလုံးတွေကို လာမည့်လအတွင်းမှာ ဝယ်ယူရရှိနိုင်တော့မှာပါ”


အလှအပဆေးလုံးအတွက် ပါဝင်ပစ္စည်းအများစုကို အစစ်အမှန်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။ မဖြစ်မနေထည့်သွင်းရမည့်အရာတစ်ခုမှာ ကျောက်စိမ်းလက်ကောက်အတွင်းမှစမ်းရေ ဖြစ်သည်။ ဆေးတစ်လုံးစီအတွက် စမ်းရေဆယ်မီလီတာလိုအပ်သည်။ စမ်းရေမရှိလျှင် ဆေးလုံးများသည် အံ့သြဖွယ်ကောင်းလောက်သည့်ထိရောက်မှုကို ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် သူမသည် စမ်းရေကိုထောက်ပံ့ရန်၊ အခြားပါဝင်ပစ္စည်းများ စုဆောင်းရန်နှင့် အစစ်အမှန်ကမ္ဘာရှိ စက်ရုံတွင် ဆေးလုံးများကို ထုတ်လုပ်ရန် မလွယ်ကူပါ။


ထိုစမ်းရေဟာ အလွန်များပြားလှပြီး အကန့်အသတ်မရှိဟု ထင်ရသော်လည်း ဖန့်ကျွင်းရုံသည် ‌နောင်တွင် မလိုအပ်သောပြဿနာများ မရှိစေရန် ထပ်မံစမ်းသပ်မှု ပြုလုပ်ခဲ့သည်။ သူမသည် စမ်းရေကို ရေဆယ်ဆဖြင့် ရောစပ်ပြီး ဆေးလုံးများကို ဖော်စပ်ခဲ့သည်။ အလှအပဆေးလုံး ဗားရှင်းနှစ်သည် မ‌‌ရောစပ်ထားသောဗားရှင်းကဲ့သို့ ထိရောက်မှုမရှိသလောက် နည်းပါးသော်လည်း သူတို့က လက်ရှိစျေးကွက်ရှိ မည့်သည့်ထုတ်ကုန်များထက် ဝက်ခြံများထွက်ရှိခြင်းကို လျှော့ချပေးနိုင်ခြင်း၊ အမည်းစက်များ လျော့ပါးသွားစေခြင်း အစရှိသော ပြဿနာများကို သက်သာပျောက်ကင်း ထိရောက်မှုပိုရှိသည်။


သူမသည် စျေးကွက်တွင် ရောစပ်ထားသောထုတ်ကုန်ကိုသာ တင်ဖို့ အစီအစဥ်ဆွဲထားခဲ့သည်။