အခန်း ၇၄
Viewers 25k


အခန်း (၇၄) – လီရှင်းယွင် စိတ်ထားနူးညံ့လွန်းတယ်၊ နောက်ကျရင် သူမကို သူ့လှည့်ကွက်တွေအောက်မှာ မကျရှုံးစေချင်ဘူး (၂)


ဖန့်ကျွင်းရုံသည် ဗားရှင်းနှစ်ကို ထုတ်လုပ်ခဲ့ပြီးဖြစ်၍ ယနေ့ညပိုင်းတွင် အချို့ကို လက်ဆောင်အဖြစ် ပေးနိုင်သည်။ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်ထားသည့် ဖန့်ကျွင်းရုံက ချက်ချင်းပင် သူတို့အား ကုသပေးသည့်ဆေးလုံးတစ်သုတ်ကိုပေးမည်ဟု ကတိပေးခဲ့သည်။ ၎င်းက အခြားမဒမ်များအား အလွန်ပျော်ရွှင်စေခဲ့သည်။ သူတို့သည် လီရှင်းယွင်အား လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပေးခဲ့ကြသည်။ သူတို့ထဲက တစ်ချို့ဟာ သူတို့လက်ကောက်များကိုပင်ချွတ်၍ အဲဒီနေရာမှာ ချက်ချင်းပင် လီရှင်းယွင်ကို လက်‌ဆောင်ပေးခဲ့ကြသည်။


သူတို့ထဲကတစ်ယောက်က အစပြုလိုက်တာနဲ့ အခြားသူများကပါ သူမဝတ်စုံနောက်လိုက်ပြီး သူမကို ‌နောက်ထပ်လက်ဆောင်တွေ ပေးခဲ့ကြသည်။ မျက်မမြင်မဟုတ်သော မည်သူမဆို ဖန့်ကျွင်းရုံသည် သူမသားနှင့် သိပ်မရင်းနှီးတော့ပေမယ့် သမီးဖြစ်သူကိုတော့ အလွန်ချစ်ခင်နှစ်သက်ကြောင်း ပြောနိုင်ပေသည်။


လီရှင်းယွင်သည် သူမမွေးနေ့လက်ဆောင်များနှင့်ပတ်သက်၍ နောက်ထပ်လက်ဆောင်များစွာ ရရှိခဲ့သည်။ သူမက နောက်ထပ် အပိုထပ်ဆောင်းရရှိမှုများကြောင့် ပျော်ရွှင်ခဲ့သည်။ လက်ကောက်များနှင့် လက်ဝတ်ရတနာအများစုသည် သူမပုံမှန်ကြိုက်နှစ်သက်သည့်ပုံစံများမဟုတ်သော်လည်း ၎င်းတို့သည် တန်ဖိုးရှိတာကြောင့် မည်သူမျှ ထိုအရာများကို စွန့်ပစ်ကြမည်မဟုတ်ပါ။


အဲဒီမှာရှိနေတဲ့လူအများစုဟာ လီရှင်းယွင်ကို သဘောမကျစရာ အကြောင်းမရှိကြပေမယ့် သူမရဲ့အသက်အရွယ်တူအချို့ကတော့ မှားယွင်းတဲ့နည်းနဲ့ ပုတ်ခတ်ပြောဆိုနေကြတုန်းပါပဲ။ သမ့်လန်ကတော့ သူတို့ထဲကတစ်ယောက်ပါ။ သမ့်လန်၏မိသားစုစည်းစိမ်သည် လီရှင်းယွင်နှင့်ယှဥ်ပြိုင်နိုင်သည်။ သူမမိသားစုက အစာပြေမုန့်စီးပွားရေးလုပ်ငန်းကို တည်ထောင်ထားကြသည်။


သူမမှာလည်း အစ်ကိုကြီးတစ်ယောက်ရှိပေမယ့် လီရှင်းယွင်ကဲ့သို့ မဆက်ဆံခံရပေ။ သူမမိဘများသည် မိန်းကလေးများထက် ယောကျာ်းလေးကို ပိုအရေးပေးသည်။ သူမအစ်ကိုကြီးသည် အိမ်၌ ဘုရင်တစ်ပါးလို အပြုစုခံရပြီး သူမကို သိပ်ဂရုမစိုက်ကြပေ။ သူမသည် ပိုက်ဆံအတွက် စိတ်ပူစရာမလိုသော်လည်း သူမအပေါ် အချိန်များစွာ မဖြုန်းတီးကြပါ။ သူမကိုင်ထားတဲ့လက်ကိုင်အိတ်ကပင် လွန်ခဲ့သောနှစ်နှစ်က ထွက်ရှိထားတာ ခေတ်မမှီတော့သောအိတ်တစ်ခုဖြစ်သည်။ လီရှင်းယွင်သည် သူမနှင့်မတူပဲ သူမအား သူမလိုချင်သမျှအရာအားလုံးကို ရရှိနိုင်ခဲ့သည်။


သမ့်လန့်သည် ဒီမွေးနေ့စားသောက်ပွဲကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရမယ်ဆိုရင် ယွမ်ငါးသန်းအထက် ကုန်ကျနိုင်သည်။ ဆိုလိုသည်မှာ လီရှင်းယွင် အသက်ဆယ့်ခုနစ်နစ်ပြည့်မွေးနေ့ပွဲသည် လီရှစ်ကျီ အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပွဲနဲ့ အတူတူပါပဲ။ သူမနှင့် လီရှင်းယွင်ဟာ မိသားစုရဲ့ အငယ်ဆုံးသမီးဖြစ်ကြတာ တူပေမယ့် သူတို့ရဲ့အခြေအနေဟာ အစွန်းနှစ်ဖက်မှာပါပဲ။ ဒါ့အပြင် သမ့်လန်သည် လီရှစ်ကျီကို အတော်လေးစိတ်ဝင်စားနေခဲ့သည်။ လီရှစ်ကျီကို သူတို့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကောင်းမွန်သည့်ဖမ်းစားမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူ့မှာ မယုံနိုင်လောက်အောင် ကောင်းမွန်သောအသွင်အပြင်ရှိပြီး အခြားဒုတိယမျိုးဆက်သခင်လေးများကဲ့သို့ မြာမပွေပေ။


လီရှင်းယွင်အတွက် သုံးစွဲခဲ့သော အရင်းအမြစ်များသည် လီရှစ်ကျီအတွက် သုံးစွဲခဲ့တာနှင့် တူညီသည်။ သူမအနေဖြင့် သူမကို ဤမွေးနေ့စားသောက်ပွဲသို့ ခေါ်ဆောင်သွားဖို့ သူမမိဘများကို အချိန်အတန်ကြာ တောင်းပန်ခဲ့ရသည်။ သူမသည် လီရှစ်ကျီနှင့် တွေ့ဆုံပြီး အချိန်ကောင်းအချို့ဖန်တီးကာ ကောင်းမွန်သည့် အမှတ်တရတစ်ခု ထားရစ်ချင်ခဲ့ပေမယ့် သူ့ကို ဒီနေရာမှာ မတွေ့ခဲ့ရပေ။ သူမသည် လီရှင်းယွင်နှင့် အနည်းငယ်လောက်ဖြစ်ဖြစ် ဆင်တူအောင်လုပ်ပြီး ဆက်သွယ်ချင်ခဲ့သည်။


လီရှင်းယွင်ထံ သူမသည် ဝိုင်ခွက်ကိုင်၍ လမ်းလျှောက်လာကာ သာမာန်ကာလျှံကာ မေးလိုက်သည်။ “နင့်အစ်ကိုနဲ့ နင့်အဖေကို ဒီနေ့လာတာ မတွေ့ပါလား”


လီရှင်းယွင်သည် သူမကို လှည့်လိုက်ပြီး သူမ မည်သူမည်ဝါဖြစ်ကြောင်း မသိပေမယ့် သူမက ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ “အိုး… ကျွန်မ သူတို့ကို ဒီနေ့ မတွေ့မိဘူး” သူမမိခင်က သူတို့ကို မလာစေချင်ပေမယ့် လီရှင်းယွင်က သူတို့ တကယ်ပဲ မလာရောက်သည့်အတွက် စိတ်ဆိုးနေဆဲပင်။ ထို့အပြင် သူမသည်  သူမမိခင်အကြောင်း အတင်းအဖျင်းပြောကြမှာကို မလိုလားပေ။ သူမကိုယ်သူမ အပြစ်ရှိသည်ဟု မှတ်ယူခဲ့သည်။ သူမသည် အသက်ဆယ့်ခုနစ်နှစ်သာရှိသေးပြီး ဒီနေ့ရဲ့ မွေးနေ့ရှင်ကောင်မလေးဖြစ်သည်။ သူမသည် အနည်းငယ် စိတ်ရူးပေါက်ဖို့ မတတ်နိုင်ပါဘူး။


သမ့်လန်ဟာ စကားအနည်းငယ်ခန့် ပြောပြီးနောက် ရပ်တန့်လိုက်သည်။ သူမသည် အလွန်နားလည်မှုရှိသော အစ်မကြီးတစ်ယောက်အသွင်ဖြင့် ပြောလိုက်သည်။ “အိုး… ဒါပေမယ့် နင့်အသက် ဆယ့်ခုနစ်နှစ်ရှိပြီလေ။ နင် အတေးအမှတ်တွေ ထပ်မထားသင့်တော့ဘူး။ နောက်ဆုံးမှာ နင်တို့က မိသားစုတစ်ခုတည်းဖြစ်ပြီးတော့ နင် သူတို့နဲ့နားလည်မှုလွဲနေတာတွေရှိရင် နင်ဖြေရှင်းသင့်တယ်”


ထို့နောက် သူမက စာနာသောအသွင်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အိုး… နင့်မိဘတွေ ကွာရှင်းလိုက်ကြတာကို ငါ မေ့နေတာပဲ။ အံ့သြစရာမရှိပါဘူး”


သမ့်လန်သည် ထိုအကြောင်းကို သတိရလိုက်တော့ ခံစားချက်ပိုကောင်းလာသည်။ ထိုအရာမှာ သူမက လီရှင်းယွင်ထက် အနည်းဆုံး ပိုသာသည်။ သူမမိဘများ၏ဆက်ဆံ‌ရေးသည် အရှင်းကောင်းမွန်နေခြင်း မရှိသော်လည်း အနည်းဆုံးတော့ သူတို့ဟာ မကွာရှင်းကြပေ။ အန်တီဖန့်၏စိတ်နေစိတ်ထားက ပိုကောင်းတာ ဖြစ်နိုင်သည်။


လီရှင်းယွင်သည် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ “ဘာကြောင့် အံ့သြစရာမရှိတာလဲ”


အခြားသူများက မကောင်းသောအကြံများနှင့် ရည်ရွယ်ချက်ရှိသောသူများကို သူမ မုန်းတီးသည်။