အခန်း ၇၅
Viewers 25k


အခန်း (၇၅) – လီရှင်းယွင် စိတ်ထားနူးညံ့လွန်းတယ်၊ နောက်ကျရင် သူမကို သူ့လှည့်ကွက်တွေအောက်မှာ မကျရှုံးစေချင်ဘူး (၃)


သမ့်လန်က မေးလိုက်သည်။ "နင့်မိဘတွေ ကွာရှင်းပြီးသည့်နောက်မှာ နင့်အခြေအနေတွေ အရမ်းကောင်းနေတယ်ဆို" သူမဖခင်နှင့် အစ်ကို၏ချစ်ခြင်းမရရှိပဲ သဘာဝကျစွာပင် လီရှင်းယွင်၏ လက်ရှိဘဝဟာ ဆိုးရွားနေလိမ့်မယ်ဟု သူမ ယူဆထားမိခဲ့သည်။


လီရှင်းယွင်သည် သူမခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။ "နင်ပြောတာ မှန်တယ်။ ငါ့ဘဝက အရင်ကနဲ့ လုံးဝကွာခြားသွားတယ်။ အရင်တုန်းက ငါ့လစဥ်မုန့်ဖိုးငွေက ယွမ်တစ်သိန်းပဲ ရခဲ့တာ။ အခု ငါ့အမေက ငါ့ကို အရမ်းချစ်တော့ တစ်လကို ယွမ်ငါးသိန်းပေးတယ်လေ"


လီရှင်းယွင်သည် စကားပြောဆိုသည့်နေရာမှာ မကောင်းမွန်သော်လည်း သမ့်လန်၏ရည်ရွယ်ချက်မှာ မကောင်းမွန်ကြောင်းကိုတော့ သူမ ပြောနိုင်ပါသေးသည်။ အလေးအနက်ထားပြီး စဥ်းစားကြည့်မယ်ဆိုရင် သူမမွေး‌နေ့စားသောက်ပွဲမှာ သူမအား ရန်စဖို့ ဒီလူက ဘာမှားယွင်းနေတာလဲ။


သမ့်လန်မျက်နှာဟာ အနည်းငယ် အေးခဲသွားခဲ့သည်။ သူမ၏လစဥ်မုန့်ဖိုးငွေမှာ ယွမ်တစ်သောင်းသာ ရရှိသည်။ သူမက ထိုပိုက်ဆံကို ခြိုးခြံချွေတာပါမှ ဇိမ်ခံပစ္စည်းအချို့ကို ဝယ်ယူနိုင်တာ ဖြစ်သည်။ လီရှင်းယွင်နှင့်နှိုင်းယှဥ်လျှင် သူမပုံရိပ်ဟာ အစေခံတစ်ယောက်လောက်ပင် ရှိတော့သည်။


လီရှင်းယွင်ဟာ မျက်နှာထားခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ငါကလည်း နင့်ကို အရမ်းသဘောမကျပါဘူး။ ငါ့‌ရှေ့မှာ နင့်မျက်နှာကို ခဏခဏလာမပြနဲ့"


နောက်ဆုံးတော့ သူမသည် ယိုယွင်းပျက်စီးနေသော က‌လေးတစ်ယောက်သာဖြစ်ပြီး သူမ ဘာမှ ထပ်မပြောချင်ပါ။


လီရှင်းယွင်သည် ဒေါသထွက်ရှက်ရွံ့နေသောမျက်နှာဖြင့် ရပ်နေသော သမ့်လန်ကို ချန်ထားခဲ့ပြီး လှည့်ထွက်လာခဲ့သည်။ သူမသည် လီရှင်းယွင်တွင် ထိုကဲ့သို့ ဆိုးရွားသောစိတ်ဓာတ်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အံ့သြစရာတော့ မဟုတ်ပေ။ သူမဖခင်ရင်းနှင့် အစ်ကိုရင်းတောင်မှ သူမကို မနှစ်သက်ကြပဲ သူမမွေးနေ့စားသောက်ပွဲကို မလာခဲ့ကြပေ။ လီရှစ်ကျီမှာ ဒီလိုရိုင်းစိုင်းတဲ့ ညီမတစ်ယောက်ရှိခြင်းအတွက် သူမ စိတ်မကောင်းဖြစ်မိခဲ့သည်။


သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ယခင်သူမနှင့် စကားပြောဆိုနေခဲ့သော မိန်းကလေးများထံ လျှောက်သွားသောအခါ သူတို့သည် သူမကို အကွာအဝေးတစ်ခုထားနေကြောင်းကို သတိပြုမိလိုက်သည်။ ရှင်းလင်းစွာပဲ သူတို့သည် သူမနှင့် နောက်တဖန် စကားပြောဆိုလိုသည့်ဆန္ဒမရှိကြပါ။


ဒါက သမ့်လန်ကို ပို၍စိတ်ရှုပ်ထွေးစေခဲ့သည်။ လူတိုင်းက သူမကို လှောင်ပြောင်သရော်ပြီး ရယ်စရာလုပ်နေတယ်လို့ ခံစားခဲ့ရသည်။


***


သမ့်လန်ကဲ့သို့သောအရူးမျိုးဟာ လူနည်းစုသာ ရှိသည်။ လီရှင်းယွင်သည် အကြောင်းအရာကို အလျင်အမြန်ပင် ပြောင်းခဲ့ပြီးတော့ သူမမွေးနေ့စားသောက်ပွဲကို ပျော်ရွှင်စွာဆက်လက်ကျင်းပခဲ့သည်။


စားသောက်ပွဲပြီးဆုံးပြီးနောက် ဧည့်သည်အားလုံးကို သူမမိခင်နှင့်အတူ နှုတ်ဆက်ပို့ဆောင်ခဲ့ပြီး လီရှင်းယွင်သည် သူမရရှိသောလက်ဆောင်ပစ္စည်းအားလုံးကို ဖွင့်ဖောက်ခဲ့သည်။ သူမအနေဖြင့် သူမအကြိုက်ဆုံးမှာ သူမမိခင်ပေးသည့် ဥဿဖရားကျောက်လက်ဝတ်ရတနာတစ်ဆင်စာကိုပင် ဖြစ်သည်။ ထိုလက်ဝတ်ရတနာ၏လက်မှုလက်ရာသည် အံ့သြဖွယ်ကောင်းပြီး ကျောက်များဟာ သန့်စင်တောက်ပနေခဲ့သည်။


"အာ" ရုတ်တရတ် သူမသည် လက်‌ဆောင်ထုပ်၏အပြင်ဖက်တွင် လီဝမ့်ကျင်း၏နာမည်ကို ရေးထိုးထားတာကို တွေ့လိုက်ရသည်။ သူက လူကိုယ်တိုင် မလာခဲ့သော်လည်း တစ်စုံတစ်ယောက်ဖြင့် လက်‌ဆောင်တစ်ခုကိုတော့ ပို့ပေးခဲ့သည်။


လီရှင်းယွင်ဟာ အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားရသည်။ သူမသည် သူမဖခင်က သူမကို မေ့သွားခဲ့ပြီဟုထင်ခဲ့သော်လည်း သူက သူမအတွက် လက်ဆောင်တစ်ခု ပို့ပေးခဲ့သည်။ သူမဟာ သူ့ကြောင့် စိတ်မကောင်းဖြစ်နေဆဲဖြစ်သောကြောင့် ထိုလက်ဆောင်ကို ဖွင့်မကြည့်မိသေးပါ။ လက်ဆောင်ထုပ်အတွင်းတွင် ပန်းချီကားတစ်ချပ်ရှိနေတာဖြစ်ပြီးတော့ ရှုဖန့်ဝမ်၏လက်ရာလို့ သူမ ချက်ချင်းပြောနိုင်ခဲ့သည်။


သူမဖခင်သည် ထိုပန်းချီဆရာ၏အကြီးစားပရိသတ်ဖြစ်သောကြောင့် သူမသည်လည်း ဤအနုပညာရှင် ရေးဆွဲသည့်ပုံစံနှင့်ပတ်သတ်၍ အတော်လေးနားလည်မိခဲ့သည်။


ဤသည်မှာ သစ်ခွပန်းချီကားတစ်ချပ်ဖြစ်သည်။ သူမသည် သူမဖခင်က ထိုပန်းချီကားအတွက် ယွမ်တစ်သန်းသုံးစွဲခဲ့ကြောင်းကို ပြန်အမှတ်ရခဲ့သည်။ ဒီမွေးနေ့လက်ဆောင်ဟာ အတော်လေး တွေး‌တောထားပုံရသည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမက သူမဖခင်စိတ်ထဲမှာ နေရာမရှိတာမဟုတ်ဘူးထင်တယ်။


အနည်းငယ် ခံစားသွားရပြီးနောက် သူမသည် သူမမိခင်ထံ ထိုလက်ဆောင်ကိုပြရန် သွားခဲ့သည်။

 

ဖန့်ကျွင်းရုံဟာ ပန်းချီကားကိုမြင်လိုက်တာနဲ့ သူမ၏အပြုံးမျက်နှာဟာ ပျောက်ကွယ်သွားခဲ့သည်။ "ကောင်းတယ် ကောင်းပါလေ့ လီဝမ့်ကျင်း"


သူမသမီးမွေးနေ့လက်ဆောင်အဖြစ် အသုံးမဝင်သောစာရွက်တစ်စကို ဘယ်လိုများ ပေးရဲရတာလဲ။
လီရှင်းယွင်၏နှုတ်ခမ်းဟာ အနည်းငယ် ပွင့်ဟသွားသည်။ သူမက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "မေမေ ဒီပန်းချီကားကို မကြိုက်ဘူးလား" သူမသည် ဒီပန်းချီကားက သူမ အလွန်တန်ဖိုးထားသည် မဟုတ်သော်လည်း ရှုဖန့်ဝမ်၏လက်ရာပန်းချီကားများသည် အလွန်အဖိုးတန်ကြောင်းကို အနည်းဆုံးတော့ သူမ သိလေသည်။


ဖန့်ကျွင်းရုံသည် လှောင်ပြောင်သည့်အသွင်ဖြင့် ရယ်သွမ်းသွေးကာ ပြောလိုက်သည်။ "ဒီပန်းချီကားက အတုပဲ။ သူက သူ့သမီးရင်းကို အတုပေးခဲ့တယ်။ ဒီလိုလုပ်လိမ့်လို့ အမေ လုံးဝမထင်ခဲ့ဖူးဘူး"


သူမက ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောလိုက်ပြီးတော့ သူ့ကလေး၏စိတ်ထဲက သူ့ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားပေးရန် မရည်ရွယ်ထားပုံပေါ်သည်။ လီရှင်းယွင်ဟာ စိတ်နှလုံးနူးညံ့သိမ်မွေ့သည်။ သူမက ရှင်းယွင်ကို နောက်ပိုင်းတွင် သူ့လှည့်ကွက်များအကြား မကျရောက်သွားစေချင်ဘူး။


"ဟမ့်" လီရှင်းယွင်က သူမ နားကြားမှားတယ်လို့ပဲ