အခန်း ၇၆
Viewers 25k

အခန်း (၇၆) – အဆုံးသတ်မှာ နာကျင်မှု တစ်ခုတည်းကိုသာ လက်ခံရရှိခဲ့သည် (၁)


လီရှင်းယွင်ဟာ သူမဖခင်၏လုပ်ရပ်ကြောင့် သိပ်‌မပျော်ရွှင်တော့ပေ။ သူဟာ သူမရဲ့ဖခင်ရင်းဖြစ်ပြီး အတိတ်ကာလအချိန်များတုန်းက သူမကို အတော်လေး ချစ်ခင်အလိုလိုက်ခဲ့ပါသည်။ လီရှင်းယွင်သည် သူမဖခင်ဟာ တကယ်ဆိုးရွားနေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော် သူမက သူမမိခင်ဟာ သူမဖခင်ကို ရည်ရွယ်ချက်ရှိရှိ မကောင်းစကားဆိုလိမ့်မယ်လို့ ပိုလို့တောင် မထင်ပါဘူး။ ဒါကြောင့် သူမဟာ အံ့အားသင့်သွားခဲ့ပါသည်...


ဖန့်ကျွင်းရုံကလည်း အများကြီး မပြောပြချင်ခဲ့ပါဘူး။ သူမက ရိုးရှင်းစွာ ဖုန်းကောက်ကိုင်ပြီး လီဝမ့်ကျင်းထံ ဖုန်းခေါ်လိုက်သည်။ သူမအသံဟာ အေးစက်နေခဲ့သည်။ “ရှင် ရှင်းယွင်ကို ပန်းချီကားတစ်ချပ် ပေးခဲ့တာလား”


ဖုန်းကိုင်ထားသည့် အခြားတစ်ဖက်မှ လီဝမ့်ကျင်းသည် အနည်းငယ် ပင်ပန်းနေခဲ့သည်။ “အင်း သမီးက ကိုယ်စုဆောင်းထားတဲ့ ပန်းချီကားတွေထဲက ပန်းချီကားတစ်ချပ်လောက် လိုချင်နေခဲ့တာ မဟုတ်ဘူးလား။ သူမရဲ့မွေးနေ့ဖြစ်လို့ ကိုယ် သူ့ကို လက်ဆောင်အဖြစ် ပေးလိုက်မယ်လို့ စဥ်းစားလိုက်တာ။ ပြီးတော့ သူမက ကိုယ့်သမီးပါပဲ။ သေချာပေါက် ကိုယ် သူမကို ဂရုစိုက်ရမှာပေါ့”


သူ့စကားတွေကို ကြားလိုက်ရသည့် လီရှင်းယွင်၏မျက်နှာဟာ စိတ်သက်သာရာအချို့ ရရှိသွားခဲ့မိသည်။


ဖန့်ကျွင်းရုံက ခပ်ဟဟ ရယ်ပစ်ချင်မိသည်။ သူက မနှစ်မြို့ဖွယ်ရာကောင်းသော ပြောင်းရွှေ့မှုတစ်ခု ပြုလုပ်ပြီးနောက်မှာတော့ သူ့သမီးကို သူ ဂရုစိုက်နေသေးတယ်လို့ ထင်နေတာလား။ သူမအသံဟာ ပိုမိုအေးစက်လာခဲ့သည်။ “အိုး… ကျွန်မအိမ်ထဲမှာ ရှင့်ကို အမှတ်နေစေမယ့် ဘာမှကို မရှိစေချင်ဘူး။ ဒါကြောင့် ကျွန်မ ပန်းချီကားကို လေလံတင်ဖို့ စဥ်းစားထားတယ်”


လီဝမ့်ကျင်း၏အသံဟာ ချက်ချင်းပင် စကားထစ်သွားခဲ့သည်။ “ခဏလေး မင်း ဒီလိုလုပ်လို့ မရဘူးလေ။ အဲ့တာက ရှင်းယွင်ကိုပေးတဲ့ ကိုယ့်လက်ဆောင်ပဲ။ အဲ့တာက သူမအပေါ်ထားတဲ့ ကိုယ့်မေတ္တာကို ကိုယ်စားပြုတယ်”


ဖန့်ကျွင်းရုံသည် သူမနှင့်လိုက်ပါ ကစားစေလိုသည့် အကြည့်ဖြင့် လီရှင်းယွင်ကို အသံတိတ် အချက်ပြလိုက်သည်။


လီရှင်းယွင်က သူမမိခင်ကို သူမဖခင်ကို ပိုယုံကြည်သည်။ သူမမိခင်ထံမှ ဖုန်းကိုလက်လွှဲယူလိုက်ကာ အလွန်စိတ်မကောင်းသည့်အသံဖြင့် “သမီး တောင်းပန်ပါတယ် ဖေဖေ ဒါပေယ့် သမီး မေမေကို တကယ် စိတ်မကောင်း မဖြစ်စေချင်ဘူး။ မေမေက ပန်းချီကားကို လေလံတင်ရောင်းချမှ စိတ်ပျော်မယ်ဆိုရင် သမီး အဲ့အတိုင်းပဲ နာခံချင်ပါတယ်”


“ဒါ့အပြင် ဖေဖေက အဲ့ဒီပန်းချီကားကို သမီးကို လက်ဆောင်ပေးပြီးသားပဲ။ သမီး အဲ့တာအတွက် ကိုယ်တိုင် ဆုံးဖြတ်ချတာ ဖြစ်သင့်ပါတယ်နော်”


လီရှင်းယွင်သည် ဖုန်းစပီကာကို မဖွင့်ထားသဖြင့် အခြားတစ်ဖက်မှ လီဝမ့်ကျင်း ပြောဆိုနေသော စကားများကို ဖန့်ကျွင်းရုံဟာ မကြားနိုင်သော်လည်း လီရှင်းယွင်၏မျက်နှာဟာ တဖြည်းဖြည်း မည်းမှောင်လာတာကိုတော့ သူမ တွေ့ရသည်။ နောက်ဆုံးမှာတော့ လီရှင်းယွင်ဟာ ဖုန်းကို ချလိုက်သည်။


သူမက နှုတ်ခမ်းစူရင်း ဖြေလိုက်သည်။ “သမီး ပန်းချီကားကို လေလံတင်ဖို့ ရာဖြတ်ဆီပို့မလို့ ပြောလိုက်တာနဲ့ အဖေက ရူးသွပ်သွားသလိုပဲ။ သူက အဲ့ပန်းချီကားကို သူ့ဆီပြန်ပေးပြီး အဲ့တာကို သမီးကိုလက်ဆောင်ပေးခဲ့တာကို နောင်တရတယ်လို့ ပြောတယ်။ ဖေဖေက သူ သမီးကို မတူညီတဲ့ အခြားလက်ဆောင်တစ်ခုကို ပို့ပေးမယ်လို့ ပြောတယ်”


အကယ်၍ ဖန့်ကျွင်းရုံသည် သူမကို ပန်းချီကားနှင့်ပတ်သက်၍ မှားယွင်နေကြောင်းကို ကြိုတင်သတိမပေးခဲ့ပါက လီရှင်းယွင်သည် ၎င်းကို များစွာ စဥ်းစားစရာမလိုပါ။ လီဝမ့်ကျင်းရဲ့ တုန့်ပြန်မှုက အရာအားလုံးကို အတည်ပြုပေးခဲ့သည်။ သူက ထိုပန်းချီကားကို လေလံတင်ဖို့ ရာဖြတ်ဆီ ပို့လိုက်မှာကို စိုးရိမ်နေခဲ့သည်။ ဆိုလိုတာက သူက အဲ့ပန်းချီကားနှင့် ပတ်သက်ပြီး မှားယွင်းနေတာကို သူ အားလုံးသိနေတယ်။


သူမ၏ဖခင်ရင်း… သူ့ထံမှ ရရှိခဲ့သည့် လက်ဆောင်က အတုတစ်ခုတဲ့လား။ အမလေး ရယ်ချင်စရာ ရယ်ချင်စရာကောင်းလိုက်လေခြင်း...


လီရှင်းယွင်ဟာ ငိုကြွေးချင်ခဲ့တယ်။ သူမ အလွန်မတရားသလို ခံစားရတယ်။ သူမအဖေသည် သူမကို မချစ်ပဲ သူမအပေါ် ထိုကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ခဲ့‌လိမ့်မည်ဆိုတာကို သူမ နားမလည်နိုင်ခဲ့ပါဘူး။ သူ့သမီးရင်းမှတစ်ပါး သူက အခြားအမျိုးသမီးများအပေါ် သဘောထားကြီးစွာ ဆက်ဆံပေးခဲ့သည်။ ပြီးတော့ သူက သူမကို ဒီလိုနည်းလမ်းဖြင့် စော်ကားခဲ့လေသည်။


သူမဟာ နှာတရှုပ်ရှုပ်ဖြစ်နေရင်း ငိုချင်စိတ်အပြည့်ဖြင့် ဝမ်းနည်းဖွယ် ဆို့နစ်နေခဲ့သည်။ “ဖေဖေက ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ”


ဖန့်ကျွင်းရုံဟာ အေးဆေးတည်ငြိမ်နေခဲ့သည်။ “ကျန်းယာ့ကောက သူ့ခွေးအချစ်ရဲ့သမီးမို့လို့လေ။ ခွေးအချစ်က အမြဲတမ်း အကောင်းဆုံးပါပဲ” တိတိကျကျပြောရမယ်ဆိုရင် အဲ့လူက လီဝမ့်ကျင်း၏ တစ်ဖက်သတ်အချစ် ကျန်းယာ့ကော၏မိခင် ဝမ်စစ်အာပင် ဖြစ်သည်။


သူမ ဖတ်ရှုခဲ့ဖူးသည့်စာအုပ်အရ လီဝမ့်ကျင်းသည် ကောလိပ်ဒုတိယနှစ်တွင် စီးပွားရေးလုပ်ငန်းများကို စတင်ကြိုးစားလုပ်ကိုင်ခဲ့သည်။ သူသည် သူ့မိသားစုမှပေးသောရန်ပုံငွေများအပြင် သူ စုဆောင်းထားခဲ့သော ငွေအားလုံးပါ ဆုံးရှုံးခဲ့ရသည်။ လီဝမ့်ကျင်းသည် လီအိမ်တော်၏ တရားဝင်အမွေဆက်ခံသူ မဟုတ်သေးပါ။ မိသားစုရှိအကြီးအကဲများ သူ့အပေါ် အထင်အမြင် လွဲမှားမှာဆိုးသောကြောင့် သူက မိသားစုကို အကူအညီ မတောင်းခဲ့ပါ။ အကယ်၍ သူသာ အကူအညီတောင်းခဲ့မယ်ဆိုရင် ၎င်းက သူတို့စမ်းသပ်နေသည့် အမွေဆက်ခံသူဖြစ်ခွင့်ကို စွန့်လွှတ်လိုက်ခြင်းနှင့် ညီမျှပေလိမ့်မည်။


သူ အလွန်ဆင်းရဲပင်ပန်းသောအချိန်ကာလအတွင်းမှာ ဝမ်စစ်အာသည် သူမကိုယ်ပိုင်စုဆောင်းငွေကို သူ့ကို ပေးခဲ့ပြီး ကူညီခဲ့ဖူးသည်။ အဲဒီအချိန်ကတည်းက သူမဟာ သူ့ရဲ့အဖြူရောင်လမင်းလေး ဖြစ်လာခဲ့သည်။ ထိုစဥ်က ဝမ်စစ်အာသည် သူမတွင် ရည်းစားရှိပြီးဖြစ်သောကြောင့် သူ့ကို ငြင်းပယ်ခဲ့သည်။ လီဝမ့်ကျင်းသည် ထိုအချစ်ကို သူ့နှလုံးသားထဲ၌ နက်ရှိုင်းစွာ