အခန်း (၇၇) – အဆုံးသတ်မှာ နာကျင်မှု တစ်ခုတည်းကိုသာ လက်ခံရရှိခဲ့သည် (၂)
လီရှင်းယွင်ဟာ အရမ်းဝမ်းနည်းနေပြီး သူမမျက်နှာဟာ ရဲရဲနီနေခဲ့သည်။ “ဒါက ဖေဖေ ကျန်းယာ့ကောကို သမီးထက် ပိုပြီးကောင်းမွန်စွာ ဆက်ဆံနေတဲ့ အကြောင်းပြချက်ပေါ့”
သူမကြောင့် ဖေဖေက ကျန်းယာ့ကောကို သူ့သမီးရင်းထက် ပိုကောင်းမွန်စွာ ဆက်ဆံခဲ့တာတဲ့လား။
လီရှင်းယွင်သည် လီဝမ့်ကျင်းနှင့် သားအဖကြားက ဆက်ဆံရေး ချစ်ခြင်းတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာခြင်းကို ရပ်တန့်ရန် မျက်နှာကို အပေါ်မော့ထားလိုက်သည်။ သူကြောင့် သူမမျက်ရည်များကို မကျဆင်းစေလိုတော့ပါ။ ဒါပေမယ့် သူမ စိတ်ဆိုးဒေါသထွက်နေပြီး စိတ်မကောင်းဖြစ်နေတုန်းပင်။ အရမ်းစိတ်ဆိုးတယ်။
ထို့နောက် သူမက ကျန်းယာ့ကောကို ချစ်မြတ်နိုးချိန်ကစ၍ သူတို့ထံ တစ်ခါမှာ မလည်ပတ်ခဲ့သော သူမအစ်ကိုအကြောင်းကို တွေးမိခဲ့ပြန်သည်။ သူက သူမ့မွေးနေ့အတွက် မွေးနေ့ဆုတောင်း စကားတစ်ခွန်းကိုမှ သူမထံ မပို့ပေးချေ။
ထိုဖခင်ရော သားပါ သူမဘဝတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ကျွင်းရုံက သူမကို အချိန်အတော်လေးကြာအောင် နှစ်သိမ့်ပေးခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။ မေမေတို့က ပန်းချီကားအကြောင်းကို ဂရုမစိုက်ပါဘူး။ မင်းဖေဖေဆီကနေ ပိုက်ဆံများများ ပိုရဖို့ မေမေ့ကို အဲ့ပန်းချီကားကို သုံးခွင့်ပြုပေးနော်။ အဲဒီပန်းချီကားရဲ့စျေးကွက်ပေါက်စျေးက အနည်းဆုံး ယွမ်နှစ်မီလီယံအထက်ရှိတယ်”
ဖန့်ကျွင်းရုံက ငွေကြေးလိုအပ်နေ၍ မဟုတ်ပါ။ သို့သော် လီဝမ့်ကျင်းသည် သူပိုင်ကုမ္ပဏီရှယ်ယာများကို ရောင်းချခြင်းမပြုပါက မကြာမီအချိန်တွင်ပင် ငွေကြေးပြတ်လပ်သွားလိမ့်မည်ဆိုသည့်အကြောင်းကို သူမ သိလေသည်။ ဤလဟာ သူ့အတွက် အသားကို လှီးဖြတ်ခံရသလို ကြပ်တည်းနေမှာနှင့် တူလိမ့်မည်မှာ သေချာလှသည်။ သူ မပျော်ရွှင်တာကို သူမ မြင်ရချိန်တိုင်းမှာ သူမ ပျော်ရွှင်လေသည်။
တနည်းအားဖြင့် သူမသည် ဒီအကြောင်းနှင့်ပတ်သက်၍ အတင်းအဖျင်းတချို့ပြန့်အောင် ပြုလုပ်နိုင်ပေမယ့် သူမက ထို့သို့ မပြုလုပ်ချင်ခဲ့ပါဘူး။ အခြားသူများက လီဝမ့်ကျင်းကို အပျက်သဘောဖြင့် ပြောကြသသည့်အခါ ရှင်းယွင်သည်လည်း လုံးလုံးလျားလျား လွတ်ကင်းနိုင်မှာ မဟုတ်ပေ။ သူမအတွက်တော့ သမီးလေးဟာ ရတနာတစ်ပါးပဲ။ သူမကို အတင်းအဖျင်း နည်းနည်းလေးမှ အပြောမခံနိုင်ပေ။
သူမက မျက်လုံးကို အနည်းငယ်မှေး၍ တွေးတောနေမိသည်။ သို့ပေမယ့် သူမက လီဝမ့်ကျင်းရဲ့စုဆောင်းမှုတွေကို အခြားသူများထံ ချီးကျူးပေးလို့ရပြီးတော့ ရှေးဟောင်းပစ္စည်းစုဆောင်းသူ အနည်းငယ်က သူ့စုဆောင်းမှုတွေကို ပြသရန် သူ့အား တောင်းဆိုဖို့က ဖြစ်နိုင်လေသည်။
***
လီဝမ့်ကျင်းသည် စကားကို ထပ်ကာထပ်ကာ ပြောဆိုနေည်။ သူ့မှာ အချိန်များစွာ ကုန်ဆုံးပြီးနောက်တွင် ပန်းချီကားကို လီရှင်းယွင်ထံမှ ပြန်ရလိုက်သည်။ ထို့နောက် သူ့သည် သူမမွေးနေ့အတွက် စျေးဝယ်ထွက်ရန် ယွမ်နှစ်မီလီယံ လွှဲပေးလိုက်ရသည်။ သူ ပိုက်ဆံလွှဲပေးနေသည့်အချိန်တွင် သူ့ကို အလွန်အမင်း နှိက်စက်ညှဥ်းပန်းခံနေရသလိုမျိုး ခံစားနေခဲ့ရသည်။
သူဟာ ဖန့်ကျွင်းရုံကို ကွာရှင်းပြီးသည့်အချိန်ကစလို့ သူမသည် အရင် သူမှတ်မိနေခဲ့သော ပုံစံကနေ ဘယ်လောက်တောင် ပြောင်းလဲသွားလဲ ဆိုတာကို သူ သဘောပေါက်လာခဲ့သည်။ သူမသည် ယခင်ကထက် ပိုမာန်ပါလာပြီးတော့ သူမက သူ့ကို နည်းနည်းလေးမှ မချစ်တော့ပေ။
သူက ငွေကြေးနည်းနည်းလောက် ချွေတာမိဖို့အတွက် အဲဒီပန်းချီကားကို ဘယ်တော့မှ မပို့လိုက်သင့်ပေ။ ယခုတော့ သူ့အိတ်ထဲမှ ပို၍ပင် ထွက်သွားခဲ့သည်။ ပိုဆိုးတာက ရှင်းယွင်က အဲ့ဒီပန်းချီကားက မှားယွင်းနေကြောင်းကို သတိပြုမိလိုက်လား ဆိုတာကိုပါပဲ။
မဟုတ်လောက်ပါဘူး။ ရှင်းယွင်းရဲ့ ဆိုးရွားတဲ့စိတ်ထားနှင့်ဆိုလျှင် ထိုအကြောင်းကို သိတာနဲ့ ချက်ချင်း သူမသည် သူ့ထံကို ကြိုးဖြေပေးလိုက်သည့် ခွေးလိုမျိုး ဝုန်းဒိုင်းကြဲ လာပေလိမ့်မည်။
သူ့နဖူးပေါ်ရှိချွေးများကို သူ သုတ်လိုက်သည်။ ဖန့်ကျွင်းရုံနှင့် ကွာရှင်းလိုက်ရခြင်းက သူ့ကို အများကြီး ဆုံးရှုံးသွားစေခဲ့သည်။ သူ ချေးငွေထုတ်ချေးရင်တောင်မှ သူ အလုပ်တိုးချဲ့ဖို့အတွက် လုံလောက်တဲ့ ပမာဏရမှာ မဟုတ်ဘူး။ ရှင်းယွင်ဟာ ကျွင်းရုံနှင့်အတူနေပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာခဲ့တယ်။ သူမဟာ အခုအချိန်တွင် ငွေကြေးကသာ အရာရာဖြစ်နေပြီး သူမဖခင်အကြောင်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဒီအချိန်မှာ အခြားဖုန်းကောတစ်ခုဟာ ဝင်လာခဲ့သည်။ ဖုန်းမျက်နှာပြင်ပေါ်မှနာမည်ကိုမြင်လိုက်ရတော့ လီဝမ့်ကျင်းဟာ ဖုန်းကို မြန်မြန်ဆန်ဆန် ကောက်ကိုင်လိုက်သည်။ သူ ဖုန်းပြောဆိုနေသည့်အချိန်မှာ ငါးမိနစ်လောက် ကြာသွားခဲ့သည်။ သူ စိတ်ဓာတ်ကျနေဆဲဖြစ်သော်လည်း စိတ်ကျေနပ်မှုတစ်ခုကို ခံစားခဲ့ရသည်။
ထိုဖုန်းကောဟာ သူငှားရမ်းထားသော အလွတ်စုံထောက်တစ်ဦးထံမှ ခေါ်ဆိုတာ ဖြစ်သည်။ အချိန်နှင့် ကြိုးပမ်းအားထုတ်မှုအပြီးတွင် သူ့ကို ဝမ်ရှောင်း ကြံစည်ခဲ့သော မကောင်းမှုကိစ္စရပ်များ၏ သက်သေအထောက်အထားများကို နောက်ဆုံးတွင် သူ စုဆောင်းနိုင်ခဲ့သည်။ ဤမကောင်းမှုများကို တင်ပြလိုက်သည်နှင့်တပြိုင်နက် ဝမ်ရှောင်းဟာ ငြင်းဆိုလျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်သည်မှာ သေချာလေသည်။
နောက်ဆုံးတော့ သူဟာ ဝမ်ရှောင်းကို လက်စားချေနိုင်ခဲ့ပြီးတော့ ဖြစ်လာသည့် အကျိုးဆက်တွေကို မကျေမနပ်ဖြစ်နေရုံတင် တတ်နိုင်သည့်သူမဟုတ်ဘူးဆိုတာကို သိစေချင်ခဲ့သည်။
ထိုအလွတ်စုံထောက်ဟာ ကောင်းပေမယ့်လည်း အကုန်အကျများတယ်။ သူက အလွတ်စုံထောက်ကို နောက်ထပ် ယွမ်နှစ်မီလီယံပေးရန် ကုန်ကျသည်။ ပြီးတော့ လီဝမ့်ကျင်းသည် အခြားသူများနှင့် ကွန်ယက်ချိတ်ဆက်ရန်အတွက် ငွေကြေးစုဆောင်းရန်နှင့် သူ့ရဲ့နေ့စဥ်ကုန်ကျစရိတ်များ ဖြည့်ဆည်းရန်အတွက်ပါ ငွေကြေးလိုအပ်နေခဲ့သည်။
သူက ခဏလောက် အတွေးများပြီးသည့်နောက်မှာ ကျန်းယာ့ကောရဲ့မုန့်ဖိုးငွေကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ဝမ်ရှောင်း သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမှာ သူမလုပ်ရပ်ကြောင့်သာ ဖြစ်သည်။ သူက ကုမ္ပဏီကနေ ငွေကြေးအချို့ ပြန်ရရှိတာနဲ့ သူမကို ချက်ချင်း ပြန်ပေးမှာ ဖြစ်ပါတယ်။ ယာ့ကောဟာ ကြင်နာပြီးနူးညံ့တယ်။ ဒါကို သူမစိတ်ထဲထားမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
သူ့နဖူးကြောများဟာ ပြေလျော့သွားခဲ့သည်။ ဤအချိန်ကာလကို သူ ဖြတ်သန်းနိုင်ဖို့ လိုအပ်သည်။ ဒီနှစ်ဟာ သူ့အတွက် ကံမကောင်းတဲ့နှစ်လို့ စဥ်းစားမိတယ်။ သူ့ရဲ့မကောင်းတဲ့ကံတရားများဖယ်ရှားနိုင်ပြီး ကောင်းမွန်တဲ့ကံတရားများ ပြန်လည်ရရှိနိုင်ဖို့ ဘုရားကျောင်းတစ်ခုမှာ သွားဆုတောင်းဖို့နှင့် သူ့အိမ်တော်ကို စစ်ဆေးရန် ဖုန်းရွှေဆရာတစ်ဦးကို ငှားရမ်းရန်ဖို့ပဲဖြစ်ဖြစ်