အခန်း ၇၉
Viewers 25k


အခန်း (၇၉) – သူက ကျန်းယာ့ကောရဲ့ ရန်သူ ဆိုကတည်းက သူ့ကို ကယ်တင်ရမှာပဲ (၁)


ရှုဝေဝေသည် သူမ တစ်ဆင့်ပြီးတစ်ဆင့်စီစစ်ရွေးထုတ်၍ ရှိလာခဲ့သောဒီဇိုင်းများကို ဖန့်ကျွင်းရုံအား ပြသနေခဲ့သည်။ "ကြည့်စမ်းပါဦး။ နင် ဘယ်လိုဂိုကို အကြိုက်ဆုံးလဲ"


ဖန့်ကျွင်းရုံသည် သူမ၏အသားအရေထိန်းသိမ်းသည့်အလှကုန်ပစ္စည်းများ ထုတ်လုပ်သောကုမ္ပဏီ မိန်ဖုန့်အား လိုဂိုအသစ်တစ်ခုတပ်ရန် စီစဥ်ထားခဲ့သည်။ မူရင်းနာမည်ကို လီဝမ့်ကျင်း ရွေးချယ်ခဲ့တာကြောင့် သူမကို စိတ်ကသိက‌အောက် ဖြစ်စေသည်။ အတိတ်က သူတို့၏အကောင်းဆုံးထုတ်ကုန်မှာ အရေပြားတင်းရင်းစေသော တိုနာနှင့် ချောမွေ့စေသော တိုနာတို့သာ ဖြစ်ကြသည်။


ဖန့်ကျွင်းရုံသည် သူမနယ်မြေမှနွေဦးစမ်းရေက မိတ်ကပ်ပစ္စည်းထုတ်ကုန်များ၏ရလဒ်ကို တိုးမြှင့်နိုင်စွမ်း ရှိ မရှိကို စမ်းသပ်ရန် ပို့ထားလေခဲ့သည်။ သို့သော် ထိုရလဒ်ကိုရရှိဖို့ အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်။


သူမသည် ထိုလိုဂိုတံဆိပ်များကို တစ်ခုချင်းစီ သေချာကြည့်ခဲ့ပြီး နောက်ဆုံးမတိုင်မီ ဒုတိယတစ်ခုက သူမအာရုံကို ဖမ်းစားခဲ့သည်။ ၎င်းတစ်ခုက ရေတံခွန်ပတ်လည် ဝန်းရံထားသော တောင်တန်းတစ်ခု၏ပုံဖြစ်သည်။ ၎င်းက သူမ၏လက်ကောက်အား ချက်ချင်းပင် သတိရစေတာကြောင့် ထိုတစ်ခုကို ညွှန်ပြလိုက်ပြီး "အဲ့တစ်ခုကို သုံးကြစို့"ဟု ပြောလိုက်သည်။


ရှုဝေဝေက အဲ့တာကိုကြည့်ပြီး ပြုံးလိုက်သည်။ "အင်း ဟုတ်တယ်။ ငါလည်း အဲ့တစ်ခုကို ပိုကြိုက်တယ်" ပြီးတော့ သူမပါးကို လက်ဖြင့်ထိုးကြည့်လိုက်ကာ အလွန်ယုံကြည်မှုပြည့်ဝစွာဖြင့် ဆိုလိုက်သည်။ "ကောင်မလေး အိုး ကောင်မလေး နင့်ရဲ့အလှအပဆေးလုံးတွေက ဟာသမဟုတ်ဘူး။ ငါ သူတို့ကို တစ်ဗူးပဲသုံးကြည့်ရသေးတာနဲ့တင် ငါ့အသားအရေက အရင်ကထက် အများကြီး ပိုကောင်းပြီး နူးညံ့လာတယ်။ ပြီးတော့ ငါ့သူငယ်ချင်းတော်တော်များများကတောင် သတိထားမိပြီး အဲ့အကြောင်းနဲ့ပတ်သက်ပြီး ငါ့ကို လာမေးကြတယ်"


ဖန့်ကျွင်းရုံရဲ့နှုတ်ခမ်းလေးဟာ အပေါ်သို့တွန့်ကွေးသွားပြီး အပြုံးလေးဖြစ်ပေါ်လာခဲ့သည်။ "ငါ သူတို့ကို လက်‌ဆောင်ပေးခဲ့တာတွေက ငါတို့ အခုထုတ်တာထက် အာနိသင်ပိုကောင်းတယ်"


ရှုဝေဝေက မေးလိုက်သည်။ "ငါတို့ အဲ့တာကို စျေးနှုန်းဘယ်လောက်သတ်မှတ်မယ်လို့ နင်စဥ်းစားထားလဲ" တစ်ဗူးတွင် ဆေးလုံးခုနစ်လုံးပါဝင်ပြီး တစ်နေ့တစ်လုံး အသုံးပြုနိုင်သည်။ သူတို့သည် ဗူးရေတစ်သောင်းခန့်သာ ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလတွင် စျေးကွက်ဖြန့်ချိတော့မှာ ဖြစ်သည်။


"အဲ့တာကို ၈၈၈ယွမ်လို့ သတ်မှတ်ကြရအောင်။ အဲ့တာက ကံကောင်းစေတယ်" ဖန့်ကျွင်းရုံက အဲ့တာကို စျေးကြီးတယ်လို့ မခံစားရပါဘူး။ နောက်ဆုံးတွင် သူမထုတ်ကုန်များ၏ထိရောက်မှုက ‌စျေးကွက်ရှိ အခြားပစ္စည်းများထက် အများကြီး ပိုသာလွန်လေသည်။ ဒါဟာ ကျိန်းသေပေါက် စျေးနှုန်းမြင့်မားတာ မဟုတ်ဘူး။”


ထို့အပြင် တစ်ကြိမ်လောက် အသုံးပြုကြည့်ရုံနဲ့တင် ရလဒ်က သိသာလေသည်။


ရှုဝေဝေသည် အဲ့တာကို တစ်ခါမှမသုံးဖူးပါက ၎င်းသည် စျေးကြီးသည်ဟုထင်သည့်ဖက်မှာ ပါဝင်ပေလိမ့်မည်။ ယခုမူကား သူမသည် သူတို့ကို သူမကိုယ်တိုင် အသုံးပြုကြည့်သည့်အခါတွင်မူ ၈၈၈ယွမ်သည် အလွန်စျေးပေါလေသည်။


"အိုကေ ငါ စျေးကွက်ရှာဖွေရေးကို လုပ်လိုက်မယ်" ရှုဝေဝေသည် မိန်ဖုန့်ကိုပြောင်းလာကတည်းက ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ သူမသည် မတိုင်မီက လီဝမ့်ကျင်း၏ ဒုဥက္ကဌဖြစ်သည်။ ကျွင်းရုံဟာ လီဝမ့်ကျင်းနှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။ သူမက အေယွန်မှ သူမလူများကို ပြန်လည်ခေါ်ယူခဲ့ပြီးတော့ သူကလည်း မိန်ဖုန့်မှ သူ့လူများကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။


သူမသည် မည်သည့်လွဲချော်မှုမှမရှိကြောင်းကို သေချာမသိနိုင်သော်လည်း အနည်းဆုံးတော့ သူမဟာ အရေးပါသောရာထူးကိုကိုင်ဆောင်ထားသူအားလုံးသည် သူမအပေါ် သစ္စာစောင့်သိကြောင်းကိုတော့ သေချာအောင် ပြုလုပ်ထားခဲ့သည်။ ဒီဝန်ထမ်းတွေဟာ သူမနဲ့အတူရင်ဆိုင်ခဲ့ပြီး အရင်ဘဝမှာတော့ သူမကို သစ္စာမဖောက်သွားခဲ့ပါဘူး။ သူတို့ဟာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ကြရတယ်။ သူတို့တစ်ယောက်ချင်းစီကပင် သူမကုမ္ပဏီကို ပိုမိုကောင်းမွန်စေချင်ကြသည်။


"အိုး... ဟုတ်ပြီ။ ဘယ်သူ့ကို ငါတို့ရဲ့ပြောရေးဆိုရေးရှိသူအဖြစ် ခန့်အပ်ချင်လဲ"


"နင် ဆုံးဖြတ်ချက်ချနိုင်တယ်။ ငါက ဒါတွေနဲ့ပတ်သက်ပြီး မရင်းနှီးဘူး" ဟု ဖန့်ကျွင်းရုံက ဆိုသည်။ ထို့နောက် သူမစိတ်ထဲတွင် နာမည်တစ်ခုပေါ်လာပြီး သူမမျက်နှာဟာ အေးစက်သွားသည်။ "ဖန့်ကြွယ်မင်ကို လုံးဝ အသုံးမပြုရဘူး။ ငါ သူနဲ့တွဲပြီး အလုပ်မလုပ်ချင်ဘူး"


သူမယခင်ဘဝက သူက ကျန်းယာ့ကောကိုကူညီ၍ ကျောက်စိမ်းဖြူခရင်မ်ကို ကြော်ငြာပေးခဲ့သည်။ ထိုအချိန်မှစ၍ ဖန့်ကြွယ်မင်သည် သူမ၏သစ္စာရှိခွေးတစ်ကောင် ဖြစ်လာခဲ့သည်။ သူသည် သူမကို ကူညီပေးရန် သူ့ကိုယ်ပိုင်အဆင့်အတန်းနှင့် လူကြိုက်များမှုကို အသုံးချကာ ခဏခဏ ကြော်ငြာပေးခဲ့သည်။ သူက အများပြည်သူရှေ့တွင် သူမက သူ့အတွက် ညီမလေးလိုပဲလို့ ဆိုခဲ့သည်။ သူ့ပရိသတ်များက သူ့ရဲ့ညီမအဖြစ် လက်ခံခဲ့ကြပြီး သူမအတွက် များစွာလုပ်ဆောင်ပေးခဲ့ကြသည်။ သူမယခင်ဘဝ၌ လီရှင်းယွင်သည် သူတို့ကြောင့် အင်တာနက်အကြမ်းဖက်မှုများစွာနှင့် နှုတ်ဖြင့်စော်ကားခြင်းများစွာ ကြုံတွေ့ခဲ့ရသည်။


ဤတစ်သက်တာတွင် ကျန်းယာ့ကောသည် ဖန့်ကြွယ်မင်နှင့် မည်သို့မျှ မပတ်သက်နိုင်သော်လည်း ဖန့်ကျွင်းရုံကတော့ ထိုလူအား မုန်းတီးလေသည်။ ထိုလူနှင့် ဘာအကြောင်းနှင့်မျှ မပတ်သက်လိုပေ။