အခန်း ၈၀
Viewers 25k


အခန်း (၈၀) – သူက ကျန်းယာ့ကောရဲ့ ရန်သူ ဆိုကတည်းက သူ့ကို ကယ်တင်ရမှာပဲ (၂)


“အိုး… ငါ သူ့ကို မကြိုက်ဘူး။ အိုကေ… ငါတို့ သူ့ကို မသုံးနိုင်ဘူး။ အဲ့ကိစ္စအတွက် အာရုံစိုက်မနေနဲ့” ဟု ရှုဝေဝေက တိကျပြတ်သားစွာ ပြောလိုက်သည်။


သဘာဝကျစွာပဲ သူတို့ရဲ့သူဌေးက လူထုပြောရေးဆိုရေးရှိသူအဖြစ် တစ်ယောက်ယောက်ကို မရွေးချယ်တာကို ဘယ်သူ့မှ အပြစ်မဆိုကြဘူး။ အမှန်အတိုင်းပြောရရင် သူတို့အသိုင်းအဝိုင်းတွင် မိန်ဖုန့်အမှတ်တံဆိပ်ဟာ သိပ်မအောင်မြင်သေးပဲ ကုမ္ပဏီရှယ်ယာကလည်း အဆင်ပြေလောက်ရုံသာ ရှိသည်။ နောက်ဆုံးတွင် ဖန့်ကျွင်းရုံနှင့် လီဝမ့်ကျင်းသည် သူတို့ပိုင်ဆိုင်သည့် ကုမ္ပဏီအသီးသီးကိုသာ အာရုံစိုက်ထားကြသည်။ ဒီကုမ္ပဏီနှင့် ပတ်သက်၍ တန်ဖိုးအရှိဆုံးအရာမှာ တည်နေရာသာ ဖြစ်သည်။ သူတို့က နာမည်ကျော်မင်းသားတစ်ယောက်ကို ငှားရမ်းရင်တောင်မှ နာမည်ကောင်းတစ်ခုရရှိရန် စောင့်ဆိုင်းနေရနိုင်သည်။ ထို့နောက် သူတို့ရဲ့အခွင့်အလမ်းကို အခြားသူများကလည်း တိုက်ခိုက်နိုင်သည်။


“ငါတို့ရဲ့ထုတ်ကုန်တွေကို စက်တင်ဘာရှစ်ရက်နေ့မှာ ထုတ်ကြရအောင်။ အဲ့နေ့က ရှင်းယွင် ကျောင်းစတက်တဲ့ရက်ပဲ။ ဟုတ်ပြီ။ အဲ့နေ့အတွက် ငါတို့ ဆယ်ရာခိုင်နှုန်း လျော့စျေးပေးလိုက်ပါ။ အခြား လျော့စျေးပေးတဲ့ အစီအစဥ်တွေ မလိုဘူး”


ဖန့်ကျွင်းရုံသည် ထိုထုတ်ကုန်ကို ရှင်းယွင်ရဲ့မွေး‌နေ့များတွင်သာ လျော့စျေးပေးသည့် အစီအစဥ်ကို ပြုလုပ်ပေးမှာဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ၁၁လပိုင်း ၁၁ရက်နေ့ (သို့မဟုတ်) ၁၂လ ၁၂ရက်များတွင်တောင် လျော့စျေးပေးသည့်အစီအစဥ်ကို မပြုလုပ်ပါ။


ရှုဝေဝေသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “နင်က ရှင်းယွင်ကို အရမ်းချစ်တာပဲ” သို့ပေမယ့် သူမလည်း ထိုမိန်းကလေးကို အရမ်းသဘောကျတယ်။


သူတို့နှစ်ဦးဟာ အချို့သောဖြစ်လာနိုင်သည့်ပြဿနာအမျိုးမျိုးကို ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် ရှုဝေဝေသည် အလှအပဆေးလုံးနှစ်သေတ္တာနှင့်အတူ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ထွက်ခွာသွားခဲ့သည်။ ယခုအချိန်တွင် သူမက ကုမ္ပဏီအနာဂတ်အတွက် အလွန်ယုံကြည်မှု ရှိနေလေသည်။ ထို့ထက်ပိုယုံကြည်သည်မှာ အလှအပဆေးလုံးကို ပိုယုံကြည်လေသည်။


***


ဖန့်ကျွင်းရုံဟာ ကွာရှင်းပြီးကတည်းက သူမဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့သည်။ သူမရရှိခဲ့သောငွေများဖြင့် သူမမှတ်မိခဲ့သော သူမယခင်ဘဝက အောင်မြင်နေခဲ့သော ကုမ္ပဏီအချို့၏ ရှယ်ယာများကို ဝယ်ခဲ့သည်။ ဒါပေမယ့် သူမရဲ့ အချို့သော ကိစ္စများအတွက်လည်း ငွေအရင်းအနှီးအချို့ကို ချန်ထားခဲ့သည်။


သူမသမီးရှင်းယွင်သည် စက်တင်ဘာလတွင် ကျောင်းတက်ရတော့ဖြစ်ပြီး ကျုံးရီကတော့ ထို့ထက် ပိုစောလေသည်။ ဖန့်ကျွင်းရုံသည် သူတို့နှင့်အတူ ကျောင်းတက်ရာတွင် လိုအပ်သည့်ပစ္စည်းများကို လိုက်လံဝယ်ယူပေးခဲ့သည်။ သူတို့က သူတို့ကျောင်းတက်ရာတွင် လိုအပ်သည့်ပစ္စည်းများကို ကိုယ်တိုင်မဝယ်နိုင်တာ မဟုတ်ပေမယ့် သူတို့ရဲ့မိခင်အနေဖြင့် သူမတို့ကြီးပြင်းလာသည့်အချိန်တွေမှာ အမှတ်တရများ ရှိချင်သည်လေ။


ရှင်းယွင်၏မျက်နှာတွင် “မေမေ့ကို အရမ်းတွယ်ကပ်လွန်းနေတာက သမီးရဲ့ပြဿနာပဲ”ဟူသော အမူအရာလေးကို ချိတ်ဆွဲထားလေသည်။ ဖန့်ကျွင်းရုံဟာ ထိုအမူအရာလေးကိုကြည့်ပြီး အလွန်ပျော်ရွှင်နေသောကြောင့် လီဝမ့်ကျင်းကြောင့် သူမခံစားခဲ့ရသောနာကျင်မှုများကို မေ့လျော့သွားသည်ဟုပင် ပြောနိုင်လေသည်။


ရှင်းယွင်နှင့် ကျုံးရီတို့၏ကောလိပ်များဟာ ဒေသခံကောလိပ်များဖြစ်ကြပြီး နှစ်ခုစလုံးဟာ ထိပ်ဆုံးကောလိပ်ငါးဆယ်စာရင်းဝင်ကြသည်။ ရှင်းယွင်၏ကောလိပ်သည် City Sတွင်ရှိပြီး အိမ်နှင့် အနည်းငယ်သာ ကွာဝေးသည်။ ဖန့်ကျွင်းရုံတွင် တက္ကသိုလ်နားတွင် အိမ်နှစ်လုံးရှိတာကြောင့် တစ်လုံးကိုရှင်းလင်းခဲ့ပြီး သူမသမီး၏ပစ္စည်းများကို နေရာချထားခဲ့သည်။ အကယ်၍ ရှင်းယွင်သည် အဆောင်မှာမနေလိုလျှင် ထိုအိမ်တွင်နေရန် ‌ရွေးချယ်စရာရှိသည်။


သူမက ရှင်းယွီနှင့် ကျုံးရီတို့ကို ကွန်ပြူတာ တစ်ယောက်တစ်လုံးစီ ဝယ်ပေးခဲ့ပြီး သူမလက်ကို ဝှေ့ယမ်းပြကာ ဆိုလိုက်သည်။ “သမီးတို့နှစ်ယောက် စျေးဝယ်ထွက်ကြလေ။ အမေကတော့ မင်းတို့အန်တီဟဲနဲ့ သွားတွေ့လိုက်ဦးမယ်”


မွေးနေ့ပွဲအပြီးတွင် ဖန့်ကျွင်းရုံသည် သူငယ်ချင်းများနှင့် အခါအားလျော်စွာ ညစာထွက်စားလေ့ရှိသည်။ ဒီနေ့တော့ သူမ ဟဲကျန့်ပင်းနှင့် ချိန်းဆိုထားသည်။ နောက်ဆုံးမှာတော့ ရက်အနည်းငယ်ခန့်က ဟဲအိမ်တော်သည် သူတို့ပိုင်ဆိုင်သည့်ပရောဂျက်အသစ်ကို စတင်တော့မည်ဖြစ်ကြောင်းကို သူမ ကြားသိခဲ့ရသည်။ သူမ ယခင်ဘဝမှာနှင့် ဖြစ်ပျက်ရာများက ကွာခြားသွားခဲ့ပြီး ဝမ်ရှောင်းသည် သူတို့ထံမှ ပိုင်ဆိုင်မှုများကို လက်လွှဲယူနိုင်ခြင်း မရှိချေ။


သူမဦးတည်လာသောကလပ်သည် ဟဲအိမ်တော်ကပိုင်ဆိုင်ပြီး ပင်လယ်ဘေးမှာ တည်ရှိသည်။ အကောင်းဆုံးသီးသန့်အခန်းအနည်းငယ်ကပင် ပင်လယ်မြင်ကွင်းကို ကြည့်နိုင်သည်။ သူမသည် အခန်းတံခါးကို ဖွင့်လိုက်တော့ ဟဲကျန့်ပင်းကို ရေကူးဝတ်စုံကိုဝတ်ကာ ကမ်းခြေတွင် အနားယူနေသည့်ပုံစံဖြင့် တွေ့လိုက်ရသည်။


သူမအနောက်ဖက်မှ ဆူညံသံများကို နားဆင်ရင်း မတ်တပ်ရပ်လိုက်ကာ ဖန့်ကျွင်းရုံကို ပြုံးပြလိုက်သည်။ “ကျွင်းရုံ နင် ရောက်လာပြီလား”


ယခုအချိန်ဟာ ညနေခင်းပိုင်းဖြစ်ပြီး ပင်လယ်ပြာကြီးပေါ်မှာ နစ်ဝင်သွားတော့မလို ဖြစ်နေတာက ရေပေါ်မှာ မျောနေတဲ့ ရွှေစလေးများလိုဖြစ်နေပြီးတော့ မြင်ကွင်းဟာ တလက်လက် တောက်ပနေလေသည်။ အစိုဓာတ်ရောနှောပါဝင်နေသည့် ပင်လယ်လေပြေနှင့် ပင်လယ်ရနံ့ဟာ လေထုကို ပို၍ မွန်းကြပ်နေစေသည်။


ဖန့်ကျွင်းရုံသည် သူမဘေးမှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။ “နင်က နင်ကိုယ့်နင် ဘယ်လိုပျော်ရမလဲဆိုတာ တကယ်သိတာပဲ”


“ငါတို့ ဒီလိုပွင့်လင်းတဲ့နေရာတစ်ခုမှာ ဆွေးနွေးကြတော့ ခိုးနားထောင်မှာကို စိုးရိမ်စရာ မလိုတော့ဘူးလေ” ဟု ဟဲကျန့်ပင်းက