အခန်း ၈၁
Viewers 25k

အခန်း (၈၁) – သူက ကျန်းယာ့ကောရဲ့ ရန်သူ ဆိုကတည်းက သူ့ကို ကယ်တင်ရမှာပဲ (၃)


ဟဲကျန့်ပင်းသည် အလွန်လေးနက်သောအသွင်ဖြင့်ကြည့်ကာ ပြောခဲ့သည်။ “မင်း ငါတို့ကို အစောကြီးကတည်းက ဝန်ခံခဲ့တာကို ငါ ဝမ်းသာတယ်။ မဟုတ်ရင် အခုအချိန်မှာ ငါတို့အခြေအနေ အရမ်းဆိုးနေလိမ့်မယ်” သူမ၏တူမဖြစ်သူ ဟဲရှုဟွာက အရူးတစ်ယောက်ပင်။ သူမသည် သူတို့၏အစစ်အဆေးကိုခံရပြီး သူမဖခင်နှင့်အစ်ကိုဖြစ်သူကို အခက်အခဲများ ကျ‌ရောက်စေခဲ့သည်။ မိသားစုလျှို့ဝှက်ချက်အချို့ဟာ သူမ၏တူမဖြစ်သူကြောင့် ဝမ်ရှောင်းနားထဲ ‌ပေါက်ကြားလုနီးပါး ဖြစ်ခဲ့ရသည်။ ဝမ်ရှောင်းက သူမ၏တူမဖြစ်သူကို မိသားစုအား သစ္စာဖောက်ရန် မည်သည်ပေးအပ်ခဲ့ကြောင်းကို သူမ မသိခဲ့ပါ။


သို့သော် ထိုအခြင်းအရာကို သဘောပေါက်လိုက်သည်နှင့် ဝမ်ရှောင်းသည် သူတို့ကိုလှည့်စားရန် တူညီသော နည်းလမ်းကို အသုံးပြုခဲ့သည်။ သူတို့သည် ဝမ်ရှောင်းဟာ ရည်မှန်းချက် ကြီးမားသူ ဖြစ်သောကြောင့် ဟဲအိမ်တော်နှင့် ဝမ်အိမ်တော်ကြား လက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့ရန် ပြုလုပ်ခဲ့ကြသည်။ သို့သော် ရည်မှန်းချက်ကြီးစွာဖြင့် မည်သည့်မိသားစုကမျှ မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို လိုချင်လိမ့်မည် မဟုတ်ပါ။


ဟဲအိမ်တော်၏ထောက်ပံ့မှုကို လိုအပ်သောကြောင့် ဖုန်းခေါ်ခဲ့သော်လည်း ဟဲရှုဟွာက ပြတ်ပြတ်သားသားပင် ဖုန်းချခဲ့သည်။ သူမဖခင်က သည်မိန်းကလေး အလိုလိုက်ခံရသောကြောင့် ဘယ်လောက်ပျက်စီးနေတာကို သိလိုက်ရပြီး နောက်ဆုံးတွင် သူ့ရဲ့စိတ်ရှည်သည်းခံမှုပျောက်ဆုံးကာ သူမကို နှင်ထုတ်လိုက်သည်။


ဟဲကျန့်ပင်းသည် ဟဲရှုဟွာအကြောင်းကိုတော့ မိသားစုအတွင်းရေးကိစ္စ ဖြစ်သောကြောင့်  အသေးစိတ်ရှင်းပြခြင်း မရှိပေ။ သူတို့က ဝမ်ရှောင်း၏ အရေးကိစ္စကို စတင်ကိုင်တွယ်နေပြီ ဖြစ်ကြောင်း သူမက ဖန့်ကျွင်းရုံကို ပြောခဲ့သည်။


“နင့်ခင်ပွန်းဟောင်းက နင့်နဲ့ကွာရှင်းပြီးသွားကတည်းက သိပ်အသုံးမကျတော့ဘူး။ သူက ဝမ်ရှောင်းကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ငှားလိုက်တယ်။ ဒါပေမယ့် သူ အရူးလုပ်ခံရတော့မလိုပဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့ ငါတို့ကလည်း ကြည့်မနေနိုင်တာနဲ့ သူ့ကို လက်ငှားပေးလိုက်တာ။ သေချာတာပေါ့။ ငါတို့က သူ့ကို အလကားမကူညီနိုင်ဘူးလေ။ ငါတို့ သူ့ဆီကနေ ပိုက်ဆံအနည်းငယ်လောက် ညှစ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဝမ်ရှောင်း၏ ဒုစရိုက်မှုများကို ရှာဖွေနေသည့် လီဝမ့်ကျင်း၏အလွတ်စုံထောက်ကိုဖြုတ်ပြီး ဟဲအိမ်တော်က အခြား အလွတ်စုံထောက်တစ်ဦးကို စေလွှတ်ပေးခဲ့သည်။


ဖန့်ကျွင်းရုံက ခဏလောက်ရပ်သွားပြီးနောက် ရယ်မောလိုက်သည်။ “ပြီးတော့ အခုမှပဲ သိတော့တယ်။ ငါက သူ အရည်အချင်းရှိတဲ့လူတစ်ယောက် ရှာတွေ့သွားတာ ကံကောင်းတယ်လို့ပဲ ထင်ခဲ့တာ”


သူမကလည်း ဟဲအိမ်တော်လိုမျိုးပဲ လီဝမ့်ကျင်းနဲ့ ဝမ်ရှောင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြတာကို တွေ့ချင်တယ်လို့ သတ်မှတ်ခဲ့ကြပြီး ဒီအရာအားလုံး ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရတာ စိတ်လှုပ်ရှားမိကြသည်။


ဟဲကျန့်ပင်းသည် ဖန့်ကျွင်းရုံထက် အဲ့သတင်းအား ပိုသိလေသည်။ လီဝမ့်ကျင်းသည် ဝမ်ရှောင်း၏ ပြစ်မှုသက်သေ အထောက်အထားများကို စုဆောင်းပြီးသောအခါ ဖန့်ကျွင်းရုံအား ပြသတိုင်ပင်ခဲ့သည်။ သူ့ပြစ်မှုမှတ်တမ်းများဟာ များပြားလွန်းသောကြောင့် ဝမ်ရှောင်း၏ပြစ်မှုကို အခုမှဖော်ရမှာကတင် နောက်ကျလွန်းသည်ဟု ထင်ရသည်။ သူက သူ့ပြစ်မှုတွေအားလုံးကိုဖယ်ရှားဖို့ သူ့လက်အောက်ငယ်သားတစ်ဦးကို တွန်းအားပေးခဲ့သည်။ သို့သော် ဟဲအိမ်တော်က နောက်ကွယ်မှာ ပါဝင်နေသောကြောင့် သူ ရာဇဝတ်ဘေးကနေ လွတ်မြောက်ဖို့ မလွယ်ကူခဲ့ဘူး။


“သူ့ရဲ့အခြားပြစ်မှုတွေ တော်တော်များများလည်း ပေါ်လာခဲ့တယ်လေ။ သူ အနည်းဆုံးတော့ ထောင်ဒဏ်ဆယ်နှစ်‌လောက် ကျသွားလိမ့်မယ်”


ဖန့်ကျွင်းရုံသည် သူမ ယခင်ဘဝ၌ သူမသမီးဖြစ်သူခံစားခဲ့ရသော အဖြစ်အပျက်များကို မထင်မရှားမှတ်မိနေသောကြောင့် ထိုသတင်းကို ကြားလိုက်ရသောအခါ  နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ ဝမ်ရှောင်းက သူလုပ်ခဲ့သောပြစ်မှုများကို သူ ပြန်ပေးဆပ်ရတော့မည်ကို သူမ သိလိုက်ရသောကြောင့် ယခုအခါ သူမသည် ပိုမိုပျော်ရွှင်လာခဲ့သည်။


ဝမ်ရှောင်းအကြောင်းကိုလည်း ပြောပြချင်ပြီး နောက်တစ်ခု ဟဲကျန့်ပင်းကို ပြောချင်တာက သူမထုတ်လုပ်မည့်အလှအပဆေးလုံးအကြောင်းကိုပဲ။


“နင့်ရဲ့အလှအပဆေးလုံးတွေအာနိသင်က တော်တော်လေးထိရောက်တာပဲ။ င့ါအမေလည်း အရမ်းကြိုက်တော့ ငါ့ဆီဟာတွေ ဓားပြတိုက်ယူသွားလို့ ငါသုံးဖို့ မကျန်တော့ဘူး။ နင် သူတို့ကို ဘယ်အချိန်လောက် စျေးကွက်ထဲ ဖြန့်ချိတော့မှာလဲ”


ဖန့်ကျွင်းရုံ၏အပြုံးဟာ နက်ရှိုင်းသွားခဲ့သည်။ မကြာသေးမီက သူမသူငယ်ချင်းများက အလှအပဆေးလုံးအကြောင်းကို မရေမတွက်နိုင်အောင် ခဏခဏမေးမြန်းခဲ့ကြသည်။ “သူတို့ကို နောက်လထဲမှာ စျေးကွက်ထဲ ဖြန့်ချိတော့မှဦပါ။ ငါ မနက်ဖြန်ကျရင် နင့်ဆီကို သေတ္တာအနည်းငယ် ပို့ပေးလိုက်မယ်”


“အဲ့တာ အရမ်းကောင်းတယ်။ စိတ်မပူပါနဲ့။ ငါတို့ကုမ္ပဏီကိုကြော်ငြာဖို့ အနုပညာရှင်ကြယ်ပွင့်တွေကို နင် သေချာပေါက်ရအောင် လုပ်ပေးရမယ်နော်” ဟဲကျန့်ပင်းသည် သူမပိုင်ဆိုင်သည့် စတူဒီယိုတစ်ခုရှိပြီး စာချုပ်ချုပ်ဆိုထားသည့် အနုပညာရှင်ကြယ်ပွင့် အနည်းငယ်ရှိသည်။ သူတို့ထဲကနှစ်ယောက်က အတော်လေး လူကြိုက်များလေသည်။


သဘာဝကျစွာပဲ ဖန့်ကျွင်းရုံက ဒါကို မငြင်းနိုင်ဘူး။ သူတို့နှစ်ယောက်စလုံးဟာ ရေပူစမ်းကိုသွားခဲ့ကြသည်။ အနှိပ်ခံခြင်း၊ ညစာစားခြင်းနှင့် ကလပ်ရှိအစားအစာများဟာ အထူးသဖြင့် ဂေါ်ဖီထုပ်စွတ်ပြုတ်ဟာ ဖန့်ကျွင်းရုံအကြိုက်ဆုံး ဖြစ်လေသည်။


ဖန့်ကျွင်းရုံသည် ညစာစားတာများသွားသည်အတွက် အနည်းငယ် အစာမကြေသလို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမက ကလပ်မှ အိမ်သို့ လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ သူမရဲ့ကိုယ်ရံတော်နှစ်ယောက်က သူမနောက် အကွာအဝေးတစ်ခုမှ လိုက်ပါလာခဲ့သည်။


“ဟေး… ဒီနေရာမှာ အိပ်မနေနဲ့။ ဒီနေရာက ငါ့နေရာပဲ” မနီးမဝေးက တံတားအောက်မှ သူတောင်းစားများ၏ နေရာလုတိုက်ခိုက်သံများကို ကြားနေရသည်။ City Sသည် စည်ကားသောမြို့တစ်မြို့ဖြစ်သကဲ့သို့ပင် နေရာတကာမှာ သက်တံ့များနှင့် နေရောင်ခြည်များ မရှိနိုင်ပေ။ သဘာဝကျစွာပင် နေရောင်ခြည်မရောက်နိုင်သော မှောင်မိုက်သည့် အစွန်အဖျားနေရာများလည်း ရှိသည်။


နယ်မြေကို သိမ်းပိုက်ခံလိုက်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ထိုလူကို ဒေါသထွက်စွာ မြေကြီးပေါ်သို့ တွန်းချလိုက်သည်။ ထိုလူသည် မြေပေါ်သို့ ယိမ်းထိုး၍ တိုက်ရိုက်လဲကျသွားခဲ့သည်။


“ဟေး… ဟေး… မင်း အဆင်ပြေလား။ ငါ့ကို လှည့်ဖြားဖို့မကြံနဲ့”


“ဖွီ… ကံမကောင်းလိုက်တာ။ ငါ တခြားနေရာတစ်ခုကို သွားမှပဲ”


ထိုလူသည် ပါဝင်ပတ်သက်လိုခြင်း မရှိသောကြောင့် ဒေါသထွက်စွာ ထွက်သွားခဲ့သည်။


ဖန့်ကျွင်းရုံသည် မြေပြင်ပေါ်ရှိလူသည် ထွက်သွားသောသူအား လိမ်လည်နေသည်ဟု ထင်မြင်မိခဲ့သည်။ သို့သော် သူမ ခဏကြာစောင့်ကြည့်နေပေမယ့် မြေပေါ်ရှိလူဟာ မလှုပ်မရှားဖြစ်နေဆဲပင် ဖြစ်သည်။


သူမနေရာမှကြည့်လျှင် အရာအားလုံးကို သေချာရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူမမျက်စိရှေ့မှာ ဤကဲ့သို့ မြင်နေရသောကြောင့် မျက်နှာမလွဲနိုင်ပေ။


ဖန့်ကျွင်းရုံက သူမသက်တော်စောင့်များကိုလှည့်၍ အမိန့်ပေးလိုက်သည်၊ “တစ်ချက်လောက် သွားကြည့်လိုက်ဦး”


သူမလမ်းလျှောက်လာချိန်တွင် ခန္ဓာကိုယ်ပိန်ပါးပါးလူတစ်ယောက်ဟာ တစ်ကိုယ်လုံး ယိမ်းထိုးနေပြီး လဲကျမလိုဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ့အသားအရေဟာ အစိမ်းရောင်ဖျော့ဖျော့နှင့် ခရမ်းရောင် ရောယှက်သမ်းနေလေသည်။ လရောင်အောက်မှာ သူ့မျက်နှာဟာ ပြာနှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့လည်ပင်းမှာ ဗုဒ္ဓဆွဲကြိုးဆွဲထားသည်။ ဗုဒ္ဓရဲ့အပြုံးဟာ ထူးဆန်းနေပြီး အမှတ်မထင်ကြည့်လိုက်မိရင် အတော်လေးကောက်ကျစ်ပုံပေါက်နေသည်။


ထိုဗုဒ္ဓဆွဲကြိုးမှတဆင့် ဖန့်ကျွင်းရုံသည် သူဟာ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိခဲ့မိသည်။ သူဟာ ကျန်းဝမ်ယုဖြစ်သည်။ စာအုပ်ထဲတွင် သူမဖတ်ခဲ့ရသည်မှာ သူက ကျန်းယာ့ကောကို ခေါင်းကိုက်စေခဲ့သည်။ သူ့ကို ဗီလိန်လူဆိုးအဖြစ် သတ်မှတ်နိုင်သည်။


သူဟာ ကျန်းယာ့ကောရဲ့ရန်သူဖြစ်လို့ သူ့ကို သူမ ကယ်တင်ရမယ်။