အခန်း ၈၂
Viewers 25k


အခန်း (၈၂) – သူမကိုယ်သူမ သနားမိသည်၊ ဒီလို ဆိုးရွားတဲ့ ယောက္ခမမျိုးနဲ့ သူမ ဘယ်လို ဆုံတွေ့ခဲ့ရတာလဲ (၁)


ဖန့်ကျွင်းရုံသည် သူမယခင်ဘဝ၌ ကျန်းဝမ်ယုနှင့် ဘယ်တော့မှ တစ်လမ်းတည်း အတူမလျှောက်ခဲ့ဖူးပါ။ တိတိကျကျပြောရရင် သူမနှင့်သူမသမီးလေးသည် စာအုပ်၏ပထမပိုင်းတွင်သာ ပါဝင်ခဲ့ပြီး ကျန်းဝမ်ယုသည် စာအုပ်၏ဒုတိယပိုင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။


စာအုပ်တွင် ကျန်းဝမ်ယုနှင့် ကျန်းယာ့ကောကို ချစ်ရေးဆိုသူ ကျန်းပိတို့ဟာ အမွှာတွေ ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ ကလေးဘဝကတည်းက ကျန်းဝမ်ယုသည် မိဘများနှင့်ကွဲကွာပြီး ပြန်ပေးဆွဲခံခဲ့ရသည်။ သူ ကြီးပြင်းလာပြီးနောက်မှ ကျန်းအိမ်တော်က ပြန်လည်ရှာတွေ့ခဲ့ပြီး အိမ်တော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့တာ ဖြစ်သည်။ ကျန်းဝမ်ယုသည် ကျန်းအိမ်တော်ကို မုန်းတီးခဲ့ပြီး ထိုအမုန်းသည် ကျန်းယာ့‌ကောထံသို့လည်း ပျံ့နှံ့ခဲ့သည်။


ကျန်းဝမ်ယုသည် ဆေးကုသမှုနယ်ပယ်တွင် အလွန်ထူးချွန်သူဖြစ်ပြီး အံ့ဖွယ်ဆရာဝန်ကျန်းပိကဲ့သို့ ထက်မြက်သည်။ ကျန်းအ်မ်တော်သို့ ပြန်လည်ရောက်ရှိပြီး‌နောက် သူ့အသိပညာဟာ ‌ရေထဲစိမ်ထားသည့် ရေမြှုပ်ကဲ့သို့ တိုးပွားလာခဲ့သည်။ အထူးသဖြင့် သူသည် ဆေးဝါးများနှင့် ပတ်သက်သည့်နေရာမှာ ပါရမီရှိသူ ဖြစ်သည်။ သူသည် အနံ့အရသာနှင့်ပတ်သက်သည့်အာရုံမှာ ထက်မြက်ပြီးတော့ ဆေးဝါးများမှ ပါဝင်ပစ္စည်းများကို ရှာဖွေဖော်ထုတ်နိုင်သည်။


ကျန်းယာ့ကောကို သူက ထပ်ခါတလဲလဲ ဒုက္ခပေးခဲ့သည်။ ကျန်းယာ့ကော၏ အဆိပ်အတောက်ဖယ်ရှားဆေးလုံးကြောင့်သာ မဟုတ်ပါက သူသည် ကျန်းအိမ်တော်တစ်ခုလုံးကို ဖယ်ရှားပစ်လိုက်နိုင်သည်။ နောက်ဆုံးတွင် ကျန်းဝမ်ယုသည် ကျန်းယ့ာကော၏လှည့်ဖျားမှုကြောင့် ကျန်းအိမ်တော်နှင့်မယှဥ်ပြိုင်နိုင်ပဲ အဆိပ်မိကာ သေဆုံးသွားခဲ့သည်။ ကျန်းပီကတော့ "ဒီလိုမျို နောက်ထပ် မဖြစ်လာစေရတော့ဘူး"လို့ သူ ပြောခဲ့တယ်။


ကျန်းယာ့ကောနှင့် ကျန်းအိမ်တော်ဖက်မှကြည့်လျှင် ကျန်းဝမ်ယုဟာ သူနှင့်ထိုက်တန်သောအရာကို ရရှိခဲ့တာ ဖြစ်လေသည်။


သူ အဆိပ်သင့်ပြီးနောက် စာအုပ်တွင် ရောဂါလက္ခဏာအားလုံးကို ဖော်ပြထားခဲ့သည်။ ကျန်းပီက ကျန်းဝမ်ယုကို အဆိပ်မခပ်ရင်တောင်မှ ကျန်းအိမ်တော်က တစ်ယောက်ယောက်က ထိုသို့ လုပ်လိမ့်မယ်။ သို့သော် စာအုပ်မှာဖော်ပြချက်အရ ကျန်းဝမ်ယုကို ကျန်းအိမ်တော်မှ ပြန်ရှာတွေ့ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာဆုတစ်ခုကို ရရှိပြီး နိုင်ငံရပ်ခြားမှာ တစ်နှစ်ကြာနေပြီးမှ ပြန်လည်ပေါင်းစည်းခဲ့သည်။ အခုအချိန်မှာ သူဟာ တက္ကသိုလ်ပါမောက္ခတစ်ယောက် ဖြစ်သင့်သည်။


ဖန့်ကျွင်းရုံသည် သူမအာရုံကို ကျန်းဝမ်ယု၏လည်ပင်းရှိ ဗုဒ္ဓဆွဲကြိုးထံ ပြန်ပြောင်းခဲ့သည်။ သူမသည် ထိုကျောက်စိမ်းမှ ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရရှိခဲ့သည်။


ကျန်းဝမ်ယုသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးမည်းများအန်ကာ သွေးစက်များသည် လည်ပင်းပေါ်ရှိဗုဒ္ဓဆွဲကြိုးပေါ် ကျရောက်သွားခဲ့သည်။


ဘာထူးထူးခြားခြားမှ မဖြစ်သွားခဲ့ပါဘူး။


ဖန့်ကျွင်းရုံက သူမသက်တော်စောင့်ကိုလှည့်ကြည့်၍ အမိန့်ပေးလိုက်သည်။ "သူ့ကို ကျွန်မတို့နဲ့ ခေါ်သွားကြရအောင်။ ကျွန်မတို့ အနည်းဆုံးတော့ သူ့ကို ကယ်ဖို့ ကြိုးစားသင့်တယ်"


သက်တော်စောင့်များဟာ သူ့ကို ချီမပြီး ကားနောက်ခန်းသို့ ထည့်လိုက်သည်။


ဖန့်ကျွင်းရုံက သူ့ကို သူမနေရာသို့ မခေါ်သွားပဲ အနီးအနားရှိ သူမပိုင်ဆိုင်သည့် အခြားနေအိမ်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ကျန်းဝမ်ယုသည် တစ်ချိန်လုံး သတိလစ်နေပြီး သူ့မျက်ခုံးများဟာ တွန့်ကွေးနေခဲ့သည်။


သူတို့ နေအိမ်သို့ ရောက်ရှိလာသည်နှင့်တပြိုင်နက် ဖန့်ကျွင်းရုံဟာ သူ့ကို အဆိပ်အတောက်ဖယ်ရှားဆေးလုံးကို တိုက်ကျွေးခဲ့ပြီး သက်တော်စောင့်များကို သူ့ကို စောင့်ကြည့်ပေးဖို့ အထဲသို့ ခေါ်လိုက်သည်။


***


ကျန်းဝမ်ယုသည် သတိပြန်ရသည်နှင့် ပထမဆုံး သူ့လည်ပင်းပေါ်ရှိ ဗုဒ္ဓဆွဲကြိုးကို စမ်းကြည့်လိုက်မိသည်။ ထိုအရာဟာ လည်ပင်းပေါ်မှာရှိနေဆဲဖြစ်လို့ သူ ဝမ်းသာမိခဲ့သည်။ သူ ကလေးဘဝကတည်းက ဤဗုဒ္ဓဆွဲကြိုးကို ဝတ်ဆင်ထားခဲ့သည်။ ယခင်က ဒီအရာဟာ ရွှေရောင်သာ ဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်းဝမ်ယုသည် သူဒဏ်ရာရသည့်အချိန်တိုင်း ဒီဆွဲကြိုးက ကုသပေးနေသည်ကို သတိပြုမိခဲ့သည်။ သူ သက်သာသွားသည့်အချိန်တိုင်း ဆွဲကြိုးအရောင်က အနည်းငယ်စီ ဖျော့တော့သွားခဲ့သည်။ ယခုအချိန်မှာတော့ လုံးဝဖြူစွတ်လုနီးပါး ဖြစ်နေခဲ့ပြီ။


အခန်းပတ်လည်ကို သူ ကြည့်ရှုလိုက်သည်။ အခန်းထဲမှာ ပရိဘောဂတွေ အများကြီး မရှိပဲ အိပ်ရာနဲ့ စားပွဲခုံတစ်ခုပဲရှိတယ်။ သူတို့ကိုကြည့်ရတာ အရမ်းစျေးကြီးမယ်ဆိုတောတော့ ထင်ရှားသည်။


သူက ကျောင်းဝင်းအပြင်ဖက်မှာ လမ်းလျှောက်နေဏက် သူ့အမေတိုက်ခိုက်ခံနေတယ်လို့ တစ်‌စုံတစ်ယောက်က စာပို့သောကြောင့် သွားရောက်ချိန်တွင် ဆေးလုံးကိုမြိုချရန် ဖိအားပေးခံရပြီးတော့ တံတားအောက်သို့ တွန်းချခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူ့ခန္ဓာကိုယ်၏နာကျင်မှုက တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခဲ့သည်။


သူ့မျက်နှာဟာ စုတ်ပြတ်သက်နေသလို ခံစားနေရပြီး သူ့ခြေလက်များဟာ အားနည်းနေသလို ခံစားနေရသည်။ သူက သူ့ကို သေစေချင်တဲ့သူက ဘယ်သူလဲဆိုတာကိုတောင် မသိခဲ့ဘူး။ သူမျိုချလိုက်ရတဲ့ဆေးထဲကပါဝင်ပစ္စည်းတွေကို မှတ်မိဖို့ ရုန်းကန်နေမိခဲ့သည်။


သူ သတိမရတစ်ချက်ရတစ်ချက်အချိန်တွင် နှစ်လိုဖွယ်ကောင်းပြီးမြင့်မြတ်သည့်အသံလေးကို ကြားလိုက်ရသည်။ "သူ့ကို ငါတို့ခေါ်သွားကြရအောင်။ အနည်းဆုံးတော့ ငါတို့ သူ့ကိုကယ်ဖို့ ကြိုးစားသင့်တယ်"