အခန်း ၈၃
Viewers 27k


အခန်း (၈၃) – သူမကိုယ်သူမ သနားမိသည်၊ ဒီလို ဆိုးရွားတဲ့ ယောက္ခမမျိုးနဲ့ သူမ ဘယ်လို ဆုံတွေ့ခဲ့ရတာလဲ (၂)


ဒီတော့ ဒီပုဂ္ဂိုလ်က သူ့ကို ကယ်တင်ပေးခဲ့သူလား။ မတိုင်မီ သူ အသိစိတ်ပျောက်ခဲ့ပြီး ခွန်အားအနည်းငယ် ဆုံးရှုံးသွားချိန်ကကဲ့သို့ စိတ်မသက်မသာဖြစ်စေသည့် ခံစားချက်ကို သူ မခံစားခဲ့ရဘူး။ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်တာကို အဝေးမှစောင့်ကြည့်နေသော သက်တော်စောင့်တစ်ဦးမှ သတိပြုမိလိုက်ပြီး သူ့ကို ဦးညွှတ်ပြကာ အခန်းထဲမှ ထွက်သွားခဲ့သည်။


ခဏကြာပြီးသည့်နောက်မှာ ကျန်းဝမ်ယုသည် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူ့ဆီသို့ လျှောက်လာတာကို တွေ့လိုက်ရသည်။ အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားတာက သူမရဲ့ဖြူစင်သည့်အသားအရေနှင့် အတော်လေးကွာခြားနေခဲ့ပြီး သူမအသွင်ကို အိမ်မက်ဆန်နေစေခဲ့သည်။ ထိုအမျိုးသမီးဟာ လှပပြီး မြင့်မြတ်တယ်။ သူအအရှိန်အဝါဟာ တော်ဝင်ဆန်တယ်။ သူမဟာ လျှောက်လှမ်းလာရင်း သူ့ကို ခပ်တည်တည်ကြည့်ကာာ ပြုံးပြလေသည်။


"ကျေးဇူးတင်ပါတယ်" ကျန်းဝမ်ယုသည် အက်ကွဲနေသောအသံဖြင့် ပြောခဲ့သည်။ ဤအချိန်တွင် သူ့ရဲ့ဗုဒ္ဓရုပ်ပွားတော်က သူ့ကိုကယ်တင်နိုင်မလားဆိုတာ သူ့အတွက် မသေချာခဲ့ပါဘူး။ သူ အဲ့ဒီညစ်ပတ်သောနေရာမှာ လူမသိသူမသိ သေဆုံးသွားရုံသာ ရှိလိမ့်မည်။


"ကျွန်မ အဲ့နေရာကို အချိန်မှီရောက်သွားလို့ပါ" လို့ ဖန့်ကျွင်းရုံက ပြောသည်။ သူမက သူ့ကို အခြားအကြောင်းများကို မမေးပဲ သူ ဘယ်သူလဲဆိုတာကိုပဲ မေးမြန်းခဲ့သည်။


ကျန်းဝမ်ယုသည် သူမအပေါ် သူအရမ်းကျေးဇူးတင်သောကြောင့် သူမကို မည်သည့်အရာမျှ ဖုံးကွယ်မထားခဲ့ပါ။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် သူက အသက်နှစ်ဆယ့်ကိုးနှစ်ရှိပြီဖြစ်ပြီး ကောလိပ်တွင် ပါမောက္ခတစ်ဦးဖြစ်သည်ကို သိရှိခဲ့ရသည်။


"ရှင့်နေရာကို ပြန်သွားဖို့ ကျွန်မအကူအညီ လိုသေးလား" ဟု ဖန့်ကျွင်းရုံက မေးလိုက်သည်။


ကျန်းဝမ်ယုသည် ခေတ္တတန့်သွားပြီးနောက် ခေါင်းခါပြလိုက်သည်။ "ရတယ်။ မလိုသေးဘူး" ဘယ်သူလဲဆိုတာကို သူ မသိပေမယ့် သူ့ကို သေစေချင်နေကြတယ်။ အဖြစ်အပျက်တွေကို သူ သေချာမသိသေးခင် သူ့နေရာကို ပြန်သွားတာက စိတ်ကူးကောင်းတစ်ခု မဟုတ်ပေ။


ဖန့်ကျွင်းရုံက နည်းနည်းစဥ်းစားခဲ့သည်။ စာအုပ်ထဲတွင် ကျန်းဝမ်ယုကို ဗီလိန်အဖြစ် ဖော်ပြထားခဲ့သော်လည်း သူလုပ်ခဲ့သမျှကို ပြန်ပြောင်းကြည့်မယ်ဆိုရင် သူက ဘယ်တောမှ အပြစ်မဲ့သူများကို မထိခိုက်ခဲ့ပါ။ သူက အမြဲတမ်း ကျန်းအိမ်တော်ကို ဖျက်ဆီးဖို့အတွက်သာ ရည်မှန်းထားခဲ့သည်။ ထို့အပြင် သူသည် ယခင်က သူ့ကို ကူညီခဲ့သူများအပေါ် အလွန်သစ္စာရှိလေသည်။


သူမထုတ်လုပ်ထားသည့် မိုးပြာရောင်ကြွေပုလင်းလေးကို သူ့အိပ်ရာဘေးကခုံပေါ်မှာတင်ထားကို ညွှန်ပြရင်း ပြောလိုက်သည်။ "အဲ့ပုလင်းထဲကဆေးကို မနေ့ညက ရှင့်ကို တိုက်ခဲ့တာ။ ရှင့်ခန္ဓာကိုယ်ထဲကအဆိပ်တွေပေါ် အလုပ်ဖြစ်ရဲ့လား။ ရှင် အဲ့တာကို စမ်းကြည့်နိုင်တယ်။ အကယ်၍ ရှင် အဲ့ထဲက ပါဝင်ပစ္စည်းတွေနဲ့ အာနိသင်တူတဲ့ဆေးပင်တွပင်တွေကိုသိရင် ရှင် ကျွန်မကို မျက်နှာသာ အကြီးကြီး ပေးလိုက်နိုင်လိမ့်မယ်"


အဆိပ်အတောက်ဖယ်ရှားဆေးလုံး၏အဓိကပါဝင်ပစ္စည်းဖြစ်သည့် စန်းယိကျောင်နှင့် ကျင်းရှောင်တို့ကို ဤကမ္ဘာတွင် ရှာမတွေ့ခဲပါ။ သူမက ထိုဆေးပင်နှစ်မျိုးကို ဤလောကတွင် စိုက်ပျိုးရန် ကြိုးစားခဲ့သော်လည်း နှစ်ပင်စလုံးသည် ရက်အနည်းငယ်အတွင်း သေဆုံးခဲ့သည်။ ကျန်းဝမ်ယုသည် ထိုဆေးပင်နှစ်ပင်၏အာနိသင်ကို တွက်ဆနိုင်ပြီး ထိုနှစ်ခုနေရာတွင် မည်သည့်ဆေးပင်များကို အစားထိုးရန် ဆုံးဖြတ်နိုင်လျှင် မူရင်းလောက်အာနိသင်မရှိရင်တောင်မှ အခြားသူများ အသုံးပြုနိုင်ဆဲဖြစ်ပြီး ကမ္ဘာကြီးအတွက် အထောက်အကူတစ်ခုလည်း ရရှိနိုင်လိမ့်မည်။


သူမက အနီးအနားရှိ မှတ်စုစာအုပ်ကိုကောက်ယူလိုက်ပြီး ဆေးညွှန်းကို ချရေးလိုက်သည်။ စန်းယိကျောင်နှင့် ကျင်းရှောင်တို့ဟာ ဤကမ္ဘာ‌လောကတွင် မရှိသည့်အတွက် ချန်ထားခဲ့လိုက်သည်။


ကျန်းဝမ်ယုသည် သူ့လည်ချောင်းကိုရှင်းလိုက်ပြီး သူ့မျက်လုံးများဟာ တလက်လက်တောက်ပလာခဲ့သည်။ သူက အလွန်သေချာသည့်အသံဖြင့် "ကျွန်တော် သူတို့ကို သေချာပေါက် ဖန်တီးပေးနိုင်လိမ့်မယ်" သူက သူ့စွမ်းရည်ကို အဘယ်ကြောင့် ဤမျှယုံကြည်မှုရှိနေကြောင်းကို သူမ မသိပေမယ့် သူက ကြိုးစားရန် အဆင်သင့်ဖြစ်နေခဲ့သည်။


ဖန့်ကျွင်းရုံက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း ထပ်ဖြည့်ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ရှင့်အလုပ်အတွက် ကျွန်မ ရှင့်ကို တန်ရာတန်ကြေးပေးမှာပါ"


သူမသည် သူမရှေ့နေကိုဆက်သွယ်၍ စာချုပ်ယူလာရန် ပြောခဲ့သည်။ သူ့ရဲ့အခြေခံလစာက ယွမ်ငါးသောင်းမှ စတင်ရရှိပေလိမ့်မည်။ သူ တစ်ကမ္ဘာလုံးကို ဖြန့်ချိသည့်အချိန်တိုင်းတွင် သူ့လစာဟာ ဆယ်ရာခိုင်နှုန်းဆီ တိုးမြှင့်ရရှိလိမ့်မည်။ ကျန်းဝမ်ယုသည် စာချုပ်မှာလက်မှတ်မထိုးမီ သူ၏လက်ရှိအလုပ်မှထွက်ရန် လိုအပ်သည်။


ဖန့်ကျွင်းရုံသည် အလျင်မလိုပေ။ သူမမှာ အချိန်ရှိသည်။ သူမ စောင့်နိုင်ပါသည်။