အခန်း ၈၄
Viewers 25k


အခန်း (၈၄) – သူမကိုယ်သူမ သနားမိသည်၊ ဒီလို ဆိုးရွားတဲ့ ယောက္ခမမျိုးနဲ့ သူမ ဘယ်လို ဆုံတွေ့ခဲ့ရတာလဲ (၃)


အခြားတစ်ဖက်မှာတော့ ကျန်းယာ့ကောသည် သူမရှေ့တွင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ပုံတူကို ချထားကာ ကြည့်ရှုနေခဲ့သည်။ သူမ လီအိမ်တော်ကို ပထမဆုံးအကြိမ် ရောက်ရှိတုန်းက ဖန့်ကျွင်းရုံက သူမကို ဒီပန်းချီကားအား ပေးအပ်ခဲ့တာဖြစ်သည်။ ကျန်းယာ့ကောသည် ထိုအချိန်တုန်းက သူမကို အလွန်ကျေးဇူးတင်မိပြီး သူမမွေးစားမိခင်က သူမအပေါ် တကယ်ကောင်းတယ်လို့ ခံစားရသည်။ မဟုတ်ဘူး။ ဖန့်ကျွင်းရုံကို သူမရဲ့မွေးစားမိခင်လို့ ဘယ်တော့မှ ထပ်မခေါ်ဆိုတော့ဘူး။


ဒီဟာက အတုဖြစ်နေလိမ့်မည်ဟု သူမ ဘယ်တော့မှ မတွေးမိခဲ့ပါချေ။


ဖန့်ကျွင်းရုံဟာ သူမအပေါ်ချစ်ခင်မှုကို ပြသရန်အတွက် ပန်းချီကားအတုတစ်ချပ်ကို အသုံးပြုခဲ့သည်။ မဟုတ်ရင် ဖန့်ကျွင်းရုံကိုယ်တိုင်ကပါ ဒီပန်းချီကားကို အတုဆိုတာ မသိခဲ့တာလား။ ကျုံးရီကို သူမ ပေးခဲ့သောအရာသည် စျေးကြီးသောလက်ဝတ်ရတနာဖြစ်သည်။


သူမမျက်လုံးများဟာ နီရဲနေခဲ့သည်။ သူမ လက်ကျန်ငွေအားလုံးကို ပန်းချီကားကိုအကဲဖြတ်ရန်အတွက် ရာဖြတ်သမားကိုငှားရမ်းရာ၌ အကုန်အသုံးပြုပြီး ဖြစ်သည်။ သူမသည် ပထမဆုံးအကြိမ် အကဲဖြတ်သည့် ရလဒ် ထွက်လာသည့်အချိန်မှာ ထိုအရာအား ယုံကြည်ဖို့ရာကို ငြင်းဆန်မိခဲ့သည်။ သူမသည် နောက်ပိုင်းတွင် အခြားရာဖြတ်သမားအချို့ကိုငှားရမ်းခဲ့ပြီး ၎င်းတို့အားလုံးသည် ထိုပန်းချီကားဟာ အတုဖြစ်ကြောင်း လွန်ခဲ့သောငါးနှစ်အတွင်း ရေးဆွဲထားတာဖြစ်ကြောင်းကို သူမကို အားလုံးက ပြောခဲ့သည်။


သူမသည် အခြားသူများထံမှရရှိသော ရွံရှာသည့်အကြည့်များကို စဥ်းစားမိရင်း ဖန့်ကျွင်းရုံအပေါ် သူမ၏မုန်းတီးမှုဟာ တဖြည်းဖြည်းမြှင့်တက်လာခဲ့သည်။ ဖန့်ကျွင်းရုံက သူမကို ဘာကြောင့် စော်ကားရတာလဲ။


သူမသည် သူမကို နာကျင်မှုကိုဖြစ်ပေါ်စေသော ထိုပန်းချီကားကို ဆုတ်ဖြဲချင်ခဲ့သည်။ သို့သော် သူမသည် ဖန်ကျွင်းရုံကို ဒီအတိုင်း မထားလိုက်နိုင်ပါ။ သို့ပေမယ့် သူမနှင့် ဖန့်ကျွင်းရုံကြား ကွာဟချက်က ကြီးမားလွန်းပြီး သူမသည် ရှစ်ကျီ၏မိခင်ဖြစ်သည်။ အကယ်၍ သူမသာ နူးညံ့စွာ မကိုင်တွယ်မိပါက လီရှစ်ကျီနှင့် သူမတို့ကြားရှိ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။


လီရှစ်ကျီသည် သူမတွေ့ခဲ့ဖူးသမျှ လူတိုင်းထဲတွင် အမြင့်ဆုံးအဆင့်ရှိလူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီးတော့ သူက သူမကို အလွန်ချစ်မြတ်နိုးလေသည်။ အထူးသဖြင့် သူတို့ မတော်တဆ အတူအိပ်ပြီးသည့်နောက်မှာ သူတို့နှစ်ယောက်ဟာ တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးလာခဲ့ကြသည်။ လီရှစ်ကျီဟာ သူမခင်ပွန်းလို့ သူမစိတ်ထဲမှာ မှတ်ယူထားခဲ့ပြီးပြီ။ ဆိုလိုတာ ဖန့်ကျွင်းရုံက သူမရဲ့အနာဂတ်ယောက္ခမ ဖြစ်လာလိမ့်မည်။


ရုတ်တရတ် အရာအားလုံးဟာ ကျန်းယာ့ကောအတွက် အလွန်ဆိုးဝါးလာခဲ့သည်။


အဲ့တာက မကြာခင်မှာပဲ ကိုယ့်ကိုယ်ကို သနားကြင်နာမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက 
အဘယ်ကြောင့် ဒီလို အကျင့်မကောင်းသည့်ယောက္ခမ ဖြစ်လာရတာလဲ။


“ယာ့ကော ဘာဖြစ်နေတာလဲ”


ကျန်းယာ့ကောသည် သူမရှေ့တွင် လီဝမ့်ကျင်းရပ်နေတာကို သတိပြုမိလိုက်ပြီး သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်ကာ စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူမက သူမမျက်ရည်များကို အမြန်သုတ်လိုက်ပြီး သူမနောက်ကျောဖက်သို့ လက်ကို ဖွက်လိုက်သည်။ “ဘယ်သူမှ ဘယ်သူမှ သမီးကို အနိုင်မကျင့်ကြပါဘူး”


လီဝမ့်ကျင်းသည် မကြာသေးမီက ကံဆိုးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သူ့ကုမ္ပဏီ၏အမှာစာရင်း ကြီးကြီးမားမားအနည်းငယ်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူမှာလည်း သူကိုယ်တိုင်အတွက် ဖိအားများစွာရှိနေသောကြောင့် ကျန်းယာ့ကောကို နှစ်သိမ့်ဖို့ အချိန်များစွာ မပေးနိုင်ခဲ့ပါ။ သူက သူ့ရဲ့နက်ကတိုင်ကိုဖြေလျော့ရင်း စကားဆိုလိုက်သည်။ “ကောင်းပြီ။ အဖေတို့က သမီးကို ဘယ်တစ်ဦးတစ်ယောက်ကမျှ အနိုင်ကျင့်တာမျိုး မလိုချင်ဘူး”


ကျန်းယာ့ကောသည် သူမကိုယ်သူမ ကြိုးစားထိန်းချုပ်သော်လည်း နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။ မတရားဘူးလို့ ခံစားရကာ သူမက ပြောလိုက်သည်။ “အဖေ အမေ သမီးကို ပေးခဲ့တဲ့ပန်းချီကားက အတုကြီးတဲ့”


“သူမ ဘာလို့ သမီးကို ဒီလိုလုပ်ရက်ရတာလဲ။ သူမက သမီးကို အစကတည်းက မုန်းတီးနေခဲ့တာလား” သူမက ထိုအကြောင်းကို တွေးမိလေလေ မတရားမှုကို ပိုခံစားရလေလေဖြစ်ကာ ထပ်မံငိုကြွေးလေတော့သည်။


လီဝမ့်ကျင်းသည် အေးခဲသွားပြီး ပန်းချီကားကို မေးခွန်းအပြည့်ဖြင့် ကြည့်လိုက်မိခဲ့သည်။ သူ့အသံဟာ ကျယ်သွားခဲ့သည်။ “အဲ့တာက မဖြစ်နိုင်တာပဲ။ ကျွင်းရုံက အဲ့လိုလူမျိုး မဟုတ်ဘူး။ မင်း ငှားရမ်းတဲ့ ရာဖြတ်သမားကပဲ မှားယွင်းအကဲဖြတ်မိတာ ဖြစ်လိမ့်မယ်။ သူတို့က မင်းပိုက်ဆံကို လှည့်စားပြီး လိုချင်နေတာပဲ။ မင်း သူတို့ လှည့်ကွက်ထဲ မဝင်သွားမိစေနဲ့”


“မင်း ဘာကြောင့် ဒီပန်းချီကားကို အကဲဖြတ်ခဲ့ရတာလဲ။ မင်း ငါတို့ကို မယုံကြည်လို့လား။” သူ့ဂုဏ်သတင်း ပျက်စီးသွားမည့်အကြောင်းကို စဥ်းစားမိပြီး လီဝမ့်ကျင်းဟာ အခြားမည်သည့်အရာကိုမျှ မစဥ်းစားနိုင်ပဲ သူ့အသံဟာ အလွန်ပြင်းထန်လာခဲ့သည်။


ကျန်းယာ့ကောသည် သူ့ကို တုန်လှုပ်အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူမက ပို၍ မတရားသလို ခံစားလိုက်ရပြီးနောက် သူမကိုယ်သူမ ပြန်လည်ထိန်းသိမ်းလိုက်သည်။ သူမမွေးစားဖခင်က ဘာကြောင့် သူမကို ဒေါသထွက်ရတာလဲ။ အခု သူမက နစ်နာသူ ဖြစ်ခဲ့ရတာလေ။


သို့သော် သူမသည် သူမမွေးစားဖခင်ကြောင့်သာ ချမ်းသာသော မိန်းကလေးတစ်ယောက် ဖြစ်နိုင်သည်ဆိုတာကို ကောင်းစွာ သိနားလည်သည်။ သူမက နှာတစ်ချက်ရှုံ့လိုက်ကာ သူ့ကို သူမရဲ့ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့သော အပြုံးလေးကို ပြုံးပြခဲ့သည်။ “ဟုတ် သမီးနားလည်ပါတယ်။ ဒါက သမီးအမှားပါပဲ။ သမီး အမေ့ကို အထင်မလွဲသင့်ဘူး”


သူမပြောတာကိုကြားရပြီးသော်လည်း လီဝမ့်ကျင်းဟာ စိတ်ပူပန်နေဆဲပင် ဖြစ်သည်။ တည်ကြည်သောအသွင်ဖြင့် သူက ပြောလိုက်သည်။ “ကျောင်းက မကြာခင်မှာ တက်ရ‌တော့မယ်။ အကယ်၍ သမီးမှာ အချိန်တွေ ပေါများနေရင် အိမ်မှာ လေ့လာမှုတချို့ ပြုလုပ်နိုင်တာပဲ။ သမီး အရင်က သမီး စန္ဒယားတီးတာ သင်ချင်တယ်လို့ ပြောခဲ့တယ်မလား။ အဲ့တာကို သင်မယ်ဆိုရင်ရော ဘယ်လိုလဲ”


“သမီး လက်‌ရေးလှနဲ့ ပန်းချီဆွဲတာကိုရော ဘယ်လိုထင်လဲ။ အဖေ သမီးကို သင်တန်းအနည်းငယ်လောက် အပ်နှံပေးနိုင်ပါတယ်”


ကျန်းယာ့ကောမှာ အချိန်တွေ အများကြီးရှိနေလို့ သူမက ဒီကိစ္စနဲ့ပတ်သက်ပြီး အာရုံစိုက်နေတာ ဖြစ်နိုင်တယ်။ သူမက သူမရဲ့အချိန်ဇယားတွေကို ဖြည့်စွက်ဖို့ လိုအပ်နေပြီ။ ဒါဆိုရင် သူမ အရာအားလုံးကို စဥ်းစားနိုင်မှာ မဟုတ်တော့ဘူး။ အစောပိုင်းက သူ့အသည်းနှလုံးဟာ သူ့ရင်ဘတ်ထဲမှ ထွက်ကျလုနီးပါး ဖြစ်ခဲ့ရသည်။


ကျန်းယာ့ကောသည် လျှပ်စီးလက်သလို တုံ့ပြန်ခဲ့သည်။ သူမ ထစ်ထစ်ငေါ့ငေါ့ဖြင့် “မဟုတ်… မဟုတ်ပါဘူး။ ဒါက မလိုအပ်ပါဘူး။ သမီးက ရှစ်ကျီကို ကူညီပေးဖို့လိုတယ်။ သမီးက အခု သူ့လက်ထောက်လေ” သူမသည် အလျင်အမြန်ပဲ လီရှစ်ကျီအား သူမ၏ဆင်ခြေအဖြစ် အသုံးချလိုက်သည်။


လီဝမ့်ကျင်းဟာ အရူးတစ်ယောက်‌တော့ မဟုတ်ပါ။ “အင်း မှန်တယ်။ သမီးက ပရောက်ဖက်ရှင်နယ်တစ်ယောက်တော့ မဟုတ်သေးဘူး။ သူ့အနားမှာ ဘာလုပ်ပေးနိုင်လဲ။ သူ့ကို လက်ဖက်ရည် ဖျော်ပေးဖို့လား။ သမီး သူ့ကို အာရုံပျံ့လွင့်စေဖို့ပဲ တတ်နိုင်လိမ့်မယ်။ အဖေ မနက်ဖြန်ကျရင် သမီးအတွက် ကျူတာအချို့ ငှားပေးထားမယ်”


သူက ကျန်းယာ့ကောကို လီရှစ်ကျီ၏လက်ထောက်ဖြစ်လာဖို့ကိုသာ အကြံပေးခဲ့ပြီး ယခု စိတ်ကူးဟာ မကောင်းကြောင်း ပြောခဲ့သည်။


နောက်နာရီဝက်အကြာမှာ ကျန်းယာ့ကောသည် သူမအတွင်းစိတ်အချင်းချင်း အပြန်အလှန်တိုက်ခိုက်နေသလို ခံစားခဲ့ရသည်။ သူမဟာ အလွန်မပျော်ရွှင်ခဲ့ပါ။ နောက်ဆုံးတွင် သူမအခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် မိန်းမောတွေဝေနေမိခဲ့သည်။ ဘာတွေ ဖြစ်နေရတာလဲ။ ဒါတွေအားလုံးက ဖန့်ကျွင်းရုံရဲ့အမှားတွေကြောင့်ပဲ။


သူမသည် သူမနှင့်အတူပြန်ယူလာသော ပန်းချီကားကိုကြည့်ရင်း စိတ်ကူးတစ်ခု ရမိသည်။ မကြာသေးမီက ရှေးဟောင်းပစ္စည်းများကို တိုက်ရိုက်ပြသသည့်အစီအစဥ်တစ်ခုအကြောင်းဟာ အလွန်ရေပန်းစား ကျော်ကြားနေခဲ့သည်။ သူမ အဲဒီအစီအစဥ်ကို သွားရောက်သင့်သည်။


ကျွမ်းကျင်သူက ပန်းချီကားကို အတုဖြစ်သည်ဟု ကြော်ငြာသည့်အခါကျရင် သူမနှင့် မဆိုင်ပါဘူး။ သူမက ဒါက လက်‌ဆောင်ရသူတစ်ဦးပဲ။ အဲ့တာကို ပြုလုပ်ခဲ့တာက ဖန့်ကျွင်းရုံပါပဲ။


သူမသည် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းကို သူမ ဒီအတိုင်း မထားနိုင်ပါ။ ယခု သူမအတွက် တရားမျှတမှုရှာရန်အချိန်ရောက်ပြီ။ သူမအဒေါ်ပြောတာ မှန်တယ်။ သူမက အလွယ်တကူ အနိုင်ယူ၍ ရသောသူတစ်ယောက် မဟုတ်ပေ။ သူမမှာ အခွင့်အလမ်း လိုအပ်သည်။