အခန်း ၈၅
Viewers 25k


အခန်း (၈၅) – ဖန့်ကျွင်းရုံသည် လီရှစ်ကျီတစ်ယောက် သူမ ယခင်ဘဝကကဲ့သို့ အောင်မြင်မှုကို ဆက်လက်ဆွတ်ခူးနိုင်ပါဦးမလား ဆိုတာကို အလွန်သိချင်မိသည် (၁)


ဖန့်ကျွင်းရုံကတော့ သူမကို ကျန်းယာ့ကောက နာမည်ဖျက်ဖို့  အစီအစဥ်ဆွဲနေတာကို မသိရှိခဲ့ပါဘူး။ အခုနောက်ပိုင်းတွင် သူမဟာ အလုပ်များနေခဲ့ပြီး အားလပ်ချိန်ရရှိခဲ့ရင်လည်း ကျန်းဝမ်ယုကို စစ်ဆေးပေးခြင်းဖြင့် အချိန်ကုန်နေလေ့ရှိသည်။ 


ဖန့်ကျွင်းရုံထံမှ အဆိပ်အတောက်ဖယ်ရှားဆေးလုံးကို သောက်သုံးပြီးနောက် ကျန်းဝမ်ယု၏ခန္ဓာကိုယ်မှ အဆိပ်များသည် လျင်မြန်စွာကုန်စင်သွားခဲ့ပြီး သူ့ရဲ့လှပခန့်ညားသော မျက်နှာ‌လေးကို ပြန်လည်ရရှိလာခဲ့သည်။ သူ့အသွင်အပြင်ဟာ ရှေးခေတ်များဆီကနေ ဆင်းသက်လာသော အသွင်လေးလိုပင် မြင့်မြတ်တော်ဝင်ဆန်ကာ နူးညံ့လှပဘေသည်။ သူက ယပ်တောင်တစ်ခုကို ကိုင်ထားလျှင် စာအုပ်များထဲမှထွက်လာသော ပညာရှင်တစ်ဦးနှင့်တူလှသည်။ ပညာရှိသည့်ရုပ်သွင်ကို ကြည့်ပါ။ သူက သူ့အမွှာအစ်ကိုကျန်းပိနှင့် ဆင်တူသည်။ ကျန်းပိက သူ့ထက် ပိုပြီး ယောကျာ်းပီသသောအသွင် ပိုရှိသည်။ ဖန့်ကျွင်းရုံသည် အစက သူတို့ကို သွေးချင်းရင်းနှီးလှသည့် အမွှာညီအစ်ကိုတွေလို့ ထင်ခဲ့မိသည်။


သူ့မျက်လုံးများဟာ အလွန်တောက်ပနေခဲ့သည်။ သူမသမီး ပြောခဲ့ဖူးသလိုပဲ သူ့မျက်လုံးတွေထဲမှာ နဂါးငွေ့တန်းတစ်ခုရှိနေသလို ခံစားရသည်။


သူက ရာထူးမှနှုတ်ထွက်ရန် ကျောင်းဝင်းသို့ ပြန်သွားရန် စီစဥ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သူ့အစား နှုတ်ထွက်စာတင်ခဲ့သည်ဟု သိခဲ့ရသည်။ ကာယကံရှင်ကိုယ်တိုင်ပြုလုပ်သင့်သော အလုပ်တစ်ခုကို တစ်ယောက်ယောက်က လူစားထိုးကာ ပြုလုပ်ခဲ့လေသည်။


ပုံမှန်အားဖြင့် ကျန်းဝမ်ယုသည် တစ်ခုခုမှားနေသည်ကို အနံ့ခံနိုင်လေသည်။ ဖြစ်နိုင်တာက သူ့ကိုသတ်ဖို့ ကြိုးစားသူက မည်သူမဆို ဖြစ်နိုင်ချေ ပိုများနေခဲ့သည်။ သူက သူ့ကိုယ်သူ နေ့စဥ်သာမာန်လူတစ်ယောက်လိုသာ နေထိုင်ခဲ့သော်လည်း ဘယ်သူတွေကများ သူ့ကို သေစေအောင် ပစ်မှတ်ထားနေမှန်းကို မတွေးတတ်တော့ဘူး။


အဆင့်အတန်းနဲ့ အာဏာမရှိသည့်အတွက် သူသည် ဖန့်ကျွင်းရုံကို အကူအညီတောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။


အခြားတစ်ဖက်တွင် ဖန့်ကျွင်းရုံက ကျန်းအိမ်တော်၏ တရားဝင်အလုပ်အကိုင်နှင့်ပတ်သက်ပြီး စိတ်ကူးကောင်းတစ်ခု ရရှိခဲ့လေသည်။ နောက်ဆုံးတော့ သူမသည် ကျန်းဝမ်ယုကို မြင်တွေ့လိုက်ရသည့်အခါ ကျန်းအိမ်တော်၏ ထူးခြားတဲ့အရာနဲ့ သူ လိုက်လျောညီထွေစွာ ထုတ်ဖော်ခဲ့သည့် အဆိပ်ရဲ့အကျိုးဆက်တွေကို စာအုပ်ထဲမှာ ဖော်ပြထားခဲ့တာကို အမှတ်ရလိုက်သည်။ ၎င်းကို ပြုလုပ်ရန် လိုအပ်သည့်လုပ်ငန်းစဥ်သည် အတော်လေး ရှုပ်ထွေးခဲ့သည်။ သူမသည် သူ့ကို ကယ်တင်ပြီးကတည်းက သူမတည်ရှိမှုကို ကျန်းအိမ်တော်၏အာရုံစိုက်မှုကို ခံခဲ့ရပြီး ဖြစ်သည်။ သူတို့က သူ့ကို အိမ်တော်သို့ ပြန်လည်မကြိုဆိုသင့်ဘူးလား။ နောက်ဆုံးမှာတော့ ကျန်းဝမ်ယုနှင့် ကျန်းပိသည် အမွှာညီအစ်ကိုများ ဖြစ်ကြပြီး ကျန်းပိသည် ကျန်းအိမ်တော်တွင် ကြီးပြင်းခဲ့သည်။ ကျန်းဝမ်ယု၏ တည်ရှိမှုသည် ကျန်းအိမ်တော်အတွင်းရှိ ကျန်းပိ၏ပုံရိပ်ကို ခြိမ်းခြောက်နိုင်စရာ အကြောင်းမရှိပါချေ။


ကျန်းအိမ်တော်နှင့်ပတ်သက်ပြီး သူမ နားမလည်နိုင်သောအရာတစ်ခု ရှိခဲ့သည်။ သူမ ယခင်ဘဝ၌ ကျန်းဝမ်ယုသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူတို့က သူ့ကို အရင် ပစ်မှတ်ထားခဲ့တာ ဖြစ်သည်။


သူမသည် သူ့ကိုကူညီရန် သဘောတူခဲ့ပြီး သူ့အတွက် ဓာတ်ခွဲခန်းတစ်ခုတည်ဆောက်ရန် ငွေကြေးအမြောက်အများ အသုံးပြုခဲ့သဖြင့် ထို့အတွက်ကြောင့် သန်းပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။ သူမဟာ ကျန်းဝမ်ယုရဲ့အစွမ်းအစကို ယုံကြည်ပြီး သူ့အား ထွန်းလင်းတောက်ပစေမည့် အခွင့်အလမ်းကို ပေးချင်သောကြောင့် သူမသည် ထိုသို့ ပြုလုပ်ပေးခဲ့တာ ဖြစ်သည်။ မည်သို့ပင်ဆို‌စေကာမူ အပြင်လူတစ်ယောက်၏ရှုထောင့်မှကြည့်လျှင် ကျန်းဝမ်ယုသည် သာမာန်ကောလိပ်ပါမောက္ခတစ်ဦးသာ ဖြစ်သည်။ သူ၏ရုပ်ရည်ရူပကာမှလွဲ၍ အခြားထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများ မရှိချေ။


ထို့ကြောင့် ဖန့်ကျွင်းရုံ၏အပြုအမူသည် သူ့ရုပ်ရည်ကြောင့် မိန်းမောတွေဝေသွားစေခဲ့တာဖြစ်လိမ့်မယ်လို့ သူမအား ထင်မြင်ယူဆသွားစေခဲ့သည်။ ဒါက သူမရဲ့အပြုအမူအတွက် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုပဲ။


ရှုဝေဝေတောင်မှ ကျန်းဝမ်ယုကိုလေ့လာဖို့ အထူးအစီအစဥ်တစ်ခု လုပ်ခဲ့သေးသည်။ သူမ သူ့ကိုစစ်ဆေးကြည့်ရှုပြီးမှ သက်ပြင်းချလိုက်မိသည်။


ဝေခွဲမရဖြစ်နေသည့်အသွင်ကြောင့် ဖန့်ကျွင်းရုံက သူမကို မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”


ရှုဝေဝေသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောခဲ့သည်။ “ငါက နင်စိတ်ပြောင်းသွားပြီး လတ်ဆတ်တဲ့အသားလေးတွေကို စားတော့မယ်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် ငါ ကျန်းဝမ်ယုကို တွေ့လိုက်ရတဲ့အခါကျမှ မှားသွားတာကို သိလိုက်ရတယ်။ သူက အဲ့လိုလူမျိုးနဲ့ မတူဘူး။ သူက အမျိုးသမီးတွေကို ကြည့်နေရတာထက် သူ့ဓာတ်ခွဲခန်းထဲက ကိရိယာ ဗူးတွေ ပုလင်းတွေကို ကြည့်ရတာကို ပိုစွဲမက်နေပုံရတယ်”


ထိုစကားကို ကြားလိုက်ရတော့ ဖန့်ကျွင်းရုံက ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ ဘာစကားကြီးလဲဟ...


“ငါတို့ရဲ့အလှအပဆေးလုံးတွေ ထုတ်လုပ်မှုက အနည်းအများတော့ ထုတ်ပြီးနေကြပြီ။ ငါတို့ ရက်အနည်းငယ်အတွင်းမှာ ကြိုတင်ရောင်းချနိုင်ပြီးတော့ ၈ရက်၊ ၉ရက်နေ့တွေမှာ တရားဝင် ရောင်းချနိုင်ပြီ” ဟု ရှုဝေဝေက တင်ပြခဲ့သည်။


“အံ့သြစရာပဲ။ ငါတို့ပထမအသုတ်အတွက် ဗူးရေငါးသောင်း ထုတ်ကြရအောင်”


ရှုဝေဝေသည် နောက်ထပ်အဖြစ်အပျက်တစ်ခုကို တင်ပြခဲ့သည်။ “ဒါနဲ့ စကားမစပ် ကျန်းယာ့ကော တကယ့်ကိုမလွယ်တဲ့မိန်းကလေးပဲ”


ဖန့်ကျွင်းရုံသည် ထိုနာမည်ကိုကြားလိုက်ရသောအခါ မျက်နှာပျက်သွားခဲ့သည်။ “အခု သူမက ဘာလုပ်ခဲ့တာလဲ”