အခန်း ၈၆
Viewers 30k


အခန်း (၈၆) – ဖန့်ကျွင်းရုံသည် လီရှစ်ကျီတစ်ယောက် သူမ ယခင်ဘဝကကဲ့သို့ အောင်မြင်မှုကို ဆက်လက်ဆွတ်ခူးနိုင်ပါဦးမလား ဆိုတာကို အလွန်သိချင်မိသည် (၂)


မကြာသေးမီက လီဝမ့်ကျင်းသည် သခင်မလေးအသစ်ဖြစ်လာသော ကျန်းယာ့ကောကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှု ခံစားခဲ့ရပြီး ဒုက္ခများသွားခဲ့ကြောင်းကို သူမ သိလေသည်။ ထိုကိစ္စပြီးနောက် ကျန်းယာ့ကော၏ဘဝနေထိုင်မှုသည် ထိုအချိန်မတိုင်မီကကဲ့သို့ မကောင်းမွန်ခဲ့သော်လည်း သူမ၏ဘဝသည် ယခင်ကထက် ပိုမိုကောင်းမွန်နေဆဲပင် ဖြစ်သည်။ လီဝမ့်ကျင်းတွင် ငွေအများကြီး မရှိသော်လည်း သူက သူမကို ငွေအနည်းငယ်တော့ ပေးသေးသည်။ ပြီးတော့ သူမ၏BBQဝက်လိုသားက သူမအား လွန်ခဲ့သောရက်အနည်းငယ်က မကြာခဏ ဖုန်းခေါ်လာခဲ့သည်။ ပထမအကြိမ်ခေါ်ဆိုတာကို တွေ့ပြီးသည့်နောက် သူမဟာ သူ့နံပါတ်ကို blockလိုက်သည်။


သူမသည် လီရှစ်ကျီ၏ငွေထုတ်စက်အဖြစ် ထပ်မံ အရူးအဖြစ်မခံနိုင်တော့ပေ။


သူမ လီဝမ့်ကျင်းနှင့်ကွာရှင်းပြီးကတည်းက ဖန့်ကျွင်းရုံ၏အပေါင်းအသင်းမိတ်ဆွေများသည် လီဝမ့်ကျင်းက ဝမ်ရှောင်းကို ထောင်ထဲသို့ပို့ရန် အချက်အလက်များရှာရာ သူတို့၏အဆက်အသွယ်ကွန်ရက်မှ အကူအညီယူရာတွင် သူ့ထံမှ ငွေများစွာ ညှစ်ထုတ်ခဲ့ကြသည်။


ရှုဝေဝေက မေးလိုက်သည်။ “နင် ကျိုးယန်ကို မှတ်မိသေးလား။ သူမ မကြာသေးခင်က “ရှေးဟောင်းပစ္စည်းတွေရဲ့ ကံကြမ္မာ” လို့အမည်ရတဲ့ အစီအစဥ်တစ်ခုမှာ တင်ဆက်သူအဖြစ် ပါဝင်ခဲ့တယ်။ အဲ့အစီအစဥ်က တော်တော်နာမည်ကြီးတယ်။ ကျန်းယာ့ကောက အဲ့အစီအစဥ်မှာပါဝင်ဖို့ လျှောက်လွှာတင်ထားတယ်တဲ့။ သူမက ရှုဖန့်ဝမ်ရဲ့လက်ရာတွေကို အကဲဖြတ်တဲ့အပိုင်းမှာ ပါဝင်ချင်တယ်လို့ ပြောတယ်တဲ့။ နင် သူမကို ပထမဆုံးအကြိမ် တွေ့ဆုံလက်‌ဆောင်အဖြစ် ရှုဖန့်ဝမ်ရဲ့လက်ရာကို ပေးခဲ့တာကို ငါ မှတ်မိတယ်”


“ကျိုးယန်က သူမကို ဒီအစီအစဥ်ထဲ မပါဝင်နိုင်အောင် တားလိုက်ရမလားလို့ ငါ့ကို မေးထားတယ်” အစီအစဥ်တင်ဆက်သူအနေဖြင့် ကျန်းယာ့ကောလို နောက်ခံအများကြီးမရှိသူတစ်ယောက်အတွက် ကျိုးယန်က စကားတစ်ခွန်းနှင့်ပင် တားဆီးဖို့ လုပ်နိုင်သည်။


အခြားတစ်ဖက်တွင်မူ ဖန့်ကျွင်းရုံက ဒီသတင်းကို ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားမိခဲ့သည်။ သူမနှုတ်ခမ်းများဟာ ပျော်ရွှင်မှုကြောင့် ကွေးညွှတ်သွားခဲ့သည်။ “ငါတို့ သူမကို ဘာကြောင့် တားဆီးဖို့လိုအပ်ရမှာလဲ။ သူမ အဲဒီ့အစီအစဥ်ကို သွားခွင့်ပြုလိုက်”


ပြီးနောက် သူမက ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။ “သူမ ဒီအစီအစဥ်ကို သွားပြီးရင် အဲ့တာက ခန့်မှန်းခြေ ဘယ်အချိန်လောက် ထုတ်လွှင့်ဖြစ်နိုင်မလဲ”


“တစ်ပတ်အတွင်းမှာပဲ။ ၆ရက်နေ့ ပတ်ဝန်းကျင်လောက်ပေါ့”


“အဲ့တာက ကောင်းတယ်။ မဟုတ်ဘူးလား။ အဲ့တာက ငါ့အတွက် အခမဲ့ကြော်ငြာပေးတာ ဖြစ်သွားလိမ့်မယ်။ ငါတို့ ကြော်ငြာစရိတ်အများကြီး ချွေတာမိသွားနိုင်လိမ့်မယ်။ သူမ လီဝမ့်ကျင်းမသိပဲ ဒီကိစ္စကို သူမဖာသာ စီစဥ်တယ်ဆိုတာ သေချာတယ်။ သူ ဒီအကြောင်းကိုသာသိသွားခဲ့ရင် သူမကို သူ့အစွမ်းအစနဲ့ တားဆီးဖို့လုပ်မှာ သေချာတယ်”


ဒီသတင်းသာ ပေါက်ကြားသွားမယ်ဆိုရင် လီဝမ့်ကျင်း၏ဂုဏ်သတင်းကို အံ့သြဖွယ်ရာ ဖြစ်စေလိမ့်မည်။ ထိုနေ့ရောက်လာတော့မှာကို စဥ်းစားမိရင်း ဖန့်ကျွင်းရုံသည် အစီအစဥ်ထုတ်လွှင့်မယ့်ရက်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။


ရှုဝေဝေက နောက်ကွယ်က ရှုပ်ထွေးမှုများအကြောင်းကို သိရှိမိတော့ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ “အဲ့တာ အလုပ်ဖြစ်လောက်တယ်။ ကျန်းယာ့ကောကို အကောင်းဆုံးမီး‌မောင်းထိုးပြပေးဖို့ ကျိုးယန်ကို ငါ အသိပေးလိုက်မယ်”


ရှုဝေဝေသည် အခု ဒုဥက္ကဌဖြစ်လေသည်။ ဖန့်ကျွင်းရုံသည် သူမကို အလုပ်အများစုကို လွှဲအပ်ထားသဖြင့် သူမဟာ အလွန်အလုပ်များနေတတ်သည်။ ဖန့်ကျွင်းရုံနှင့် စကားစမြည်ပြောဆိုအပြီးတွင် သူမရုံးခန်းသို့ အမြန်ပြန်လာခဲ့သည်။ သို့သော် သူမသည် သူမ၏လက်ရှိနေထိုင်မှုပုံစံကို အလွန်နှစ်သက်လေသည်။


***


ရှုဝေဝေထွက်သွားအပြီး သိပ်မကြာခင်မှာပဲ ဖန့်ကျွင်းရုံ၏သမီးလေး လီရှင်းယွင်ဟာ အိမ်ပြန်ရောက်လာခဲ့သည်။ သူမက မျက်မှောင်ကြုတ်နေပြီး အလွန်စိတ်မပျော်ရွှင်သည့်အသွင် ဖြစ်နေခဲ့သည်။


“ဘယ်သူက သမီးကို စိတ်ဆိုးအောင်လုပ်တာလဲ” ဟု ဖန့်ကျွင်းရုံက မေးလိုက်သည်။


သူမသမီးဖြစ်သူသည် မကြာသေးမီက ရေခဲပြင်စကိတ်စီးရတာကို သဘောကျခဲ့ပြီး နေ့တိုင်း အိမ်မှစောစောထွက်လေ့ရှိခဲ့သည်ကို သူမ သတိရမိသည်။


လီရှင်းယွင်သည် ဖန့်ကျွင်းရုံဘေးတွင် သူမ ငယ်ငယ်တုန်းကလို မှီတွယ်ပြီး ထိုင်နေခဲ့သည်။ “ဒီနေ့ အစ်ကိုကြီးက သမီးကို ဖုန်းဆက်တယ်”


“သူက သမီးဆီကနေ ပိုက်ဆံချေးဖို့ ပြောတာလား” ဖန့်ကျွင်းရုံက ချက်ချင်းမေးမြန်းလိုက်သည်။


လီရှင်းယွင်က မတ်မတ်ထိုင်လိုက်သည်။ သူမမျက်လုံးများ ပြူးကျယ်သွားပြီး ပုံမှန်ထက် ပိုဝိုင်းစက်သွားခဲ့လေသည်။ “မေမေ ဘယ်လိုလုပ်ပြီး သိတာလဲ”


အေးဆေးတည်ငြိမ်တဲ့ပုံစံနဲ့ သူမရဲ့စိတ်ခံစားချက်တွေကို မထုတ်ပြပဲ ဖန့်ကျွင်းရုံက ပြောလိုက်သည်။ “သူက မေမေ ကွာရှင်းပြီးတဲ့အချိန်ကတည်းက မေမေ့ကို သာကြောင်းမာကြောင်း မေးဖို့ကိုတောင် ဘယ်တေ့ာမှ ဖုန်းမခေါ်ခဲ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က အမေ့ကို မကြာခဏဖုန်းခေါ်ခဲ့ပြီးတော့ သူ ကိုယ်ပိုင်စီးပွားရေးစလုပ်ချင်တဲ့အကြောင်း ပြောတာ မရပ်ဘူး။ သူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စလုပ်မယ်ဆိုရင် အရင်းအနှီးလိုတယ်လေ။ အမေ သူ ဖုန်းခေါ်ဆိုမှုတွေကို ပြန်မဖြေတော့ဘူးလေ”


သူမ၏BBQဝက်လိုသားက သူမအစား သူမသမီးဖြစ်သူထံသို့ လှည့်လာခဲ့မည့်အကြောင်းကို သူမ မမျှော်လင့်ထားခဲ့ပါ။ ပြောရရင် ရှင်းယွင်မှာ ငွေကြေးပြတ်လပ်မှု မရှိပေ။ သူမသည် ဖန့်ကျွင်းရုံထံမှ လစဥ်မုန့်ဖိုးငွေများ ရရှိခဲ့ပြီး အခြားအနီရောင်အိတ်များကိုလည်း ဖန့်ကျွင်းရုံက သူမထံသို့သာ အကုန်ပေးခဲ့သည်။ ဖန့်ကျွင်းရုံက သူမ၏ရင်းနှီးမြှပ်နှံမှုအချို့ကိုလည်း ပြသပေးခဲ့သည်။ နှစ်များတစ်လျှောက်၌ သူမထံတွင် သန်းရာချီမရှိဘူးဆိုရင်တောင်မှ သန်းဆယ်ဂဏန်းလောက်တော့ ရှိသင့်လေသည်။