အခန်း ၈၈
Viewers 25k


အခန်း (၈၈) – အဖြစ်အပျက်တွေဟာ ရုတ်ခြည်း ပြောင်းလဲသွားပြီး နောက်ကျောကို ဓားဖြင့် အထိုးခံလိုက်တယ်လို့ ထင်မြင်မိသည် (၁)


ဖန့်ကျွင်းရုံဟာ ဒီလိုအစီအစဥ်မျိုးကို ကြည့်ရှုလေ့ မရှိပါဘူး။ သူမသည် ဒီလိုအစီအစဥ်များထက် ရုပ်ရှင်များကို ကြည့်ရှုရတာကို ပိုနှစ်သက်လေသည်။ သို့သော် သူမသည်ပင် ဤအစီအစဥ်၏နောက်ကွယ်က ဖြစ်ရပ်မှန်များကို ပွင့်ပွင့်လင်းလင်းချပြခြင်းရှိသောကြောင့် လူကြိုက်များနေရသည်ဖြစ်ကြောင်း အကြောင်းပြချက်များကို ရှာတွေ့ခဲ့ရသည်။ ဒါက ခိုင်မာတဲ့နောက်ခံရှိတာပဲ။


အခြားအရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆက်လက်မစဥ်းစားတော့ပဲ သူမသည် ကျန်းယာ့ကောပါဝင်မည့်အပိုင်းကို စတင်ကြည့်ရှုခဲ့လေသည်။ သို့သော် ပြသနေတာကို ဆက်လက်ကြည့်ရှုနေခဲ့သော်လည်း အပိုင်းတစ်ခုလုံး ပြီးခါနီးတာတောင်မှ ကျန်းယာ့ကော ပေါ်ထွက်လာခဲ့ခြင်း မရှိသေးပါ။ ဒီအစီအစဥ်ပြီးပြီးချင်း ပြသမည့်ဇာတ်လမ်း၏ကြော်ငြာကိုသာ ထုတ်လွှင့်တာကို တွေ့ရသည်။


အစီအစဥ်တင်ဆက်မည့် အစီအစဥ်တင်ဆက်သူကျိုးယန်သည် သူမသည် ဤအစီအစဥ်တင်ဆက်မှုကို လိုလားမှုရှိမရှိကို နှစ်ကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းခဲ့သည်။ တကယ်တော့ ကျန်းယာ့ကောပြောတာမှန်ရင် သူမအတွက် လူသိရှင်ကြားဖြစ်သွားမှာ မကောင်းဘူး။ ဖန့်ကျွင်းရုံသည် ကျိုးယန်အား ထိုပန်းချီကားသည် လီဝမ့်ကျင်းထံမှ သူမလက်ဆောင်ရရှိထားတာဖြစ်ကြောင်းကို အေးဆေးစွာ ပြောခဲ့လေသည်။ ဖုန်းတစ်ဖက်မှ ကျိုးယန်သည် ရယ်မောသွားမိပြီးတော့ ဒီအကြောင်းကို ထပ်မပြောတော့ပေ။


ပထမပိုင်းပြီးနောက် ကြော်ငြာများ စတင်ပြသလာခဲ့သည်။ စောင့်မျှော်နေခဲ့ရသည့်အချိန်ဟာ ရောက်ရှိလာခဲ့ပြီ။


သူမသည် အစီအစဥ်ကြည့်ရင်း စားရန် အသီးအနှံပန်းကန်ကို သူမကိုယ်တိုင် ပြင်ဆင်ခဲ့သည်။ ယခုအချိန်တွင် လီရှင်းယွင်နှင့် ကျုံးရီတို့ဟာ အိမ်ပြန်ရောက်လာကြသည်။ ဒီနေ့ သူတို့နှစ်ယောက်စလုံး အတူစျေးဝယ်ထွက်ကြတာ ဖြစ်သည်။ ကျုံးရီရဲ့အဖွားဟာ မျှော်လင့်ထားတာထက် ကျန်းမာရေး ပိုကောင်းလာသည်နှင့်အမျှ ကျုံးရီဟာ နောက်ပိုင်းမှာ စိတ်ချမ်းသာစွာ နေနိုင်ခဲ့သည်။ လီရှင်းယွင်ကျောင်းတက်ပြီး မကြာခင်မှာပဲ သူမလည်း ကျောင်းတက်ရ‌တော့မှာ ဖြစ်သည်။ သို့သော် ကျောင်းသားသစ်များကို နှုတ်ဆက်ရန်နှင့် လက်မှတ်ရေးထိုးရန်အတွက် သူမသည် ၈ရက်နေ့တွင် ကျောင်းသို့သွားရန် လိုအပ်ပေလိမ့်မည်။


သူတို့နှစ်ဦးဟာလည်း ဖန့်ကျွင်းရုံ၏ဘေးတစ်ဖက်စီမှာ ထိုင်ပြီးတော့ သူမနှင့်အတူ တီဗီကြည့်နေကြသည်။


ကြော်ငြာများပြသပြီးနောက် နောက်တစ်ပိုင်းကို စတင်ပြသခဲ့သည်။


ကျန်းယာ့ကောသည် နောက်တစ်ပိုင်း၏တစ်ဝက်လောက်အချိန်တွင် ပါဝင်လာခဲ့သည်။ သူမသည် ဒီအစီအစဥ်ပါဝင်ဖို့အတွက် သူမ၏အသွင်အပြင်ကို အများကြီး အာရုံစိုက်ထားခဲ့သည်။ သူမရဲ့ပေါ့ပေါ့ပါးပါးမိတ်ကပ်နှင့် အဖြူရောင်ဂါဝန်လေးဝတ်ဆင်ထားသည့် သူမအသွင်အပြင်လေးက သူမကို ဖြူစင်သန့်ရှင်းသည့်ဆွဲဆောင်မှုမျိုး ရှိနေစေပုံပေါ်သည်။ သူမ၏မျက်လုံးလေးများက စကားပြောနေသလိုမျိုး သူမကို ဆွဲဆောင်မှုရှိနေစေကာ သူမဘေးတွင် ရပ်နေသည့် အစီအစဥ်တင်ဆက်သူကဲ့သို့ ဆွဲဆောင်မှုရှိနေစေခဲ့သည်။


ကျိုးယန်ဟာ ချီးကျူးစကားများဖြင့် စတင်မိတ်ဆက်ပေးခဲ့သည်။


လီရှင်းယွင်ဟာ ကြက်သေသေသွားခဲ့သည်။ “သူမက ဘာကြောင့် ဒီအစီအစဥ်မှာ ပေါ်ထွက်လာရတာလဲ”


ဖန့်ကျွင်းရုံက သူမမေးစေ့လေးကို အသာတွန့်ကာ ပြောလိုက်သည်။ “ဆက်ကြည့်နေရင် သမီး တွေ့ရလိမ့်မယ်”


တီဗီထဲမှ ကျန်းယာ့ကောသည် ရှက်ပြုံးလေးတစ်ပွင့်ဖြင့် မိန်းမလှလေးပန်းချီကားကို မဆွဲထုတ်မီ သူမကိုယ်သူမ အရင်မိတ်ဆက်ပေးခဲ့သည်။ သူမ၏မျက်တောင်များသည် ရှည်လျားလွန်းပြီး ကင်မရာတွ၍် သူမကို ပို၍ပင် အပြစ်ကင်းစင်စေသည့်ပုံပေါ်စေသည်။


သူမမိဘများ ဆုံးပါးသွားခဲ့ပုံနှင့် သူမမိဘများနှင့် ရင်းနှီးသောသူငယ်ချင်းဖြစ်သူ လီဝမ့်ကျင်းက သူမအား မွေးစားခဲ့သည်ကို ပြောပြခဲ့ပြီးနောက် ကြည့်ရှုနေသာ ပရိသတ်အားလုံး၏ သနားဂရုဏာများကို ရရှိပိုင်ဆိုင်သွားစေခဲ့သည်။ လီဝမ့်ကျင်းသည် တိုင်းပြည်အတွင်းမှာ လူသိများထင်ရှားသည်။


“ဒါက ရှုဖန့်ဝမ်ရဲ့နောက်ဆုံးလက်ရာတွေထဲက တစ်ခုပါပဲ” ဟု ကျန်းယာ့ကောက ၎င်းကို မိတ်ဆက်ပေးခဲ့သည်။ “ဒီပန်းချီကားကို ကျွန်မရဲ့မွေးစားမိခင်က ကျွန်မတို့ ပထမဦးဆုံးတွေ့ဆုံးချိန်မှာ လက်ဆောင်အဖြစ် ပေးခဲ့တယ်”


ကျုံးရီဟာ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “သူမက ဘာကို ဆွဲထုတ်ဖို့ လုပ်ချင်နေတာလဲ” သူမက မွေးစားမိခင်ထံမှ ရရှိသော လက်ဆောင်ကို အကဲဖြတ်ရန် ပြသခဲ့သည်။ ထိုအရာက အလွန်မသင့်လျော်ဘူးလို့ မခံစားရဘူးလား။ ကျန်းယာ့ကော တစ်ခါက သူမ၏သူငယ်ချင်းကောင်းဟာ သူမနှင့် ပို၍ပို၍အကျွမ်းတဝင်မရှိတော့သလိုမျိုး ခံစားလာရသည်။ သူမသည် သူမအနေဖြင့် အပြောင်းအလဲကိစ္စများစွာကြောင့် ပြောင်းလဲသွားတာလား သို့မဟုတ် သူမသည် သူမသူငယ်ချင်းကောင်းနှင့် ပတ်သက်၍ အမှန်တရားကို မြင်နိုင်ရန် အတိတ်ကာလက သူမဟာ အလွန်မိုက်မဲလွန်းနေတာလားကိုပင် သူမ မသိနိုင်ခဲ့ပါ။ သူမသည် သူမကိုယ်သူမ ဥာဏ်ကောင်းတဲ့လူတစ်ယောက်ဟု ထင်ခဲ့သော်လည်း နောက်ကြောင်းပြန်လှည့်ကြည့်သောအခါ သူမသည် အရူးတစ်ယောက် မဖြစ်ရုံတမယ်သာ ဖြစ်ခဲ့သည်ကို တွေ့မြင်လိုက်ရသည်။


လီရှင်းယွင်ဟာ နှာခေါင်းရှုံ့လိုက်သည်။ “ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲ သူမပါဝင်နိုင်ဖို့အတွက် သူမ အာရုံစိုက်ထားတာ ဖြစ်နိုင်တယ်”


ဇာတ်လမ်းတစ်ခုလုံးကို မသိသည့် ကလေးနှစ်ယောက်သည် ကျန်းယာ့ကောက ကျော်ကြားမှုနှင့် နာမည်ကြီးချင်လို့သာ ထင်ခဲ့ကြသည်။


တီဗီမျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့ ကျန်းယာ့ကောဟာ အနည်းငယ် မှေးမှိန်သွားခဲ့သည်။ သူမသည် အလွန်ဝမ်းနည်းနေပုံရသည်။ “ကျွန်မကို အမြဲတမ်း ရတနာတစ်ခုလို တန်ဖိုးထားပေးခဲ့တယ်။ အဲ့တာက ကျွန်မကို မွေးစားမိခင်က ဘယ်လိုသဘောထားနေလဲဆိုတာကို ကိုယ်စားပြုတယ်လေ။ အဲ့ဒီအိမ်တော်ကို ကျွန်မဝင်ရောက်ခဲ့ပြီး မကြာခင်မှာ မိသားစုတွေ ပြိုကွဲသွားခဲ့ကြတယ်လေ”


“မင်းမွေးစားမိခင်က တစ်ခါက ဖန့်အိမ်တော်ရဲ့ မိန်းမလှလေး ဖန့်ကျွင်းရုံဆိုတာ ဟုတ်ပါသလား” ဟု ကျိုးယန်က ပြီးပြည့်စုံသည့်အချိန်ကိုက်မှာ မေးမြန်းခဲ့သည်။


“ဟုတ်တယ်။ ကျွန်မကို ကျွန်မရဲ့မွေးစားမိခင်က အမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးတယ်။ သူမက လှပပြီးနူးညံ့သိမ်မွေ့တယ်။ ကျက်သရေရှိပြီး