အခန်း ၈၉
Viewers 25k


အခန်း (၈၉) – အဖြစ်အပျက်တွေဟာ ရုတ်ခြည်း ပြောင်းလဲသွားပြီး နောက်ကျောကို ဓားဖြင့် အထိုးခံလိုက်တယ်လို့ ထင်မြင်မိသည် (၂)


ကျန်းယာ့ကောသည် တလက်လက်တောက်ပနေသောမျက်ဝန်းများဖြင့် မြှောက်ပင့်သည့်စကားများကို စတင်ပြောဆိုခဲ့သည်။


ဖန့်ကျွင်းရုံက သူမပြောနေသည့်စကားများကို မယုံကြည်ပေ။ မဟုတ်ရင် သူမက ဒီပန်းချီကားကို အတုဆိုတာသိပြီး‌နောက် ဘာကြောင့် ဒီအစီအစဥ်ကို သွားရောက်မှာလဲ။ နေ့ရက်များအဆုံးသတ်၌ ယာ့ကောက သူမကို ခက်ခဲသည့်အချိန်များကို ပေးချင်နေခဲ့တာပဲ။


အကယ်၍ ဖန့်ကျွင်းရုံသာ ထိုပန်းချီကားကို သူမကိုယ်တိုင် ဝယ်ယူခဲ့မယ်ဆိုလျှင် သူမရဲ့အစီအစဥ်က အလုပ်ဖြစ်နိုင်လီမ့်မည်။ နောက်ဆုံးတွင် ကျန်းယာ့ကောသည် မိမိကိုယ်ကို ကြင်နာရိုးရှင်းပြီး ယုံကြည်ရသည့် ပြီးပြည့်စုံသောပုံရိပ်ကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏သရုပ်ဆောင်စွမ်းရည်နဲ့ဆိုရင် ဖျော်ဖြေရေးအသိုင်းအဝိုင်းသို့ မဝင်ရောက်တာက ဖြုန်းတီးလိုက်သလို ဖြစ်သွားနိုင်တယ်မလား။


ယခုအစီအစဥ်မှာ ဖန့်ကျွင်းရုံ၏နောက်ခံအကြောင်းကို မိတ်ဆက်စကားဆိုရန် အချိန်ရလေသည်။ သူမ၏အသားတင်ပိုင်ဆိုင်မှုတန်ဖိုးမှာ ယွမ်ဘီလီယံနှစ်ဆယ်သာ ရှိသော်လည်း အထင်ကြီးလောက်စရာပင်။ ကြည့်ရှုသူများစွာက ဖန့်ကျွင်းရုံသည် သားသမီးများ ထပ်မံမွေးစားဖို့ အစီအစဥ်ရှိမရှိ မေးမြန်းခဲ့ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ မွေးစားဖို့ရန် အကြံဥာဏ်ပြုကြလေသည်။


ကျိုးယန်က မေးလိုက်သည်။ "ဒါဆို မင်း ဒီနေ့မှာ ငါတို့ကို ဘာကိုပြသဖို့ ရောက်လာတာလဲ" သူမက ဟာသလုပ်လိုသည့် အသံဖြင့် "မင်း ဘယ်လောက်အထိ အချစ်ခံရတယ်ဆိုတာကို ပြသဖို့ ဒီအစီအစဥ်ကို ‌ရောက်ရှိလာတာလား"


ကျန်းယာ့ကောက ပြောလိုက်သည်။ "အိုး... ရှင့်ကို ပြောပြပါမယ်။ ကျွန်မသူငယ်ချင်းတွေကို မွေးစားမိခင် လက်ဆောင်ပေးထားတဲ့ ပန်းချီကားကို ကျွန်မပြခဲ့တယ်" သူမက အနည်းငယ် ရှက်ရွံ့သည့်အပြုံးကို ပြုံးပြလိုက်သည်။ "ဟုတ်တယ်။ နည်းနည်းတော့ ကြွားသလိုဖြစ်သွားတယ်။ တစ်ခါတစ်ရံမှာတော့ ကျွန်မလည်း အဲ့စိတ်ကို ထိန်းမရဘူး"


သူမ၏တုံ့ပြန်မှုက အစီအစဉ်ကြည့်ရှုနေသူများကို ပြုံးရယ်စေခဲ့သည်။ လူအများစုသည် မြူးကြွသွက်လက်ပြီး ချောမောလှပသည့်မိန်းမပျိုလေးကို ပိုသည်းခံတတ်သည့်သဘောရှိလေသည်။


"ပြီးတော့ အဲံဒီနယ်ပယ်မှာ နည်းနည်းဗဟုသုတရှိတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူမက ဒီပန်းချီကားက တစ်ခုခုမှားယွင်းနေပုံပေါက်ပြီးတော့ အတုဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်" သူမက နှာခေါင်းတစ်ချက်ရှုံ့ပြီးတော့ ပြောလိုက်သည်။ "ကျွန်မ မတရားသလို ခံစားလိုက်ရတယ်။ ဒါကြောင့် ကျွန်မတို့ အလောင်းအစားလုပ်ခဲ့ပြီးတော့ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းပါပဲ"


သူမက လျှာလေးကို လျစ်ခနဲထုတ်ပြီးတော့ ပြောလိုက်သည်။ "အမှန်တကယ်တော့ ကျွန်မ အခု နောင်တနည်းနည်းရနေတယ်။ အခုအချိန်မှာ စင်ပေါ်ကနေဆင်းဖို့ အခွင့်အရေးများ ရနိုင်မလား"


လူတိုင်းဟာ သူမအပြောကို ရယ်မောကြပြီးတော့ အခုအချိန်မှ ထွက်သွားရမလားလို့ပြောတာ နောက်ကျသွားပြီလို့ စနောက်ခဲ့ကြသည်။ သူမဟာ စာချုပ်မှာ လက်မှတ်ထိုးခဲ့ပြီးပြီ။


ကျန်းယာ့ကောသည် သူမပုံရိပ်ကို သူမကိုယ်တိုင် အောင်မြင်စွာ ဖန်တီးပြီးသွားသည်နှင့် အစီအစဥ်သည် အကဲဖြတ်သည့်အပိုင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဒီအစီအစဥ်မှာ ရှေးဟောင်းပစ္စည်းအကဲဖြတ်အဖွဲ့က ပိုက်ဆံ အများကြီး ရင်းနှီးမြှုပ်နှံပေးထားခဲ့သည်။ သူတို့က ပညာရှင်အနည်းငယ်ကို ငှားရမ်းခဲ့ပြီးတော့ သူတို့က ပန်းချီကားကို တစ်ယောက်ပြီးတစ်ယောက် လေ့လာအကဲဖြတ်ခဲ့ကြပြီးမှာ ဆုံးဖြတ်ချက်ချကြသည်။


ကျွမ်းကျင်ပညာရှင်ငါးဦးစလုံးဟာ ပန်းချီကားကို သေသေချာချာ လေ့လာစစ်ဆေးပြီးနောက် အဖြေတစ်ခုတည်းကိုသာ ကောက်ချက်ချခဲ့ကြသည်။ "ဒီပန်းချီကားက အတုပဲ"


"ဟုတ်တယ်။ ဒီပန်းချီကားက လွန်ခဲ့သောလေးနှစ်ကမှ ရေးဆွဲပြီးစီးခဲ့တာပဲ"


"ဒီပန်းချီကားရေးဆွဲတဲ့ပုံစံက ကျွန်တော် အရင်က တခြားလက်ရာတစ်ခုကို ပြန်အမှတ်ရစေမိတယ်။ သူတို့ကို ရေးဆွဲတဲ့ပုံစံက အလွန်တူညီလွန်းတဲ့အတွက်ကြောင့် တစ်ဦးတည်းက ရေးဆွဲခဲ့တာ ဖြစ်နိုင်တယ်" မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက မှတ်ချက်ချခဲ့သည်။ "ကျွန်တော် အမှတ်ရမိသလောက် အဲ့ပန်းချီကားကို ရေးဆွဲဖူးသည့် ပန်းချီဆရာက သူ့နာမည်ကို မမြင်ရတဲ့မင်နဲ့ လက်မှတ်ရေးထိုးတဲ့ အလေ့အကျင့်ရှိတယ်"


"ငါတို့မှာ ရတနာစစ်တဲ့ ယူဗွီဓာတ်မီး ရှိတယ်မလား။ တစ်ခု ယူလာပေးပါ"

ရတနာစစ်တဲ့ ယူဗွီဓာတ်မီးကို လျင်မြန်စွာ ထုတ်ယူလာခဲ့ကြသည်။ ရတနာစစ်တဲ့ ယူဗွီဓာတ်မီး ဖွင့်လိုက်သည်နှင့် ပန်းချီကားကို စကင်န် စဖတ်လေသည်။ နောက်ဆုံးမှာတော့ သူတို့သည် ပန်းချီကားရဲ့ညာဖက်အောက်ထောင့်စွန်းမှာ ဟဲမင်ဟူသော နာမည်နှစ်လုံးကို ရှာတွေ့ခဲ့ကြသည်။


ပရိသတ်တွေအားလုံး ပင့်သက်ရှိုက်မိခဲ့သည်။


ယင်းသည် အခိုင်မာဆုံးသက်သေ ဖြစ်လေသည်။ သက်သေတစ်ခုဟာ စကားလုံးထောင်ပေါင်းများစွာထက် ပိုထိရောက်သည်။


ကျန်းယာ့ကော၏မျက်နှာဟာ ဖြူဖျော့သွားခဲ့ပြီး မယုံကြည်နိုင်အသွင်ဖြင့် ကြည့်လိုက်သည်။ သူမက "ဒါ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။ ငါ မယုံဘူး။ မွေးစားမိခင်က ကျွန်မကို ပန်းချီကားအတုတစ်ချပ်ကို ဘယ်တော့မှပေးမှာ မဟုတ်ဘူး။ သူမကိုယ်တိုင်လည်း ဒီအကြောင်းကို မသိတာဖြစ်လိမ့်မယ်" ဟု တတွတ်တွတ်ရေရွတ်နေခဲ့သည်။


သူမသည် နုနယ်အသွင်အပြင်ရှိကာ လှည့်စားခံရသည့် ချောမောလှပသော မိန်းမပျိုလေးအဖြစ် အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့သည်။ သူမသည် အခြားသူများ၏သနားကြင်နာစိတ်ကို ရရှိစေခဲ့သည်။


ပြောနေရင်းတစ်ဝက်မှာပင် သူမက နောက်ဆုံးတော့ သူမကိုယ်သူမ ယုံကြည်မှုပျောက်ဆုံးသွားပုံရသည်။ မျက်ရည်များဟာ သူမပါးပြင်ထံ တလိမ့်လိမ့် စီးကျလာခဲ့သည်။ အရာအာလုံးကို ဖယ်ထုတ်၍ ကြည့်ရှုမယ်ဆိုရင် ကျန်းယာ့ကောသည် ငိုကြွေးနေလျှင်ပင် အတော်လေး ကြည့်ကောင်းသည့် မိန်းကလေးဖြစ်သည်။ သူမမျက်ဝန်း၌ မျက်ရည်များစီးကျနေခဲ့ပြီး မျက်ရည်များကြောင့် သူမမျက်ဝန်းများဟာ တောက်ပနေခဲ့သည်။


နောက်ဆုံးတွင် လီရှင်းယွင်သည် သူမစားခဲ့‌သော ဖရဲသီးက ချိုမြိန်ခြင်းမရှိသလို ခံစားခဲ့ရသည်။ သူမက ‌ဒေါသတကြီးဖြင့် "သူမက ဒီအစီအစဥ်မှာ မေမေ့နာမည်ကို ဖျက်ဖို့ ပန်းချီကားအတုတစ်ချပ်ဝယ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်မယ်။ သူမက အကြံဆိုးနဲ့ ဒီအစီအစဥ်ကို သွားရောက်ခဲ့တာပဲ။ သူမက ဒီပွဲတစ်လျှောက်လုံးကို အကြံနဲ့ရည်ရွယ်ခဲ့တာပဲ"


လီရှင်းယွင်သည် အလွန်ဒေါသထွက်နေသဖြင့် ထိုအစီအစဥ်သို့ အလျင်အမြန်ပြေးဝင်၍ ဟန်ဆောင်မူရာပိုနေသော ထိုမိန်းမအား ဆွဲချပြီးတော့ ကြိမ်ဖန်များစွာ ရိုက်ပုတ်ချင်ခဲ့သည်။ ထိုကဲ့သို့သော ရွံရှာဖွယ်ကောင်းသော မျက်လုံးဖြူဝံပုလွေမျိုးကို သူမ တစ်ခါမျှ မတွေ့ခဲ့ဖူးပါ။


ကျုံးရီသည် အလွန်စိတ်ဆိုးဒေါသထွက်နေဟန်ရသည်။ "သူမက အဲ့ဒီနေရာမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူမအဒေါ်အတွက် တရားမျှတမှု ရှာဖွေပေးဖို့လား။ အဲ့တာက သူတို့ရဲ့အမှားတွေပဲ မဟုတ်ဘူးလား"


သူမသည် ဖန့်ကျွင်းရုံကို စိုးရိမ်သည့်အကြည့်ဖြင့် ကြည့်ရှုခဲ့သည်။ သို့သော် သူမ မမြင်တွေ့ခဲ့မိသည့် အရာအားလုံးကို လှောင်ပြောင်သည့်ဟန် ပြုံးလိုက်မိသည်။ ဒီအစီအစဥ်ပါဝင်နေသည့်အရူးသည် သူမနှင့် လုံးဝမသက်ဆိုင်တော့ပါ။


ဖန့်ကျွင်းရုံက သူတို့ကို ပြောလိုက်သည်။ "အဲ့ဒီပန်းချီကားက အတုဆိုတာ အမှန်ပဲ"


"ဟမ့်..."


ဖန့်ကျွင်းရုံက ပြောလက်စစကားကို ဆက်ပြောခဲ့သည်။ "လီဝမ့်ကျင်းက ငါ့ကို ပန်းချီကားအတုကြီး ပေးခဲ့တာပဲ။ မကြာသေးမီက အဲ့အကြောင်းနဲ့ပတ်သက်ပြီး လေ့လာခဲ့တယ်လေ။ သူ အရင်က ပေးခဲ့တဲ့ဟာတွေကလည်း အတုတွေချည်းပဲလေ"


ဖန့်ကျွင်းရုံဟာ သူတို့ရဲ့ကြက်သေသေနေသည့် အကြည့်တွေကို