အခန်း ၉၃
Viewers 25k

အခန်း (၉၃) – သူ့ဖခင်နာမည်ပျက်ရင် သူလည်း ထိခိုက်လိမ့်မည် ဆိုတာကို သူမ တွေးခဲ့မိပါရဲ့လား (၃)


တစ်ချိန်တည်းမှာပင် ကျန်းယာ့ကောသည် သူမဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည်။ သူမ ရှုံးသွားခဲ့သည်။ သူမ ဒီအစီအစဥ်မှာ ပါဝင်ခဲ့တုန်းက ပထမအနေဖြင့် သူမဝေ့ပေါ်က လူသိရှင်ကြားဖြစ်လာခဲ့ပြီးတော့ တစ်ညတာအတွင်းမှာပင် ပရိသတ်သောင်းချီ ရရှိခဲ့ပါသည်။ သူမသည် ထိုအကြောင်းကြောင့် အတော်လေး စိတ်ကျေနပ်မိခဲ့သည်။


အစပိုင်းမှာ သူမဝေ့ပေါ်အကောင့်အောက်မှာ သူမ ဘယ်လောက်တောင်ကြင်နာကြောင်း ချီးကျူးခဲ့ကြသလို သူမ အနိုင်ကျင့်ခံရပြီး သူမကို စိတ်မကောင်းဖြစ်စေခဲ့တာတွေအတွက် သူမဘက်မှာ ရပ်တည်ပေးခဲ့ကြသည်။ သူတို့အားလုံးဟာ ဖန့်ကျွင်းရုံကို ဆူပူကြိမ်းမောင်းပြောဆိုခဲ့ကြသည်။


ဒါပေမယ့် နှစ်နာရီအတွင်းမှာပင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ ဖန့်ကျွင်းရုံက သူမဝေ့ပေါ်မှာ ပို့စ်တင်လိုက်သည့်အချိန်မှစ၍ သူမ ဖြစ်စေချင်ခဲ့သည့် ဦးတည်ရာက ပိုပိုပြီးကျဆင်းလာခဲ့သည်။ သဲကန္တာရထဲနစ်မြှုပ်သွားသကဲ့သို့ သူမရုန်းကန်လေ ပိုဆိုးလာလေ‌လေ ဖြစ်လာခဲ့သည်။


သူမသည် အလွန်စိတ်ဆင်းရဲသွားကာ မျက်လုံးများပင် နီရဲနေတော့သည်။ နောင်တရသည့် ခံစားချက်က သူမကို လုံးလုံးလျားလျား လောင်ကျွမ်းသွားစေတော့မလိုပင်။ သူမသည် သူမမွေးစားဖခင်ကို အမှားပြုလုပ်ခဲ့မိသည်ဟု ခံစားမိသွားခဲ့ရသည်။ ဒီပန်းချီကားက သူမမွေးစားဖခင်က ဖန့်ကျွင်းရုံကို ပေးခဲ့တာကို သူမ ဘယ်တော့မှ မသိခဲ့ပါဘူး။


ဖန့်ကျွင်းရုံက ငါ့ကို ဘာကြောင့် အဲ့ကိစ္စကို မပြောခဲ့ရတာလဲ။ ဒါမှမဟုတ် သူမက ဒါကို ဒီတစ်လျှောက်လုံးသိနေခဲ့ပြီး သူမက ငါ အရူးတစ်ယောက်လိုဖြစ်အောင် စောင့်ကြည့်နေခဲ့တာလား။ ဖန့်ကျွင်းရုံသည် တစ်ချိန်လုံး ဒီအကြောင်းကို အဝေးမှ ‌စောင့်ကြည့်နေခဲ့ပြီး ဟာသလုပ်နေခဲ့တာလား။


ဖန့်ကျွင်းရုံက သူမအပေါ်ပြုခဲ့တဲ့အရာအတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သောကြောင့် အားနည်းချက်တစ်ခုကို ရှာဖွေတွေ့သည့်အခါမှာ သူမ နည်းနည်းလောက်တော့ လက်တုံ့ပြန်ချင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူမ လက်စားချေဖို့ ပစ်လွှတ်ခဲ့သည့်မြှားဟာ မှားယွင်းသည့်လမ်းကြောင်းကို ဦးတည်သွားခဲ့တယ်။


သူမရဲ့ဝေ့ပေါ်အောက်မှာ လူအများစုက သူမကို ကြိုးကိုင်ခြယ်လှယ်တတ်သူလို့ ခေါ်ဆိုကြသည်။ သူမက ဖန့်ကျွင်းရုံကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ပြောနေကြသည်။ သူမကို ခုခံကာကွယ်ပေးသူ အနည်းငယ်ရှိသော်လည်း ထိုသူများ၏မှတ်ချက်များသည် အခြားသူများ၏ မှတ်ချက်အားလုံးအောက်မှာ နစ်မြှုပ်နေခဲ့သည်။ ဖန့်ကျွင်းရုံကို အွန်လိုင်းပေါ်တွင် ရိုက်နှက်ခံနေရတာကို သူမ မြင်လိုက်ရသည့်အခါက သူမ ပျော်ရွှင်ခဲ့သလိုပဲ အခုလည်း သူမ ဒီလိုထပ်တူဖြစ်သည့်အခါမှာတော့ ကြောက်စရာကောင်းတယ်လို့ ခံစားရသည်။


ပိုဆိုးတာက သူမမွေးစားဖခင်သာ ဒီအကြောင်းကို သိသွားရင် ဘာဆက်ဖြစ်မယ် ဆိုတာပင် ဖြစ်သည်။ သူ အရမ်းစိတ်ဆိုးသွားရင် သူမကို ကန်ထုတ်ပစ်လေမလား။ သူမသည် သူမလက်ရှိလူမှုနေထိုင်မှုဘဝကို အကျွမ်းတဝင်ရှိနေခဲ့ပြီဖြစ်ပြီး သူမသည် ဘဝဟောင်းသို့ ပြန်မသွားချင်တော့ပါ။


သူမဟာ စိတ်ပူပန်နေရင်း ပူပန်နေပေမယ့် သူမ လုပ်နိုင်တာ ဘာမှမရှိပေ။


သူမသည် သူမက ဒီလိုလူစားမျိုးမဟုတ်ကြောင်းကို ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ပြီး လူတိုင်းကို သိစေလိုခဲ့သည်။ ဒါပေမယ့် သူမ ပို့စ်တင်ဖို့ စာရိုက်ရင်း တစ်ဝက်တစ်ပျက်မှာတင် ရေးလက်စကို ဖျက်ပစ်လိုက်သည်။ ယခုအချိန်တွင် သူမသည် အင်တာနက်အသုံးပြုသူများ၏ စစ်ဆေးခြင်းများစွာကို ခံနေရသည်။ သူမဟာ အမှားအယွင်း နည်းနည်းလေးကိုမှ မလုပ်နိုင်ပါချေ။


တံခါးခေါက်သံတစ်ချက်ကို ကြားလိုက်ရသည်။


ကျန်းယာ့ကောသည် တံခါးဆီ ကြောက်ရွံ့စွာဖြင့် ချက်ချင်းမော့ကြည့်လိုက်မိသည်။


“ယာ့ကော တံခါးဖွင့်စမ်း” တံခါးအပြင်ဖက်ကနေ လီရှစ်ကျီ၏အသံကို ကြားလိုက်ရသည်။ သူ့အသံဟာ နက်ရှိုင်းနေခဲ့သည်။ ထိုလေသံအတွင်း၌ သူမ တစ်ခါမှမကြားဖူးသော ဒေါသတစ်မျိုးပါဝင်နေခဲ့သည်။


ကျန်းယာ့ကော၏နှလုံးသားဟာ‌ အောက်ခြေသို့ နစ်မြှုပ်သွားခဲ့သည်။ သူမသည် ထွက်ပြေးသွားချင်သော်လည်း ပြေစရာမြေမရှိသည်ကို နားလည်သဘောပေါက်မိသည်။


“မင်းအခန်းတံခါးကို ငါ့ဖာသာ သော့ရှာပြီး ဖွင့်ဝင်တာမျိုး မင်း ဖြစ်စေချင်မယ်လို့တော့ ငါ မထင်ဘူး”


ခြိမ်းခြောက်သံက ကျန်းယာ့ကောကို သူမအခြေအနေအား နားလည်သွားစေမိသည်။ သူမသည် တံခါးဆီသို့ လျှောက်လာခဲ့သည်။ တံခါးကိုဖွင့်ဖွင့်ချင်းမှာပင် သူမသည် လီရှစ်ကျီ၏လက်မောင်းထဲသို့ ချက်ချင်းပစ်ဝင်လိုက်ပြီး မျက်ရည်များကျဆင်းလာကာ ငိုကြွေးလိုက်မိသည်။ “ကျွန်မ တကယ် တောင်းပန်ပါတယ်။ ကျွန်မ အဲ့ဒီအစီအစဥ်ကို မသွားသင့်ဘူး”


လီရှစ်ကျီ၏ဒေါသများအားလုံးကို သူ့လည်ချောင်းထဲမှာ မြိုသိပ်ထားရသည်။ ဒီညမှာ သူ အရမ်း‌ ဒေါသထွက်နေခဲ့သည်။ သူ အလုပ်လုပ်နေစဥ် ထိုအစီအစဥ်၏ ထုတ်လွှတ်နေသည့် အပိုင်းကို မြင်တွေ့လိုက်ရသည်နှင့် သူဟာ ဆိုးဝါးသည့်ခံစားချက်တစ်ခု ရရှိမိသည်။ သူက မှတ်ဥာဏ်ကောင်းတယ်။ သူ့အဖေက သူ့မိခင်ကို ထိုပန်းချီကားလက်ဆောင်ပေးခဲ့တာကို သူ သေချာ မှတ်မိနေခဲ့တယ်။ နောက်ဆုံးတွင် သူ့အဖေဟာ ဒီကိစ္စထဲ ဆွဲသွင်းခြင်းခံရပေလိမ့်မည်။


ဒီနေ့ရက်တွေမှာ သူ့မိခင်က သူ့အပေါ် အရမ်းစိတ်ဆိုးနေခဲ့သည်။ သူမသည် သူ့အား သူမသားအဖြစ် မမြင်တော့ပေ။ သူ့အဖေကသာလျှင် သူမှီခိုနိုင်မည့် တစ်ဦးတည်းသောလူ ဖြစ်သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့ဟာ လှေတစ်စင်းတည်းပေါ်မှာ ရှိနေခဲ့ကြပြီ။


သူ့မိခင်က အရာအားလုံးကို ပြတ်ပြတ်သားသား ပြောပြခဲ့ပြီးတော့ ဒီလောက်ရက်စက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ့ဖခင်နာမည်ပျက်လျှင် သူလည်း ထိခိုက်လိမ့်မည်ဆိုတာကို သူမ မတွေးခဲ့ဘူးလား။


ကျန်းယာ့ကော၏မိုက်မဲမှုကြောင့် သူလည်း ဒေါသထွက်မိခဲ့သည်။ သူမ ဒီအစီအစဥ်ကို မသွားရောက်ခင် သူမက သူ့အကြောင်းကို ခေါင်းထဲထည့်မစဥ်းစားထားခဲ့ဘူးလား။