အခန်း ၉၄
Viewers 27k


အခန်း (၉၄) – ပြောရမယ်ဆိုရင် အဲ့ဒီပိုက်ဆံတွေကို စုဆောင်းဖို့ ကြိုးစားတာက သူ့အဖေရဲ့ အမှားသာဖြစ်ပြီး အခု ရရှိလာတဲ့ အကျိုးဆက်ကို ခံရမှာပဲ (၁)


ကျန်းယာ့ကောသည် သနားစဖွယ်အသံဖြင့် ဆက်လက်ပြောဆိုခဲ့သည်။ "ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ပန်းချီကားက အတုဆိုတာကို ကျွန်မ သိခဲ့တယ်. ကျွန်မ အရမ်းဝမ်းနည်းမိတယ်... ... သူမက ရှင့်အမေရင်းဆိုပေမယ့် ကျွန်မ ဝမ်းနည်းမိတုန်းပဲ။ သူမက ရှင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း လျစ်လျူရှုထားခဲ့တယ်။ အဲ့တာကြောင့် ကျွန်မ သူမကို သင်ခန်းစာ သေးသေးလေး တစ်ခုလောက်တော့ ပြန်ပေးချင်ခဲ့မိတာပါ"


"ကျွန်မ တကယ်စိတ်မကောင်းပါဘူး။ ဒါက ကျွန်မ သဘာဝကိုဆန့်ကျင်တဲ့ မကောင်းတဲ့အရာတွေကို လုပ်ခဲ့မိတဲ့ ကျွန်မရဲ့အပြစ်ဒဏ်တွေပါပဲ။ ကျွန်မ ဒီလိုကိစ္စမျိုးလုပ်ဖို့ ဘယ်တော့မှ မကြိုးစားသင့်ပါဘူး"


လီရှစ်ကျီ၏ဒေါသအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူက အမြဲတမ်း ကြင်နာပြီးနူးညံ့သိမ်မွေ့သော ကျန်းယာ့ကော၏ပထမဆုံး မကောင်းသောလုပ်ရပ်မှာ သူ့အတွက် ဖြစ်သည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူက ကလေးဘဝကတည်းကပင် မိဘများ၏အရိပ်အာဝါသအောက်မှာ နေထိုင်ခဲ့ရသည်။ သူ ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် လူတိုင်းက သူ့မိဘတွေကြောင့်သာဖြစ်သည်ဟု ထင်မြင်ယူဆကြလိမ့်မယ်။ နောက်ဆုံးတော့ သူက လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့၏သားသာ ဖြစ်သည်။ သူသည် ငယ်စဥ်ကတည်းက အကောင်းဆုံးပညာရေးကိုသာ ရရှိခဲ့သည်။ သူသည် အခြားသူများ၏အထက်၌ရှိနေသည်က အမှန်တရားလိုပင် ဖြစ်သင့်သည်ဟုသာ တွေးထင်ကြသည်။


ယာ့ကောတစ်ဦးတည်းကသာလျှင် သူ ဘယ်သူလဲဆိုတာကို စိတ်ဝင်စား သိမြင်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် သူ့ကိုကာကွယ်ပေးရန် သူမကိုယ်ပိုင်နည်းလမ်းကို အသုံးချရန် မကြောက်မရွံ့ကြိုးစားခဲ့သည်။


သူဟာ သူမကိ အပြစ်မတင်သင့်ပေ။ ဘာပဲဖြစ်ဖြစ် ဒီငွေကိုစုဆောင်းဖို့ လုပ်ခဲ့တာက သူ့အဖေရဲ့အပြစ်သာဖြစ်ပြီးတော့ ခုတော့ သူက အဲ့ဒီအကျိုးဆက်ကို ခံစားနေရတာပင်။


"မငိုနဲ့တော့" သူ့ဒေါသသံဟာ လျော့ပါးသွားခဲ့ပြီ။


ကျန်းယာ့ကောသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် "ဖေဖေက ကျွန်မကိုနှင်ထုတ်လိုက်မှာကို ကျွန်မ စိုးရိမ်မိတယ်။ ကျွန်မ ရှင့်ကို ထားမသွားချင်ဘူး"


လီရှစ်ကျီက သူ့အဖေကို ချက်ချင်းပင် လက်လျော့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ "စိတ်မပူနဲ့။ ကိုယ် မင်းကို ကာကွယ်ပေးမယ်။ သူ မင်းကို ထိခိုက်နာကျင်အောင် ဘာတစ်ခုကိုမှ လုပ်ခွင့်မပေးဘူး"


***


လီဝမ့်ကျင်းဟာ ဒီအကြောင်းကို ဘာတစ်ခုမှ မသိခဲ့ပါဘူး။ ဝေ့ပေါ်မှာ ဘာတွေဖြစ်နေမှန်းကိုတောင် သူ မသိဘူး။


သူသည် မနေ့က အမှတ်မထင် အလွန်အကျွံသောက်မိပြီးတော့ နောက်နေ့မွန်းလွဲပိုင်းအချိန်ထိ တစ်နေကုန် အိပ်ပျော်သွားခဲ့သည်။ သူနိုးလာတဲ့အခါ သူ့ခေါင်းကို လျှပ်စစ်လွန်ပူနဲ့ထိုးဖောက်ခံရသလိုမျိုး နာကျင်နေမိသည်။ အရမ်းနာကျင်လွန်းလို့ သူ့မျက်ခုံးတွေတောင် တွန့်ကနဲ ဖြစ်သွားခဲ့ရသည်။


သူ့နားထင်တွေကို ပွတ်သပ်နေရင်း သူဟာ ကွာရှင်းပြီးချိန်မှစလို့ ပထမဆုံးအကြိမ်အဖြစ် ဖန့်ကျွင်းရုံကို သတိရမိခဲ့သည်။ အတိတ်က သူ အရက်အလွန်အကျွံသောက်လို့ အရက်နာကျချိန်တိုင်းမှာ ဖန့်ကျွင်းရုံက သူ့ကို ဆေးတိုက်ပြီးပြုစုပေးခဲ့လေသည်။


ခေါင်းကိုငုံ၍ ကုတင်ပေါ် သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။ ဤအမျိုးသမီးဟာ မနေ့ညက သူနှင့်အတူအိပ်ရန် ခေါ်လာခဲ့သောအမျိုးသမီး ဖြစ်သည်။ သူမ၏ ငယ်ရွယ်ပြီးသွယ်လျသော ခန္ဓာကိုယ်က သူ့ကို ပျော်ရွှင်မှုများစွာ ပေးစွမ်းနိုင်ခဲ့လေသည်။


သူဟာ သူ့ဆဲလ်ဖုန်းကိုကိုင်မကြည့်ခင်ထိ သူ့နှုတ်ခမ်းများဟာ တဖြည်းဖြည်းချင်း အပေါ်သို့ကွေးညွှတ်ကာ ပြုံးပျော်နေခဲ့သည်။ သူဟာ သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ချိန်မှာတော့ ပြန်မဖြေထားသည့် ဖုန်းခေါ်ဆိုမှုများကို အကြိမ်၁၀၀အထက် အံ့သြတုန်လှုပ်ဖွယ်ရာ တွေ့လိုက်ရသည်။ မနေ့ညက တစ်စုံတစ်ရာ ပြဿနာဖြစ်ပေါ်နေကြောင်းကို ဖုန်းခေါ်ဆိုမှုမှတ်တမ်းက သူ့ကို ချက်ချင်းပင် သတိပေးနိုင်ခဲ့သည်။


မနေ့ညက သူ့ဖုန်းအသံကို ဖျောက်ထားခဲ့မိသည်။ ဒါ့အပြင် သူက အရက်အလွန်အကျွံသောက်ခဲ့တာကြောင့် သတိမပြုမိခဲ့ဘူး။


လီဝမ့်ကျင်းသည် ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ပွတ်ဆွဲကြည့်လိုက်သည်။ ထိုအချိန်အတောအတွင်းမှာ လူများစွာက သူ့ကို ဖုန်းခေါ်ဆိုထားကြသည်။ သူ့လက်ထောက်၊ ကုမ္ပဏီရှယ်ယာရှင်များနှင့် သူငယ်ချင်းဟောင်းအချို့၏ ဖုန်းခေါ်ဆိုမှုများကိုပါ တွေ့ရသည်။ သူသည် သူ့နှလုံးသား ပြုတ်ကျသွားသလို ခံစားရပြီး စာများကို ချက်ချင်းဖတ်ကြည့်လိုက်သည်။


သူသည် ပို့ထားသောစာများကို တစ်ခုပြီးတစ်ခုဖတ်ကြည့်နေရင်း မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သိနားလည်သွားကာ ဖုန်းကိုကိုင်ထားသောသူ့လက်ဟာ စတင်တုန်ခါလာခဲ့သည်။ သူ့အစာအိမ်တစ်ခုလုံးကို ထုံးချည်လိုက်သလို ခံစားလိုက်ရပြီး သူ အရမ်းအန်ချင်လာမိခဲ့သည်။ သူသည် ပုံမှန်ဆိုလျှင် အလွန်နူးညံ့သိမ်မွေ့သော ကျန်းယာ့ကောသည် သူ့စကားကို လျစ်လျူရှုလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ သူမသည် "ရှေးဟောင်းပစ္စည်းတွေရဲ့ ကံကြမ္မာ"အစီအစဥ်ကို သွားရောက်ခဲ့ပြီး ထိုပန်းချီကားဟာ အတုဖြစ်ကြောင်းကို အမှန်အတိုင်း ထုတ်ဖော်ပြောခဲ့သည်။


ကောင်းတယ်။ သူ့ကိုပါ အဲ့ဒီကိစ္စထဲကို ဆွဲခေါ်သွားပေးခဲ့တယ်။ အခုဆိုရင် သူက သူ့ဇနီးဟောင်းကို ပန်းချီကားအတုတစ်ချပ်အား လက်ဆောင်ပေးခဲ့သည်ကို တစ်တိုင်းပြည်လုံး သိရှိသွားခဲ့ပြီ။


လီဝမ့်ကျင်းသည် သူဖုံးကွယ်ရန် အလွန်ကြိုးစားခဲ့သောအရာအားလုံးကို လူသိရှင်ကြား မထင်မှတ်ပဲ ထုတ်ဖော်ပြသလို ဖြစ်သွားခဲ့သည်။ ၎င်းသည် သူ့အား လူတိုင်း၏အတင်းအဖျင်းစကားဝိုင်းရဲ့ အဓိကအကြောင်းအရာအဖြစ်သို့ ‌ရောက်ရှိသွားစေခဲ့သည်။


သူ ဘယ်မှာဒေါသမထွက်ပဲ နေနိုင်ရမှာလဲ။ သူက စားပွဲပေါ်က ရေခွက်ကိုကိုင်ပေါက်လိုက်ရာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကုန်သည်။ သို့ပေမယ့် အဲ့တာက သူ့စိတ်ကို ပြေလျော့သွားအောင် မလုပ်ပေးနိုင်ခဲ့ဘူး။


ယခု သူ့ရှေ့တွင် ကျန်းယာ့ကောသာ ရပ်နေပါက သူမမျက်နှာကို ဖြတ်ရိုက်ပစ်ဖို့ကိုပင် တွန့်ဆုတ်နေမိမှာ မဟုတ်ပါ။ သူမခေါင်းထဲမှာ ဘာတွေစဥ်းစားနေခဲ့တာလဲ။


သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဒေါသကိုထိန်းဖို့ ကြိုးစားလိုက်သည်။ သူသည် ဒုတိယရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ လီအိမ်‌တော်မှဦးလေးဖြစ်သူအား ဖုန်းခေါ်ဆိုခဲ့သည်။


"ဝမ့်ကျင်း မင်း မနေ့ညကကိစ္စကို ဂရုစိုက်ဖို့ အရေးကြီးတယ်။ ကုမ္ပဏီရဲ့ပုံရိပ်ကို မထိခိုက်စေနဲ့။ စတော့ရှယ်ယာစျေးတွေ ကျဆင်းသွားခဲ့ရင် သူတို့ရဲ့ဆုံးရှုံးမှုတွေအတွက် လူတိုင်းကို အလျော်ပေးဖို့ လိုလာလိမ့်မယ်"


ရှယ်ယာရှင်များဟာ အလွန်‌ဒေါသထွက်နေခဲ့ပြီး လီဝမ့်ကျင်းနှင့် စကားပြောဆိုရာတွင် မယဥ်ကျေးတော့ပေ။


လီဝမ့်ကျင်းသည် ထိုသတင်းကို နှိမ်နင်းရန် အကောင်းဆုံးနည်းလမ်းမှာ ရှာဖွေမှုအများဆုံးစာရင်းမှ ထိုသတင်းကို အဆင့်နိမ့်သွားအောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။ သူက ထိုဆိုရှယ်ပလက်ဖောင်းပိုင်ရှင်ကို ဖုန်းခေါ်ဆို၍ ညှိနှိုင်းခဲ့ရာတွင် သူတို့ဖက်မှ မဖြစ်နိုင်လောက်‌သော အခကြေးငွေကို တောင်းခံလာခဲ့သည်။


မင်း နိမ့်ကျနေတဲ့အခါ လူတိုင်းက မင်းကို ရိုက်ချင်ကြလိမ့်မယ်။ လီဝမ့်ကျင်းက ဒေါသထွက်ပြီးတော့ ဘေးကခွက်ကို ရိုက်ခွဲပစ်လိုက်ပြန်တယ်။


ဆူညံသံကြောင့် သူ့ဘေးမှအမျိုးသမီးဟာ နိုးလာခဲ့သည်။ သူမက သူ့ကို အော်ဟစ်ဖို့ အခွင့်အရေးတောင်မရခင် သူက သူ့အဝတ်အစားများကို ဝတ်ဆင်ပြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထိုအမျိုးသမီးသည် ထွက်ခွာသွားသောသူ၏နောက်ကျောအား ကြက်သေသေစွာကြည့်ရင် ကျန်ရစ်နေခဲ့သည်။ "သောက်ခွေးပဲ... သူက ငါ့ကို ပိုက်ဆံတောင် မပေးသွားဘူး။ သေစမ်း... သူတို့က ချမ်းသာလေလေ အချောင်ရချင်လေလေပဲ"