အခန်း ၉၅
Viewers 25k


အခန်း (၉၅) – ပြောရမယ်ဆိုရင် အဲ့ဒီပိုက်ဆံတွေကို စုဆောင်းဖို့ ကြိုးစားတာက သူ့အဖေရဲ့ အမှားသာဖြစ်ပြီး အခု ရရှိလာတဲ့ အကျိုးဆက်ကို ခံရမှာပဲ (၂)


လီဝမ့်ကျင်းသည် သူ ကျိန်ဆဲခံနေရတာကို မသိသေးပါဘူး။ သူ့ခေါင်းထဲမှာ ဒီမတော်တဆဖြစ်တာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ တွေးနေမိခဲ့ပါသည်။ ပန်းချီကားပိုင်ရှအစစ်က ပေါ်ထွက်လာခဲ့ပြီး သူ ဖန့်ကျွင်းရုံကို လက်ဆောင်ပေးခဲ့တာက အတုဆိုတာကို သေချာတံဆိပ်ကပ် ဖော်ထုတ်ခဲ့သည်။


သူက သူမကို ရည်ရွယ်ချက်ရှိရှိ ပန်းချီကားအတုတစ်ချပ် ပေးခဲ့တယ်ဆိုသည့်အချက်ကို သူ ဝန်မခ့နိုင်ဘူး။ ထို့ကြောင့် သူ၏ တစ်ခုတည်းသောရွေးချယ်မှုမှာ သူလည်း နစ်နာသူသာဖြစ်ကြောင်းကို အခိုင်အမာပြောဆိုရန်ပင် ဖြစ်သည်။ ရှေးဟောင်းပစ္စည်းနယ်ပယ်၌ ဤအရာမျိုးကို မကြားဖူးကြတာမှ မဟုတ်ပါချေ။


မည်သို့ပင်ဆိုစေကာမူ သူမသည် ဖန့်ကျွင်းရုံ၏ဝေ့ပေါ်ကို ကြည့်လိုက်မိသောအခါ ဒေါသထွက်လွန်းလို့ လေဖြတ်တော့မလို ဖြစ်သွားခဲ့မိသည်။


ယနေ့နံနက်ပိုင်းတွေ ဖန့်ကျွင်းရုံသည် သူမအတွက် အရင်တုန်းက သူပေးခဲ့ဖူးသော ပန်းချီကားအားလုံးဟာ အတုတွေသာဖြစ်ကြောင်းကို သက်သေပြထားသည့် အကဲဖြတ်အစီရင်ခံစာများနှင့်အတူ တွဲတင်ထားခဲ့သည်။


သူမသည် သူ့ကို အရှင်လတ်လတ်မြေမြှပ်ပေးဖို့ ဆန္ဒပြင်းပြနေခဲ့တာလား။ သူတို့က လင်မယား မဟုတ်တော့ပေမယ့် သူတို့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်တော့ ရှိနေပါသေးသည်။ သူတို့ကလေးတွေရဲ့အကျိုးအတွက် သူမ ဒါကို မဖော်ထုတ်ပဲ မနေနိုင်ဘူးလား။


သူသည် သူ့ဝေ့ပေါ်စာမျက်နှာအောက်ရှိ ဝေဖန်ချက်များကို ဆက်မဖတ်နိုင်တော့ပါ။ အင်တာနက်အသုံးပြုသူအားလုံးက သူ့ကို မကောင်းတဲ့ထင်မြင်ချက်အမျိုးမျိုးကို ‌ရေးသားထားခဲ့ကြတယ်။ အမှန်တော့ ပန်းချီကားအတုတစ်ချပ်တည်းဆိုရင် မတော်တဆဖြစ်နိုင်ပေမယ့် ၎င်းတို့အားလုံးဆိုရင်တော့ မတော်တဆအဖြစ် အလွယ်တကူရှင်းပြမရနိုင်ပါ။


ထို့ကြောင့် သူသည် ဝေ့ပေါ်တွင် သူ့ကိုယ်သူ ဖြေရှင်းရန် ပို့စ်တစ်ခုတင်ရန် လုပ်ခဲ့သည်။ ပထမဦးစွာ သူသည် ရှုဖန့်ဝမ့်၏လက်ရာများကို ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အခြားသူများသည် သူ့ရဲ့စိတ်အားထက်သန်မှုတွေကို အခွင့်ကောင်းယဓပြီးတော့ လက်ရာအတုများဖြင့် သူ့ကို လိမ်လည်လှည့်ဖြားခဲ့သည်ဟုဆိုသည်။ သူသည် ထိုလက်ရာများကို ဝယ်ယူရာတွင် ယုံကြည်လွန်းပြီး သေချာစွာ မစစ်ဆေးခဲ့သည်မှာ သူ့အမှားသာဖြစ်ကြောင်း ဆက်ပြောခဲ့သည်။ နောက်ဆုံးတော့ သူက သူ့ဇနီးဟောင်းကို ဒုက္ခရောက်စေမိတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကိုပါ တင်ခဲ့လေသည်။



အဲ့တာအပြင် သူက ဒီပြဿနာကို လူထုဆက်ဆံရေးအဖွဲ့ထံ လွှဲပေးနိုင်လိမ့်မယ်။ ဤအချိန်၌ လူထုဆက်ဆံရေးအဖွဲ့သည်ပင် သူ၏ခန့်ညားချောမောသောပုဂ္ဂိုလ်ဆိုသည့်ပုံရိပ်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။


ကောင်းပြီ။ အဲ့တာက ဘာဖြစ်နိုင်မလဲ။ သူက ဖန့်ကျွင်းရုံကို လိမ်လည်ခဲ့သည်ဟူသောအချက်ကို ထုတ်ဖော်လိုက်သောအခါ သူ့အပေါ် လူထု၏ထင်မြင်ချက်များဟာ ပို၍ပင် ဆိုးရွားလာပေလိမ့်မည်။


လီဝမ့်ကျင်းသည် သူ့ကိုယ်သူ နှစ်သိမ့်ရန်သာ တတ်နိုင်သည်။ သူ အခုချက်ချင်း ဖြေရှင်းရလိမ့်မယ်။


သူက သူ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ အလုပ်တွေ အများကြီး ဖိလုပ်ခဲ့ပေမယ့် သူအိမ်ပြန်ရောက်တာနဲ့ ဘာပြဿနာမှမဖြစ်ထားသလိုအသွင်ဖြင့် ထိုင်နေသည့် ကျန်းယာ့ကောကို တွေ့လိုက်တာနဲ့ သူဟာ ဒေါသတွေ ထပ်တလဲလဲ ထွက်လာပြန်တယ်။ ကျန်းယာ့ကောရောက်လာကတည်းက သူ့ကို ဒုက္ခအမျိုးမျိုး ပေးနေခဲ့သည်။ ပထမတော့ သူမဟာ ဝမ်ရှောင်းကို စိတ်ဆိုးစေခဲ့တယ်။ ယခု သူမက သူ့ရဲ့ပြည်သူအသိအမှတ်ပြုပုံရိပ်ကို ထိခိုက်စေခဲ့သည်။ သူသည် အတိတ်၌ သူမလုပ်ခဲ့သည့် သူ့ကို ပျက်စီးစေခဲ့သောကိစ္စများကို သင်ပုန်းချေပြီး သူမကို ဆက်လက် ချစ်မြတ်နိုးမွေးမြူရန် ခက်ခဲနေခဲ့ပြီ။


ကျန်းယာ့ကောသည် သူမလုပ်ခဲ့တာတွေအတွက် တောင်းပန်ခဲ့ရင် ဒါဟာ ခြားနားသွားနိုင်ပါသေးတယ်။ ဒါပေမယ့် သူမဟာ နွေဦးလိုတောက်ပနေသည့်အသွင် ရှိနေလေသည်။ သူမက အတော်လေး စိတ်ပျော်ရွှင်နေတယ်ဆိုတာကို သူမမျက်နှာပေါ်မှာ သိသာထင်ရှားနေခဲ့သည်။


ဒါက လီဝမ့်ကျင်းကို ပိုပြီးဒေါသထွက်စေခဲ့သည်။


ကျန်းယာ့ကောသည် လီဝမ့်ကျင်းကို မြင်တွေ့လိုက်ရသောအခါ လန့်သွားမိသည်။ မနေ့ညက အဖြစ်အပျက်တွေက သူမနဲ့ လီရှစ်ကျီကို ပိုမိုနီးစပ်စေခဲ့သည်။ မနေ့ညက သူတို့နှစ်ဦးက အတူသောက်ပြီးကြသည့်နောက်မှာ အိပ်ရာထဲ အတူလူးလိမ့်ကြသည့်အဆင့်ထိတောင် သွားမိခဲ့ကြသည်။ ယခု သူမဟာ သူမကိုယ်သူမ လီရှစ်ကျီရဲ့ကောင်မလေးအဖြစ် ရှုမြင်ခဲ့ပြီးတော့ သူမဟာ  အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတာတွေကို မေ့သွားသည်အထိ ပျော်ရွှင်နေခဲ့တယ်။ လီဝမ့်ကျင်းကို သူမ တွေ့လိုက်ရသည့်အခါမှာတော့ နောက်ဆုံးတွင် သူမ ထိုအကြောင်းကို သတိရမိသွားခဲ့သည်။


“အဖေ….” သူမသည် ခြိမ်းခြောက်ခံနေရသလိုပင် ခံစားနေမိသည်။


“ငါ မင်းအဖေဖြစ်သင့်တယ်လို့ မထင်တော့ဘူး။ မင်းမှာ အကြံတွေ အများကြီးရှိနေတယ်။ မင်းမလုပ်ဘူးလို့ ငါ့ကို ကတိပေးထားပြီးတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်” ဟု လီဝမ့်ကျင်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် ဝမ်စစ်အာ၏မျက်နှာကြောင့် ကျန်းယာ့ကောအပေါ် တော်တော်လေး ကောင်းခဲ့သော်လည်း သူမက သူ့အပေါ် ဘယ်လိုကျေးဇူးပြန်ဆပ်ခဲ့တာလဲ။ သေချာတာပေါ့။ ကျန်းယာ့ကောက သူ့အမေနဲ့ ဘယ်လိုမှ နှိုင်းမယှဥ်သာဘူး။


ဒီစွပ်စွဲချက်ကြောင့် အရမ်းနာကျင်မိတယ်။ သူမမျက်နှာပေါ် မျက်ရည်များ တလိမ့်လိမ့် စီးကျလာခဲ့လေသည်။ “သမီး… သမီး တောင်းပန်ပါတယ်… သမီး အဖေ့အတွက်တွေးပြီး အကောင်းဆုံးလုပ်ခဲ့တာပါ။ ဒီလို ဦးတည်သွားလိမ့်မယ်လို့ သမီး မထင်ခဲ့မိဘူး” သူမစိတ်ထဲတွင် ဤအရာဟာ လီဝမ့်ကျင်း၏အမှားကြောင့်လို့သာ ခံစားမိသည်။ သူသည် အလွန်ချမ်းသာသော်လည်း မလိုအပ်ပဲ ဒီလိုကိစ္စတွေကို ပြုလုပ်ခဲ့သောကြောင့် ယခု သူမကို ထိခိုက်စေခဲ့သည်။


အရာအားလုံးက စီစဥ်ထားသည့်အတိုင်းသာ ဖြစ်သွားခဲ့ရင် သူမသည် အွန်လိုင်းပေါ်မှ ကျော်ကြားမှုအချို့ရရှိနိုင်သလို သခင်မလေးတစ်ယောက်အဖြစ်လည်း ပွဲထုတ်နိုင်သွားလိမ့်မည်။ 


“ဒါက ငါ့အပြစ်လို့ မင်းပြောနေတာလား” ဟု လီဝမ့်ကျင်းက ‌ဒေါသတကြီးမေးလိုက်သည်။


“မဟုတ်ပါဘူး။ သမီးက အဲ့လိုအဓိပ္ပာယ်မျိုးနဲ့ ပြောတာ မဟုတ်ပါဘူး” ဟူ၍ ကျန်းယာ့ကောသည် မတရားခံရသလို ခံစားချက်ဖြင့် စကားဆိုလိုက်သည်။