အခန်း ၉၆
Viewers 25k


အခန်း (၉၆) – ပြောရမယ်ဆိုရင် အဲ့ဒီပိုက်ဆံတွေကို စုဆောင်းဖို့ ကြိုးစားတာက သူ့အဖေရဲ့ အမှားသာဖြစ်ပြီး အခု ရရှိလာတဲ့ အကျိုးဆက်ကို ခံရမှာပဲ (၃)


ဒီအချိန်မှာ အိပ်ခန်းတံခါးပွင့်သွားခဲ့ပြီးတော့ လီရှစ်ကျီ ထွက်လာလေသည်။ သူ့လည်စည်းကို ပြီးပြည့်စုံစွာ မချည်ရသေးပဲ သောင်းကျန်းချင်နေသောအသွင်ဖြင့် ကြည့်နေခဲ့သည်။ ဒေါသထွက်နေသောအသွင်ဖြင့် သူ့အဖေနှင့် မျက်ရည်ဝေနေသော ကျန်းယာ့ကောတို့ကို တွေ့လိုက်ရချိန်မှာ သူ့အသွင်ဟာ ချက်ချင်းပင် တန့်သွားခဲ့သည်။


သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျန်းယာ့ကောရှေ့မှာ ကာကွယ်ပေးသည့် အနေအထားဖြင့် ရပ်လိုက်သည်။ "အဖေ... မင်း ယာ့ကောကို ဘာပြောနေတာလဲ။ မင်း သူမကို အပြစ်တင်နေတာလား။ ဒီနေရာမှာ မင်းက အပြစ်လုပ်ထားတဲ့သူတစ်ယောက်ပဲ။ ယာ့ကောက အပြစ်ကင်းစင်သူပဲ။ မင်း သူ့ကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်ရတာလဲ"


ကျန်းယာ့ကောအခန်းမှ လီရှစ်ကျီထွက်လာတာကို လီဝမ့်ကျင်း တွေ့လိုက်ရသည့်အခါမှာ သူ့မျက်လုံးများကနေ ဒေါသတွေ ပေက်ကွဲထွက်လာ‌တော့မလို ဖြစ်သွားခဲ့ရသည်။ "မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲ" လီဝမ့်ကျင်းသည် ကျန်းယာ့ကောကို သူ့သမီးအဖြစ် ဘယ်လိုပင် ချစ်ခင်ပါသော်လည်း သူမအား သူ့ချွေးမဖြစ်လာရန် သူ့စိတ်ထဲတွင် မည်သည့်အခါကမျှ မတွေးခဲ့ပေ။ လီရှစ်ကျီသည် သူ၏အလွန်အရေးပါသောသားဖြစ်၍ အနာဂတ်တွင် သူ့အတွက် တန်ဖိုးရှိသောသူနှင့် လက်ထပ်ရန် လိုသည်။ ကျန်းယာ့ကောက သူ့ကို ကျော်ထောက်နောက်ခံပေးနိုင်မယ့်သူတစ်ယောက် မဟုတ်ဘူး။


နောက်ပြီးတော့ သမီးများနှင့် ချွေးမများဟာ မတူညီကြပေ။


အထူးသဖြင့် သူ့သားက သူမအတွက် သူ့အပေါ် ဆန့်ကျင်လိုသည့် ရပ်တည်ချက်ရှိသောကြောင့် ဒီအတွေးက ပိုမှန်ကန်တယ်။ ဒီပြဿနာနှစ်ထပ်ကွမ်းက လီဝမ့်ကျင်း၏သွေးတက်စေခဲ့ပြီး သူ့ မတ်တတ်ပင် မရပ်နိုင်ခဲ့ဘူး။


လီရှစ်ကျီက အသံကျယ်ကျယ် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ "သူမက ကျွန်တော့်ကောင်မလေးပဲ"


"ကျွန်တော် သူမကို ထိခိုက်စေဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့အထဲမှာ အဖေလည်း ပါတယ်"


လီဝမ့်ကျင်းသည် သူ့ပါးစပ်ထဲမှ သွေးတစ်လုပ်အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် အေးစက်နေသော သားဖြစ်သူကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်ပြီး သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်မိသည်။


"မင်း... မင်းတို့နှစ်ယောက်စလုံး ဒီအိမ်ကနေ ထွက်သွားစမ်း"


လီရှစ်ကျီဟာ ဘယ်လိုလူစားမျိုးပါလဲ။ သူ့ဘဝတစ်လျှောက်လုံး ဘာတစ်ခုမှ အပူအပင်မရှိပဲ ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ သူက ချက်ချင်းပင် ပြန်တော်လှန်ခဲ့သည်။ "ဒီအိမ်ကို ကျွန်တော်ဝယ်ခဲ့တာ" ဒီစကားရဲ့အဓိပ္ပာယ်က ဒီအိမ်က သူ့အိမ်ဖြစ်သည်။ တစ်ယောက်ယောက်သာ ထွက်သွားရစတမ်းဆိုရင် ထွက်သွားရမည့်သူမှာ လီဝမ့်ကျင်းပဲ ဖြစ်သည်။ ဒီအိမ်ကို ဝယ်ယူလိုက်တာကြောင့် သူ့မှာ အရင်းအနှီးတောင် မကျန်တော့ပေ။


လီဝမ့်ကျင်းသည် လီရှစ်ကျီက ဒီစကားပြောထွက်ရက်သည်ကို မယုံနိုင်ပေ။ သူ့မျက်လုံးများဟာ ပြူးကျယ်သွားခဲ့ပြီးတော့ သူ့အမြင်အာရုံတွေအကုန် ကွယ်ပျောက်သွားခဲ့လေသည်။ သူက မေ့လဲသွားတာ ဖြစ်သည်။


အဲဒီ‌နောက်ပိုင်း အရာအားလုံး ဗျာများသွားခဲ့ရသည်။


***

ဖန့်ကျွင်းရုံက လီအိမ်တော်မှာ ဖြစ်ပျက်သွားခဲ့သည့် ဒရမ်မာအကြောင်းကို ဘာတစ်ခုမှ မသိပါဘူး။ သူမက လီဝမ့်ကျင်း၏ဖြေရှင်းချက်ကိုဖတ်ရင်း မျက်မှောင်ကြုတ်သွားမိသည်။ သုံးနှစ်အရွယ်ကလေးတောင်မှ သူ့ရဲ့ရွံ့ရှာဖွယ်ကောင်းသည့် ဆင်ခြေကို ယုံကြည်မှာ မဟုတ်ဘူး။


လီဝမ့်ကျင်းကလည်း ဤအကြောင်းကို ကောင်းစွာသိသောကြောင့် သူ့ဝေ့ပေါ်အောက်ရှိ မှတ်ချက်များကို ပိတ်ဆို့ထားသောကြောင့် ၎င်းတို့ကိုတွေ့ရမှာ မဟုတ်ဘူး။ ထိုသို့ပြုလုပ်ထားသောကြောင့် သူ့ဝေ့ပေါ်စာမျက်နှာဟာ သန့်ရှင်းနေပေလိမ့်မည်။ သို့သော် သူတို့၏ထင်မြင်ချက်များအတွက် ထွက်ပေါက်မရှိသော အင်တာနက်အသုံးပြုသူများသည် အေယွန်ကော်ပိုရေးရှင်း၏ တရားဝင်ဝေ့ပေါ်စာမျက်နှာသို့ တိုက်ရိုက်သွားခဲ့ကြသည်။


ဖန့်ကျွင်းရုံက အရာအားလုံးကို ဟာသတစ်ပုဒ်လို လှစ်ဟပြနေတဲ့ကိစ္စတွေကို စိတ်မဝင်စားပဲ သူမရဲ့ကုမ္ပဏီမှာပဲ သူမရဲ့စွမ်းအင်အများကြီးကို အာရုံစိုက်ခဲ့တယ်။ မိန်ဖန့်၏တရားဝင်ဝက်ဆိုက်ဘ်တွင် အလှအပဆေးလုံးကို ကြိုတင်မှာယူသည့် အရေအတွက်မှာ နှစ်သောင်းခန့်ပင် ရရှိနေခဲ့ပြီ။ ဒါက သူတို့ မူလမျှော်မှန်းထားတာထက် အများကြီးပိုပါတယ်။


စုမိန်က သူမကို ဖုန်းခေါ်ခဲ့ပြီး လီဝမ့်ကျင်းက ဖန့်ကျွင်းရုံအပေါ် ဘယ်လိုလိမ်လည် လှည့်ဖြားခဲ့တယ်ဆိုတာကို ထောက်ခံဖို့ အကူအညီလိုသလားဟု မေးခဲ့သည်။ အတိုင်းအတာတစ်ခုအထိတော့ စုမိန်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်ပါပဲ။ သူမဟာ လီဝမ့်ကျင်းရဲ့ဖောက်ပြန်မှုအကြောင်းကို နေရာတိုင်းမှာ ဖြန့်ခဲ့ဖူးပေမယ့် သူမက ဥာဏ်ကောင်းပြီး ဗီဒီယိုမှတ်တမ်းကို ဘယ်သူ့ကိုမှ မပို့ခဲ့ပါဘူး။ အများအားဖြင့် သူမက သူတို့ကို ပြသရုံသာ ပြသပေးပါလိမ့်မယ်။ ဤအချိန်၌ ဖန့်ကျွင်းရုံနှင့် သူမတို့ နှစ်ဦးတည်းသာလျှင် ထိုဗီဒီယိုမှတ်တမ်းကို ပိုင်ဆိုင်ထားတာ ဖြစ်သည်။


ဒါကြောင့်ပဲ သူမဟာ အန္တရာယ်မရှိသေးတာ ဖြစ်နိုင်ပါတယ်။


ဖန့်ကျွင်းရုံက ထိုအကြောင်းကို အနည်းငယ် စဥ်းစားလိုက်ပြီးတော့ ပြောလိုက်သည်။ "ခဏလောက် စောင့်ကြည့်ကြရအောင်။ ငါ့ရဲ့နောက်ထပ်ထုတ်ကုန်အသစ် မိတ်မဆက်ခင်အထိ စောင့်ပါဦး"


သူမသည် လီဝမ့်ကျင်းကို သူမ၏အခမဲ့ကြော်ငြာအဖြစ် ယခုအခါမှာ သတ်မှတ်ထားပြီး ဖြစ်သည်။


ဟုတ်တာပေါ့။ သူမလည်း စုမိန်အား အချိန်တန်လို့ ကူညီပေးတဲ့အခါကျရင် သူမအသိုင်းအဝိုင်းအတွင်း ဖြန့်ချိသော အလှအပေဆေးလုံးတစ်ဗူးကို ပေးမည်ဟု ကတိပေးခဲ့သည်။ အွန်လိုင်းတွင် ဖြန့်ချိသော အလှအပေ‌ဆေးလုံးများကို နွေဦးစမ်းရေကို ရေဆယ်ဆ အရောအနှောဖြင့် ပြုလုပ်ထားပြီး အသိုင်းအဝိုင်းအတွင်း ဖြန့်ချိသော အလှအပဆေးလုံးများကို ရေငါးဆဖြင့် ပြုလုပ်ထားသည်။


စက်တင်ဘာ ၈ ရက်နေ့တွင် အလှအပဆေးလုံးကို တရားဝင် မိတ်ဆက်ပေးခဲ့သည်။ ထိုနေ့က လီရှင်းယွင်၏ ပထမဆုံးကျောင်းတက်ရက်လည်း ဖြစ်သည်။ ဖန့်ကျွင်းရုံက သူမသမီး၏ ပထမဆုံးကျောင်းတက်သည့်နေ့အတွက် ၁၀ ရာခိုင်နှုန်း လျှော့စျေးပေးလိမ့်မည်ဟု ဘုတ်အဖွဲ့ကို ထပ်မံကြော်ငြာခိုင်းခဲ့သည်။ လျှော့စျေးပေးသည်က ယနေ့တစ်ရက်တည်းအတွက်သာ ဖြစ်ပြီး ယနေ့မတိုင်မီ ကြိုတင်မှာယူသည့် ဗူးရေများအတွက် မည်သည့်လျှော့စျေးမှ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပါ။


၁၀ ရာခိုင်နှုန်း လျှော့တာအများကြီး မဟုတ်ပေမယ့် ‌ရောင်းအားကို နည်းနည်းတော့ တွန်းအားပေးနိုင်ခဲ့သည်။ စက်တင်ဘာ ၉ ရက်နေ့တွင် သူတို့သည် အလှအပဆေးလုံး ဗူးရေ လေးသောင်းခန့် ရောင်းချနိုင်ခဲ့သည်။


အကျိုးရလဒ်ကိုပြသရန် အလှအပဆေးလုံးကို တစ်ပတ်သာ သောက်သုံးရန် လိုအပ်သည်။ တစ်ပတ်အကြာတွင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စကားများပျံ့နှံ့သွားသောအခါ အ‌ရောင်းအဝယ်ကိစ္စအတွက် စိတ်ပူစရာ မလိုတော့ပေ။ အာလုံးခြုံငုံကြည့်ရမယ်ဆိုရင် ဤသည်မှာ ကောင်းမွန်သောစတင်ခြင်းဖြစ်ခဲ့ပြီးတော့ ၎င်းကို အများအားဖြင့် အကျိုးပြုခဲ့သည်မှာ လီဝမ့်ကျင်းနှင့် ကျန်းယာ့ကောတို့ကြောင့်ဟု ယူဆနိုင်သည်။


သူတို့ ဒီလိုသာမလုပ်ခဲ့ရင် သူမဟာ ကြော်ငြာအတွက် ငွေသုံးစွဲရတော့မှာပင် ဖြစ်သည်။


သူမ ဒါကို ခဏတွေးတောမိလိုက်ပြီးတော့ လီဝမ့်ကျင်းကို ဘလော့ခ်ထားတာကို ပြန်ဖြည်လိုက်ကာ သူ့ဆီသို့ စာတိုတစ်စောင် ပေးပို့လိုက်သည်။


[ကျွန်မ ကြောငြာကုန်ကျစရိတ် သက်သာအောင် ရှင့်ကိုယ်ရှင် အနစ်နာခံပေးခဲ့တဲ့အတွက် ရှင်နဲ့ ကျန်းယာ့ကောတို့ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒီအတွက် ကျွန်မကို ရှင် အတိတ်က ပြုလုပ်ခဲ့တဲ့ အရာအားလုံးအတွက် ယာယီခွင့်လွှတ်ပေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ရှင်တို့နှစ်‌ယောက်က အရမ်းသဘောကောင်းတာပဲ]


နောက်ဆုံးတော့ သူမဟာ သူမယခင်ဘဝကနေ စိတ်ဝင်စားစရာတချို့ကို စုဆောင်းနိုင်ခဲ့တယ်။


သူမ စာတိုကိုပို့လိုက်ပြီးနောက် လီဝမ့်ကျင်းကို ထပ်မံ ဘလော့ခ်လိုက်ပြီး သူမစိတ်ခံစားချက် ပိုကောင်းလာတယ်လို့