အခန်း ၉၇
Viewers 26k


အခန်း (၉၇) – သူမကို မွေးစားလိုက်တာက သူ့အမှားတွေထဲက ပထမဆုံးအမှား ဖြစ်ကောင်းဖြစ်နိုင်သည် (၁)


လီဝမ့်ကျင်းဟာ ဆေးရုံမှ နိုးလာခဲ့သည်။ သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့လက်ထောက် လောင်စွင်းသည်သာ သူ့ကို စောင့်နေပေးသော တစ်ဦးတည်းသူ ဖြစ်သည်။ သူ့ရဲ့မသိတတ်တဲ့သားနဲ့ ကျန်းယာ့ကောတို့ကို မည်သည့်နေရာတွင်မှ မတွေ့ရချေ။


သူ့ကို သတိလစ်မေ့မြောသွားစေသော အဖြစ်အပျက်ကို ပြန်လည်သတိရမိလိုက်သောအခါတွင် သူ့ရင်ဘတ်များဟာ ထပ်မံတင်းကျပ်လာပြန်သည်။ ဒေါသများအားလုံး တစ်ပြိုင်နက် ပြန်ပေါ်လာခဲ့ပြီးတော့ “ငါ့ရဲ့ သန္ဓေယုတ်သားက ဘယ်မှာလဲ”  ဟု မှုန်မှိုင်းနေသောအသံဖြင့် မေးလိုက်သည်။


ဒီတစ်ခါ သူဒေါသထွက်နေတာကို “သန္ဓေယုတ်သား” ဟူသော စကားလုံးကို ကြားရဝာာနဲ့တင် ပြောနိုင်လေသည်။


ထိုစကားကို ကြားလိုက်ရ‌တော့ လောင်စွင်းသည် ကိုးရိုးကားရားနိုင်သောအကြည့်တစ်ချက်ကို ပေးလိုက်သည်။ “သခင်လေးက သခင်မလေးနဲ့ ကျန်ခဲ့တယ်။ သူက သူဌေး မေ့လဲချင်ယောင်တာလို့ ထင်နေတာ”


နောက်ဆုံးတွင် လောင်စွင်းက မကြည့်ရက်ပဲ သူ့သူဌေးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာ ဖြစ်သည်။


လီဝမ့်ကျင်းဟာ အလွန်ဒေါသထွက်သွားပြီးတော့ သူ့မျက်နှာဟာ နီရဲလာခဲ့သည်။ သူ့ရဲ့မသိတတ်တဲ့သားကြောင့် ‌ဒေါသအထွက်လွန်ပြီး သေသွားတော့မလိုပင် ခံစားလိုက်ရသည်။ သူနဲ့ ဖန့်ကျွင်းရုံ ကွာရှင်းပြတ်ဆဲသည့်အချိန်က လီရှစ်ကျီသည် ကျန်းယာ့ကောကြောင့်သာ သူ့ဖက်မှာ ရပ်တည်ခဲ့တာဖြစ်ကြောင်းကို သူ သိလိုက်ရသည်။ အဲဒီအချိန်တုန်းက သူက ဒါကို မသိပဲ အရမ်းပျော်ခဲ့သည်။ ယခုအချိန်မှာတော့ သူက လီရှစ်ကျီဆန့်ကျင်သည့်ပစ်မှတ်ဖြစ်လာသောကြောင့် သူ မည်သို့ ခံစားနေရသည်ကိုပင် မဖော်ပြနိုင်တော့ပါ။


ယခုအခိုက်အတန့်တွင် သူ့ခံစားချက်သည် ဖန့်ကျွင်းရုံ၏ယခင်ဘဝက သူမ၏ခံစားချက်များနှင့် သွားရောက် ထပ်တူကျသွားခဲ့သည်။


သူ အမြဲဂုဏ်ယူဝံ့ကြွားနေခဲ့ရတဲ့သားက ဘယ်လိုမှမမှတ်မိတော့သည့်လူတစ်ယောက်အသွင် ဖြစ်သွားခဲ့တယ်။


လီရှစ်ကျီသည် သူ့သားအရင်း ဖြစ်သည်။ သူ သူ့ကို ပြတ်ပြတ်သားသား မစွန့်လွှတ်နိုင်ပေ။ လီရှင်းယွင်နှင့် ပတ်သက်၍ သူမက သမီးတစ်ယောက်သာ ဖြစ်သည်။ လီဝမ့်ကျင်းက သူမကို ဆက်ခံသူအဖြစ် ဘယ်တော့မှ မစဥ်းစားခဲ့ပါ။ 


လီရှစ်ကျီက ဆန့်ကျင်မယ်ဆိုလျှင် သူက ရွေးချယ်စရာမရှိ သူ့ကို ပညာပေးရပေလိမ့်မည်။


သူက ရယ်လိုက်သည်။ သူ့သားပဲလေ။ သူက သူ့အဖေကို ဆန့်ကျင်ဖို့ သန်မာနေပြီလို့ ထင်နေတာလား။ ထို့နောက် သူသည် အေယွန်ကော်ပိုရေးရှင်း၏ ဆက်ခံသူဆိုသော အဆင့်အတန်း မရှိဘူးဆိုရင် ဘယ်လိုလူမျိုးဖြစ်သွားမည်ဆိုသည့်အကြောင်းကို အသိပေးရန် အချိန်ကျရောက်လာခဲ့ပြီ။


နောက်ဆုံးတွင် ကုမ္ပဏီက ခုရက်သတ္တပတ်အတွင်း အကျိုးအမြတ်တချို့ရရှိခဲ့၍ ယခင်ကလောက် ငွေကြေး မကြပ်တည်းတော့ပါ။ ငွေရေးကြေးရေးဖိအားအချို့ လျော့နည်းသွားသည့်အခါမှာတော့ သူ့ရဲ့ သောင်းကျန်းသောသားအား သင်ခန်းစာတစ်ခုလောက်ပေးရန် သူ အချိန်အနည်းငယ်ခန့် ပေးနိုင်ခဲ့သည်။


သူက ဖုန်းအနည်းငယ်ခေါ်ဆိုခဲ့ပြီးတော့ အေးစက်စွာ အမိန့်ပေးလိုက်သည်။


“သူ့ကတ်အကုန်လုံးကို ပိတ်ပြစ်လိုက်”


သူက ငွေမရှိရင် ဘာလုပ်နိုင်မလဲဆိုတာကို သူ မြင်ချင်စမ်းပါဘိ။ ပြီးတော့ ကျန်းယာ့ကောကိုရော
ထိုနည်းတူစွာ စောင့်ကြည့်ချင်မိခဲ့တယ်။ သူသည် ဝမ်စစ်အာ၏ရုပ်ရည်အသွင်အပြင်ကို ပြန်ပြောင်း သတိရမိလိုက်သည်။ သူမသည် သူ့ကို စကားတစ်ခွန်းမှမဆိုပဲ သူ့အတွေးထဲမှာ အရင်တုန်းကလို နူးညံ့သိမ်မွေ့စွာ ပြုံးပြနေဆဲပင် ဖြစ်သည်။


ကျန်းယာ့ကောသည် သူမအမေနှင့်တူသလောက် အဆုံးမှာတော့ သူမမှာ သူမအမေ၏တောက်ပနွေးထွေးသောစရိုက် မပါရှိပေ။ သူမသည် အသွင်အပြင်သာ တူညီပြီးတော့ စိတ်ထားကတော့ ကွာခြားလှသည်။ သူမက သူ့ကိုတော်လှန်ဖို့ သူ့သားကိုတောင် လှုံဆော်ပေးခဲ့တယ်။ သူမသမီး ဒီလိုဖြစ်နေတာကိုသိရင် ဝမ်စစ်အာ အရမ်းဝမ်းနည်းသွားလိမ့်မယ်လို့ သူ ယုံကြည်မိသည်။


ထို့နောက် သူသည် ဝမ်စစ်ရှန်းအကြောင်းကို တွေးတောနေမိသည်။ သူမလည်း သနားစရာကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ ကျန်းယာ့ကောကြောင့် သူမသည် သူမရဲ့အလှအပကို ဆုံးရှုံးခဲ့ရသည်။ ယခု သူမသည် ဝိညာဥ်မရှိသောလူတစ်ယောက်ကဲ့သို့ နေ့စဥ် ဆေးရုံမှာ တိတ်ဆိတ်စွာ နေနေရသည်။


ရုတ်တရတ် သူ လန့်သွားမိသည်။ အချို့သောရှုထောင့်များအရ ကျန်းယာ့ကောသည် မကောင်းတာတွေကို ဆွဲဆောင်နေသည့်ပုံပေါ်သည်။ သူမမိဘများသည် မတော်တဆဖြစ်ပြီး သေဆုံးခဲ့သည်။ သူမအဒေါ်သည် သူမကြောင့် အလှအပကို ဆုံးရှုံးခဲ့ရသည်။ သူမနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည့် ဝမ်ရှောင်းသည်ပင် မသန်မစွမ်းဖြစ်သွားခဲ့ပြီး နောက်ပိုင်းတွင် သူ့ရဲ့လက်စားချေမှုများ ဆက်တိုက်ဖြစ်လာခဲ့သည်။ သူ သူမကို မွေးစားပြီးကတည်းက သူ့ကုမ္ပဏီမှာ သူ့အခြေအနေက အရင်ကလို မကောင်းတော့ဘူး။ သူ့မှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ထပ်ဆင့်တက်ခဲ့တယ်။ ကျန်းယာ့ကောနှင့် ဆက်ဆံရေး သိပ်မပြေလည်သည့် ဖန့်ကျွင်းရုံကတော့ တစ်နေ့ထက် တစ်နေ့ စီးပွားရေး ပိုမိုကောင်းမွန်လာလေသည်။ သူမရဲ့အမှိုက်လို အလှအပဆေးလုံးကို စတင်ဖြန့်ချိသည့်နေမှာပင် အလွန်နာမည်ကြီးခဲ့သည်။


ဖြစ်နိုင်တာက သူမကို မွေးစားလိုက်မိတာက သူ့ရဲ့ ပထမဆုံးအမှားပင် ဖြစ်သည်။ သူ့အရှုံးတွေကို ရပ်တန့်ရမည့် အချိန်ရောက်ပြီ။


အေးစက်သောအကြည့်တစ်ချက်က သူ့မျက်လုံးမှာ ထင်ဟပ်လာခဲ့သည်။ ယခုအချိန်မှာတော့ သူသည် လွန်ခဲ့သောနှစ်လက ကျန်းယာ့ကောကို မွေးစားရန်အတွက် သူ မည့်မျှစိတ်လှုပ်ရှားနေသည်ကို လုံးဝမေ့လျော့သွားခဲ့ပြီ။


ရုတ်တရတ် သူ့ဆဲလ်ဖုန်းဟာ တုန်ခါလာခဲ့သည်။ သူက ဖုန်းကို လှမ်းကြည့်လိုက်သည်။ စာတစ်စောင် ဝင်လာတာကို တွေ့လိုက်ရသည်။ ထိုစာက ဖန့်ကျွင်းရုံထံမှ ဖြစ်သည်။ သူ ခဏလောက် တုန့်ဆိုင်းနေပြီးနောက်တော့ ဖုန်းကိုဖွင့်၍ ထိုစာကို ဖတ်ကြည့်လိုက်သည်။


သူသည် စာပါအကြောင်းအရာကို ဖတ်ပြီးနောက် သူ့နဖူးသွေးကြောများဟာ တဒုတ်ဒုတ်ခုန်လာခဲ့သည်။


“သူမ ဘယ်လို‌တောင် သတ္တိရှိရတာလဲ”