အခန်း ၉၈
Viewers 25k


အခန်း (၉၈) – သူမကို မွေးစားလိုက်တာက သူ့အမှားတွေထဲက ပထမဆုံးအမှား ဖြစ်ကောင်းဖြစ်နိုင်သည် (၂)


ယခုအချိန်တွင် ဖန့်ကျွင်းရုံကတော့ ကျန်းဝမ်ယုရဲ့ဓာတ်ခွဲခန်းထဲသို့ ရောက်ရှိနေတာ ဖြစ်သည်။


ကျန်းဝမ်ယုကို သူမသည် မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ “ရှင် ကျွန်မကို ချီရှင်းနဲ့ ချင်းရှားတို့ကို စိုက်ပျိုးဖို့ နည်းလမ်းရှာတွေ့ပြီလို့ ပြောလိုက်တာလား”


သူမသည် အရင်က ဤအပင်နှစ်မျိုးကို သူမနယ်မြေအတွင်းမှ ထုတ်ယူခဲ့ပြီး ကျန်းဝမ်ယုကို သူတို့၏အာနိသင်ကို ခွဲခြမ်းစိတ်ဖြာပြီး အာနိသင်တူသည့် အစားထိုးပါဝင်ပစ္စည်းကို ရှာဖွေပေးနိုင်ရန် မျှော်လင့်ထားခဲ့သည်။ သူမသည် ဒီအတွက် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ပဲ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ဖို့ကိုပဲ တွေးခဲ့သည်။ ဒီကိစ္စက ကြာရှည်လိမ့်မယ်လို့ သူမ အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ ကျန်းဝမ်ယုသည် သူမအား တစ်လအတွင်းမှာပင် ဤကဲ့သလို့သော သတင်းကောင်းကို ပေးနိုင်လိမ့်မည်ဟု သူမ မတွေးခဲ့ပေ။


သူမ အရင်ဘဝတုန်းက ဒီပုလဲလုံးလေးကို ကျန်းအိမ်တော်၏ ငါးမျက်စိအဖြစ် လုံးလုံး မှတ်ယူခဲ့သည်။


အံ့သြဖွယ်ကောင်းတယ်။ အခု ဒီပုလဲလုံးလေးဟာ သူမအပိုင် ဖြစ်လာခဲ့ပြီ။


သူမသည် ထိုအတွေးဖြင့် သူ့ကိုကြည့်လိုက်သောအခါ ကျန်းဝမ်ယုသည် ထူးဆန်းစွာ ရှက်ရွံသွားခဲ့ပြီး သူ့နားရွက်များ အနည်းငယ်လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာမှာ အနည်းငယ်နီမြန်းသွားခြင်းနှင့်အတူ သူ့ရဲ့ထူးခြားနေသောစိတ်ခံစားချက်ကို ဖိနှိပ်ထားပြီး လက်ထဲရှိအလုပ်ကိုသာ အာရုံစိုက်ခဲ့သည်။ သူက သူမအား တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် ချီရှင်းနဲ့ ချင်းရှားတို့အနားမှာ ကျောက်မျက်ရတနာအချို့ကို ပတ်ပတ်လည် ချထားရင် သူတို့သုံးရက်အတွင်းမှာ မသေသွားပဲ ရှင်သန်နိုင်လိမ့်မယ်ဆိုတာကို သတိပြုမိခဲ့တယ်”


အမှန်အတိုင်းပြောရရင် သူက တစ်ချိန်လုံး ဝတ်ဆင်ထားတဲ့ ကျောက်စိမ်းကြောင့်သာ ဒါကို နားလည်ခဲ့တာ ဖြစ်သည်။ သူသည် ယခင်က မတူညီသောနည်းလမ်းများစွာကို ကြိုးစားခဲ့ဖူးသော်လည်း ချီရှင်းနှင့် ချင်းရှားတို့သည် သူ နေ့ရောညပါ လေ့လာနေသည့်အချိန်မှလွဲ၍ သုံးရက်ထက် ပိုမရှင်သန်ခဲ့ပါ။


ကျန်းဝမ်ယုသည် သူ့ကျောက်စိမ်းလည်ဆွဲတွင် အထူးအစွမ်းအစရှိသည်ကို သိသောကြောင့် ၎င်းကို ထပ်မံ၍ သုတေသနပြုလုပ်ရန် ဖြုတ်လိုက်သည်။ သေချာတာပေါ့။ သူ့လည်ဆွဲပတ်ဝန်းကျင်မှာဆိုရင် ဆေးပင်နှစ်မျိုးက ရှင်သန်နိုင်လိမ့်မည်။ သူသည် သူ့စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး အကျိုးသက်ရောက်မှုမှာ သိသာထင်ရှားခြင်းမရှိသော်လည်း အခြားမည်သည့် ကျောက်မျက်ရတနာ အမျိုးအစားများမဆို ကောင်းစွာအလုပ်လုပ်လိမ့်မည်ဆိုတာကို သိလာခဲ့သည်။ ကျောက်မျက် အရည်အသွေးမြင့်မားလေ‌လေ ရလဒ်သိသာလေလေ ဖြစ်သည်။ ဖန့်ကျွင်းရုံက ဒီဆေးပင်နှစ်မျိုးကို ဘယ်နေရာက ရရှိခဲ့တာလဲဆိုတာကိုမေးဖို့ သူ့မှာ ရည်ရွယ်ချက်မရှိခဲ့ဘူး။


ဖန့်ကျွင်းရုံအား သူ့အတွေ့အကြုံကို ပြန်ပြောသောအခါ သူသည် သူ့လည်ဆွဲနှင့် ပတ်သက်သောအပိုင်းကို ချန်လှပ်ထားခဲ့သည်။


ဖန့်ကျွင်းရုံက သူပြောတာကို ကြားပြီးနောက် သူမမျက်နှာပေါ်မှာ အပြုံးကြီးကြီးတစ်ခု ပေါ်လာခဲ့သည်။ သူမမှာ ကျောက်မျက်ရတနာ ရှားပါးမှုမရှိပါ။ လီဝမ့်ကျင်းနဲ့ အဆင်မပြေဖြစ်ပြီး မကွာရှင်းခင်မှာ သူမဟာ ကျောက်မျက်ရတနာ အများကြီး ပိုဝယ်ယူခဲ့တယ်။ အခု သူတို့ဘယ်လိုအသုံးဝင်လာခဲ့တယ်ဆိုတာကို သိလိုက်ရတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။


သူမ ဒါကို နည်းနည်းစဥ်းစားလိုက်ပြီးတော့ ပြောလိုက်သည်။ “ကျွန်မတို့ ရှင့်သီအိုရီကို စမ်းသပ်ဖို့ သူတို့ကို လယ်ကွက်တစ်ခုမှာ စိုက်ကြည့်နိုင်တယ်။ ကျွန်မတို့က ကျောက်မျက်ရတနာတွေကို အရမ်းနက်ရှိုင်းအောင် သေချာမြှုပ်နှံသင့်တယ်မလား”


အခြားသူများသည် အပင်ကိုခိုးယူနိုင်သော်လည်း ၎င်းတို့ကို ကြီးထွားရန် နည်းလမ်းများကို တွက်ဆနိုင်လိမ့်မည် မဟုတ်ပေ။ သူမသည် ကျောက်မျက်ရတနာများက သူတို့ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်သည့်ချီအချို့ကို ပိုင်ဆိုင်ထားသည်ဟု သံသယဝင်မိသည်။ ၎င်းတို့သည် မသန်မာသော်လည်း ဤအပင်နှစ်မျိုးကို ထောက်ပံ့ရန်တော့ လုံလောက်ပါသေးသည်။ အစပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် ကြီးမားသော်လည်း သူတို့နောက်ဆုံး ရိတ်သိမ်းရမယ့် အကျိုးအမြတ်နဲ့ယှဥ်ရင် ဒါက ဘာမှ မဟုတ်ပါ။


“ရှင် အခုတလော အရမ်းအလုပ်ကြိုးစားနေတယ်။ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဖန့်ကျွင်းရုံက လေးလေးနက်နက် ရိုးသားမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမက ကျန်းဝမ်ယုကို အကျိုးအမြတ်ကြီးကြီးမားမားပေးဖို့ ဆုံးဖြတ်လိုက်သည်။


အခြားတစ်ဖက်တွင်မူ ကျန်းဝမ်ယုသည် သူ့ရဲ့ရှာဖွေတွေ့ရှိမှုအပေါ် သိပ်မပျော်ရွှင်ခဲ့ပါဘူး။ မျက်မှောင်ကြုတ်ပြီး သူက ပြောလိုက်သည်။ “ မလုံလောက်သေးဘူး။ သူတို့က ရှင်သန်နိုင်ပေမယ့် သူတို့ထဲမှာ ပါဝင်တဲ့အာနိသင်က လျော့ကျသွားလိမ့်မယ်။ အဲ့တာဆိုရင် နောက်ဆုံး ထုတ်လုပ်မယ့် ထုတ်ကုန်တွေက ခင်ဗျားမျှော်လင့်ထားသလို ကောင်းမှာမဟုတ်ဘူး”


ဖန့်ကျွင်းရုံက သူမကိုယ်သူမ အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။ သူမပြောနိုင်တာက ကျန်းဝန်ယုက သူမထက် ပိုမြင့်မားတဲ့အဆင့်အတန်းကို မျှော်လင့်ထားလေသည်။ သူမ လုပ်ချင်တာကတော့ ဆေးသုံးမျိုးလုံးကို အမြောက်အများထုတ်လုပ်နိုင်မယ်ဆိုရင် သူတို့က လူတွေကို ပိုအကျိုးရှိစေလိမ့်မယ်။


သူမက ‌ကျောက်စိမ်းဖြူခရင်မ်ကို သတိရလိုက်သည်။ ကျောက်စိမ်းဖြူခရင်မ်ကို ပြုလုပ်ရန် သူမနယ်မြေအတွင်းမှ ယွင်ယင်းဆေးပင်ကိုလည်း အတိုင်းအတာတစ်ခုထိ လိုအပ်သည်။ ဖြစ်နိုင်ရင် သူ့တို့ကိုလည်း ဒီနည်းလမ်းကိုအသုံးပြုပြီး ကြီးထွားအောင် ကြိုးစားကြည့်သင့်သည်။


သူမသည် ၎င်းကို ပရော်ဖက်ရှင်နယ်ကျကျ ထားသင့်သည်။ ဖန့်ကျွင်းရုံသည် ဤကိစ္စနှင့်ပတ်သက်ပြီး ကျန်းဝမ်ယုအပေါ် ယုံကြည်မှုများစွာ ရှိခဲ့သည်။