အခန်း ၉၉
Viewers 25k


အခန်း (၉၉) – သူမကို မွေးစားလိုက်တာက သူ့အမှားတွေထဲက ပထမဆုံးအမှား ဖြစ်ကောင်းဖြစ်နိုင်သည် (၃)


သူမသည် တစ်စုံတစ်ခုကို ရုတ်တရတ် သတိရလိုက်သည်။ ပြောကြတာက ကျန်းဝမ်ယု၏မိသားစုသည် မျိုးရိုးစဥ်ဆက် တိုင်းရင်းဆေးဆရာဝန်များဖြစ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကြာမြင့်သော ဆေးညွှန်းများ ပိုင်ဆိုင်ထားကြသည်။ အကျော်ကြားဆုံး တိုင်းရင်းဆေးတစ်ခုမှာ သူတို့၏အရိုးပြုပြင်ဆေးခရင်မ် ဖြစ်သည်။ ထိုဆေး၏အကျိုးသက်‌ရောက်မှုဟာ သံသယဖြစ်ဖွယ်မရှိ ကောင်းမွန်သော်လည်း အလွန်တရာ စျေးကြီးလှသည်။ ဗူးသေးတစ်ဗူးဆိုလျှင်ပင် ယွမ်တစ်သောင်း ကျသင့်သည်။ ထိုငွေကြေးပမာဏဟာ သာမာန်မိသားစုတစ်စုအတွက် အနည်းငယ်မျှသော ပမာဏ မဟုတ်ပေ။ ကျန်းအိမ်တော်၏ ထိုထုတ်ကုန်အကျိုးအမြတ်ဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အလွန်အခြေခိုင်မာနေခဲ့တာ ဖြစ်သည်။


ဖန့်ကျွင်းရုံသည် သူမ၏ကျောက်စိမ်းဖြူခရင်မ်က သူတို့၏အရိုးပြုပြုင်ဆေးခရင်မ်ထက် ပိုကောင်းသည်ဟု ယုံကြည်သည်။ သူမ၏ထုတ်ကုန်ကို စျေးကွက်မှာ ဖြန့်ချိသောအခါတွင် သူတို့၏စျေးနှုန်းထက် ချိုသာစွာ ‌ရောင်းချခဲ့သည်။ သူမ အရင်ဘဝမှာ ကျန်းပိက သူမကို အဆိပ်ခတ်ပြီး သူမကို စိတ်မတည်ငြိမ်သည့် အရူးတစ်ယောက်လိုဖြစ်အောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို သူမ မမေ့သေးပါဘူး။


***


ယခုအချိန်တွင် ကျန်းယာ့ကောသည် အလုပ်လိုချင်နေမိသည်။ ကျောင်းစတက်ပြီးနောက် သူမသည် သူမ၏လှုပ်ရှားမှုကလပ်မှ ကျောင်းနေဖက်တစ်ဦးမှတဆင့် အထက်တန်းကျောင်းသားတစ်ဦးအတွက် ကျူတာဆရာမတစ်ဦးအဖြစ် အပိုဝင်ငွေရှာရန် အလုပ်ရှာဖွေခဲ့သည်။ ဒါက မရနိုင်တဲ့အဆုံး ရှာဖွေခဲ့ရတာ ဖြစ်သည်။ သူမသည် လီဝမ့်ကျင်းက သူမနှင့် လီရှစ်ကျီတို့၏ကဒ်တွေကို ပိတ်ပြစ်လိုက်သည်အထိ စိတ်ဆိုးနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။


ရှစ်ကျီသည် မကြာသေးမီက ငွေအမြောက်အများလိုအပ်နေသောကြောင့် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေရသည်။ အလွန်တရာစဥ်းစားတတ်သော ကောင်မလေးတစ်ဦးအနေဖြင့် ကျန်းယာ့ကောသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ အနည်းဆုံးတော့ သူမ၏ကိုယ်ပိုင်အသုံးစရီတ်များကို သူမကိုယ်တိုင် ရှာဖွေသင့်သည်။ သူမသည် သူ့အတွက် အရင်းအနှီးတချို့ပေးနိုင်အောင် သူမရဲ့လက်ကိုင်အိတ်တချို့ကိုပင် ရောင်းပစ်လိုက်သည်။ ကံမကောင်းစွာဖြင့် ရရှိလာငွေကြေးက ရေပုံးထဲကရေတစ်စက်လောက်သာ ဖြစ်ခဲ့သည်။


သူမသည် လွန်ခဲ့သောတစ်လလောက်က သူမရဲ့နေထိုင်မှုပုံစံကို ပြန်တွေးတောကြည့်မိသည်။ သူမခေါင်းထဲမှာ ပြတ်ပြတ်သားသား မှတ်မိနေဆဲပင် ဖြစ်သည်။ ကြွယ်ဝသောလူနေမှုဘဝမှ ချွေတာသောလူနေမှုဘဝသို့ ပြန်ပြောင်းသွားခြင်းက အန္တရာယ်များလွန်းသည်။ သူမဟာ အခုအချိန်မှာ ချွေတာသောလူနေမှုဘဝမှာ နေထိုင်ဖို့ ခက်ခဲနေတာကို တွေ့လိုက်ရသည်။ လီရှစ်ကျီဟာ အင်အားကြီးမားသည်။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း စတင်သည်နှင့်တပြိုင်နက် သူမတို့ဟာ ယခင်နေထိုင်မှုပုံစံသို့ ပြန်သွားနိုင်ပေမည်။


မဟုတ်ဘူး။ စောင့်ကြည့်ပါဦး။ အဲ့တာကြောင့် သူနဲ့ချိန်းတွေ့ခဲ့တာ မဟုတ်ဘူး။ သူမသည် သူ့ကို လူတစ်ဦးအနေနှင့်ကို အမှန်တကယ် နှစ်သက်ခဲ့သည်။


သူမသည် သူမ၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အိပ်ဆောင်သို့ ပြန်ဆွဲခေါ်သွားခဲ့သည်။ အိပ်ဆောင်၏အသံလုံစနစ်သည် သိပ်မကောင်းမွန်ပါ။ သူမအခန်းဖော်တွေရဲ့ ဝမ်းသာအားရပြောဆိုနေတဲ့အသံတွေကို သူမ ကြားနိုင်သည်။


“ယွမ်အာ နင့်အသားအရေက အရင်ကထက် ပိုကြည့်ကောင်းလာတယ်နော်။ ဒါက အလှအပဆေးလုံးရဲ့ တကယ့်အာနိသင်လား။ ငါသိခဲ့ရင် ငါလည်း ဝယ်ခဲ့မှာပဲဟာ။ သူတို့ရဲ့တရားဝင်ဝက်ဆိုက်မှာ ရောင်းကုန်သွားပြီဟ။ နောက်ထပ် ဝယ်ယူဖို့အတွက် တစ်ပတ်လောက် စောင့်ရဦးမယ်”


“ငါ နွေရာသီမှာ စုထားတဲ့ငွေတွေနဲ့ ဝယ်ခဲ့တာ။ ငါ့မှာ သုံးဗူးရှိတယ်” ကျန်းယာ့ကော၏၏အခန်းဖော်သည် ကျေနပ်စွာ ကြွားဝါနေခဲ့သည်။


“ပြောကြည့်ကြည့် ငါတို့ ယာ့ကောကို မေးသင့်လား။ သူက လီအိမ်တော်ရဲ့ မွေးစားသမီးတစ်ယောက် မဟုတ်လား။ သူမ ငါတို့ကို ဗူးတစ်ချို့ရအောင် ကူညီပေးနိုင်လောက်တယ်”


“ဟုတ်တယ်။ မှန်တာပဲ။ ဝေ့ပေါ်ပေါ်က အကြောင်းတွေကို မင်း မမြင်ဘူးလား။ ကျန်းယာ့ကောနဲ့ သူဠေးမဖန့်ကြားက ဆက်ဆံရေးက အလွန်ဆိုးရွားနေတာ မဟုတ်ဘူးလား။ သူမက အဲ့ဒီအစီအစဥ်မှာ ဘာကြောင့်ပါဝင်ဖို့ လုပ်ခဲ့တာလဲဆိုတာ ငါတို့မသိဘူးလေ။ ပုံမှန်ဆိုရင် သူမက အပြစ်ကင်းစင်တဲ့ပုံပေါ်ပေမယ့် သူမအတွင်းစိတ်က ဘယ်လိုမှန်း မသိနိုင်ဘူးလေ။ ဘော့စ်ဖန့်က သူမကို မွေးစားထားပေမယ့် သူမကို ယာ့ကောရဲ့ ကျေးဇူးပြန်ဆပ်တဲ့နည်းလမ်းကို ကြည့်ပါလား”


“ဘော့စ်ဖန့်က သူမကို မွေးစားသမီးအဖြစ် အသိအမှတ်မပြုလောက်ဘူး။ ကျုံးရီကိုသာ အသိအမှတ်ပြုခဲ့တာ။ အခု ကျုံးရီကို ကြည့်ပါလား။ သူမကို မြင်ရတာ နောက်ဆုံးစာသင်ချိန်ပြီးတုန်းကနဲ့ အလွန်ခြားနားသွားပြီလေ။ အခုဆိုရင် သူမက စကားပြောပုံဆိုပုံ နေပုံထိုင်ပုံက ဂုဏ်သရေကြီးမားတဲ့အိမ်က သခင်မလေးတစ်ဦးလိုပဲ။ ကျန်းယာ့ကောကို ကြည့်ပါလား။ သူမက ငွေကြေးအတွက် အချိန်ပိုင်းအလုပ်လုပ်တွေ လုပ်နေရသေတယ်။ လီအိမ်တော်မှာ နေထိုင်ရတဲ့ သူမအခြေအနေကို မင်း ခန့်မှန်းကြည့်နိုင်တယ်မလား”


တံခါးနားမှာ ရပ်နေသော ကျန်းယာ့ကော၏လက်များသည် တုန်ရီသွားပြီး သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။ မဟုတ်ဘူး။ သူမက သူတို့ပြောနေသလိုမျိုး မဟုတ်ဘူး။ သူတို့က ဘာကိုမှ မသိဘူး။ သူတို့က ဖန့်ကျွင်းရုံက ချမ်းသာသောကြောင့် သူမက ကြင်နာတယ်လို့သာ ပြောဆိုခဲ့ကြသည်။


လူမှုအဖွဲ့အစည်းက ရက်စက်လွန်းတယ်။


သူမ ဒီအိပ်ဆောင်မှာ မနေနိုင်တော့ဘူး။


သူမသည် လှည့်ထွက်သွားပြီးတော့ လီရှစ်ကျီ၏ရုံးခန်းသို့ရောက်အောင် တစ်လမ်းလုံး ပြေးသွားခဲ့သည်။ သူမ သူ့ကို ‌နောက်ဆုံးတွေ့ခဲ့ရတာက ရက်အနည်းငယ်ကြာခဲ့ပြီ။ သူက ပုံမှန်အတိုင်း ရုပ်ရည်ချောမောနေဆဲ ချောမောနေပေမယ့် သူ့အရှိန်အဝါကတော့ အများကြီး ပြောင်းသွားခဲ့သည်။ သူမသည် အတိတ်၌ ကြော့ရှင်းပြီးမာနကြီးသူတစ်ဦးဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် အမြဲတည်ငြိမ်နေပြီး နှစ်လိုဖွယ်ကောင်းသည်။ ယခု သူသည် ရင်ဆိုင်နေရသော မကြာသေးမီက အတားအဆီးများနှင့် အခက်အခဲများ အားလုံးကြောင့် စိတ်မသက်မသာဖြစ်နေခဲ့ရသည်။


သူ့အပေါ်မှာ ထွန်းလင်းနေသော‌ရောင်ခြည်ဟာ မှေးမှိန်သွားပုံရသည်။


“ယာ့ကော” လီရှစ်ကျီသည် သူမကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများဟာ ရဲရဲနီနေခဲ့သည်။


သူဟာ အခွင့်ထူခံလူတစ်ယောက် ဖြစ်ခဲ့သည်။ သူမအတွက် သူ ဤကဲ့သို့ဖြစ်လာခြင်းက သူမကို ဂုဏ်ယူရစေသလို စိတ်မချမ်းမသာလည်း ဖြစ်ရသည်။ လီရှစ်ကျီသည် သူမနှစ်သက်မိသည့် ယုံကြည်မှုရှိရှိ အင်အားကြီးမားသောသူတစ်ယောက် ဖြစ်သည်။


နှာတစ်ချက်ရှုံ့ရင်း သူမရှေ့မှောက်၌ အသည်းကွဲပြီး ထိလွယ်ခိုက်လွယ်ဖြစ်နေသောသူကိုကြည့်ကာ ပြောလိုက်သည်။ “ရှစ်ကျီ ရှင် ဘာလို့ အိမ်ကိုမပြန်ရတာလဲ။ အဖေနဲ့ အမေကို တောင်းပန်လိုက်ပါ။ ရှင်က သူတို့ရဲ့သားပဲလေ။ သူတို့က ရှင့်ကို တကယ်ငြင်းပယ်မှာ မဟုတ်ပါဘူး။ ကျွန်မကြောင့် ရှင် ဒီလိုမျိုး ဖြစ်နေရတာမျိုးကို ကျွန်မ မတွေ့ချင်ဘူး။ ရှင်က မာနကြီးတဲ့ လင်းယုန်ငှက်လို လူမျိုးပဲ။ ကျွန်မကြောင့်နဲ့တော့ ရှင့်အတော်ပံတွေကို မချိုးလိုက်သင့်ဘူး။ ဒါက ကျွန်မအပြစ်တွေပါ။ ကျွန်မက ရှင့်ကို ဆွဲချနေမိတယ်”


သူမသည် မျက်ရည်များဖြင့် ဆို့နင့်နေခဲ့သော်လည်း သူမအသံကတော့ အလွန်ပြတ်သားနေခဲ့သည်။