အခန်း ၁၀၀
Viewers 25k


အခန်း (၁၀၀) – သူမတို့၏အနာဂတ်အတွက် သူမသည် သူမကိုယ်သူမ အနစ်နာခံလိုသည့် ဆန္ဒရှိသည် (၁)


ယန်မိန်ဟွာသည် မှန်ရှေ့တွင် ရပ်နေသည်။ သူမသည် သူမရဲ့အလွန်ချောမွေ့ပြီး နူးညံ့နေသောပါးပြင်များကို ပွတ်သပ်ကြည့်နေမိခဲ့သည်။ သူမမျက်လုံးတွေက မယုံကြည်နိုင်မှုများနဲ့ ပြည့်နှက်နေခဲ့သည်။


သူမဆယ်ကျော်သက်အရွယ်ကတည်းက သူမမျက်နှာမှာ ဝက်ခြံတွေ အမြဲတမ်းရှိနေခဲ့လေသည်။ သူမဟာ ဆေးဝါးမျိုးစုံနဲ့ အသားအရေကိုပြုပြင်ပေးသည့်ထုတ်ကုန်မျိုးစုံကို အသုံးပြုခဲ့ပေမယ့် ဘာမှ မထိရောက်ခဲ့ပါဘူး။ သူမဟာ ငယ်ရွယ်စဥ်က ပိုကောင်းတဲ့အရာတွေကို မသိခဲ့သလို သူမပါးပြင်မှာလည်း ဝက်ခြံတွေ အမြဲတမ်းရှိနေခဲ့လေသည်။ အဲ့တာက သူမမျက်နှာကို အမာရွတ်များစွာ ကျန်ရှိနေစေသည်။ သူမဟာ ရုပ်မဆိုးပေမယ့် ထိုဝက်ခြံအမာရွတ်တွေက သူမအလှကိုမြင်ဖို့ ခက်ခဲစေခဲ့သည်။ ဒါဟာ သူမကို သိမ်ငယ်စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်စေခဲ့တယ်။ သူမသည် နှစ်ပေါင်းများစွာ ထိုအတွက် ငွေကြေးများစွာသုံးစွဲခဲ့သော်လည်း သူမ၏အသားအရေအခြေအနေကို တိုးတက်ကောင်းမွန်စေသည့်အရာ မရှိခဲ့ပေ။


ကျန်းယာ့ကောနဲ့ ဖန့်ကျွင်းရုံတို့ရဲ့ ဒရမ်မာကို သူမ အင်တာနက်မသုံးစွဲရသေးမီအထိ သူမ မမြင်လိုက်ရသေးပါဘူး။ သူမဟာ ကျန်းယာ့ကောနဲ့ အခန်းတူပြီး သူမကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သန့်ရှင်းရေးလုပ်ဖို့ သူတို့အလှည့်ရောက်သည့်အချိန်တိုင်း ကျန်းယာ့ကောက အလုပ်အားလုံးထဲမှာ အသက်သာဆုံးအလုပ်ကိုပဲ အမြဲတမ်း ရွေးချယ်ခဲ့သည်။ သူတို့ အလုပ်ကောင်းကောင်းမလုပ်လို့ ဝေဖန်ခံရသည့်အခါ လူတိုင်းက သူမလုပ်တာ မကောင်းဘူးလို့ပဲ ပြောဆိုအပြစ်တင်ကြတယ်။ ကျန်းယာ့ကော မှားတယ်လို့ ဘယ်သူကမှ မပြောပေ။ ကျန်းယာ့ကောက တော်တော်လေးကိုလှပပြီး ယောကျာ်းလေးတွေ တော်တော်များများနှစ်သက်သည့်ပုံစံမျိုးကြောင့်ပါပဲ။


ဒါကြောင့် သူမဟာ ဖုန်းကိုဆွဲထုတ်လိုက်ပြီး ဖန့်ကျွင်းရုံ၏ကုမ္ပဏီက ထုတ်ကုန်ကိုထုတ်လိုက်တာကို သူမ မြင်လိုက်ရသည့်အခါတွင် အလှအပဆေးလုံးသုံးဗူးစာအတွက် အမှာစာတင်လိုက်သည်။ သူမမိဘများဟာ သူမကို အလွန်တရာချစ်ခင်သည့်အတွက် သူမအား ကျောင်းစရိတ်များစွာ ပေးခဲ့လေသည်။ သူမသာ သူမရဲ့အခြားအသုံးစရိတ်တွေကို အနည်းငယ်ချွေတာလိုက်မယ်ဆိုရင် ဆေးလုံးသုံးဗူးကို ဝယ်နိုင်ပေသည်။ သူမဟာ ကျန်းယာ့ကောနဲ့အဆင်မပြေတာကြောင့် အရင်တုန်းက ဖန့်ကျွင်းရုံ၏ကုမ္ပဏီကို မကြိုက်နှစ်သက်ခဲ့ပေမယ့် အခုတော့ သူမ အရမ်းကြိုက်နှစ်သက်နေခဲ့ပြီ။


သူမဟာ ထိုဆေးလုံးကို ပထမဦးဆုံး စမ်းသပ်သုံးစွဲခဲ့ခြင်းသာဖြစ်သည်။ သို့သော် တစ်ပတ်အကြာ အသုံးပြုပြီးနောက် ရလဒ်သည် သူမမျှော်မှန်းထားတာထက် ပိုကျော်လွန်သွားခဲ့သည်။ သူမမျက်နှာပေါ်ရှိအမာရွတ်များ၏အရောင်ဟာ ပိုမိုဖျော့တော့လာခဲ့လေသည်။ 
သူမအသားအရေအ‌ရောင်ဟာ ပိုမိုတောက်ပလာခဲ့ပြီးတော့ အနည်းငယ်ပိုဆွဲဆောင်မှု ရှိလာခဲ့သည်။ ဤဆေးလုံးဟာ မည်သည့်မှော်ဆန်သည့်အမျိုးအစားမျိုးပါလိမ့်။


ရှစ်ရာရှစ်ဆယ့်ရှစ်ယွမ်ဟာ တန်လွန်းလှသည်။ ၎င်းသည် ဒေဝါလီခံရခါနီးရောင်းချသည့်စျေးနှုန်းလောက်ကို သက်သာလေသည်။ ဤဆေးလုံးများဟာ သူတို့ထက် သုညတစ်လုံးပိုများသော အခြားထုတ်ကုန်များထက် ပိုပြီးဝယ်ရကျိုးနပ်ပေသည်။


သူမဟာ မှန်ရှေ့မှာရပ်နေပြီး သူမအသွင်ကိုအရမ်းသဘောကျနှစ်ခြိုက်စွာ ကြည့်ပြီးနောက် သူမဟာ လျင်မြန်စွာပဲ သူမဖုန်းကိုကောက်ကိုင်လိုက်ပြီး နောက်ထပ်ငါးဗူးကို အမှာစာထပ်တင်ရန် လုပ်လိုက်ပြန်သည်။ ကံမကောင်းစွာဖြင့် သူမဟာ တရားဝင်ဝက်ဆိုဒ်သို့ဝင်ရောက်သည့်အခါတွင် သူတို့အကုန်လုံးဟာ ရောင်းကုန်သွားခဲ့ပြီဆိုတာကို သူမတွေ့လိုက်ရသည်။ သူမ အကြီးအကျယ် စိတ်ပျက်ခဲ့မိလေသည်။


“ဘာကြောင့် မိန်ဖုန်းက သူတို့ကို နည်းနည်းလေးပဲ ထုတ်ရတာလဲ။ သူတို့ရဲ့ထုတ်ကုန်တွေကို သူတို့ကုန်စာရင်းမှာ ထပ်ဖြည့်ဖို့လိုနေပြီ”


သူမသည် ထိုအရာအချို့ကို မြဲမြံစွာဆုပ်ကိုင်ထားပြီးနောက်တွင် သူမလက်က သူ့ကိုယ်ပိုင်အသိစိတ်တစ်ခုရှိနေပုံရလေသည်။ ကြယ်ငါးပွင့်အဆင့်သက်မှတ်ချက်ကိုနှိပ်ခဲ့ပြီးတော့ အလှအပဆေးလုံး၏အကျိုးသက်ရောက်မှုကို ချီးကျူးပြောဆိုခြင်းမတိုင်မီ သူမအကောင့်တွင် ကုန်ပစ္စည်းလက်ခံရရှိကြောင်းကို အတည်ပြုခဲ့သည်။ ဟုတ်တာပေါ့။ သူမဟာ တရားဝင်ဝက်ဆိုဒ်မှာ ထုတ်ကုန်တွေကို မြန်မြန်ပြန်ဖြည့်ဖို့ တိုက်တွန်းဖို့ကိုလည်း မမေ့ခဲ့ပါဘူး။ သူမသည် သူမသူငယ်ချင်းများနှင့်မိသားစုဝင်များအတွက်ပါ ဝယ်ယူလိုခဲ့သည်။


ကံကောင်းတာက သူမမှာ နောက်ထပ်ဗူးနှစ်ဗူးရှိနေပါသေးသည်။ သူမဟာ သူမရဲ့လက်ကျန်ဆေးဗူးနှစ်ဗူးကို သုံးစွဲပြီးသောအခါမှာ သူမမျက်နှာပေါ်ရှိ အမာရွတ်အားလုံး‌ပျောက်ကွယ်သွားပြီး လုံးဝပြစ်မျိုးမှဲ့မထင်သော အသားအ‌ရေကို ပိုင်ဆိုင်ရပေလိမ့်မည်။


သူမ သီချင်းလေးညည်းရင်း ရေချိုးခန်းထဲက ထွက်လာခဲ့သည်။


သူမအခန်းဖော်များအားလုံးက သူမအား မေးမြန်းရန် တစ်ချိန်တည်းမှာပင် သူမကို ဝန်းရံလာခဲ့သည်။


“မိန်ဟွာ နင့်မှာ အဲ့ဒီအလှအပဆေးလုံးတွေ ရှိသေးလား။ ငါ နင့်ဆီက တစ်ဗူးဝယ်မယ်လေ။ ငါ နင်ပေးရတဲ့စျေးထက် ဆယ့်နှစ်ဆပေးမယ်”


“ပြီးတော့ ငါ နင့်ကို ဆယ့်ငါးဆဆိုလည်း ပေးမယ်ဟာ”


ယန်မိန်ဟွာရဲ့နှုတ်ခမ်းများဟာ တွန့်ကွေးသွားပြီး ပြောလိုက်သည်။ “နင်တို့တွေ ငါ အမှာစာတင်တုန်းက အိုက်ကျူအခွန်ဆောင်ရတော့မယ်လို့ နင်တို့ပဲပြောခဲ့တာ မဟုတ်လား”


“နင့်မှာ ဒီလောက်ကောင်းမွန်တဲ့အမြင်ရှိနေတာပဲ။ ငါတို့က နင်နဲ့ဘယ်လို နှိုင်းယှဥ်နိုင်မှာလဲ။ အလှလေး ကျေးဇူးပြုပြီး… ငါ နောက်လထဲမှာ ComicConကိုသွားပြီး cosplayလုပ်ရလိမ့်မယ်။ ငါ အကောင်းဆုံးကိုယ်ပိုင်ပုံစံနဲ့ အဲ့ဒီကို သွားချင်လို့ပါဟာ”


လူတိုင်းက သူမကိုဝိုင်းထားပြီး သူမကို ချော့မော့ကာ ပြောဆိုနေခဲ့သည်။ သူတို့ကြောင့် မိန်ဟွာဟာ ခေါင်းအရမ်းကိုက်လာခဲ့သည်။ ဆေးလုံးတွေဟာ သူမကိုယ်တိုင်အသုံးပြုရန်အတွက်သာ စဥ်းစားထားသောကြောင့် သူမဟာ ခွဲမပေးချင်ခဲ့ပါဘူး။ သူတို့ကမ်းလှမ်းတဲ့ငွေပမာဏကို သူမ ဂရုမစိုက်ပါဘူး။ ငွေကြေးအစား သူမအခန်းဖော်များနှင့် သူမ၏ဆက်ဆံရေးကိုသာ ပိုအလေးထားခဲ့သည်။


သူမဟာ အံကြိတ်ပြီး ဆိုလိုက်လေသည်။ “နင်တို့ ငါ့အသားအရေက မကောင်းဘူးဆိုတာ နင်တို့အာလုံးသိကြတာပဲ။ ဒါကြောင့် ငါ ဒီကုသမှုကို ဆက်လိုအပ်တယ်။ ငါ တစ်ဗူးထက်ပိုပြီးတော့ ခွဲမပေးနိုင်ဘူးဟာ”


“OOOOOOOH! ဒီနေ့ကစပြီး နင်က ငါတို့ရဲ့သွေးသောက်ညီမလေးပဲ”