အခန်း ၁၀၁
Viewers 27k

အခန်း (၁၀၁) – သူမတို့၏အနာဂတ်အတွက် သူမသည် သူမကိုယ်သူမ အနစ်နာခံလိုသည့် ဆန္ဒရှိသည် (၂)


ယန်မိန်ဟွာဟာ သူတို့ကို သူမရဲ့အလှအပဆေးလုံးတစ်ဗူးကို ခွဲပေးပြီးတဲ့နောက်မှာ ရုတ်တရတ် သူမ တစ်စုံတစ်ခုကို တွေးမိလိုက်တယ်။ သူမဟာ ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံးကို ထုတ်ယူလာပြီး ကျန်းယာ့ကောကိုစောင့်ဖို့ ကျန်းယာ့ကောရဲ့အိပ်ဆောင်ကို သွားခဲ့သည်။


ကျန်းယာ့ကော၏အခန်းဖော်က သူမ ဒီနေရာကိုရောက်လာတာကို ဘာကြောင့်ရောက်လာမှန်းသိသည့်အတွက် တခစ်ခစ်ရယ်ရင်း ပြောခဲ့သည်။ “ငါတော့ သူပြန်လာတော့မယ်မထင်ဘူး။ သူမက အခု သခင်မလေးဖြစ်နေပြီလေ။ သူမက ဘာလို့ ငါတို့လို လူပြည့်ကျပ်နေတဲ့အိပ်ဆောင်မှာ နေမှာလဲဟယ်”


“ဒီနေ့ရက်တွေမှာ သူမ ကျောင်းသွားကျောင်းပြန် ဇိမ်ခံကားတစ်ချို့နဲ့ အကြိုအပို့လုပ်ပေးနေတာကို တွေ့ရတယ်”


ယန်မိန်ဟွာသည် ကျစ်ခနဲ ကျွတ်သပ်ကာ သူမကိုယ်ပိုင်အိပ်ဆောင်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ကျန်းယာ့ကော၏အခန်းဖော်လီယန်သည်လည်း သူမကဲ့သို့ပင် အလှအပဆေးလုံးကို အသုံးပြုခဲ့ပြီး အကျိုးရလဒ်ကောင်းမွန်လေသည်။ သူတို့နှစ်ဦးဟာ တူညီသောအကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ စတင်စကားစမြည်ပြောနေကြသည်။ အထူးသဖြင့် ယန်မိန်ဟွာသည် မိန်ဖုန့်ကော်ပိုရေးရှင်း၏ အလှအပဆေးလုံးအတွက် ဖြန့်ချိရေးအကြောင်းကို ပြောမိကြသောအခါတွင် ဝယ်ယူဖို့ ခက်ခဲကြောင်းကို ဆွေးနွေးမိကြပြန်သည်။ ထိုအကြောင်းအရာကို ပြောဆိုမိသောအခါတွင် သူမသည် ထိုအကြောင်းကို မတွေးပဲမနေနိုင်အောင် ထပ်တလဲလဲတွေးမိနေတော့သည်။


သူမ၏ဖြန့်ဝေမှုကြောင့် အခြားအမျိုးသမီးကျောင်းသူများအားလုံးကို နောင်တရစေခဲ့ပြီး ဒီအချိန်တွင် ဗူးအပိုအနည်းငယ်ခန့် ဝယ်ယူလိုခဲ့လေသည်။


သူမတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတဲ့အချိန်မှာပဲ တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။


သူတို့အာလုံးလှည့်ကြည့်လိုက်ချိန်တွင် ကျန်းယာ့ကောကို တွေ့လိုက်ရသည်။ လက်ဆွဲသေတ္တာကြီးတစ်ခုနှင့် သူမသည် အခန်းအပြင်ဖက်မှာ မတ်တပ်ရပ်နေခဲ့သည်။ ငိုထားဟန်ရသော သူမ၏မျက်လုံးများဟာ ယုန်တစ်ကောင်၏မျက်လုံးများကဲ့သို့ နီရဲနေခဲ့သည်။


သူတို့ကြည့်နေတာကို မြင်လိုက်ရတော့ ကျန်းယာ့ကောသည် သူမနှုတ်ခမ်းကို အသာလေးကိုက်လိုက်ကာ “ငါ ပြန်လာပြီ” ဟု ပြောလိုက်သည်။


သူမ၏အသံဟာ အားပျော့နေပြီး ယခင်ကလို သွက်လက်မှုမရှိပေ။


ကျန်းယာ့ကော၏အခန်းဖော်များက သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးတော့ တစ်ယောက်က “နင် အိပ်ဆောင်ကို ပြန်လာတာလား” ဟု မေးလိုက်သည်။ သူမသည် အခြားမိန်းကလေးများနှင့် အကြည့်ချင်း မဖလှယ်ပဲ မနေနိုင်ခဲ့ပါ။ ကျန်းယာ့ကောသည် အိမ်တော်မှာနေနိုင်နေပြီးတော့ ဘာကြောင့် အိပ်ဆောင်ကို ပြန်လာရတာလဲ။


သူမ ယခင်ကထွက်သွားသည့်အချိန်တွင် အိပ်ဆောင်မှ သူမ၏ပစ္စည်းအားလုံးကို သိမ်းဆည်းယူဆောင်သွားခဲ့သည်။


“ဟုတ်တယ်။ ငါ အသွားအပြန်အချိန်သက်သာ‌အောင်လို့လေ” ဟု ကျန်းယာ့ကောသည် ‌ဖျော့တော့စွာ ပြန်ဖြေခဲ့သည်။ “ငါ့အဆင့်တွေ တော်တော်ကျသွားတော့ ငါ့ရဲ့လေ့လာမှုကို ပိုအာရုံစိုက်ဖို့ လိုသေးတယ်လေ” အမှန်တရားကား သူမသည် လီရှစ်ကျီနှင့် လမ်းခွဲခဲ့တာကြောင့် ဖြစ်လေသည်။


သူတို့လမ်းမခွဲဘူးဆိုလျှင် သူမ၏မွေးစားဖခင်သည် သူတို့၏အကြွေးဝယ်ကဒ်များကို ပြန်ပေးလိမ့်မည် မဟုတ်ပေ။ ကျန်းယာ့ကောသည် ကြိုးကြာဖြူလိုနေရာမျိုးကို ပြန်မသွားလိုတော့သည့်အပြင် သူမချစ်သည့် အမျိုးသားက နေ့စဥ်ဘဝတွင် ငွေကြေးကြောင့် ပူပန်ရုန်းကန်နေရမည့်ဘဝမျိူးကိုလည်း သူမ မမြင်ချင်ပေ။


ဖန့်ကျွင်းရုံက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ခွင့်ပြုမှာမဟုတ်သလို လီဝမ့်ကျင်းကလည်း ခွင့်ပြုမှာ မဟုတ်ဘူး။


သူတို့၏အနာဂတ်အတွက် သူမသည် သူမကိုယ်သူမ အနစ်နာခံလိုခဲ့သည်။ လီရှစ်ကျီ နောင်လာမယ့်နေ့ရက်တွေမှာ သူမရဲ့အနစ်နာခံမှုတွေကို အချည်းနှီးဖြစ်စေမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ခဲ့သည်။


သူမကိုယ်သူမ ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း သူမအခန်းဖော်သူငယ်ချင်းတွေရဲ့ အံ့သြသလို အကြည့်အောက်ကနေ လှောင်ပြောင်လိုတဲ့ အရိပ်အယောင်တွေကို တွေ့လိုက်ရတဲ့အခါမှာတော့ မိမိကိုယ်မိမိ တန်ဖိုးထားသည့်အသိက နာကျင်နေဆဲပင်။


ယန်မိန်ဟွာက သူမထိုင်ခုံဟောင်းမှာ အခုထိုင်နေတာကို တွေ့လိုက်ရသည်။


ယန်မိန်ဟွာသည် သူမကိုယ်သူမ ပြန်လည်သတိရလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ တောက်ပစွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “အိုး… ဟုတ်သားပဲ။ ငါ ဒီနေ့ နင့်ကို ဒီမှာ လာရှာနေတာ”


သူမက ကျန်းယာ့ကောရှေ့ကို လျှောက်သွားခဲ့ပြီး သူမလက်ထဲသို့ ပန်းသီးကို ထိုးထည့်ပေးခဲ့လိုက်သည်။ “ရော့ ဒီမှာ မင်းအတွက် လက်‌ဆောင်”


ကျန်းယာ့ကောဟာ ခဏရပ်တန့်သွားခဲ့သည်။ သူမက ယန်မိန်ဟွာကို ဘယ်တုန်းက ကူညီခဲ့ဖူးမှန်းကို သတိမရပေမယ့် သူမရဲ့ပုံမှန်ပြုံးပြနေကြ အပြုံးတစ်ပွင့်ဖြင့် ပြုံးပြလိုက်လေသည်။ “ဒါက လုံးဝပြဿနာမရှိပါဘူး။ ငါ ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်”


ယန်မိန်ဟွာဟာ အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ သူမဟာ တည်ငြိမ်စွာ ခေါင်းညိမ့်လိုက်ပြီးတော့ ပြောလိုက်သည်။ “ဟုတ်တယ်။ နင် ဘော့စ်ဖန့်နဲ့ ဒီလောက်ရန်အကြီးကြီးဖြစ်ခဲ့တာကို  ငါ အရမ်းဝမ်းသာမိတာပဲ။ သူမရဲ့ထုတ်ကုန်တွေကို ဝယ်ယူဖို့ ငါ့ရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တာ မဟုတ်ခဲ့ဘူး။ ငါ နင့်ကို ပြောပြမယ်။ သူမရဲ့အလှအပဆေးလုံး အကျိုးသက်ရောက်မှုက အံ့မခန်းပဲ။ နင့်ကြော်ငြာအတွက် ကျေးဇူးအများကြီးတင်ပါတယ်”


ကျန်းယာ့ကောရဲ့အပြုံးဟာ သူမမျက်နှာပေါ်မှာ အေးခဲသွားခဲ့လေသည်။ သူမ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူမကို လူတိုင်းကကြည့်နေတယ်လို့ ခံစားခဲ့ရပြီးတော့ သူတို့ရဲ့မျက်လုံးထဲမှာ သိသာတဲ့လှောင်ပြောင်သရော်မှုတွေရှိနေတယ်လို့ ခံစားရလေသည်။ သူမ ထပ်ကာထပ်ကာ ငိုကြွေးမိလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူမဟာ သူမမွေးစားဖခင်ရဲ့ သားကောင် ဖြစ်ခဲ့ရတာပဲလေ။ ဒါကို သူတို့က သူမကို ဘာကြောင့် ဒီလိုကြည့်နေရတာလဲ။


သူမ ဒီနေရာမှာ မနေနိုင်ဘူးလို့ တွေးမိသည်။ ဒါပေမယ့် သူမဟာ လီရှစ်ကျီနဲ့ ပြတ်ပြီးနောက် ပြန်မသွားနိုင်ခဲ့ဘူး။ ရုတ်တရတ် ကျန်းယာ့ကောသည် သူမမှာ အခြား‌ရွေးချယ်စရာတွေ ဘာတွေရှိမှန်းကို သေချာ‌ရေရာစွာ