အခန်း ၁၀၂
Viewers 25k

အခန်း (၁၀၂) – သူမတို့၏အနာဂတ်အတွက် သူမသည် သူမကိုယ်သူမ အနစ်နာခံလိုသည့် ဆန္ဒရှိသည် (၃)


သူမဟာ မကြာသေးမီက သူမကုမ္ပဏီ၏အမြတ်အစွန်းများကို ကြည့်မိသောအခါ ဖန့်ကျွင်းရံ၏နှုတ်ခမ်းထောင့်စွန်းလေးများဟာ အပေါ်သို့ ကော့တက်လာခဲ့သည်။ အလှအပဆေးလုံးပြုလုပ်ရန် ကုန်ကျစရိတ်မှာ မမြင့်မားခဲ့ပါ။ တန်ဖိုးအကြီးဆုံးပါဝင်ပစ္စည်းမှာ သူမကိုယ်ပိုင်နယ်မြေအတွင်းမှ နွေဦးစမ်းရေပင် ဖြစ်သည်။ အကယ်၍ သူတို့က အကန့်အသတ်နှင့်ထုတ်လုပ်တာ မဟုတ်ပဲ စျေးကွက်ထဲကို အများကြီးတင်ပို့လိုက်မယ်ဆိုရင် သူတို့က ပိုပြီးတော့ ငွေကြေးများစွာရပေလိမ့်မည်။


သူမသည် ရှုဝေဝေနှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြီးသည့်နောက်မှာ သောကြာနေ့တိုင်း သူတို့ဟာ ဗူးတစ်သောင်းကို အွန်လိုင်းတွင် ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ကြသည်။


သူမဟာ ဒီအကြောင်းကို ဝေ့ပေါ်,ပေါ်တွင် ပို့စ်တင်လိုက်သည်။


[ငါ့သမီးက သောကြောနေ့တွေမှာ အိမ်ပြန်လာရမယ်။ အဲ့တာကြောင့် ပိတ်ရက်တိုင်းဟာ ငါ့အတွက်တော့ အပျော်ဆုံးရက်တွေပဲ။ ဒါ့ကြောင့် သောကြာနေ့တိုင်း ည၇နာရီမှာ ဗူးတစ်သောင်း ရောင်းချပေးမယ်။ ဦးရာလူစနစ်ပဲ]


ထိုပို့စ်ကိုဖတ်ပြီးကြသော အင်တာနက် အသုံးပြုသူများသည် ပျော်ရွှင်ကြသလို မနာလိုလည်းဖြစ်ကြသည်။ ပို့စ်အောက်မှာ မနာလိုသောဝန်ခံချက်များစွာကို ရေးသားကြလေသည်။


[ဘော့စ်ဖန့်ရဲ့သမီးကို အရမ်းမနာလိုဖြစ်မိတယ်။ ဘော့စ်ဖန့်က သူမသမီးရဲ့ကျေးကျွန်လိုပဲ။ သူမရဲ့ ဝေ့ပေါ်အကောင့်မှာ ပို့စ်တင်တဲ့ အကြောင်းအရာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ သူ့သမီးအကြောင်းတွေချည်းပဲ။ ဘော့စ်ဖန့် နေ့တိုင်းပျော်ရွှင်စေဖို့အတွက် သူ့မသမီး နေ့တိုင်း အိမ်ကိုပြန်နိုင်မလား]


[ငါ့တိုင်းပြည်က ဘော့စ်ဖန့်လိုမိခင်မျိုးကို ငါ အကြွေးတင်နေမိတာပဲ။ ဘော့စ်ဖန့်က သမီးတစ်ယောက် မွေးစားထားတယ်ဆိုတာ ငါကြားဖူးတယ်။ ဘော့စ်ဖန့်က နောက်တစ်ယောက် ထပ်မွေးစားဖို့အတွက် ဆုတောင်းပေးကြပါ။ ဒီတစ်ယောက်က ပုံဆွဲတာနဲ့ မြှောက်ပင့်တဲ့နေရာမှာ တော်ပါတယ်]


သူမအားလပ်ချိန်မှာ ဝေ့ပေါ်ကို အသုံးပြုနေသည့် ဖန့်ကျွင်းရုံဟာ ထိုစာသားကို တွေ့ရ‌တော့ မရယ်ပဲ မနေနိုင်ခဲ့ပါပေ။


သူမဟာ ကျုံးရီကို အမှတ်ရမိလိုက်တော့ နောက်လထဲမှာ ကျုံးရီရဲ့မွေးနေ့ရှိတာကို သတိရမိခဲ့သည်။ သူမသည် ကျုံးရီရဲ့မွေးနေ့တွင် အရောင်းမြှင့်တင်ရေးအစီအစဥ်တစ်ခု ပြုလုပ်ပေးနိုင်သည်။ သူမဟာ ကျုံးရီကို လီဝမ့်ကျင်းအား မုန်းတီးသည့်အတွက် မွေးစားခဲ့တာဖြစ်ပေမယ့် သူမနှင့် အချိန်အနည်းငယ်အကြာ ရှိပြီးသည့်နောက်မှာ ကျုံးရီရဲ့ပင်ကိုယ်စရိုက်ကို တော်တော်လေး သဘောကျမိခဲ့လေသည်။ ကျုံးရီဟာ ချီးကျူးခံထိုက်သည့်အမျိုးအစားထဲမှာ ပါဝင်ပြီး အခြားသူများအပေါ်တွင် အကောင်းမြင်စိတ်ရှိလေသည်။ သူမယခင်ဘဝ၌ ကျုံးရီသည် အလွန်ကြေကွဲဖွယ်ကောင်းသောကံကြမ္မာကို ပိုင်ဆိုင်ခံစားခဲ့ရသည်။ ဒီတစ်ခါမှာတော့ ထိုကဲ့သို့ ပြန်မဖြစ်လာဖို့ မျှော်လင့်မိသည်။


ပျော်ရွှင်နေသည့် ဖန့်ကျွင်းရုံဟာ ရှုဝေဝေကို ပြောလိုက်သည်။ "ဒီလထဲမှာ လူတိုင်း အလုပ်ကြိုးစားခဲ့ကြတယ်။ ဒါကို မှတ်ထားလိုက်။ ငါတို့နှစ်ကုန်ဘောနပ်ပေးတဲ့အခါမှာ လူတိုင်းကို တစ်လစာဘောနပ်အပိုပေးမယ်။"


ရှုဝေဝေက ပြုံးပြီး ပြောလိုက်သည်။ "ငါက ငွေကိုအရမ်းချစ်တဲ့လူပဲ။ မင်း ရှုံးပြီးတော့ ငါက အမြတ်ရတာပဲ။"


"နင်က ငါ့ရဲ့ညာလက်ရုံးဆိုတော့ အဲ့အကျိုးအမြတ်ကို ငါနဲ့အတူရသင့်တဲ့ တစ်ဦးတည်းသူပါပဲ။" ဟု ဖန့်ကျွင်းရုံက ဆိုလိုက်သည်။


သူတို့နှစ်ဦးဟာ တစ်နေ့တာအတွက် အလုပ်ကိုပြီးအောင်လုပ်ပြီးတော့ အိမ်ပြန်ရန် ပြင်ဆင်ခဲ့ကြသည်။ ရှုဝေဝေသည် အလုပ်ကြိုးစားလွန်းသူတစ်ယောက်ဖြစ်ပြီး အသွားအပြန် အချိန်ကုန်သက်သာစေရန် အလုပ်နှင့်နီးသောနေရာမှာ တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့လေသည်။ ဖန့်ကျွင်းရုံက အဲ့တာကို အရမ်းသဘောကျတယ်။


သူတို့နှစ်ဦး အောက်ထပ်သို့ရောက်သောအခါ စကားစမြည်ပြောဆိုနေကြရင်း ရယ်မောနေခဲ့လေသည်။ သူမ ကားပေါ်မတက်ခင် အချိန်ကိုက်မှာ အရပ်ရှည်ရှည်လူတစ်ဦးက သူမအနားသို့ ချည်းကပ်လာခဲ့သည်။


"မေမေ"


ဖန့်ကျွင်းရုံဟာ ပြုံးနေဆဲ ဖြစ်သည်။ သူမခေါ်သံကြားရ၍ လှည့်ကြည့်လိုက်ချိန်တွင် လီရှစ်ကျီအား တွေ့လိုက်ရသောကြောင့် သူမအပြုံးဟာ အေးခဲသွားခဲ့လေသည်။


သူမအသံဟာ အေးစက်နေခဲ့သည်။ "အဓိပ္ပာယ်မရှိခေါ်နေတာကို ရပ်လိုက်ပါ။ ငါ့မှာ သားမရှိဘူး။ ငါ့မှာ သမီးနှစ်ယောက်ပဲရှိတယ်။"


သူမကွာရှင်းပြီးသည့်နောက်မှာ သူမကိုလိုက်ပါစောင့်‌ရှောက်ဖို့အတွက် သက်တော်စောင့်နှစ်ယောက်ကို ငှားရမ်းခဲ့သည်။ ထို့အပြင် လီရှစ်ကျီဟာ သူမကို အချိန်အတော်ကြာ လာမတွေ့ခဲ့သလို ဖန့်ကျွင်းရုံကလည်း သူ့အကြောင်းကိုပြောဆိုခြင်းမရှိသည့်အတွက်ကြောင့် သူမ၏သက်တော်စောင့်များဟာ လီရှစ်ကျီ၏တည်ရှိမှုကို အမှန်တကယ် မသိခဲ့ကြပေ။ ကျောင်းရှောက်အမည်ရှိ သက်တော်စောင့်ဟာ ဖန့်ကျွင်းရုံ၏စကားများအတိုင်း လုံးစေ့ပတ်စေ့ အဓိပ္ပာယ်မှတ်ယူလိုက်သည်။


သူက ရှေ့သို့ခြေတစ်လှမ်းတက်ကာ လီရှစ်ကျီအား ဟန့်တားပြီး စကားဆိုလိုက်သည်။ "မစ်စတာ မင်း ကိုယ့်ဖာသာကိုယ် ဒီအတိုင်းနေတာလည်း အဆင်ပြေတဲ့ပုံပါပဲ။ ဘာကြောင့် မင်း တစ်ယောက်ယောက်ရဲ့သား ဖြစ်ချင်နေရတာလဲ။"


လီရှစ်ကျီဟာ ကြက်သေသေသွားရသည်။ သူ့အမေက သူ့ကို စိတ်ဆိုးနေဆဲဖြစ်မယ်လို့ သူမထင်ခဲ့ဘူး။ သူမ အရမ်းဒေါသထွက်နေသောကြောင့် ထိုအခိုက်အတန့်လေးအတွက်သာ ပြောခဲ့သည်ဟု သူ ထင်ခဲ့လေသည်။


သူက အရိုးသားဆုံးအသံဖြင့် ပြောလေသည်။ "အမေ သားမှားသွားပါတယ်။ ကျေးဇူးပြုပြီး အမေ သားကို ခွင့်လွှတ်ပေးနိုင်မလား။"


သူပြောခဲ့သည့်အတိုင်း ဝမ်းနည်းခြင်းများစွာဖြင့် မျက်ရည်များကျဆင်းနေသော ကျိုးပဲ့လွယ်သောပုံရိပ်လေး ကျန်းယာ့ကောအသွင်ကို သူ သတိမရပဲ မနေနိုင်ခဲ့ပါ။ သူမဟာ အရမ်းဝမ်းနည်းနေပြီး အလွန်ဆုံးဖြတ်ချက် ပြတ်သားလွန်းလေသည်။ သူမသည် သူ့အနာဂတ်အတွက် သူ့ကိုစွန့်ခွာရန် အခိုင်အမာပြောခဲ့သည်။


ထိုအရာက သူ့မိခင်ပြသနေသော အေးစက်မှုနှင့် နှိုင်းယှဥ်ပါက သူ့နှလုံးသားထဲရှိအတိုင်းအတာသည် တစ်ဖက်စွန်းသို့ လုံးဝရောက်သွားခဲ့သည်။ သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိလေသည်။


ဖန့်ကျွင်းရုံက သူ့အကြောင်းကို ကောင်းကောင်းသိသည်။ သူ့တောင်းပန်မှုက ရိုးသားမှုမရှိတာကို သူမ အလွယ်တကူ ပြောနိုင်လေသည်။ သူမ မျက်နှာပျက်သွားခဲ့ပြီးတော့ ပြောလိုက်သည်။ "ငါနဲ့ မင်းက တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်ဘူးလို့ ပြောခဲ့ပြီးပြီလေ။ မင်း ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားမလား။ ဒါမှမဟုတ် ငါ မင်းကို လိုက်ပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးရမလား။"


သက်တော်စောင့် ‌ကျောင်းရှောက်ဟာ ချက်ချင်းဆိုသလိုပဲ “ဘော့စ်၊ သူက လူသားအချင်းချင်း ပြောဆိုဆက်သွယ်တဲ့ဘာသာစကားကို နားမလည်ဘူးလို့ ကျွန်တော် ထင်တယ်။ သူက စိတ်ကျန်းမာရေးဆေးရုံတစ်ခုခုကနေ ထွက်ပြေးလာတာလားဆိုတာကို ကျွန်တော် စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ သူ့ကို ပြန်လိုက်ပို့ပေးသင့်လား။" ဟု မေးလိုက်သည်။


လီရှစ်ကျီကို အနီးကပ်ကြည့်ပြီးတော့ "မင်း ပြောစမ်း။ မင်း ဘယ်စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာတာလဲ" ဟု သူက