အခန်း (၁၀၃) – ယင်းက သူ့ကိုယ်သူ အရှက်ပိုရစေခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ (၁)
ကျောက်စွင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် ဒီထူးဆန်းသော အမျိုးသားအား ရင်ဆိုင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားမိသည်။ နောက်ဆုံးတော့ စိတ်မကျန်းမာတဲ့လူတွေက အခြားသူတစ်ဦးကို ထိခိုက်စေမိရင်တောင် သူတို့က အပြစ်ပေးမခံရပဲ လွတ်မြောက်သွားနိုင်သည်။ သူက လစာကောင်းကောင်းရသောကြောင့် သူ့လစာနဲ့ထိုက်တန်တဲ့အရာတွေကို ကြိုးစားလုပ်ဆောင်ပေးဖို့ လိုအပ်သည်။
သူက လီရှစ်ကျီကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ သနားစရာပဲ။ သူက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ သရုပ်ဆောင်ဖြစ်ဖို့ လုံလောက်တဲ့ရုပ်ရည်ရှိပေမယ့် သနားစရာကောင်းတာက သူက ဦးနှောက်မကောင်းဘူး။ သရုပ်ဆောင်ကြယ်တစ်ပွင့်ဖြစ်ရမည့်အစား သူက အခြားသူများကို လိမ်လည်လှည့်ဖြားရန် ဒီနေရာသို့ ရောက်လာခဲ့သည်။
ကျောက်စွင်းသည် သူ့ခေါင်းထဲမှာ ဤသို့ရူးလောက်သောအတွေးများကို တွေးတောနေရင်း သူ့ရဲ့ကာကွယ်စောင့်ရှောက်နေမှုကို ဘယ်တော့မှ မလျော့ချလိုက်ပါ။
လီရှစ်ကျီသည် ဒေါသထွက်သွားခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး ဒီလောက်ထိ စော်ကားခံရတာမျိုး တစ်ခါမှ မကြုံဖူးခဲ့ပါ။ သူ့ကို စိတ်မကျန်းမာတဲ့လူနာတစ်ဦးလိုမျိုး ခေါ်သွားခဲ့တာလား။ သူ မယုံကြည်နိုင်မှုကြောင့် သူသည် သူ့အမေအား ပြန်လှည့်ကြည့်မိသည်။
သူတို့မိခင်က သူနဲ့ရှင်းယွင်တို့ ကလေးဘဝကတည်းက သူတို့အပေါ် မကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူး။ သူ့အမေရဲ့ခပ်တည်တည်အသွင်ကြောင့် သူ စိတ်ပျက်မိသည်။ ပြဇာတ်ကြည့်ဖို့ စောင့်နေတဲ့ သူစိမ်းသူရံတစ်ဦးနှင့်ပင် တူညီနေသည်။
သူမသည် ယခင်ကကဲ့သို့ ရင်းနှီးချစ်ခင်သည့်အကြည့်များဖြင့် သူ့ကို မကြည့်တော့ပဲ လျစ်လျူရှုခြင်းနှင့် စိတ်မဝင်စားသည့်အကြည့်များဖြင့်သာ ကြည့်နေခဲ့သည်။ သူ့နှလုံးသားဟာ ပြုတ်ကျသွားခဲ့သည်။ သူ့မှာ ဘာမှမရှိတော့သလို ခံစားလိုက်ရသည်။ ကျန်းယာ့ကောနှင့် ဝမ်စစ်ရှန်းတို့၏ အဖြစ်အပျက်ကြောင့် သူ့အမေက သူ့ကို မကျေမနပ်ဖြစ်နေတာလို့ သူထင်ခဲ့ပေမယ့် သူ့လုပ်ရပ်များ၏ နောက်ကွယ်ကအကြောင်းများကို ရှင်းပြပြီးတောင်းပန်နေသရွေ့ သူမက သူ့ကို ခွင့်လွှတ်လိမ့်မယ်လို့ ယုံကြည်ခဲ့သည်။
အဆုံး၌ သူ့နောက်ဆုံးကတ်က သူ့အပေါ် သူ့မိဘများ၏ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ သူက သူတို့၏တစ်ဦးတည်းသောသားဖြစ်သည်။
ဒါက ဖန့်ကျွင်းရုံရဲ့ လီရှစ်ကျီက သူ့သားမဟုတ်တော့ဘူးဟု ပြောတဲ့အခါက ဆိုလိုရင်းကို သူ ပထမဆုံးအကြိမ်အဖြစ် နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အခိုက်အတန့်မျှသာ မဟုတ်ပါ။
သူ့အပေါ် သူမ ဘယ်အချိန်လောက်ကများ ပြောင်းလဲသွားခဲ့တာလဲ။ သူ ပြန်မှတ်မိဖို့ ကြိုးစားခဲ့ပေမယ့် သူ အဲ့တာကို မမှတ်မိနိုင်ခဲ့ဘူး။
လီရှစ်ကျီဟာ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ စောစောပိုင်းကရှိခဲ့တဲ့ သူ့ရဲ့ယုံကြည်မှုတွေ ပျောက်ဆုံးသွားသည်။ သူက ထစ်ထစ်အအဖြင့် “အမေ…” ဟု ခေါ်လိုက်သည်။
သူ့ရဲ့အားနည်းနေတဲ့အသံကိုကြားရသောအခါ ဖန့်ကျွင်းရုံက မျက်ခုံးပင့်ပြလိုက်သည်။ သူနှင့်ပတ်သက်၍ သူမမှာ ဘာခံစားချက်မှ မရှိတော့ဘူး။
သူမသည် သူမ အရင်ဘဝတုန်းက စိတ္တဇဆေးရုံမှာ နှစ်ပေါင်းများစွာကြာသည့်အထိ သူမ ဘာအမှားလုပ်ခဲ့တယ်ဆိုတာကို နားလည်ရန် ကြိုးစားခဲ့ရသည်။ ညတိုင်း သူမ နာကျင်မှုကြောင့် လူးလိမ့်နေရခဲ့သော မှတ်ဥာဏ်များက သူမ ဘာအမှားမှမလုပ်မိကြောင်းကို သတိပေးနေခဲ့သည်။ သူမသည် အကြောင်းပြချက်တစ်ခု ပေးရမည်ဆိုလျှင် အဲ့တာက သူတို့အပေါ် သူမထားရှိခဲ့သည့်ယုံကြည်မှုအပေါ် အလွဲသုံးစားလုပ်ခဲ့တာပဲ ဖြစ်သည်။
သူတို့အပေါ် သူမရဲ့ခံစားချက်တွေကြောင့် သူမက သူတို့နဲ့ထပ်တူနာကျင်ခံစားခဲ့ပြီး သူတို့က သူမကို ဘယ်တော့မှာ နာကျင်စေမှာ မဟုတ်ဘူးလို့ တွေးခဲ့မိတာက ရယ်စရာပင်ကောင်းလှသည်။ သူမသည် သူမကိုယ်တိုင် မချိမဆံနာကျင်မှုကို မခံစားရမချင်း သူမသည် တစ်လျှောက်လုံး မည်မျှမှားယွင်းနေခဲ့သည်ကို မသိခဲ့ဘူး။ သူမ ပေးလိုက်ရသည့်တန်ဖိုးသည် သူမသမီး၊ သူမအတွက် အရေးပါသောသူများနှင့် သူမနှင့်ရင်းနှီးသူအားလုံးဖြစ်သည်။
ထို့ကြောင့် ဤဘဝမှာတော့ သူတို့ကြောင့် သူမခံစားခဲ့ရတဲ့ ခံစားချက်အားလုံးအတွက် ပြန်လည်ရယူရလိမ့်မည်။
လီရှစ်ကျီဟာ အခုအချိန်မှာတော့ အရမ်းဝမ်းနည်းနေပုံရသည်။ သူမကတော့ သိပ်မထင်ပေ။ သူမကို လှည့်စားဖို့အတွက်သာ ရည်ရွယ်ခဲ့တဲ့ ဒီနောင်တအတုမျိုးကို သူမ မလိုအပ်ဘူး။
“မင်း ငါ့ကို တကယ်လက်လျှော့လိုက်ပြီလား” သူ့အသံမှာ အားပျော့လှတဲ့ တောင်းဆိုမှုတစ်ခုတော့ ရှိသည်။ ဒါက သူ့မာနကို သူ စွန့်လွှတ်နိုင်သလောက်ပဲ။ သူ့အတွက် ဒါကတောင် တော်တော်လေးနှိမ့်ချနေခဲ့တာ ဖြစ်သည်။
ဖန့်ကျွင်းရုံ၏အပြုံးဟာ နူးညံ့သိမ်မွေ့လှသည်။ “မင် လာနောက်နေတာလား။ ငါ့မှာ ဘယ်တော့မှာ သားမရှိခဲ့ဘူး။ ငါ မင်းကို လက်လျှော့လိုက်တာ ဟုတ် မဟုတ်က အရေးမပါဘူး”
တစ်စုံတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် တစ်ခုခုကိုတော့ စွန်လွှတ်နိုင်ရမှာပေါ့။
ကျောက်စွင်းသည် ရိုးရှင်းလူတစ်ယောက် ဖြစ်သော်လည်း သူက အရူးတစ်ယောက်တော့ မဟုတ်ပါချေ။ သူ့ဘော့စ်နဲ့ ဒီလူငယ်ကြားကစကားဝိုင်းကနေ တစ်ခုခုတော့တစ်ခုခုပဲလို့ ခံစားခဲ့ရသည်။ ဒီလူငယ်လေး စိတ္တဇဆေးရုံကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်နဲ့ တကယ်တော့ တူတာမဟုတ်ဘူး။ မဟုတ်ရင် သူ့ဘော့စ်က သူ့ကိုဖမ်းဆီးဖို့ ရဲတွေကို ခေါ်ဆိုပြီးနေလောက်ပြီ။
လီရှစ်ကျီက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး “အမေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျွန်တော်တို့နှစ်ယောက်ကြားက ချည်နှောင်မှုက အမှန်တရားတစ်ခုပဲ။” ဟု ပြောလိုက်သည်။
ဥပဒေအရရော သွေးသားတော်စပ်မှုအရရောပေါ့။
ဖန့်ကျွင်းရုံက တခစ်ခစ်ရယ်ပြီးတော့ ပျက်ရယ်ပြုသည့်အသံဖြင့် မေးလိုက်သည်။ “ဒါဆို မင်း ဒီနေ့ ဘာအကြောင်းရှိလို့ ရောက်လာတာလဲ။”
လီရှစ်ကျီက စကားထစ်သွားသည်။ သူ့အစီအစဥ်က လာလည်ပြီးတော့ သူ့အမေနှင့်စကားပြောဆိုဆွေးနွေးကာ သူ အခု ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သူမကို အသိပေးပြီးတော့ သူ့အမေက သူ့ကို သဘာဝကျကျ ကမ်းလှမ်းပေလိမ့်မည်ဟု အစီအစဥ်ဆွဲထားခဲ့တာ ဖြစ်သည်။
သူက အားလုံးကို အစီအစဥ်ချထားခဲ့သည်။
သို့သော်လည်း သူမရဲ့လှောင်ပြောင်လိုသည့်အသွင်ကြောင့် သူ့စိတ်ထဲမှာ ရှိသမျှအကြောင်းကို ပြောပြနိုင်စွမ်း မရှိတော့ပေ။ ဒါက သူ့ကိုယ်သူ အရှက်ရစေတာကလွဲလို့ ဘာအကျိုးအမြတ်မှရမှာ မဟုတ်ဘူး။