အခန်း ၁၀၄
Viewers 25k

အခန်း (၁၀၄) – ယင်းက သူ့ကိုယ်သူ အရှက်ပိုရစေခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ (၂) 


ဖန့်ကျွင်းရုံက သူ့ကိုပြောဆိုဖို့ မတွန့်ဆုတ်ခဲ့ဘူး။ “လီဝမ့်ကျင်းက မင်းခရက်ဒစ်ကတ်တွေကို ဖြတ်တောက်လိုက်တယ်လို့ ငါ ကြားခဲ့တယ်။ အဲ့တာက မင်း ငါ့ကို သတိရစေတဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲ မဟုတ်လား။ ပြောပါ။ မင်း ငါ့ဆီကနေ ဘယ်လောက်တောင်းဖို့ ရည်ရွယ်ထားလဲ။ ယွမ်ငါးသန်းလား။ ယွမ်ဆယ်သန်းလား။ ဒါမှမဟုတ် ယွမ်သန်းတစ်ရာလား။


လီရှစ်ကျီက သူ ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကို ဖြောင့်မတ်မှန်ကန်စွာ ပြောပြချင်ခဲ့သည်။ ဒါပေမယ့် သူ့ရဲ့လက်ရှိအခြေအနေကြောင့် သူ့ကိုယ်သူ ဒီစကားကို ယုံကြည်မှုအပြည့်နဲ့ပြောရန် မလုပ်နိုင်ခဲ့ဘူး။


ဖန့်ကျွင်းရုံက ဆက်ပြောပြန်သည်။ “ငါ့မှာ ပိုက်ဆံမရှားပါးဘူး။ ဒါပေမယ့် ငါက မင်းအတွက် ဘာလို့ ဒီပိုက်ဆံတွေကို သုံးပေးရမှာလဲ။ ငါ လမ်းပေါ်က လူတစ်ယောက်ကို မတော်တဆ ရွေးချယ်လိုက်မယ်ဆိုရင်တောင် သူတို့က ငါ့ရဲ့မသိတတ်တဲ့သားထက် ပိုကောင်းနိုင်လိမ့်မယ်။ မင်းကို အစားထိုးလို့မရဘူးလို့ထင်နေတဲ့ မှားယွင်းတဲ့အတွေးတွေကို ဘယ်အရာကများ တွေးစေနိုင်ရတာလဲ။


ထိုသို့ပြောပြီးနောက် သူမသည် လမ်းတစ်ဖက်သို့လျှောက်သွားပြီး သူမအနား ဦးတည်လျှောက်လှမ်းလာမည့် တစ်ယောက်ယောက်ကို တွေ့သည်အထိ ခဏလောက်စောင့်နေသည်။ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသားတစ်ယောက်နှင့် သူ့လက်ကိုတွဲထားသော မိန်းက‌လေးတစ်ယောက် လျှောက်လာလေသည်။ သူတို့နှစ်ယောက်က ကြည့်လိုက်တာနဲ့ အတွဲတွေဆိုတာ သိသာပါတယ်။


ဖန့်ကျွင်းရုံက အပြုံးတစ်ပွင့်ဖြင့် သူ့ကို မေးလိုက်သည်။ “မင်း ငါ့သားဖြစ်ချင်လား”


ထိုအမျိုးသားသည် ဘာမှမတွေးတောပဲ “အိုး… ရှစ်”ဟု ဆဲဆိုပြီးကာမှ ဖန့်ကျွင်းရုံ၏မျက်နှာကို မြင်လိုက်ရတော့ သူ့ကိုယ်သူ စိတ်ထိန်းလိုက်ကာ “မင်း ရူးနေတာလား”ဟုသာ ပြောလိုက်လေသည်။ နောက်ဆုံးတော့ လူတွေဟာ ရုပ်ရည်ကြည့်ကောင်းတဲ့လူတွေအပေါ်မှာ သည်းခံစိတ် ပိုရှိကြလေ့ရှိသည်။


ဖန့်ကျွင်းရုံက ဆက်ပြောလိုက်သည်။ “ငါ မင်းကို ယွမ်ဆယ်သန်းပေးမယ်ဆိုရင် မင်း ငါ့သားဖြစ်ချင်လား”


ထိုအမျိုးသားကက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “ယွမ်ဆယ်သန်းတောင် မလိုပါဘူး။ ယွမ်ငါးသန်းနဲ့တင် မင်းကို တစ်သက်လုံး “အမေ”လို့ ခေါ်ဖို့ အဆင်ပြေပါတယ်”


သူ့ထက် ပိုစိတ်လှုပ်ရှားနေတဲ့ သူ့ကောင်မလေးက စကားဝင်ပြောလိုက်သည်။ “ခုခေတ်ကောင်မလေးတွေက ယောကျာ်းလေးတွေလိုပဲဆိုတာကို မင်း သိလား။ မင်းမှာ နောက်ထပ်သမီးလိုသေးလားဟင်၊ ဘော့စ်ဖန့်။” သိသာထင်ရှားစွာပဲ ဖန့်ကျွင်းရုံက ဘယ်သူလဲဆိုတာကို ကောင်မလေးက သိနေခဲ့ပြီ။


ကောင်မလေးက အရမ်းကံကောင်းလွန်းတယ်လို့ ခံစားရပြီး အပျော်လွန်ပြီး သေတော့မလို ဖြစ်နေခဲ့သည်။ အမှန်တိုင်းပြောရရင် သူမဟာ သူမရဲ့ကိုယ်ပိုင်စရိတ်ကို နည်းနည်းတင်းကြပ်ပြီးပါမှ အလှအပဆေးလုံးကိုဝယ်ယူဖို့ တတ်နိုင်သည်။ ဒါပေမယ့် ထုတ်ကုန်က အခုအချိန်မှာ အရမ်းနာမည်ကြီးနေသောကြောင့် သူတို့တင်ပြီး စက္ကန့်အနည်းငယ်လောက်မှာပင် ကုန်ကုန်သွားတတ်သည်။


ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော ရှုဝေဝေက ရုံးခန်းထဲသို့ပြန်ဝင်သွားပြီး တစ်ဗူးဝင်ယူလိုက်သည်။ သူတို့ရုံးမှာ အနည်းငယ်သိုလှောင်နိုင်တဲ့နေရာတစ်ခု ရှိသည်။


နောက်ဆုံးတော့ ကောင်မလေးက သူ့ကောင်လေးနဲ့ ပျော်ရွှင်စွာ ထွက်သွားခဲ့သည်။


ဖန့်ကျွင်းရုံက လီရှစ်ကျီရဲ့ မည်းမှောင်နေသောမျက်နှာကိုကြည့်ပြီး ပြောလိုက်သည်။ “အဲ့တာကို မင်းမြင်တယ်မလား။ ငါသာ လိုချင်ရင် ငါလိုချင်သလောက် သားတွေ အများကြီးရနိုင်တယ်”


သူမသည် သူ့ကို လက်စားမချေတော့ပဲ သူမရဲ့အကြင်နာတရားအားလုံးကိုသာ ရပ်တန့်လိုက်တော့မည်။


သူမသည် လီရှစ်ကျီကို လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။ သူမက သူမရဲ့ ဘီဘီကျူး ဝက်လိုသား၏ ပင်ကိုယ်စရိုက်အတွက် တော်တော်ကောင်းမွန်သည့်စိတ်ကူး ရှိသည်။ သူက အတ္တကြီးတယ်။ သူမသည် သူသာ အကူအညီတောင်းဖို့ နည်းလမ်းမျိုးစုံသုံးပြီး ဒီနေရာကိုလာခဲ့တာက သူရဲ့ မကြာသေးခင်ရက်တွေမှာ တော်တော်လေးဆိုးရွားခဲ့တာလို့ ထင်ကောင်းထင်မိနိုင်သည်။


သူ့ဘဝက အလွန်ဆိုးရွားနေသောကြောင့် သူမ ပျော်ရွှင်မိလေသည်။


မဆိုင်းမတွ ကျောခိုင်းသွားတဲ့ သူမရဲ့နောက်ကျောမြင်ကွင်းကိုကြည့်ပြီး လီရှစ်ကျီသည် သူ့လက်များကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ့လက်ဖဝါးထဲသို့ နစ်ဝင်သွားသော လက်သည်းများကြောင့် ရရှိသော နာကျင်မှုက သူ့ကို နိုးထစေခဲ့သည်။


ဒီအရှက်ရမှုအရသာကို တဖြည်းဖြည်းချင်းစီ မြည်းစမ်းရင်း သူ့ရင်ထဲကဒေါသတွေက ဖြည်းဖြည်းချင်းစီ ပြင်းထန်လာပြီး ခိုင်မာတဲ့ရည်မှန်းချက်တစ်ခုစီသို့ ဦးတည်သွားခဲ့သည်။ သူ့အမေက စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ပြီး သူ့ကို ဝေဖန်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက အခု သူကံမကောင်းတော့တာနဲ့ သူ ပျက်စီးသွားတာကြောင့်ပဲ။


သူသည် ကြွားဝါလိုလျှင် အောင်မြင်မှုအချို့ ရရှိရမည်။ ဒီနေ့မှာ သူမပြောခဲ့သောစကားများကို သူ အောင်မြင်လာသည့်အချိန်ကျရင် သူမကို ပြန်လည် ပြောဆိုနိုင်ပေလိမ့်မည်။


သူ့မှာ အခြားရွေးချယ်စရာများ ရှာဖွေရန် လိုအပ်သည်။ တွန်းအားပေးသထက် ပေးလာခဲ့ရင် သူသည် သူပိုင်ဆိုင်သည့်ရှယ်ယာများအပေါ် လက်လျော့လိုက်ရပေလိမ့်မည်။


သူပြန်ရောက်ရောက်ချင်းမှာပင် သူ့စတူဒီယိုလှေကားနားမှာ အစိမ်းရောင်ဂါဝန်လေးဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးကို သူ တွေ့လိုက်ရသည်။


လီရှစ်ကျီသည် သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်နေသောအခြေအနေတွင် သူဟာ အဆောက်အဦးအတွင်းသို့ ဝင်မသွားမီ သူမကို သိပ်အာရုံမစိုက်ခဲ့ပါ။ သို့သော် သူ့ရဲ့ရှည်လျားသောခြေထောက်များက အဆောက်အဦးအတွင်းသို့ဝင်ရန် လှမ်းလိုက်ချိန်တွင် “လီရှစ်ကျီ’ ဟူသော မဝံ့မရဲခေါ်ဆိုသံလေးကြောင့် ရပ်တန့်သွားခဲ့သည်။