အခန်း ၁၀၅
Viewers 25k

အခန်း (၁၀၅) – ယင်းက သူ့ကိုယ်သူ အရှက်ပိုရစေခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ (၃)


လီရှစ်ကျီသည် သူ့ရှေ့မှ လှပချောမောသော မျက်နှာလေးကို မော့ကြည့်လိုက်သည်။ ထိုမိန်းကလေး၏ မိတ်ကပ်သည် အထူးကောင်းမွန်ပြီး သူမ၏အသွင်အပြင်မှာ နူးညံ့လှသည်။ သူမက သူမနှုတ်ခမ်းလေးကို အသာလေးဖိကိုက်ထားသည့်ပုံစံကြောင့် သူမစိတ်ပူနေကြောင်းကို ပြောနိုင်သည်။ သူသည် သူ့မှတ်ဥာဏ်များကို ပြန်လည်တွေးတောရှာဖွေကြည့်ခဲ့သော်လည်း သူမက မည်သူမည်ဝါဖြစ်သည်ကို မသိသေးပေ။


အဆုံးမှာတော့ သူက ချမ်းသာကြွယ်ဝတဲ့မိသားစုများက မိန်းကလေးတော်တော်များများနဲ့ တွေ့ခဲ့ဖူးသည်။ ပို၍အမှတ်ရဖို့လိုအပ်သည့်လူများမှလွဲ၍ ကျန်သူအားလုံးကို သူ မမှတ်မိတော့ပါ။


“ငါ သမ့်လန်လေ။”


သမ့်လန်သည် မကြာသေးမီကပင် လီရှစ်ကျီ၏ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကြားသိခဲ့ရပြီးနောက် သူမသည် သူဖက်ကနေ အလွန်မတရားသလို ခံစားနေခဲ့ရသည်။ သူမသည် သူမက ပို၍သီးသန့်နေသင့်သည်ကို သိသော်လည်း သူ့အလုပ်နေရာကို သိသောအခါ နောက်ဆုံးတွင် သူမသည် မနေနိုင်ပဲ ‌ရောက်လာခဲ့သည်။


သူမဟာ ကံကောင်းထောက်မစွာဖြင့် သူ့ကိုကူညီပေးခဲ့မယ်ဆိုရင် သူမက သူ့အတွက် ကောင်းမွန်တဲ့အမြင်တစ်ခုကို ထားခဲ့နိုင်မလား။ လီရှစ်ကျီက ဒါကို ရှုံးနိမ့်သွားလိမ့်မယ်လို့ သူမ မယုံကြည်ခြ့ဘူး။ နောက်ဆုံးတော့ လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့ဟာ သူ့ရဲ့မိဘရင်းများပင် ဖြစ်ကြသည်။ သူတို့က သူ့ကို အကူအညီမပေးသေးတာက သူ့ကို အတွေ့အကြုံတစ်ခုခု ရစေချင်တာ ဖြစ်နိုင်သည်။


ယခုအချိန် သူ့ကိုကူညီပေးတာက ကောင်းသောရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လိမ့်မည်။ အဲ့တာက သူမမိဘတွေကို စည်းရုံးဖို့သုံးတဲ့အကြောင်းပြချက်ဖြစ်ပြီးတော့ သူတို့က သူ့ကို ကူညီပေးဖို့ ငွေ အနည်းငယ်ချန်ထားဖို့ သဘောတူညီခဲ့သည်။


သူမက လီရှစ်ကျီ၏ခန့်ညားချောမောသောမျက်နှာကို တက်မက်မောစွာ ကြည့်နေခဲ့သည်။ သူ့ရဲ့ ဘေးတစ်စောင်းမျက်နှာပုံရိပ်က သူ့ကို ဖရိုဖရဲဖြစ်နေစေသော်လည်း အရိုင်းဆန်သော ဆွဲဆောင်မှုတစ်ခု ဖြစ်စေခဲ့သည်။ သူမသည် သူ့မျက်နှာကိုကြည့်ရင်း မျက်နှာနီရဲသွားသည်။


သမ့်လန်သည် သက်ပြင်းကြီးကြီးတစ်ချက် ချလိုက်သည်။ သူမ အလွန်အာရုံစူးစိုက်ထားသောကြောင့် သူမလက်ဖဝါးကနေ ချွေးများ စီးကျလာသည်။ “ရှင့်မှာ အခုလက်ရှိ တွဲနေတဲ့ကောင်မလေးရှိလား။”


လီရှစ်ကျီသည် ကျန်းယာ့ကောအား တွေးမိလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။ “မရှိဘူး” သူတို့ဆက်ဆံရေးက အခုအချိန်မှာ ပြီးသွားခဲ့ပြီ။


သမ်လန့်၏မျက်နှာပေါ်မှာ ပျော်ရွှင်နေသည့်အရိပ်အယောင် ပေါ်လာခဲ့သည်။ သူမက လည်ချောင်းရှင်းလိုက်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒါနဲ့ စကားမစပ် ရှင် မကြာသေးခင်က ရင်းနှီးမြှပ်နှံသူတွေ ရှာနေတယ်လို့ ကျွန်မကြားတယ်။ ကျွန်မမှာ အရံထားထားတဲ့ ပိုက်ဆံအနည်းငယ်တော့ ရှိတယ်။”


သူမသည် ထိုနေရာမှာပင် ရပ်နေဆဲဖြစ်ပြီး သူ့ကို ပြုံးပြလိုက်သည်။ သူမသည် မှန်ရှေ့တွင် ထိုအပြုံးကို ပြုံးပြနိုင်အောင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်။


လီရှစ်ကျီဟာ ဝမ်းသာသွားမိသည်။ သူသည် ပိုက်ဆံက တံခါးလာခေါက်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူ့မျက်နှာအမူအရာဟာ ပိုနူးညံ့လာခဲ့ပြီးတော့ ပြောလိုက်သည်။ “အထဲမှာ စကားပြောကြရအောင်။ ဒီမှာ နည်းနည်းအေးတယ်။ လေအေးတွေလွတ်ရာဆီ သွားရအောင်။”


အရင်ကဆိုရင် သူက သမ့်လန်လို အရေးမပါတဲ့လူတစ်ယောက်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် အခုအခြေအနေတွေက အရင်ကနဲ့ မတူညီပေ။ သူ့မှာ အရင်းအနှီး အရမ်းလိုအပ်နေခဲ့တယ်။ ဒါကြောင့် သူက အောက်ကျခံပြီးတော့ သူမကို ဆီဦးထောပတ်ပေးဖို့ကိုပင် ဆန္ဒရှိခဲ့သည်။


သမ့်လန်က မိန်းမောတွေဝေသွားသလို ခံစားလိုက်ရသည်။ လီရှစ်ကျီက သူမကို ဂရုစိုက်နေတယ်။ ဒါက သူမကို အိမ်မက်မက်နေသလို ထင်စေခဲ့သည်။


သူမသည် မိန်းမောတွေဝေနေဆဲအခြေအနေမှာပင် လီရှစ်ကျီနောက်သို့ လိုက်ပါသွားခဲ့သည်။ လီရှစ်ကျီက ရင်းနှီးမြှုပ်နှံမှုအကြောင်း အများကြီးရှင်းပြရန်ပင် မလိုအပ်ပေ။ ထိုသို့မရှင်းပြခင်ကပင် သူမသည် လိုအပ်သည့်ပမာဏကို ရင်းနှီးမြှုပ်နှံပေးခဲ့သည်။


အရာအားလုံး အပြီးသတ်ပြီးနောက် လီရှစ်ကျီသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ့ဖုန်းက အသံမြည်လာခဲ့သည်။ သူ ခေါ်ဆိုသူ၏နာမည်ကို ကြည့်သောအခါ ကျန်းယာ့ကော ဖြစ်နေလေသည်။


သူက သမ့်လန်ကို တစ်ချက်လှမ်းကြည့်ပြီး ဖုန်းကိုင်လိုက်သည်။ ကျန်းယာ့ကော၏ဖုန်းခေါ်ဆိုမှုတွင် သူမသည် အဆောင်မှာမနေတော့ပဲ အပြင်ဖက်တွင် အိမ်ခန်း ငှားရမ်းနေလိုကြောင်း ပြောခဲ့သည်။ သူမဟာ သူ့ဆီကနေ ယွမ်ထောင်ဂဏန်းအနည်းငယ်လောက် ချေးငှားလိုပြီး သူ့ကို သေချာပေါက် ပြန်ဆပ်မယ်လို့ လေးလေးနက်နက် ပြောခဲ့သည်။


သူမအတွက် လီရှစ်ကျီ၏နှလုံးသားက နာကျင်သွားမိသည်။ သူမက ကျောင်းတွင် အနိုင်ကျင့်ခံရပြန်သည်။ မဟုတ်ရင် သူမက သူ့ကို အကူအညီတောင်းစရာ မလိုနိုင်ဘူး။ သူမသည် သူနှင့် အတူပြန်လည်နေနိုင်သော်လည်း သူမသည် ထိုသို့နေမည့်အစား ဇွတ်အတင်းထွက်ခွာရန် ရွေးချယ်ခဲ့သည်။


သူက သူမကို ယွမ်တစ်သောင်း‌‌ကျော်လွှဲပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူမကို ဂရုစိုက်ဖို့ အချိန်အများကြီး မပေးနိုင်သေးပေမယ့် အနည်းဆုံးတော့ သူမရဲ့ဘဝအခြေအနေကိုတော့ ကောင်းမွန်အောင်တော့ လုပ်ပေးနိုင်သေးသည်။


သမ့်လန်က အနည်းငယ် စိတ်ပူသွားသည်။ စကားဝိုင်းရဲ့ အကြောင်းအရာကို သူမ မကြားလိုက်ရဘူး။ ဒါပေမယ့် အဲ့တာက မိန်းကလေးတစ်ယောက်ဆိုတာကို‌တော့ သူမ ပြောပြနိုင်စွမ်းရှိသည်။


လီရှစ်ကျီ၏အသွင်က အနည်းငယ် အေးစက်သွားပြီးနောက် သူက “အဲ့တာ ငါ့အစ်မပါ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


“လီရှင်းယွင်လား” သမ့်လန်သည် ထိုအတွေးကို ချက်ချင်းပင် လက်လျှော့လိုက်သည်။ လီရှင်းယွင်သည် ငွေကြေး မလိုအပ်ပေ။ သူမကို မုန့်ဖိုးငွေပေးရန် လီရှစ်ကျီကို မလိုအပ်နိုင်ပါ။ သူမ၏ပိုက်ဆံအိတ်တစ်ခုအတွက် ယွမ်တစ်သောင်းလောက်ကပင် မလုံလောက်နိုင်ပါ။


“ဒါက ကိုယ့်အဖေရဲ့ မွေးစားသမီးလေ။ သူမက ကြင်နာပြီး အကျင့်ကောင်းမွန်တယ်။ ရှင်းယွင်နဲ့ တော်တော်ကွာခြားတယ်။”


ထိုစကားကို ကြားပြီးနောက် သမ့်လန်၏အပြုံးဟာ ပြန်ပေါ်လာခဲ့သည်။ “ကျွန်မရဲ့ အားလပ်ချိန်တွေမှာ ရှင့်အစ်မနဲ့ ကျွန်မ အပြင်မှာ အတူလျှောက်လည်လို့ ရမလား။”


အကယ်၍ သူမသည် လီရှစ်ကျီကို ပိုင်ဆိုင်လိုလျှင် သူမသည် သူ့ပတ်ဝန်းကျင်ကလူတွေနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရမည်။ သူ့အစ်မက သူမအတွက် ယခု လိုအပ်နေသော အခက်အခဲများထဲက တစ်ခု ဖြစ်ပုံရသည်။


“ဟုတ်သားပဲ။ မင်းတို့နှစ်ယောက်က သက်တူရွယ်တူတွေပဲ။ မင်းတို့တွေ အကြိုက်တော်တော်များများ တူညီနေလိမ့်မယ်လို့ ကိုယ် ထင်တယ်။”


လီရှစ်ကျီသည် ကျန်းယာ့ကောနှင့် သူမ သူငယ်ချင်းများဖြစ်လာကြမယ်ဆိုရင် ပိုပျော်ရွှင်လိမ့်မည်ဟု သမ့်လန်က ထင်ခဲ့သည်။


သမ့်လန်သည် လီရှစ်ကျီဘေးနားက အခြားသူတစ်ယောက်နှင့် ရင်းနှီးခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိလေသည်။ အခန်းအတွင်းရှိလေထုသည် အလွန်ကြည်နူးဖွယ်ကောင်းလှသည်။