အခန်း ၁၀၆
Viewers 25k

အခန်း (၁၀၆) - သူမက ရှင်းယွင်ကို ဒီကိစ္စထဲဆွဲထည့်ဖို့လုပ်ခဲ့တာလား (၁)

 

ဖန့်ကျွင်းရုံသည် သူမက လီရှစ်ကျီအား ငြင်းပယ်လိုက်ပြီးနောက် သူက လီဝမ့်ကျင်းကို အကူအညီ‌တောင်းရန် သွားရှာလိမ့်မည်ဟု သေချာပေါက် ထင်မြင်ယူဆခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုအကြောင်းကို သူမပြန်ကြားခဲ့ရတာက လီရှစ်ကျီသည် ရင်းနှီးမြှုပ်နှံသူအသစ်ရရှိခဲ့ပြီး ထိုရင်းနှီးမြှုပ်နှံသူသည် သမ့်အိမ်တော်၏အချစ်ဆုံးသမီး သမ့်လန်ဖြစ်သည်။

 

သူမ အရင်ဘဝတုန်းက သမ့်လန်အပေါ် အထင်မသေးခဲ့ဘူး။ သူမသည် သမ့်လန်က သူမ၏ဘီဘီကျူးဝက်လိုသားအပေါ် အတော်လေးသဘောကျကြောင်းကို ဝိုးတိုးဝါးတား အမှတ်ရမိသည်။ သူမမှာ ဝတ္ထုထဲတွင်ပါဝင်သည့်နေရာ လုံလုံလောက်လောက် ရရှိခဲ့သည်။ ဖန့်ကျွင်းရုံ သေဆုံးသွားပြီးနောက် ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့သည် အိမ်ထောင်ကျပြီး အများသူငှာ မနာလိုဝန်တိုခံရသောစုံတွဲတစ်တွဲ ဖြစ်လာခဲ့သည်။

 

ကျန်းယာ့ကောကိုယ်ဝန်ရှိချိန်တွင် သမ့်လန်ဟာ ကျန်းယာ့ကောရှေ့တွင် ပေါ်လာခဲ့ပြီး သူမရဲ့အကောင်းဆုံးသူငယ်ချင်းများထဲမှတစ်ယောက် ဖြစ်လာသည်။ သူမသည် ကျန်းယာ့ကောကို ဂရုစိုက်သည့်ပုံ ဟန်ဆောင်ပြီး လီရှစ်ကျီနှင့် အခြားအမျိုးသမီးများအကြောင်း ကောလဟာလများကို ထုတ်ဖော်ပြောဆိုခဲ့ကာ ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့ကို တစ်ချိန်လုံး ရန်ဖြစ်စေသော ပြဿနာများကို ပြုလုပ်ခဲ့သည်။ တစ်ကြိမ်မှာဆိုရင် ကျန်းယာ့ကောသည် အလွန်အမင်းစိတ်ဆိုးခြင်းကြောင့် ကိုယ်ဝန်ပျက်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

 

ကံမကောင်းစွာဖြင့် သူမသည် စိတ်မရှည်လွန်းပေ။ ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့အကြား အေးစက်နေသောရန်ပွဲဖြစ်ပွားနေစဥ်မှာပင် ကျန်းယာ့ကောသည် စိတ်ညစ်ပြေအောင် အရက်သောက်ရန်လုပ်သောအခါ သမ့်လန်သည် ကျန်းယာ့ကော၏သောက်စရာထဲသို့ ကိုယ်ဝန်ပျက်ကျစေမည့်ဆေးဝါးများထည့်ရန် ကြိုးစားခဲ့သော်လည်း ကျန်းယာ့ကော၏နောက်လိုက်များထဲမှ တစ်ယောက်က သူမ မကောင်းကြံနေတာကို ဖမ်းမိလိုက်သည်။

 

ထို့နောက် ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့နှစ်ဦးအကြား ပြဿနာများဖြစ်စေတာက သမ့်လန်ကြောင့်ဆိုတာကို သိရှိသွားပြီး နားလည်လွဲနေတာတွေ ပြေလည်သွားသည်။ နောက်ဆုံးတွင် သမ့်အိမ်တော်သည် ဒေဝါလီခံရန် တွန်းပို့ခံလိုက်ရပြီး သမ့်လန်သည် ဘော့စ်မိန်၏အမြှောင်မယား ဖြစ်လာခဲ့သည်။ သူမကို ဘော့စ်မိန်၏ဇနီးက ရိုက်နှက်ခဲ့ပြီး သူမရိုက်နှက်ခံနေရသည့်ဗီဒီယိုကို မှတ်တမ်းတင်ထားပြီး အင်တာနက်ပေါ်တင်ကာ သူမ၏ဂုဏ်သတင်းကို ဖျက်စီးလိုက်သည်။

 

ဖန့်ကျွင်းရုံသည် သူမ၏ ပြန်လည်မွေးဖွားလာမှုက ဒီလိပ်ပြာတောင်ပံခတ်သံ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအကျိုးသက်ရောက်မှုကြောင့် သမ့်လန်နှင့် သူမ၏ဘီဘီကျူးဝက်လိုသားတို့ တွေ့ဆုံချိန် ရှေ့သို့တိုးသွားတာ ဖြစ်မည်။ ဒီအချိန်မှာတော့ သမ့်လန်သည် သူ့ရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ သူမရဲ့ဘီဘီကျူးဝက်လိုသားက သူမကို အရင်ဘဝနဲ့မတူတဲ့ ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံလိမ့်မယ်လို့ သူမ ယုံကြည်ခဲ့တယ်။

 

ဖန့်ကျွင်းရုံသည် သူတို့သုံးယောက်ကြားက ပြဇာတ်လိုမျိုးအခြေအနေကို စိတ်မဝင်စားပါ။ သူမ ငိုကြွေးခဲ့ရတာတွေပြီးဆုံးသွားပြီးနောက် အဲ့ဒီအကြောင်းများကို မတွေးတော့ဘူး။ လီရှင်းယွင်က သူမကြားခဲ့ရတဲ့သူတို့အကြောင်းနဲ့ပတ်သက်ပြီး အတင်းလာပြောခဲ့သည်။

 

“မေမေ သမ့်လန်ဆိုတဲ့ကောင်မလေးကို မှတ်မိသေးလား။ သူမက သမီးမွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီးတော့ သူမ သမီးအပေါ် ဆက်ဆံတဲ့ပုံစံက အရမ်းထူးဆန်းတယ်။ သမီး အဲ့တာကို နောက်မှပြောပြမယ်လို့တွေးထားတာ။ သူမက လီရှစ်ကျီကို စိတ်ဝင်စားနေတာ သိသာတယ်။”

 

သူမသည် လီရှစ်ကျီကို ခွင့်မလွှတ်ပေးချင်သောကြောင့် သူမသည် သူ့ကို အစ်ကိုအဖြစ် မရည်ညွှန်းတော့ပဲ သူ့နာမည်ကိုသာ ရည်ညွှန်းပြောဆိုခဲ့သည်။

 

“အာ… အဲ့တာ ဘယ်လိုမျိုးကြောင့်လဲ” ဟု ဖန့်ကျွင်းရုံက သူမပြောချင်နေတာကို အလိုက်တသိ ဆက်မေးခဲ့သည်။

 

“နောက်တော့ သူမက လီရှစ်ကျီရဲ့ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ သူမက လီရှစ်ကျီနဲ့ အတူရှိနေတဲ့ပုံတွေကို တင်ခဲ့တယ်။ သူတို့ပုံစံ အရိတ်အမြွတ်တချို့ပါနေသလိုပဲ။ ပြီးတော့ တခြားထူးဆန်းနေတဲ့ဟာလဲရှိတယ်။ အဲ့တာ အမေသိလား။ သူမက ကျန်းယာ့ကောနဲ့လည်း အမြဲအပြင်မှာ လျှောက်လည်ကြပြီး သူတို့တွေက သူငယ်ချင်းကောင်းတွေဆိုပြီး ဂုဏ်ယူဝံ့ကြွားနေကြတယ်လေ”

 

“သူမက ကျန်းယာ့ကောနဲ့ လီရှစ်ကျီအကြောင်းကို မသိဘူးလား”

 

ဖန့်ကျွင်းရုံသည် လီရှစ်ကျီထံ သမ့်လန်၏ရင်းနှီးမြှုပ်နှံပေးမှုကိုသာ သိသည်။ သို့သော် ယခုဘဝ၏ လက်ရှိအခြေအနေအောက်တွင် သူမသည် ကျန်းယာ့ကောနှင့်အတူ ရှိနေနိုင်လိမ့်မည်လို့ မတွေးမိပေ။ အဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။

 

လီရှင်းယွင်သည် ဖန့်ကျွင်းရုံအား ပြသရန် သူမသူငယ်ချင်းများ အသိုင်းအဝိုင်းမှာ တင်ထားသောပို့စ်များကို ဖွင့်လိုက်သည်။

 

နောက်ပိုင်း သမ့်လန်တင်ထားသောပို့စ်များသည် ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့သာ အများဆုံးပါဝင်ပေသည်။

 

[ငါ ဒီနေ့ပဲ ညီမလေးယာ့‌ကောနဲ့ မိတ်ဖွဲ့ခဲ့တယ်။ ရှစ်ကျီပြောခဲ့သလိုပဲ ညီမလေးယာ့ကောက ချောမောလှပပြီး ကြင်နာတတ်တယ်။ သူမနဲ့ ပေါင်းသင်းရတာ အရမ်းအဆင်ပြေတာပဲ]

 

!

 

[ညီမလေးယာ့ကောက ရှစ်ကျီနဲ့ ကျွန်မအတွက် အိမ်လုပ်ကွက်ကီးအချို့ လုပ်ပေးခဲ့တယ်။ သူမက တကယ်ကို လိမ်မာပါးနပ်ပြီး ကျွမ်းကျင်တယ်။ ငါ့ကို တိုင်းပြည်က သူမလို ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ကို အကြွေးတင်နေတယ် သူက မင်းတို့ သိတဲ့တစ်ယောက်နဲ့ အလွန်ကွာခြားတယ်။ ရှစ်ကျီက သူမကို ချစ်ခင်မြတ်နိုးပေးတယ်ဆိုတာ မထူးဆန်းပါဘူး။]

 

ဖန့်ကျွင်းရုံက အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမသမီးကို ကြည့်လိုက်သည်။ ဤ “မင်းတို့ သိတဲ့တစ်ယောက်နဲ့” ဆိုတာက လီရှင်းယွင်ကို ရည်ညွှန်းခဲ့တာ သိသာသည်။ ရုတ်တရတ် သမ့်လန်အပေါ် သူမ၏အကောင်းမြင်စိတ်များ နည်းပါးသွားသည်။ သူမက ကျန်းယာ့ကောကို ချီးမွမ်းနေတာနဲ့တင် မရပ်တန့်နိုင်ဘူးလား။ သူမက ဒီကိစ္စထဲကို ရှင်းယွင်ကိုဆွဲထည့်ဖို့ လုပ်ခဲ့တာလား။