အခန်း ၁၀၇
Viewers 25k

အခန်း (၁၀၇) - သူမက ရှင်းယွင်ကို ဒီကိစ္စထဲဆွဲထည့်ဖို့လုပ်ခဲ့တာလား (၂)

 

အာ… ဒါပေမယ့် လက်ရှိအခြေအနေကိုကြည့်ရမယ်ဆိုရင် သမ့်လန်က သူမဘီဘီကျူးဝက်လိုသားနဲ့ ကျန်းယာ့ကောတို့ကြားက စစ်မှန်တဲ့ဆက်ဆံရေးအကြောင်းကို သေချာမသိလောက်သေးဘူး။ သူမတို့သုံးယောက်အတူရိုက်ထားတဲ့ပုံတွေရယ် ကျန်းယာ့ကောနဲ့ပျော်ပျော်ရွှင်ရွှင် ဘယ်လိုလျှောက်လည်နေကြတယ်ဆိုတဲ့ပုံတွေရယ်ကို တင်လေ့ရှိသည်။

 

“လီရှစ်ကျီရဲ့အပြုအမူက သူ့ကိုယ်သူ အလှောင်ခံရအောင် လုပ်နေတဲ့ပုံပေါက်နေတယ်။ အဲ့တာကို အမေသိလား” လီရှင်းယွင်က သူမ ဒါကိုမမျှော်လင့်ခဲ့သလို မေးလိုက်သည်။

 

လီရှစ်ကျီသည် သမ့်လန်အား မှားယွင်းသော မျှော်လင့်ချက်တစ်စုံတစ်ရာ မပေးခဲ့လျှင် သမ့်လမ်သည် မိမိဆန္ဒအလျှောက် များစွာကူညီပေးလိမ့်မည် မဟုတ်ပါ။ လီရှင်းယွင် သူမအစ်ကိုကို အရမ်းလေးစားခဲ့ဖူးသည်။ ဒါပေမယ့် ကျန်းယာ့ကော သူမတို့ဘဝထဲဝင်လာချိန်ကစလို့ သူမစိတ်ထဲက သူ့အစ်ကိုရဲ့ပုံရိပ်ဟာ စတင်ပြိုကွဲလာခဲ့သည်။

 

ဖန့်ကျွင်းရုံက သူမရဲ့စကားရွေးချယ်မှုသည် အလွန်သင့်တော်သည်ဟု ခံစားမိသည်။ သူ့ရဲ့ ပြောင်းလွယ်ပြင်လွယ်စရိုက်က သူက လီဝမ့်ကျင်း၏သားဖြစ်မှန်း သေချာလှသည်။ သို့သော် တူညီသောအချက်အရ သူက သမ့်လန်ကို ဘယ်တော့မှ အလျှော့ပေးလိမ့်မည် မဟုတ်ပါ။ နောက်ဆုံးတွင် သူက အလွန်ခိုင်မြဲသော မိမိကိုယ်ကိုမိမိအလွန်တန်ဖိုးထားမှဒရှိပြီး သမ့်လန်သည် သူ့အနာဂတ်မှာ အမည်းစက်တစ်ခု ဖြစ်လာလိမ့်မည်ဆိုသည်မှာ သေချာသည်။

 

ပြောရရင် သူ့ဘဝက သူမနှင့် ဘာမှ မဆိုင်တော့ပါဘူး။ သူမလုပ်ရန် လိုအပ်သည်မှာ ဒရမ်မာပွဲထွက်ပေါ်လာရန် စောင့်ဆိုင်းနေဖို့ပင် ဖြစ်သည်။

 

လီရှစ်ကျီနှင့်ပတ်သက်နေသည့်အရာများကို အာရုံစိုက်ခြင်းထက် သူမကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းကို အာရုံစူးစိုက်ခြင်းက ပိုအရေးကြီးသည်။ ကျန်းဝမ်ယုအကြောင်း ပြောရလျှင် သူက လူသန်းတစ်ရာတွင် တစ်ယောက် ဆိုရလောက်သည့်အထိ အရည်အချင်းရှိလှသည်။ နည်းပညာသုတေသနနှင့်ပတ်သက်၍ သူ့ဗီဇက ပြိုင်ဖက်ကင်းသည်။

 

ဥပမာအားဖြင့် အားပျော့သည့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးဗားရှင်း၏အာနိသင်သည် သူမ၏မူရင်းဗားရှင်းအာနိသင်ကဲ့သို့ မကောင်းသော်လည်း အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ သူမ၏မူရင်းဗားရှင်းကို သူမနယ်မြေအတွင်းမှဆေးပင်များနှင့်ပြုလုပ်ခဲ့ပြီ’တော့ သူဖန်တီးခဲ့သောဗားရှင်းကတော့ အစစ်အမှန်ကမ္ဘာမှာ သူ စိုက်ပျိုးခဲ့သော ချီရှင်းနှင့် ချင်းရှားတို့ကို အသုံးပြုခဲ့သည်။

 

သူက တူညီသောနည်းလမ်းကို အသုံးပြုပြီးတော့ ယွင်ယင်းကိုစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်စိမ်းဖြူခရင်မ်တစ်သုတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

 

ကျန်းဝမ်ယုသည် ထိုပစ္စည်းနှစ်မျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ပြီးနောက် သူက သူ့ကိုယ်သူ တံခါးပိတ်ထားခဲ့ပြီး သူ့စာတမ်းကို ပြုစုရန် စတင်ခဲ့သည်။

 

ဖန့်ကျွင်းရုံသည် သူမက နောက်ဆက်တွဲကိစ္စများကို စဥ်းစားရင်း သူ့လစာကို တိုးမြှင့်ပေးလိုက်သည်။ သူမ၏ဆေးသစ်နှစ်မျိုးကို မည်ကဲ့သို့ စျေးကွက်မှာ ဖြန့်ချိမည်နည်း။ အထူးသဖြင့် သူမရဲ့ကျောက်စိမ်းဖြူခရင်မ်လေးကိုပေါ့။ မသန်စွမ်းသူများအပေါ် ၎င်း၏အကျိုးသက်ရောက်မှုမျာားဟာ မယှဥ်သာနိုင်ပါ။ သူမ အဲ့တာကို စျေးကွက်မှာ ဖြန့်ချိနိုင်ခဲ့ရင် လူအများစုကို ဒီဆေး၏အကျိုးကျေးဇူးကို ရရှိနိုင်ပါလိမ့်မယ်။

 

သူမသည် သူမကိုယ်ပိုင်ဆေးဝါးကုမ္ပဏီကို ဖွင့်လှစ်လိုလျှင် သူမသည် အသိအမှတ်ပြုလက်မှတ်မျိုးစုံလိုအပ်ပြီး သူမဆေးဝါးများကိုလည်း မှတ်ပုံတင်ရန် လိုအပ်သည်။ လုပ်ငန်းစဥ်ဟာ အလွန်ရှုပ်ထွေးပြီး ၎င်းတို့ကိုလည်း လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန်ပါ လိုအပ်လေသည်။ အနည်းဆုံးတော့ ဒီဆေးဝါးတွေကို စျေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်မယ့်အချိန်က နောက်နှစ်အချိန်မှာပဲ ဖြစ်လိမ့်မယ်။

 

ဖန့်ကျွင်းရုံသည် ဤအရာကို နားလည်ရန် ကြိုးစားနေခဲ့သည်။ သူမသည် အိမ်ပြန်ပြီး သူမအစ်ကိုဖြစ်သူထံမှ အကြံဥာဏ်တောင်းရန် ဆုံးဖြတ်လိုက်သည်။

 

ဖန့်ရွှယ်ပေါ်သည် သူမထံမှ အံ့သြဖွယ်ကောင်းသော အာနိသင်ရှိသည့်ဆေးနှစ်မျိုးအကြောင်းကို သိလိုက်ရသောအခါ လုံးဝအံ့သြသွားခဲ့သည်။ “အဲ့တာဆို ညီမလေး နင် သူတို့ကို စျေးကွက်မှာ အမြန်ဆုံး ဖြန့်ချိချင်တာလား”

 

ဖန့်ကျွင်းရုံက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ မြန်လေ ပိုကောင်းလေပဲ”

 

ဖန့်ရွှယ်ပေါ်က “ညီမလေး နင် အဲ့တာကို အကျိုးအမြတ်အတွက် မလုပ်ဘူးလား။ နင် သေချာလား” လို့ မေးလိုက်သည်။ သူက သူ့ညီမလေး ဒီကိုလာရောက်သည့်အကြောင်းရင်းကို ကောင်းကောင်းသိလိုက်သည်။

 

သူမ ငွေရှာလိုလျှင် သူမ၏အလှအပဆေးလုံးတစ်ခုတည်းနဲ့ပင် လုံလောက်လိမ့်မည်။ အဲ့တာက တကယ့်ငွေကြေးစျေးကွက်ပဲ။

 

သူမဆီမှာ အကြံတစ်ခုစတင်တွေးတောမိခဲ့ပြီး သူမမျက်နှာပေါ်မှာ ရွှင်လန်းတက်ကြွသောအပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ “ညီမမှာ အကြံတစ်ခု စဥ်းစားမိတယ်”

 

သူမအား ကောင်းကင်ဘုံမှ ကောင်းချီးတစ်ခုအဖြစ် ပြန်လည်မွေးဖွားရန် အခွင့်အလမ်းတစ်ခုပေးအပ်ခဲ့တယ်လို့ ထင်မြင်မိသည်။ သူမဟာ ပြန်လည်ရှင်သန်လာခဲ့သည့်အတွက် ကောင်းမှုကုသိုလ်တစ်ချို့ကို စုဆောင်းချင်သည်။ ဆိုရိုးစကားအတိုင်း ချမ်းသာသူများသည် အခြားသူများနှင့် ဆင်းရဲသူများကို ဂရုစိုက်ပေးသင့်သည်။

 

“ညီမလေး နင့်ရဲ့ကျောက်စိမ်းဖြူခရင်မ်က နင်ပြောတဲ့အတိုင်း အာနိသင်ကောင်းတယ်ဆိုရင် နင် လူအိုကြီးမစ်စတာကျန်းကို သွားရှာသင့်တယ်”

 

“ဦးလေးကျန်းမှာ ခြေထောက်ဒဏ်ရာရပြီး ပြန်မသက်သာလာသေးတဲ့ တူတစ်ယောက်ရှိတယ်”

 

ဖန့်ရွှယ်ပေါ်ပြောသော ဦးလေးကျန်းဆိုသူမှာ သူတို့အမေဖက်မှ ဦးလေး၏သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်သည်။ သူတို့မိဘတွေဆုံးပါးသွားပြီးနောက်မှာလည်း သူတို့ကို အများကြီးကူညီပေးခဲ့သည်။ သူ့ရဲ့အကူအညီပေးမှုသာ မရှိခဲ့ရင် လောဘတက်နေကြသည့် အခြားအိမ်တော်ခွဲများဆီကနေ သူတို့ပိုင်ဆိုင်သည့် မိသားစုပိုင်ဆိုင်မှုတွေကို သူတို့ ထိန်းသိမ်းနိုင်ခဲ့မှာ မဟုတ်ဘူး။ 

 

“ကောင်းပြီ။ ဒါဆို ငါ ဦးလေးကျန်းကို သွားရှာလိုက်မယ်” လို့ ဖန့်ကျွင်းရုံက ခေါင်းညိတ်သဘောတူလိုက်သည်။

 

သူမအနေဖြင့် သူမထုတ်ကုန်များကို ဖြန့်ချိချင်လျှင်ပင် သူမအနေဖြင့် ထိုကိစ္စကို ဦးလေးကျန်းမှတဆင့် ပြုလုပ်နိုင်ပေသည်။