အခန်း ၁၀၈
Viewers 25k

အခန်း (၁၀၈) - သူမက ရှင်းယွင်ကို ဒီကိစ္စထဲဆွဲထည့်ဖို့လုပ်ခဲ့တာလား (၃)

 

ဖန့်ကျွင်းရုံသည် သူမအစ်ကိုနှင့် နေ့စဥ်တွေ့ကြုံနေကျ အကြောင်းအရာကိစ္စအချို့ကို ထပ်မံ တွေးနွေးနေပြန်သည်။ ကလေးတွေရဲ့ပညာရေးအကြောင်း စသည့်အကြောင်းအရာတချို့ကိုလည်း ပြောဆိုကြခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့အတွက် ကျောက်စိမ်းဖြူခရင်မ်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးလုံးပုလင်းတစ်ချို့ကို လက်ဆောင်ထားရစ်ခဲ့သည်။။ ထုံးစံအတိုင်း သူမအစ်ကိုကို လက်ဆောင်ပေးခဲ့သောပစ္စည်းများသည် အသိုင်းအဝိုင်းအတွင်း ဖြန့်ချိသော အာနိသင်ပိုကောင်းသည့်ထုတ်ကုန်များ ဖြစ်သည်။

 

သူမသည် ရက်အနည်းငယ်အကြာမှာ လူအိုကြီးမစ်စတာကျန်းထံမှ သတင်းစကားကို လက်ခံရရှိကာ အစည်းအဝေးတည်နေရာနှင့် အချိန်ကို သူမအား ပေးပို့ခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ထုတ်ကုန်ပစ္စည်းအနည်းငယ်နှင့် ကျောက်စိမ်းဖြူခရင်မ်ကို ထုပ်ပိုးယူဆောင်လာခဲ့သည်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး ခဏလောက် စဥ်းစားပြီးနောက် သူမသည် အဆိပ်အတောက်ဖယ်ရှားဆေးလုံးကိုပါ ထုတ်ပိုးလိုက်သည်။ သူမသည် အရာဝတ္ထုပစ္စည်းများကို သယ်ဆောင်ရန် သူမနယ်မြေကို သုံးနိုင်သည်။ သို့သော် အခြားသူများရှေ့တွင် လေထဲမှအရာဝတ္ထုများပေါ်လာရန်လုပ်ဖို့ကိုတော့ သူမ စိတ်မပါပေ။ သူမနယ်မြေအကြောင်း အခြားသူများသိဖို့ အကြောင်းပြချက်မလိုဘူး။

 

ကျန်းအိမ်တော်သည် Sမြို့တော်မှာ မရှိပေ။ သူတို့ဆီသွားရန် နှစ်နာရီခန့် အမြန်ရထားစီးဖို့လိုသည်။

 

ဖန့်ကျွင်းရုံသည် အမြန်ရထားပေါ်မှာ စီးနင်းလိုက်ပါရင်း သူမ၏အားလပ်ချိန်များကို သတင်းဖတ်ရှုခြင်းဖြင့် အချိန်ဖြုန်းနေခဲ့သည်။

 

ရုပ်ရှင်ဧကရာဇ် ဖန့်ကြွယ်မင်သည် မတော်တဆမှုတစ်ခုတွင် သူ့လက်ဒဏ်ရာရသွားသဖြင့် အချိန်အနည်းငယ်ခန့် အနားယူမည်ဟု သတင်းမှာ ဖော်ပြထားသည်။ သူမက ဒီအကြောင်းကို မရှာဖွေခဲ့ပေမယ့် ဖန့်ကြွယ်မင်က လူသိများထင်ရှားပြီး ပရိသတ်များစွာရှိသောကြောင့် ထိုသတင်းက ကျော်ကြားနေတဲ့အတွက် တွေ့လိုက်ရတာ ဖြစ်သည်။

 

သူမသည် ဒီအဖြစ်အပျက်က မတော်တဆဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိသည်။ အမှန်တရားမှာ သူက တစ်စုံတစ်ယောက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သူ့လက်များကို တမင်တကာ အကျိုးခံခဲ့သည်။ ဒါပေမယ့် တစ်ဖက်ကလူက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ အလွန်အင်အားကြီးသောသူတစ်ယောက်ဖြစ်သောကြောင့် ထိုအဖြစ်အပျက်ကို ဖုံးကွယ်ခဲ့ကြသည်။

 

ဖန့်ကြွယ်မင်က ဒီမတော်တဆမှုမှာ သားကောင်ဖြစ်ခဲ့သည်ဆိုသော်လည်း ဖန့်ကျွင်းရုံသည် သူက ကျန်းယာ့ကောဖက်မှာရပ်တည်ပြီး အင်တာနက်အကြမ်းဖက်မှုကို သူမရဲ့ရှင်းယွင်အပေါ် ပြုလုပ်ခဲ့သည်ဆိုတာကို အမှတ်ရမိလိုက်သည်။ သူမသည် ထိုအမျိုးသားပေါ်မှာ သနားကရုဏာနည်းနည်းလေးမျှ မထားနိုင်ပါ။

 

နှစ်နာရီကြာရထားစီးနေချိန်မှာ သူမသည် သတင်းများကို ဖတ်ရှုနေခဲ့သည်။ အမြန်ရထားပေါ်မှ ဖန့်ကျွင်းရုံဆင်းလာသောအခါ ကျန်းအိမ်တော်မှ သူမကိုကြိုဖို့ တစ်ယောက်ကို စေလွှတ်ပေးခဲ့သည်။ ကျန်းအိမ်တော်သည် မြို့ပေါ်မှာ မတည်ရှိခဲ့ပါ။ သူတို့က အိမ်တော်ကို တောင်ထိပ်ပေါ်မှာ ဆောက်လုပ်ထားခဲ့သည်။ တောင်တန်းနှင့် ရေများဝန်းရံထားသောလေထုသည် အလွန်လတ်ဆတ်သန့်စင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

 

ယနေ့ သူမနှင့်တွေ့ဆုံမည်သူတို့မှာ ဦးလေးကျန်းနှင့် သူ့ရဲ့တူအကြီးဆုံးဖြစ်သူ ကျန်းကျစ်ဆုတို့ ဖြစ်သည်။

 

ဦးလေးကျန်းက သူမကိုမြင်သောအခါ သူ့ရဲ့တည်ကြည်သောမျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “ရှောင်းဖန့် မင်းကတော့ တကယ့်ကို တစ်နေ့တခြား နုပျိုလာပါလား။ မကြာသေးခင်ကပဲ ငါ မင်းသတင်းတွေကို အများကြီးကြားခဲ့တယ်။ ငါ့မိန်းမတောင် မင်းကုမ္ပဏီက ထုတ်တဲ့အလှအပဆေးလုံးတွေကို ဝယ်ယူခဲ့သေးတယ်”

 

အသက် ခုနှစ်ဆယ် ရှစ်ဆယ်အရွယ် အဖိုးအိုတစ်ယောက်ဖြစ်သော်လည်း နုပျိုလှပသော အရာအားလုံးကို ကြိုက်နှစ်သက်သည်မှာ လူ့သဘာဝပင် ဖြစ်သည်။

 

ဖန့်ကျွင်းရုံက သူမမျက်နှာလေးကို တစ်ချက်ပွတ်ကြည့်လိုက်ပြီး “ဟုတ်တယ်။ တစ်စိတ်တစ်ပိုင်းက သမီးထုတ်လုပ်တဲ့ အလှအပဆေးလုံးတွေကြောင့်ဖြစ်ပြီးတော့ တစ်စိတ်တစ်ပိုင်းကတော့ ခုတစ်လော သမီးလမ်းကြောင်းမှန်ကို ပြန်ရောက်သွားခဲ့လို့ပါ” ဟု ပြောလိုက်သည်။ သူမဟာ ကွာရှင်းပြတ်စဲပြီးနောက် သူမဟာ ပျော်ရွှင်ကျေနပ်နေခဲ့သည်။

 

“အန်တီ အလှအပဆေးလုံးတွေကို အရမ်းကြိုက်မှန်းသိခဲ့ရင် သမီး ဗူးအနည်းငယ်လောက် ပို့ပေးသင့်တာပေါ့”

 

ဦးလေးကျန်းသည် သူမမိသားစုနှင့်ရင်းနှီးသူဖြစ်သည့်အတွက် သူက ထိုကိစ္စလောက်ကို စိတ်ထဲမထားပေ။ သူက စကားလမ်းကြောင်းကို အမြန်ဖြတ်လိုက်ပြီး “မင်းပြောခဲ့တဲ့ဆေးတွေကရော ဒီဆေးလိုမျိုး အာနိသင် တကယ်ထိရောက်မှုရှိလား” လို့ မေးလိုက်သည်။

 

“ကျွန်မ ယုန်တွေနဲ့ ကြွက်တွေ နှစ်မျိုးလုံးနဲ့ စမ်းသပ်ပြီးပြီ။ အချက်အလက်တွေအားလုံးကို ကျွန်မနဲ့အတူ ယူလာခဲ့တယ်။ ဒါပေမယ့် ကျွန်မ လူသားတစ်ဦးနဲ့တော့ ဘယ်တော့မှမစမ်းသပ်ဖူးဘူး” ဟု ဖန့်ကျွင်းရုံက ပြောလိုက်သည်။ နောက်ဆုံးတော့ သူမက ဒါကို လုပ်ဖို့ အရည်အချင်းမရှိသလို ဥပဒေကို ချိုးဖောက်ချင်သူလည်း မဟုတ်ပါလေ။

 

ဦးလေးကျန်းက အခုတော့ ပိုပြီးစိတ်သက်သာရာရသွားပုံရသည်။ “ကျစ်ဆုက ကောင်းတဲ့ကလေးတစ်ယောက်ပဲ။ သူ့ကို ကျန်းအိမ်တော်ရဲ့ဆက်ခံသူအဖြစ် တစ်လျှောက်လုံးပြုစုပျိုးထောင်ခဲ့တယ်။ မနှစ်က မတော်တဆမှုကြောင့် အရမ်းဝမ်းနည်စရာကောင်းခဲ့တယ်”

 

ကျန်းကျစ်ဆုလား။ အဲ့တာက ဖန့်ကျွင်းရုံကို ရုတ်တရတ် အခြားနာမည်တစ်ခုဖြစ်သည့် ကျန်းကျစ်ယန်ကို အမှတ်ရစေခဲ့သည်။ သူမက သူ့ကို သွေးတိုးစမ်းသည့်အနေဖြင့် “သူ့မှာ ကျန်းကျစ်ယန်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိလား”လို့ မေးကြည့်လိုက်သည်။

 

ဦးလေးကျန်းသည် သူမကို အံ့သြတကြီး ကြည့်လိုက်သည်။ “အဲ့တာကို မင်း ဘယ်လိုသိတာလဲ”

 

“အရင်က အဲ့နာမည်ကို ကျွန်မကြားခဲ့ဖူးလို့ အဲ့တာကို သိချင်ရုံသက်သက်ပဲ။” ဟု ဖန့်ကျွင်းရုံက ပေါ့‌ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

 

ဝတ္ထုထဲမှာ ဖော်ပြချက်အရ ကျန်းအိမ်တော်၏အနာဂတ်ဆက်ခံသူမှာ ကျန်းကျစ်ယန်ဖြစ်သည်။ ကျန်းကျစ်ယန်သည် ကျန်းယာ့ကောနှင့် အလွန်ရင်းနှီးခဲ့ပြီး သူမကို သူ့မွေးစားညီမအဖြစ်ပင် လက်ခံခဲ့သည်။ သို့သော် ကျန်းကျစ်ယန်တွင် ဇနီးနှင့် က‌လေးများ ရှိသည်။ ဝတ္ထုအရ သူသည် ကျန်းယာ့ကောကို သူ့ညီမအဖြစ်သာ ကြည့်ရှုနိုင်ခဲ့သည်။ သူသည်လည်း ကျန်းယာ့ကော၏ နောက်ကွယ်မှထောက်တိုင်များထဲက တစ်ယောက် ဖြစ်သည်။

 

ဒီအချက်ကိုကြည့်ရင် ကျန်းကျစ်ဆုမှာ တစ်ခုခုဖြစ်သွားတာ ဖြစ်ရမယ်။ မဟုတ်ရင် ကျန်းကျစ်ယန်က ဆက်ခံသူဖြစ်လာမှာ မဟုတ်နိုင်ဘူး။

 

ဦးလေးကျန်းက ဒီကိစ္စကို အများကြီး မတွေးခဲ့ဘူး။ သူက သူမကို အထဲသို့ခေါ်သွားပြီး သူမဆီသို့ တစ်စုံတစ်ရာကို ယူလာသည်။ “ဒီနေ့ ငါတို့ဆီ ကျစ်ဆုကို စစ်ဆေးပေးဖို့ ဆရာဝန်တစ်ယောက် ရောက်လာတယ်။ ငါတို့ဆီကနေ ဆရာဝန်က မင်းဆေးကို ဖြစ်ကောင်းဖြစ်နိုင်တာက စစ်ဆေးကြည့်နိုင်ဖို့ ယူသွားတယ်”

 

“ဆရာဝန်က ဘယ်သူလဲ။” ဟု ဖန့်ကျွင်းရုံက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

 

“ကျန်းပိ မင်း အရင်က အဲ့နာမည်ကိုတော့ ကြားဖူးသင့်တယ်”

 

ဖန့်ကျွင်းရုံက သူမလမ်းလျှောက်နေတာကို ခဏရပ်လိုက်သည်။ “အိုး… ကြားဖူးတာပေါ့။ သူ့နာမည်ဂုဏ်သတင်းက သူ့ထက် ပိုကျော်ကြားတယ်” သူမဆီ အနှေးနဲ့အမြန်ဆိုသလိုပဲ သူ ရောက်လာမယ်ဆိုတာ မလွဲမသွေပါပဲ။