အခန်း (၁၀၉) - တောင်းပန်ပါတယ်။ ဒါက ကျွန်မကုမ္ပဏီရဲ့စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်ပါ (၁)
ကျန်းယာ့ကောကို ကြိုက်နှစ်သက်သူများအားလုံးတွင် အားနည်းချက်ကိုယ်စီ ရှိကြသည်။ ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က သူတစ်ဦးတည်းပိုင်စွဲလမ်းနေသောအရာများနှင့် နီးစပ်သူများအား လွန်ကျွံစေလောက်သည့်အထိ အကာအကွယ်ပေးတတ်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်နှင့် သူ့စိတ်ကိုပြောင်းလဲရန် အလွန်ခက်ခဲသည်။ ကျန်းယာ့ကောကို နတ်ဘုရားမလေးတစ်ယောက်အဖြစ် သူ မြင်နေတဲ့အခါကျရင် သူက ဘာမှပြန်မတောင်းဆိုပဲနဲ့ကို ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတတ်သည်။ တစ်ချိန်တည်းမှာပင် အဲ့အကြောင်းက အခြားအပြစ်မဲ့သူတွေကို ထိခိုက်စေသလားဆိုတာက သူ့အတွက် အရေးမပါဘူး။ ဝမ်ရှောင်းသည်လည်း မည်သည့်ဥပဒေကိုမှ ဂရုမစိုက်ပဲ မရေမတွက်နိုင်သောရာဇဝတ်မှုများကို လုပ်ဆောင်ပေးခဲ့သည်။
ကျန်းပိနှင့်ပတ်သက်၍ ပြောပြရမည်ဆိုလျှင် သူ့အသွင်အပြင်က ကျောက်စိမ်းကဲ့သို့ နူးညံ့ပုံပေါ်ပေမယ့် သူ့အပြုအမူများကတော့ အလွန်ရက်စက်သည်။ သူက ကျန်းယာ့ကောကို ကူညီဖို့ အနည်းငယ်ပဲဖြစ်ဖြစ် စိတ်ပျော်ရွှင်ဖို့ရာအတွက် ဖန့်ကျွင်းရုံကို စိတ်ဖောက်အောင် အဆိပ်ခတ်ခဲ့သည်။ ထို့အပြင် သူသည် ကျန်းယာ့ကောနှင့်မတည့်သည့် မင်းသမီးအချို့ကို အဆိပ်ခတ်ခဲ့ပြီး သူတို့၏မျက်နှာပေါ်မှာ အနီစက်များ ထွက်ရှိစေခဲ့သည်။ သူတို့ထဲမှတစ်ယောက်မှာ ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ရဘူး။ သူတို့ရဲ့ရုပ်ရည်တွေကို ဆုံးရှုံးသွားရတဲ့အခါ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာ ဆက်နေဖို့ သူတို့ရဲ့အရည်အချင်းတွေပါ ဆုံးရှုံးကုန်သည်။
ကျန်းယာ့ကောသည် သူ့ အကူအညီကို အသိအမှတ်ပြုမိသည်။ သူမသည် ကျန်းအိမ်တော်နှင့် အလုပ်တွဲလုပ်ခဲ့ပြီး သူမ၏အဆက်အသွယ်တွေကို တိုးချဲ့ရန် ဖော်စပ်ထားသောဆေးဝါးများကို အဓိက အသုံးပြုခဲ့သည်။ စာအုပ်၏အဆုံးပိုင်းသို့ ရောက်ရှိလာသောအခါ သူမနှင့် ပုဂ္ဂိုလ်များအကြား မဟာမိတ်ဖွဲ့မှုဟာ အတော်လေးကောင်းမွန်သာလွန်သောအင်အားတစ်ခု ဖြစ်လာခဲ့သည်။
ဖန့်ကျွင်းရုံသည် သူ့စာတမ်းကို အိမ်မှာပြုစုနေသော ကျန်းဝမ်ယုအကြောင်းကို တွေးတောရင်း သူမမျက်လုံးများက မဲမှောင်သွဦးသည်။ သူမက ကျန်းအိမ်တော်၏ရန်ကို သိပ်ဂရုစိုက်စရာ မလိုဘူး။ သူတို့၏အကြီးမားဆုံးခွန်အားက အရိုးပြုပြင်ဆေးခရင်မ်ဖြစ်သည်။ ၎င်းသည် အခြားမိသားစုများအတွက် ပြိုင်ဖက်ကင်းထုတ်ကုန်တစ်ခုဖြစ်သော်လည်း သူမ၏ကျောက်စိမ်းဖြူခရင်မ်က ရိုးရှင်းပြီး ပိုမိုကောင်းမွန်သည်။ သူမ ထိုဆေးကို စျေးကွက်ထဲ တင်ပို့ဖြန့်ချိလိုက်တာနဲ့ ကျန်းအိမ်တော်ကို လုံလောက်အောင် ပျက်စီးသွားစေပြီး ဒါက သူမအတွက် စုဆောင်းရရှိမယ့် အကျိုးစီးပွားဖြစ်လိမ့်မယ်။
ဒီအိမ်တော်ဟာ လုံးဝမသေးငယ်ဘူး။ အထူးသဖြင့် အိမ်တော်ထဲတွင် လူလုပ်ရေကန်ပါရှိသည်။ ရေကန်အထက်မှ ဖြတ်သန်းလာသော လေနုအေးများက သူမရဲ့စိတ်မကြည်သာမှုကို အလွယ်တကူပျောက်ကင်းသွားစေသည်။ နောက်ဆုံးတော့ သူမသည် အဆောက်အဦးထံသို့ မရောက်ခင် ၁၅မိနစ်ခန့် လမ်းလျှောက်လာခဲ့ရသည်။
ပြီးတော့ ဒါက သူမနှင့် ကျန်းကျစ်ဆုတို့ ပတမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။
သူက ဝှီးချဲလ်ပေါ်တွင် ထိုင်နေသည်။ သူ့ခေါင်းကို ငုံ့လိုက်သောအခါ သူ့ထံကနေ အပြာရောင်အလင်းတန်းလေးတစ်ခုး ပျံ့လွင်လာသလိုပင်။ သို့တိုင် သူ့က အခြားသူများကို ကြည့်သောအခါ တည်ငြိမ်အေးချမ်းမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ကို ခံစားစေနိုင်သည်။
သူက သူမထင်ထားထက် ပိုငယ်ရွယ်သည်။ သူက အသက်သုံးဆယ်လောက်ပဲ ရှိနိုင်မည်။
“မစ်ဖန့်” လို့ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သူသည် မတော်တဆမှုဖြစ်ပြီးချိန်မှစ၍ ဝှီးချဲလ်ပေါ်တွင် ထိုင်နေရသော်လည်း စိတ်ဓာတ်ကျနေပုံမပေါ်ပေ။
အရမ်းဖော်ရွေတာပဲ။ သူ သူမကိုဆက်ဆံသည့်ပုံကို သဘောကျမိသည်။
သူမ အရင်ဘဝတုန်းက အကြိမ်အနည်းငယ်ခန့်တွေ့ဖူးသော ကျန်းပိကလည်း သူတို့ဘေးတွင် ရှိနေခဲ့သည်။ သိသာထင်ရှားစွာပဲ သူက အလည်သက်သက် လာရောက်လည်ပတ်တာ မဖြစ်နိုင်ပါ။ သူက ဖန့်ကျွင်းရုံကို လှမ်းကြည့်လိုက်ပြီး နွေဦးလေပြေနဲ့တူတဲ့ အပြုံးတစ်ပွင့်ကို ပေးလိုက်သည်။ သူက အလွန်ရင်းနှီးဖော်ရွေပုံရသည်။
ဖန့်ကျွင်းရုံက သူ့ကို ခေါင်းလေးအသာာညိတ်ပြလိုက်ပြီး သူတို့နဲ့ သိပ်မဝေးသည့်နေရာမှာ ထိုင်လိုက်သည်။
ကျန်းပိက ကျန်းကျစ်ဆုကို ပြောနေတာတွေကို သူမ ကြားလိုက်ရသည်။ “ကျွန်တော်တို့ရဲ့ကုသမှုအစီအစဥ်တိုင်းကို ဆက်လုပ်သင့်ပြီး မင်းအဝတ်အစားတွေကို တစ်နေ့တစ်ခါ လှဲလှယ်ဝတ်ဆင်ပေးရမယ်။ ကျွန်တော် တစ်ပတ်တစ်ခါလာပြီးတော့ မင်းကိုဆက်လက်ကုသပေးဖို့ အပ်စိုက်ကုထုံးကို သုံးရလိမ့်မယ်။ တိုးတက်ပြောင်းလဲမှုရှိမရှိသိရဖို့ တစ်လတစ်ကြိမ် စစ်ဆေးကြည့်ရှုပေးမယ်”
“ကျေးဇူးပါပဲ ဒေါက်တာကျန်း” ဟု ကျန်းကျစ်ဆုက ပြောလိုက်သည်။
ကျန်းပိသည် စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားခဲ့သည်။
ဖန့်ကျွင်းရုံသည် သူမရဲ့ကျောက်စိမ်းဖြူခရင်မ်ကို ဆွဲထုတ်လိုက်ပြီး သူ့ရဲ့အကျိုးသက်ရောက်မှုနှင့် အသုံးပြုပုံကို ရှင်းပြပေးလိုက်သည်။ “ကျွန်မ ဒါကို ရှင့်ဆီမှာ ထားခဲ့မယ်။ ရှင့်ဖာသာရှင် ဒါကို စမ်းသပ်ကြည့်မယ် မစမ်းသပ်ကြည့်ဘူးဆိုတာ ဆုံးဖြတ်နိုင်တယ်”
ဖန့်ကျွင်းရုံသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အဆိပ်အတောက်ဖယ်ရှားဆေးလုံးကိုပါ သူ့အား လွှဲပေးလိုက်သည်။ “ဒါကို အဆိပ်အတောက်ဖယ်ရှားဆေးလုံးလို့ခေါ်တယ်။ ကျွန်မမိတ်ဆွေတစ်ဦးက အဲ့တာကိုစမ်းသုံးကြည့်ဖူးပြီး အဲ့တာက အကျိုးအာနိသင်ထိရောက်မှု ရှိတယ်။ ရှင် ဒီဆေးလုံးတွေကို အခြားသူတွေဆီမှာလည်း လွတ်လွတ်လပ်လပ် စမ်းသပ်စစ်ဆေးကြည့်နိုင်တယ်”
ကျန်းကျစ်ဆုက မတူညီသောအကြောင်းအရာတစ်ခုကို မပြောမီ စက္ကန့်အနည်းငယ်ကြာ ပုလင်းနှစ်လုံးကို အပြန်ပြန် အလှန်လှန် ကြည့်လိုက်သည်။ “မင်း ဒီဆေးဖော်မြူလာနှစ်ခုကို အစိုးရကိုရောင်းဖို့ အစီအစဥ်ရှိလား”
ဖန့်ကျွင်းရုံက ခေါင်းညိတ်လိုက်သည်။
ကျန်းကျစ်ဆုသည် အဆိပ်အတောက်ဖယ်ရှားဆေးလုံးကို ကောက်ယူပြီး အနံ့ခံကြည့်လိုက်သည်။ ထိုဆေးလုံး၏အနံ့သည် သန်မာသည့်ဆေးဖက်ဝင်အနံ့တစ်ခုရှိပြီးတော့ သူ အရင်က ရရှိဖူးသောအနံ့များနှင့် ကွဲပြားခြားနားသည်။ ဆေးဖက်ဝင်အပင်များ၏ရနံ့သည် အလွန်ပေါ့ပါးပြီးလန်းဆန်းစေသည်။ ထူးထူးခြားခြား သူ အဲ့ဒီဆေးလုံးကို အနံ့ခံပြီးနောက် သူ့ခေါင်းကိုကြည်လင်သွားစေပြီး သူ့ရဲ့ခေါင်းကိုက်နေတာကိုတောင် သက်သာသွားစေသည်။ သူ့မျက်ခုံးများပင့်သွားခဲ့ပြီး သူ့မျက်လုံးများထဲမှာ သိချင်စိတ်နှင့် မျှော်လင့်ချက် အနည်းငယ်