အခန်း ၁၁၀
Viewers 25k

အခန်း (၁၁၀) - တောင်းပန်ပါတယ်။ ဒါက ကျွန်မကုမ္ပဏီရဲ့စီးပွား‌ရေးဆိုင်ရာ လျှို့ဝှက်ချက်ပါ (၂)

 

 

ကျန်းကျစ်ဆုသည် သူ့လက်ထဲကပုလင်းကို ငုံ့ကြည့်လိုက်ပြီး အဆိပ်အတောက်ဖယ်ရှားဆေးလုံးများကို ပုလင်းနှုတ်ခမ်းအထိပြည့်အောင် ထည့်ထားတာကို သတိပြုမိလိုက်သည်။ သူက အဲ့တာကို ချထားလိုက်ပြီး သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။

 

ပြီးတော့… တခြား ဘာမှထပ်မပြောတော့ဘူး။ ဖနန့်ကျွင်းရုံသည် ခဏနေပြီးနောက် ထွက်သွားခဲ့သည်။ သူမသည် ကျန်းကျစ်ဆု၏သဘောထားက ဘယ်လိုလဲဆိုတာကို မပြောနိုင်ပေမယ့် သူမလုပ်နိုင်တာတွေအားလုံးကိုတော့ သူမလုပ်ခဲ့တာပဲ။ ဒီနည်းလမ်း မအောင်မြင်ဘူးဆိုရင်တောင်မှ အခြားနည်းလမ်းတစ်ခုကို အမြဲရှာဖွေနိုင်သည်။

 

ထို့ကြောင့် သူမသည် တိတ်တဆိတ် ထွက်သွားသည်။ ဦးလေးကျန်းတောင်မှ သူမ အပြင်ထွက်သွားကို မမြင်လိုက်မိဘူး။ သူမအပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် သစ်ပင်တစ်ပင်အောက်၌ စောင့်ဆိုင်းနေသည့် ကျန်းပိကို တွေ့လိုက်ရသည်။

 

သူက သူ့ခေါင်းကိုစောင်း၍ “ဘော့စ်ဖန့်” ဟု ဖန့်ကျွင်းရုံကို ပြုံးပြနှုတ်ဆက်လိုက်သည်။

 

သူက ဖန့်ကျွင်းရုံဆီသို့ လျှောက်လာခဲ့ပြီး သူ့အသံဟာ လေပြေကဲ့သို့ နူးညံ့နေသည်။ “ဘော့စ်ဖန့် ကျန်းအိမ်တော်နဲ့ အလုပ်အတူလုပ်ဖို့ စိတ်ဝင်စားပါသလား”

 

ဖန့်ကျွင်းရုံက သူမမျက်နှာပေါ်မှာ ဘာအမူအရာကို မပြသခဲ့ပါ။ “ဘယ်လို အလုပ်မျိုးကိုလဲ”

 

“မင်းရဲ့ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတဲ့ အလှအပဆေးလုံးတွေက ရိုးရှင်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းတယ်။ သူ့အထဲမှာ ကျွန်တော်တို့တောင် ရှာဖွေမဖော်ထုတ်နိုင်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပါဝင်ပစ္စည်းတစ်ခု ပါဝင်နေတယ်” သူက အလှအပဆေးလုံး၏ပါဝင်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာရန် ကြိုစားခဲ့သည်ဟူသောအချက်ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ သူ့ရဲ့ဖြောင့်မတ်မှန်ကန်တဲ့မျက်နှာဖြင့် လူကြီးတွေထံမှ အမှတ်များကို လွယ်လွယ်ကူကူရရှိစေနိုင်ပြီးတော့ သူ့စရိုက်ကတော့ လုံးဝဆန့်ကျင်ဖက်ပဲ။

 

ရှေ့တန်းတင်မှုနှင့်ပတ်သက်ပြီးတော့ ကျန်းပိသည် ကျန်းယာ့ကော၏ အထင်ကြီးလေးစားသူများထဲတွင် အကောင်းဆုံးဖြစ်သည်မှာ သေချာသည်။

 

ဖန့်ကျွင်းရုံသည် သူ့မေးခွန်းအား “ဒါဆို…”ဟူသော အမေးတစ်ခုဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။

 

“အလှအပဆေးလုံးထဲမှာ အဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ပါဝင်ပစ္စည်းကို ထည့်သွင်းဖော်စပ်တာက အမှိုက်တစ်ခုလိုပဲလို့ ကျွန်တော်တို့ ခံစားရတယ်။ ကျွန်တော်တို့ သူ့ရဲ့အသုံးဝင်မှုကို ချဲ့ထွင်နိုင်သင့်တယ်”

 

သူတို့က ဒီပါဝင်ပစ္စည်းကို ဖော်ထုတ်ပြီးတော့ ကျန်းအိမ်တော်မှာ ထိန်းသိမ်းထားတဲ့ အခြားသီးသန့်ဖော်မြူလာများနှင့်‌ ပေါင်းစပ်လိုက်ရင်တော့ ကျန်းအိမ်တော်ရဲ့ အရာအားလုံးကို ကွဲပြားခြားနားတဲ့အဆင့်တစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်မှာ သေချာပါတယ်။ ပြီးတော့ သူ့အတွက်ကတော့ ဒီအရာကိုပြုလုပ်ခဲ့သောသူကဲ့သို့ဖြစ်စေပြီးတော့ အိမ်တော်အတွင်း သူ့အဆင့်အတန်းကို တည်ငြိမ်စေကာ မထိပါးစေနိုင်တော့ပါ။

 

ထိုအကြံအစည်က ကျန်းပိ၏သွေများကို ဆူပွက်လာစေခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ကျန်းပိမှလွဲ၍ မည်သူနှင့်မဆို လက်တွဲနိုင်သည်။ ကျန်းပိက သူမနှင့်ဆက်သွယ်ရန် သူ့ကိုယ်ပိုင်အချိန်ကို ဖြုန်းတီးနေတာပဲ။ သူမက အမှုမထားသလိုအသွင်ဖြင့် “တောင်းပန်ပါတယ်။ ဒါက ကျွန်မကုမ္ပဏီရဲ့စီးပွား‌ရေးဆိုင်ရာ လျှို့ဝှက်ချက်ပါ”

 

ကျန်းပိသည် သူ့ရဲ့ကြိုးစားအားထုတ်မှုကို လက်မလျှော့ပဲ “ကျွန်တော်တို့ ဒီပါဝင်ပစ္စည်းကို သုတေသနလုပ်ပြီး အခြားဆေးအမျိုးအစားတွေ အပေါ်မှာပါ အသုံးချနိုင်ရင် လူတွေကို ပိုအကျိုးပြုနိုင်လိမ့်မယ်။ ကျန်းအိမ်တော်ရဲ့အကျိုးအမြတ်ခွဲဝေမှုကလည်း အရမ်းမတင်းကြပ်ပါဘူး”

 

သူ့အသံမှာ ဖန့်ကျွင်းရုံက သူတို့နဲ့လက်တွဲဖို့ ငြင်းဆန်နေခဲ့မယ်ဆိုရင် သူမကြောင့် အများပြည်သူ့ကောင်းကျိုးတစ်ခုခု ဆုံးရှုံးသွားအောင် လုပ်မိလိမ့်မယ်လို့ ဆိုလိုသည့်အသွင် ပါဝင်ပေသည်။

 

ဖန့်ကျွင်းရုံသည် သူ့စိတ်နေသဘောထားက အလွန်ရယ်ဖွယ်ရာကောင်းသည်ကို တွေ့လိုက်ရသည်။ ကိုယ်ကျင့်တရားကောင်းမွန်သလို ပြောဆိုသည့်နေရာမှာ သူက ကျန်းယာ့ကောလိုပဲ ထူးချွန်လှသည်။

 

သူ့မိသားစုက အရိုးပြုပြုင်ဆေးခရင်မ်ကို တစ်ဗူးလျှင် ယွမ်တစ်သောင်းကျော်ဖြင့် ရောင်းချခဲ့သည်။ အဲ့တာကိုတောင် သူတို့က သူတို့ရဲ့ကိုယ်ကျင့်တရားအကြောင်း ကြွားဝါဖို့ သတ္တိရှိတယ်လား။

 

ကျန်းပိ၏အပြုံးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

 

ဖန့်ကျွင်းရုံက သူမကားထဲကို ဝင်ထိုင်လိုက်ပြီး “သွားပြီနော်” ဟု ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။

 

အဝေးသို့ ‌ရောက်သွားပြီဖြစ်သောကားကိုကြည့်ပြီးတော့ ကျန်းပိဟာ အရမ်းဒေါသထွက်သွားသည်။ သူသည် အခွင့်အရေးကိုတွေ့ရှိလိုက်သည်နှင့်အမျှ စိတ်မဝင်စားသလို မထားလိုက်နိုင်ပေ။ ဖန့်ကျွင်းရုံသည် သူရဲ့ သူအဆင်ပြေ - ကိုယ်အဆင်ပြေ အဆိုပြုချက်ကို သေချာပေါက် လက်ခံပေးလိမ့်မည်ဟု ခံစားမိသည်။ သူမက ဒီဆွေးနွေးခြင်းကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြောဆိုခြင်းမရှိသောကြောင့် သူက မမျှော်လင့်ပဲ မနေနိုင်ပါ။ 

 

ဟုတ်တယ်။ သူက လွယ်လွယ်ကူကူ လက်လျှော့မှာ မဟုတ်ဘူး။ သူက ဖန့်ကျွင်းရုံကို မကိုင်တွယ်နိုင်ဘူးဆိုရင်‌တောင်မှ သူ့မှာ အခြားရွေးချယ်စရာတွေ ရှိကောင်းရှိနိုင်ပါသေးသည်။ ဥပမာနည်းလမ်းကိုပြောပြရရင် သူမရဲ့အရမ်းတန်ဖိုးထားရတဲ့ အဖိုးတန်သမီးလေးကို ဆိုပါစို့။

 

မိန်းကလေးတစ်ယောက်ကို ကိုယ်တွယ်ရတာက ဖန့်ကျွင်းရုံကို ကိုင်တွယ်ရတာထက် ပိုလွယ်ကူသည်။

 

***

 

ဖန့်ကျွင်းရုံသည် ကျန်းအိမ်တော်ကနေ ပြန်လာပြီးကတည်းက သူမကိုယ်သူမ အလုပ်ထဲမှာပဲ အာရုံစိုက်ထားခဲ့သည်။ သူမသည် ကျန်းကျစ်ဆုထံမှ ဘာသတင်းကိုမှမကြားရသေးဘူး။ ပြီးတော့ သူက ထိုဆေးနှစ်မျိုးကို ခွဲခြမ်းစိတ်ဖြာနေရဲ့လားဆိုတာကိုတောင် သူမ မသိဘုး။ သူမက အလျင်စလို မဖြစ်ပါ။ သူမသည် ဖြည်းဖြည်းချင်းမျှသာ လုပ်ရင်တောင် သူမ၏ကိုယ်ပိုင်လုပ်ငန်းက အရှိန်အဟုန်ဖြင့် ရှေ့ဆက်သွားမည်မှာ