အခန်း၁၁၁
Viewers 25k

အခန်း (၁၁၁) - တောင်းပန်ပါတယ်။ ဒါက ကျွန်မကုမ္ပဏီရဲ့စီးပွား‌ရေးဆိုင်ရာ လျှို့ဝှက်ချက်ပါ (၃)

 

ဖန့်ကျွင်းရုံ၏ကုမ္ပဏီသည် ယခုအချိန်တွင် အလွန်အောင်မြင်နေပြီး အခြားကုမ္ပဏီများစွာကလည်း သူတို့နှင့်အလုပ်အတူတွဲလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ကုန်တိုက်အချို့က သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေအတွက် ကိုယ်ပိုင်ကောင်တာများဖွင့်ထားနိုင်တယ်လို့တောင် ထုတ်ဖော်ပြောခဲ့ကြသည်။

 

သူမသည် စက်ရုံမှထုတ်လုပ်မှုအခြေအနေကို စစ်ဆေးခဲ့သည်။ အရာအားလုံး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားမည့်အခါမှာ သူတို့သည် အလှအပဆေးလုံးများကို တစ်နေ့လျှင် ဗူးရေငါးထောင်လောက်ကို နေ့စဥ်ထုတ်လုပ်နိုင်လိမ့်မည်။ သူမက ထုတ်လုပ်နေမှုကို တိုးချဲ့ဖို့ ဆွေးနွေးခဲ့သည်။ သူမ၏အဆုံးစွန်သောရည်ရွယ်ချက်မှာ အလှအပဆေးလုံးများကို တရုတ်ပြည်ကနေ နိုင်ငံရပ်ခြားများသို့ တိုးချဲ့တင်ပို့ပြီး နိုင်ငံခြားသားများထံမှ ငွေရှာရန်ဖြစ်သည်။ ဟမ့်… သူမက သူတို့ကို နိုင်ငံခြားသို့တင်ပို့ရောင်းချမယ်ဆိုရင် သူတို့၏စျေးနှုန်းကို နှစ်ဆ သို့မဟုတ် သုံးဆမြှင့်တင်ရလိမ့်မည်။

 

ဤအချိန်အတောအတွင်း အလှအပဆေးလုံးသည် ၎င်း၏ကိုယ်ပိုင်ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အံ့ဖွယ်အသားအရေထိန်းသိမ်းမှုထုတ်ကုန်အဖြစ် လူတိုင်းသတ်မှတ်သည့်အရာ ဖြစ်လာခဲ့သည်။

 

လူသိများလာခြင်း၏အားနည်းချက်မှာ သူတို့အား လက်ထဲရရှိရန် ပို၍ပင် ခက်ခဲလာသည်။ ဖန့်ကျွင်းရုံသည် တစ်ပတ်လျှင် ဗူးရေတစ်သောင်း ထုတ်လုပ်ဖြန့်ချိသော်လည်း စျေးကွက်တင်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ရောင်းကုန်သွားသည်။ သူမသည် ဆာဗာများကို အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်သည်။ မဟုတ်ရင် သူတို့၏အားစိုက်ထုတ်ပြီး ဝယ်ယူမှုကြောင့် ဆာဗာကျသွားနိုင်သည်။ သူမ၏ဝေ့ပေါ်အကောင့်အောက်တွင် သူမ အပတ်တိုင်းဖြန့်ချိသော အရေအတွက်ကို တိုးမြှင့်ပေးရန် တောင်းဆိုညည်းညူကြသည်။

 

မှောင်ခိုရောင်းချသူတွေတောင် ရှိခဲ့သည်။ သူတို့က တရားဝင်ဝက်ဆိုက်ဘ်ကနေ ဝယ်ယူပြီးတော့ သူတို့ကို ပြန်ရောင်းကြသည်။ သူတို့က ၈၈၈ယွမ်ကျတဲ့ အလှအပဆေးလုံးတစ်ဗူးကို သုံးဆအမြတ်တင်ပြီး ရောင်းကြသည်။ ဒါ‌တောင် ဝယ်ယူလိုသူတွေ အများကြီးရှိကြသည်။

 

ရှုဝေဝေသည် သူမနှင့် ဒီကိစ္စကို တွေးနွေးတိုင်ပင်နေခဲ့ပြီ ဖြစ်သည်။ “ငါတို့ ပိုထုတ်လုပ်နိုင်တဲ့ပမာဏလောက်အထိ နောက်တစ်သုတ် ထပ်ထုတ်သင့်တယ်လို့ နင်ထင်လား” အလှအပဆေးလုံးသည် လူကြိုက်များလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ဖူးသော်လည်း ဒီအတိုင်းအတာအထိတော့ သူမ မမှန်းထားခဲ့ပါ။ သူမက အသားအရေကောင်းဖို့ လူတွေရဲ့ဆန္ဒတွေကို လျှော့တွက်ခဲ့မိသည်။ ရွေးချယ်စရာရှိရင် နူးညံ့သောအသားအရေကိုပဲ ဘယ်သူက ရွေးချယ်တော့မှာလဲ။

 

“သူတို့က ရက်သတ္တပတ်အတော်ကြာအောင် စောင့်ဆိုင်းနေပေမယ့် ဝယ်လို့မရခဲ့တာကို ငါတို့သိဖို့ လူတော်တော်များများက အီးမေးလ်တွေတောင် ပို့လာကြတယ်”

 

မျက်ရည်ကျလောက်စေသောစာများသည် သူမနှလုံးသားလေးကို နာကျင်စေမိသည်။ သူတို့က အရမ်းသနားဖို့ကောင်းတာပဲ။

 

ဖန့်ကျွင်းရုံသည် အလှအပဆေးလုံးတစ်ဗူးလေးကိုတောင် မရရှိခဲ့သည့်လူများအတွက် စိတ်မကောင်းဖြစ်မိသည်။ ထိုအရာက သူမထုတ်ကုန်မိတ်ဆက်ပွဲတွင် အသုံးပြုထားသော စီးပွားရေးစျေးကွက်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပါ။ အဲ့ဒီသူတို့၏စျေးကွက်ရှာဖွေရေးနည်းလမ်းသည် အလှအပဆေးလုံးကို အားလုံးသိကြသည့်အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ရယူနိုင်ရန် ခက်ခဲသောအရာများသည် အကောင်းဆုံးပင် ဖြစ်လိမ့်မည်။

 

“ဟမ်… နင်ပြောတာ မှန်တယ်။ ငါတို့ရဲ့ထုတ်ကုန်ကိုဝယ်ယူဖို့ လက်မမြန်တဲ့လူတွေကိုလည်း ငါတို့ သူတို့ကို ပေးသင့်တယ်” ဖန့်ကျွင်းရုံက ခဏလောက် စဥ်းစားလိုက်ပြီးတော့ သူမက သူတို့ရဲ့ပရိသတ်တွေကို တစ်ခါတစ်လေ ပိုငဲ့ညာပေးပြီး အကျိုးကျေးဇူးတစ်ချို့ပေးသင့်တယ်လို့ ခံစားရသည်။


“ငါတို့ အပတ်တိုင်း ဗူးရေ တစ်သောင်းထပ်တိုး ဖြန့်ချိပေးကြတယ်။ ဒါပေမယ့် နောက်ထပ် ဗူးရေ တစ်သောင်းကို မဲဖောက်ပေးခြင်းစနစ်မှတစ်ဆင့် ဖြန့်ချိပေးကြမယ်”

 

ရှုဝေဝေ၏နှုတ်ခမ်းဟာ တွန့်ကွေးသွားမိသည်။ သူမသည် အခုအချိန်မှာ လက်အလွန်နှေးတဲ့သူများဟာ တကယ့်ကိုကံမကောင်းနိုင်ဘူးလို့ ခံစားသွားမိခဲ့သည်။ ရုတ်တရတ် သူမဟာ ဒီကုမ္ပဏီရဲ့ဒုတိယဥက္ကဌဖြစ်လာခဲ့တာကီု အလွန်ဝမ်းသာသွားမိသည်။ အဲ့တာကြောင့် သူမလက်ထဲမှာ အလှအပဆေးလုံး ပြတ်လပ်သွားမှာကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ ဒီလိုမှမဟုတ်ရင် သူမ ကလေးဘဝကတည်းက သူမရဲ့ကံကောင်းခြင်းတွေကို ဘယ်တော့မှရနိုင်မှာ မဟုတ်ဘူး။

 

ဒီအခိုက်အတန့်တွင် သူမ၏သနားကြင်နာမှုသည် ကံမကောင်းသည့်အခြားသူများနှင့် ထပ်တူကျသွားခဲ့ပြီး သူမ၏စိတ်ဝိညာဥ်အောက်ခြေနေ အော်ဟစ်ခဲ့သည်။“နင်က နတ်ဆိုးပဲ”

 

“လေးကြိမ်ဆက်တိုက် ဝယ်ယူ၍မရသူတွေက ငါတို့ကို အသိပေးနိုင်တယ်။ ငါတို့က အဲ့အကြောင်းကို အတည်ပြုပြီးတာနဲ့ သူတို့က တစ်ဗူးဝယ်ယူရရှိနိုင်လိမ့်မယ်” ဤနည်းအာဖြင့် သူတို့က တစ်လမှာ အနည်းဆုံး တစ်ဗူးလောက်တော့ ဝယ်ယူနိုင်လိမ့်မယ်။ အဲ့တာက မှောင်ခိုရောင်းချသူတွေအား ထိန်းသိမ်းစစ်ဆေးလို့ ရနိုင်ပေလိမ့်မည်။

 

မဲဖောက်ခြင်းမှတဆင့် အလှကုန်ပစ္စည်းများဝယ်ယူခြင်းကို ယခင်က တစ်ခါမှ မလုပ်ဖူးကြပါ။ ၎င်းက အခြားလူသိများထင်ရှားလာမည့် ကြီးပွားရေးနည်းလမ်းတစ်ခုဖြစ်လာပြီး အပိုကုန်ကျစရိတ်မရှိပဲ သူတို့၏ကုမ္ပဏီကို လူသိပိုများလာပေမည်။ အဲ့တာက ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင်ရလိုက်သလိုပါပဲ။

 

ဖန့်ကျွင်းရုံသည် သူမ၏စိတ်ကူးကောင်းအတွက် သူမအတွင်းစိတ်ကို လက်မထောင်ပြလိုက်သည်။