အခန်း ၁၁၂
Viewers 25k


အခန်း (၁၁၂) - အရင်က သူ့ရဲ့နာမည်ဂုဏ်သတင်းကောင်းတွေက အခုအချိန်မှာ သူ့အပေါ် ပို၍အဆိုးမြင်လာစေတယ် (၁)

 

အေယွန်ကော်ပိုရေးရှင်းနှင့် မတူတာက မိန်ဖန့်ကော်ပိုရေးရှင်းသည် ဘဏ္ဍာရေးကဏ္ဍအတွက် IPOကို ဘယ်တော့မှ ဝယ်ယူသုံးစွဲခြင်း မရှိပေ။ ဖန့်ကျွင်းရုံသည် သူမလက်ထဲမှာ ရှယ်ယာ တစ်ရာ ရာခိုင်နှုန်းလုံးကို ကိုင်ထားပြီး သူမ အလိုရှိသလိုအတိုင်း ဆောင်ရွက်ခဲ့သည်။

 

ဖန့်ကျွင်းရုံ၏အလုပ်လုပ်သည့်ပုံစံသည် အမြဲတမ်းဆုံးဖြတ်ချက်ချမှတ်ပေးပြီး ထိရောက်မှုလည်း ရှိသည်။ နောက်နေ့တွင် သူမသည် အထက်ဖော်ပြပါ သူမအကြံဥာဏ်အတိုင်းလုပ်ဖို့ စီမံခန့်ခွဲရေးဌာနနှင့် တွေ့ဆုံဖို့ရှိသည်။ အသေးစိတ်အချက်အချို့ကို တိတိကျကျပြောပြီးနောက်တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

 

သူမ မျှော်လင့်ထားသည့်အတိုင်း ထိုအကြောင်းကို ကြော်ငြာပြီးသည်နှင့်တစ်ပြိုင်နက် “အလှအပဆေးလုံးမဲဖောက်ခြင်း” ဟူသော စာသားသည် လူကြိုက်အများဆုံးစာရင်းသို့ ချက်ချင်းပင် တက်သွားသည်။ အင်တာနက်အသုံးပြုသူများအားလုံးသည် ပြောမပြတတ်အောင် အံ့သြထိတ်လန့်သွားကုန်ကြသည်။

 

[ကားတွေကို မဲဖောက်ပေးတာပဲ ငါ ကြားဖူးတယ်။ ဒါက အလှကုန်ပစ္စည်းအတွက် မဲဖောက်ပေးတာကို ငါ ပထမဆုံးအကြိမ် ကြားဖူးတယ်ဆိုတာ သေချာတယ်။ ကိုယ့်လူတို့ မင်း အသက်ရှည်ရှည်နေရတဲ့အခါ မင်း အရာအားလုံးကို မြင်တွေ့‌ရနိုင်တယ်]

 

[ငါက အမြဲတမ်း ကံကောင်းတယ်။ မစောင့်နိုင်တော့ဘူး]

 

[ဒါက ကီးဘုတ်လက်နှေးတဲ့သူတွေအတွက် သတင်းကောင်းပဲ။ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ငါ လှေကားအောက်မှာ ပတ်ပတ်လည် ပြေးနေမိတယ်]

 

[ပုံမှန်အားဖြင့် အရမ်းကံမကောင်းတဲ့သူတစ်ယောက်အနေနဲ့ ငါ တစ်လအတွင်းမှာ ဝယ်နိုင်ဖို့ကိုပဲ စောင့်ရလိမ့်မယ်။ ပင်ပန်းနေတဲ့အပြုံးပုံလေးနှင့်]

 

[ငါ့သူငယ်ချင်းတွေနဲ့ ငါ့ဆွေမျိုးတွေရဲ့အကောင့်တွေအားလုံးကို ငါ အသုံးပြုမယ်။ သူတို့ထဲတစ်ယောက်ယောက်ကတော့ ရနိုင်ကောင်းပါရဲ့]

 

[လီဝမ့်ကျင်းက ဖန့်ကျွင်းရုံ အခုလိုအောင်မြင်နေတာကို တွေ့ရတော့ သူ့အပြုအမူတွေအတွက် နောင်တရနေမလားလို့ ငါတွေးမိတယ်။ ငါသာ သူဖြစ်ရင် နောင်တရလွန်းလို့ သွေးအန်သွားနိုင်တယ်]

 

[ဖွီ… ဒီလိုအခြေအနေမျိုးမှာ ဒီလိုလူမျိုးအကြောင်း မင်း ဘာလို့ပြောရတာလဲ။ သူ့အကြောင်းကို ဘယ်သူ့က ကြားချင်နေလို့လဲ။]

 

အားလုံးကို ခြုံငုံကြည့်ကြည့်မယ်ဆိုရင် လူထုသည် ဒီစီတ်ကူးကြောင့် အံ့သြနေရသော်လည်း ဒါကို အများစုက လက်ခံနိုင်ကြသည်။ သူတို့က မဲမပေါက်ခဲ့ရင်တောင် သူတို့က သူတို့ရဲ့ကံမကောင်းတာကြောင့်လို့သာ မှတ်ယူကြလိမ့်မည်။ ထို့အပြင် သူတို့ဆက်တိုက် ကံမကောင်းဘူးဆိုရင်တောင် သူတို့က တစ်လမှာ တစ်ဗူးတော့ ဝယ်ယူရရှိနိုင်ပါသေးသည်။

 

ဖန့်ကျွင်းရုံ၏ ခင်ပွန်းဟောင်းဖြစ်သော လီဝမ့်ကျင်းသည်လည်း စကားဝိုင်းများအတွင်း မလွှဲမရှောင်သာ ဆွဲထည့်ခံရပြီးတော့ ထပ်ခါတလဲလဲ ထိုးနှက်ခံရသည်။

 

လီဝမ့်ကျင်းသည် သူ့ရှေ့တွင် ဖန့်ကျွင်းရုံအကြောင်းကို အခြားသူများအား ပုံမှန်ပြောခွင့်မပြုသော်လည်း သူက သူမဖြစ်ပျက်နေသောအရာများကို သူက အမြဲဂရုတစိုက်ဖြင့် အာရုံစိုက်ထားခဲ့သည်။ သူက ဖန့်ကျွင်းရုံ၏ကုမ္ပဏီကို ဖြည်းဖြည်းချင်း ကောင်းမွန်တိုးတက်လာဖို့ကို ဆန္ဒရှိပါသည်။ သူက အင်တာနက်အသုံးပြုသူများ၏ သူ့ကို ငါးဖယ်လောက်နီးနီး ဝေဖန်ထားသည့် ထင်မြင်ချက်ာများကို မြင်လိုက်ရသောအခါ သူ ဒေါသထွက်လွန်းလို့ သူ့ရုံးခန်းထဲမှာ စွေ့စွေ့ခုန်နေခဲ့သည်။ 

 

အရင်တုန်းက မိန်ဖန့်ကော်ပိုရေးရှင်း၏ဝင်ငွေဿည် အသားအရေတင်းရင်း စိုပြေစေသော တိုနာများကိုသာ မူတည်နေပြီးတော့ အခြားပြည်တွင်းအလှကုန်ကုမ္ပဏီများအားလုံးနှင့်ယှဥ်ပြိုင်နိုင်သည့် အခွင့်အလမ်းနည်းပါးလှသည်။ ၎င်းသည် အေယွန်ကော်ပိုရေးရှင်းနှင့် မယှဥ်သာနိုင်ခဲ့ပါ။ အဖိုးတန်ဆုံးနေရာကတော့ သူ့ကို ဆောက်လုပ်ထားသောမြေနေရာပင်ဖြစ်သည်။ ထို့ကြောင့် လီဝမ့်ကျင်းက ဖန့်ကျွင်းရုံအား ၎င်းကို ပျော်ရွှင်စွာပေးခဲ့တာဖြစ်သည်။

 

ဖန့်ကျွင်းရုံ၏ စီမံမှုအောက်တွင် ထိုကုမ္ပဏီသည် ပြန်လည်ရှင်သန်လာခဲ့ပြီးတော့ အခြားသူများ၏မျက်လုံးများထဲ၌ ရွှေဥဥသောကြက်မအဖြစ်သို့ ရောက်ရှိလာလိမ့်မည်လို့ ဘယ်သူက ထင်မိမှာလဲ။ ၎င်းအကြောင်းက လီဝမ့်ကျင်းကို မျိုချရန် ခက်ခဲသော ဆေးလုံးတစ်လုံးလို ဖြစ်ခဲ့သည်။

 

ဘယ်လောက်မှတောင် မကြာသေးဘူး။ ဖန့်ကျွင်းရုံက ထိုကုမ္ပဏီကနေ ဝင်ငွေအများကြီးရပြီးပြီ။ နှစ်အနည်းငယ်အတွင်း ထိုကော်ပိုရေးရှင်းက အေယွန်ကော်ပိုရေးရှင်းကို အလွယ်တကူကျော်တက်သွားနိုင်သည်။ ဆန့်ကျင်ဖက်အနေဖြင့် အေယွန်ကော်ပိုရေးရှင်းသည် အချို့သောအင်တာနက်အသုံးပြုသူများ၏ သပိတ်မှောက်ခြင်းကို ခံရပြီးတော့ သူတို့၏ရောင်းအားမှာ သိသိသာသာကျဆင်းခဲ့သည်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တော်တော်များများက သူ့ကို မကျေနပ်ကြပဲ သူတို့ရဲ့မကျေနပ်ချက်တွေကို သူ့ကိုမြင်ရင်တောင်မှ ပြောဆိုနေခဲ့ကြသည်။ 

 

ထို့အပြင် ရင်းနှီးမတည်ငွေ မလုံလောက်သောကြောင့် အကျိုးအမြတ် အနည်းငယ်ရရှိနိုင်သည့် စီမံကိန်းများကို သူ လက်လွှတ်ခဲ့ရသည်။ ဒါက သူ စိတ်ကူးထားတာနဲ့ အတော်လေးကွာခြားသည်။ သူက သူဒီထက် အများကြီးပိုကောင်းအောင် လုပ်သင့်တယ်လို့ သူထင်သည်။

 

သူသည် ကွာရှင်းပြတ်စဲပြီးရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် အထူးသဖြင့် သူသည် သူ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင် ကလပ်အမျိုးမျိုးကိုသွား၍ အကန့်အသတ်မရှိ ပျော်ရွှင်နိုင်ခဲ့သည်။ သူသည် လွန်ခဲ့သောနှစ်နှစ်ဆယ်အတွင်း မကြုံဖူးသော လွတ်လပ်မှု၏အရသာကို ခံစားခဲ့ရသည်။

 

ပန်းချီကားအတု မတော်တဆကိစ္စဖြစ်ပြီးနောက် သူသည် မရှိမဖြစ်တက်ရောက်ရမည့်ပွဲများမှလွဲ၍ ကျန်သောပွဲများကို မတက်ရောက်ခဲ့ပါ။ သူ့ကို လူပြတ်တစ်ယောက်လို အခြားသူတွေ ကြည့်မှာကို မလိုချင်ဘူး။ သူတို့က သူ့နောက်ကွယ်မှာ သူ့မိန်းမကို ပန်းချီကားအတုလက်ဆောင်ပေးဖို့ ဘယ်လောက်တောင် ချွေတာခဲ့ရမလဲလို့ အတော်လေး လှောင်ပြောင်နေခဲ့ကြသည်။ အရင်တုန်းက သူ့ရဲ့နာမည်ဂုဏ်သတင်းကောင်းတွေက အခုအချိန်မှာ သူ့အပေါ် ပို၍အဆိုးမြင်လာစေခဲ့သည်။